コリント人への第一の手紙 15
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1さて兄弟たち、私があなたがたに宣べ伝えた福音を、改めて知らせます。あなたがたはそれを受け入れ、今もその福音に立っています。
1ညီအစ်ကို တို့၊ ငါသည်သင် တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ ၍ မှီဝဲ ဆည်းကပ်သော ဧဝံဂေလိ တရားကို သင် တို့အား တစ်ဖန် ငါကြား လိုက်၏။
2また、私が宣べ伝えた言葉を堅く保っているなら、その福音によって救われます。そうでなければ、あなたがたは空しく信じたことになります。
2အထက်ကငါဟောပြော သည် အကြောင်း များကို သင် တို့သည် အကျိုးမဲ့ မ ယုံဘဲစိတ်စွဲလမ်း လျှင် ၊ ထို ဧဝံဂေလိတရားအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။
3私が受けたことを、何よりも大切なこととして、あなたがたに伝えました。すなわち、聖書に書かれているとおり、キリストはわれわれの罪のために死なれ、
3ငါသည် ကိုယ်တိုင်ခံယူ သည်အတိုင်း ၊ သင် တို့အား ရှေးဦးစွာ အပ်ပေး သောအကြောင်း အရာဟူမူကား ၊ ခရစ်တော် သည် ကျမ်းစာ လာသည်အတိုင်း ငါ တို့အပြစ် ကြောင့် အသေခံ တော်မူ၏။
4葬られ、聖書に書かれているとおり、三日目によみがえられました。
4သင်္ဂြိုဟ် ပြီးမှ ၊ ကျမ်းစာ လာသည်အတိုင်း သုံး ရက်မြောက်သောနေ့ ၌ ထမြောက် တော်မူ၏။
5そしてケファに現れ、それから十二人に現れました。
5ကေဖ သည်ကိုယ်တော်ကို မြင် ပြီးမှ ၊ တစ်ကျိပ် နှစ်ပါးသော သူ တို့သည် မြင်ရကြ၏။
6その後、五百人を超える兄弟たちに一度に現れました。その大部分は今も生きていますが、眠りについた人もいます。
6ထိုနောက် ညီအစ်ကို ငါးရာ မက ၊ တပြိုင်နက် မြင် ရကြ၏။ ထိုသူ တို့တွင် အများ သောသူတို့သည် ယခု တိုင်အောင် အသက် ရှင်ကြသေး၏။ အချို့ တို့သည် အိပ်ပျော် ကြပြီ။
7その後ヤコブに現れ、それからすべての使徒たちに現れました。
7ထိုနောက် ယာကုပ် မြင် ရ၏။ ထိုနောက် တမန်တော် အပေါင်း တို့သည် မြင်ရကြ၏။
8そして最後に、時ならず生まれた者のような私にも現れてくださいました。
8နောက်ဆုံး ၌ အချိန် မတော်မတန်ဘွားသော သူ ကဲ့သို့ ဖြစ်သော ငါ ပင်မြင် ရ၏။
9私は使徒の中で最も小さい者であり、使徒と呼ばれる資格もありません。神の教会を迫害したからです。
9ငါသည် အထက်ကဘုရားသခင် ၏ အသင်းတော် ကို ညှဉ်းဆဲ သောကြောင့် ၊ အညံ့ဆုံး သော တမန်တော် ဖြစ် ၏။ တမန်တော် ဟု ခေါ်ဝေါ် ခြင်းကို မ ခံထိုက် ။
10しかし、神の恵みによって、今の私があります。私に与えられた神の恵みは空しくならず、私は彼らのだれよりも多く働きました。もっとも、働いたのは私ではなく、私と共にあった神の恵みです。
10သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
11ですから、私であれ彼らであれ、このように宣べ伝え、あなたがたはこのように信じたのです。
11ထိုကြောင့် ၊ ငါ ဖြစ်စေ၊ သူ တို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြော ကြ၏။ ဤသို့ လည်း သင်တို့သည် ယုံကြည် ကြ၏။
12ところで、キリストは死者の中からよみがえられたと宣べ伝えられているのに、あなたがたの中のある人々は、死者の復活はないと、どうして言うのですか。
12ယခုမှာ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူကြောင်း ကို ဟောပြော ရသည်ဖြစ်၍ ၊ သေ သော သူတို့သည် ထမြောက် ခြင်းမ ရှိ ဟု သင် တို့တွင် အချို့ သောသူတို့သည် အဘယ်ကြောင့် ဆို ရကြသနည်း။
13もし死者の復活がないなら、キリストもよみがえられなかったことになります。
13သေ သောသူတို့သည် ထမြောက် ခြင်းမ ရှိ လျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။
14もしキリストがよみがえられなかったなら、われわれの宣教はむなしく、あなたがたの信仰もむなしいものです。
14ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ ငါ တို့ ဟောပြော ခြင်း၌ အကျိုး မရှိ သင် တို့ယုံကြည် ခြင်း၌ လည်း အကျိုး မရှိ။
15そればかりか、われわれは神について偽りの証人と認められます。死者がよみがえらないのなら、神がよみがえらせなかったキリストを、神がよみがえらせたと証言したからです。
15ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန် သော သက်သေခံဖြစ် ကြ၏။
16死者がよみがえらないのなら、キリストもよみがえらなかったことになります。
16အကြောင်းမူကား ၊ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ဘုရားသခင် သည် ခရစ်တော် ကို ထမြောက် စေတော်မ မူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟုငါတို့သည် ဘုရားသခင် ၏အကြောင်း ကို သက်သေခံ ကြ၏။ သေ လွန်သောသူတို့သည် ထမြောက် ခြင်းမ ရှိလျှင် ၊ ခရစ်တော် သည် ထမြောက် တော်မ မူ။
17もしキリストがよみがえられなかったなら、あなたがたの信仰はむなしく、今も罪の中にいることになります。
17ခရစ်တော် သည် ထမြောက် တော်မ မူလျှင် ၊ သင် တို့သည် ယုံကြည် သော်လည်းအကျိုး မရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိ ကြသေး ၏။
18そうであれば、キリストにあって眠りについた人々も滅びてしまったことになります。
18ထိုမှတစ်ပါး ၊ ခရစ်တော် ကို ယုံကြည်၍ အိပ်ပျော် သောသူ တို့သည် ဆုံးရှုံး ခြင်းသို့ရောက်ကြပြီ။
19もしわれわれが、この世の生涯においてだけキリストに望みを置いているのなら、すべての人の中で最も哀れな者です。
19ငါတို့သည် ခရစ်တော် ကို အမှီပြု ၍ ယခု ဘဝ ၌ သာ မြော်လင့် စရာရှိ လျှင် ၊ အခြားသော သူ အပေါင်း တို့ထက်သာ၍ဆင်းရဲ သောသူ ဖြစ် ကြ၏။
20しかし今、キリストは死者の中からよみがえられ、眠りについた人々の初穂となられました。
20ယခု မူကား ၊ ခရစ်တော် သည် သေ ခြင်းမှ ထမြောက် တော်မူ၍၊ အိပ်ပျော် သောသူ တို့တွင် အဦး သီး သော အသီးဖြစ်တော်မူပြီ။
21死が一人の人を通して来たので、死者の復活も一人の人を通して来ました。
21သို့ဖြစ်၍ လူ အားဖြင့် သေ ခြင်းတရားသည် တည်သကဲ့သို့ ၊ သေ သောသူတို့၏ ထမြောက် ခြင်းတရား သည် လူ အားဖြင့် တည်လျက်ရှိ၏။
22アダムにあってすべての人が死ぬように、キリストにあってすべての人が生かされます。
22လူအပေါင်း တို့သည် အာဒံ အားဖြင့် သေ ခြင်းသို့ ရောက်သည်နည်းတူ ၊ လူအပေါင်း တို့သည် ခရစ်တော် အားဖြင့် အသက် ရှင်ခြင်းသို့ ရောက်ရကြလတံ့။
23ただし、それぞれに順序があります。初穂であるキリスト、次に、キリストが来られる時に、キリストに属する人々です。
23သို့ရာတွင် လူအသီးအသီး တို့သည် မိမိ တို့အလှည့် အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော် သည် အဦး သီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ တပည့် တော်ဖြစ်သော သူ တို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
24それから終わりが来ます。その時、キリストは、すべての支配、すべての権威と力を滅ぼし、王国を父なる神に引き渡されます。
24ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာ တန်ခိုး အမျိုးမျိုး ကို ပယ်ရှင်း ၍ ၊ မိမိနိုင်ငံ ကို ဘုရားသခင် တည်းဟူသောခမည်းတော် ၌ အပ် ပြန်တော်မူပြီးမှ ကမ္ဘာကုန် ရလတံ့။
25キリストは、すべての敵をその足の下に置くまで、王として治めなければならないからです。
25ခရစ်တော် သည် ရန်သူ အပေါင်း တို့ကို ခြေဖဝါး တော်အောက် ၌ ချထား တော်မ မူမှီတိုင်အောင်အုပ်စိုး တော်မူရ မည်။
26最後の敵として滅ぼされるのは、死です。
26နောက်ဆုံး သော ရန်သူ တည်းဟူသောသေမင်း သည် ဆုံးရှုံး ခြင်းသို့ ရောက်ရလတံ့။
27「神はすべてをその足の下に従わせた」からです。しかし、「すべてが従わせられた」と言う時、すべてをキリストに従わせた方が含まれていないことは明らかです。
27ခပ်သိမ်း သောအရာတို့ကို လူ သား၏ ခြေ အောက် ၌ ချထား တော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိကြောင်း ကို ဆို သော် ၊ ခပ်သိမ်း သောအရာတို့ကို လူ သားအောက်၌ ချထား တော်မူသောသူ သည်ကြွင်း တော်မူကြောင်း ထင်ရှား သတည်း။
28すべてが御子に従わせられた時、御子自身も、すべてを御子に従わせた方に従われます。それは、神がすべてにおいてすべてとなられるためです。
28ခပ်သိမ်း သော အရာတို့သည် လူသားအောက်၌ ချထား လျက် ရှိသောအခါ ၊ ခပ်သိမ်း သောအရာတို့ကို သူ့ အောက်၌ ချထား တော်မူသော သူ ၏ အုပ်စိုးတော်မူခြင်းကို သား တော်သည် ကိုယ်တိုင် ဝန်ခံ လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် အလုံးစုံ ဖြစ် တော်မူမည်အကြောင်းတည်း။
29そうでなければ、死者のためにバプテスマを受ける人々は、どうなるのでしょうか。死者が決してよみがえらないのなら、なぜ彼らは死者のためにバプテスマを受けるのですか。
29သေ လွန်သောသူတို့သည် ထမြောက် ခြင်း အလျှင်း မ ရှိလျှင် ၊ သေ လွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံ ကိုခံသော သူ တို့သည် အဘယ်သို့ ပြု ရမည်နည်း။ သေလွန်သော သူ တို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
30また、なぜわれわれは、いつも危険にさらされているのでしょうか。
30ငါ တို့သည်လည်း ဘေးရောက် အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
31われわれの主キリスト・イエスにあって、私があなたがたを誇りとしていることにかけて断言します。私は日々死んでいます。
31ငါသည် နေ့တိုင်း အသေခံ ရ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၌ သင် တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
32もし私が人間的な望みだけで、エフェソで野獣と戦ったのなら、何の益があるでしょうか。死者がよみがえらないのなら、「食べて飲もう。明日は死ぬのだから。」
32သေ လွန်သောသူတို့သည် ထမြောက် ခြင်း မ ရှိလျှင် ၊ ဧဖက် မြို့၌ လောကီ ဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲ တို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုး ရှိသနည်း။ စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရကြမည်။
33思い違いをしてはいけません。「悪い交わりは良い品性を損なう」のです。
33အလွဲ မ ယူကြနှင့်။ မကောင်း သော သူတို့နှင့် ပေါင်းဖော် ခြင်းအားဖြင့်ကောင်း သော အကျင့် ဓလေ့ ယိုယွင်း တတ်၏။
34正気に立ち返り、罪を犯してはいけません。神について何の知識もない人たちがいるからです。あなたがたを恥じさせるために、こう言っています。
34တရား သဖြင့် နိုး ကြလော့။ ဒုစရိုက် ကိုမ ပြုကြနှင့်။ အချို့ သော သူတို့သည် ဘုရားသခင် ကို မ သိကြ။ ထိုသို့ဆိုသော်၊ သင် တို့ကို ရှက်ကြောက် စေခြင်းငှာ ငါဆို ၏။
35しかし、ある人は言うでしょう。「死者はどのようにしてよみがえるのか。どのような体で現れるのか。」
35သေ လွန်သောသူတို့သည် အဘယ်သို့ ထမြောက် ကြမည်နည်း။ အဘယ်သို့ သော ကိုယ် နှင့် ပေါ်လာ ကြမည်နည်းဟု တစ်စုံတစ်ယောက် သောသူ မေး လိမ့်မည်။
36愚かな人よ。あなた自身が蒔くものも、死ななければ生かされません。
36အချင်းလူမိုက် ၊ သင် စိုက် သောမျိုးစေ့မ ပျက် လျှင် မ ရှင် တတ်။
37あなたが蒔くのは、後にできる体そのものではなく、麦であれ、ほかの穀物であれ、ただの種です。
37ထိုမှတပါး မျိုးစေ့ကို စိုက် သောအခါ၊ နောက် ဖြစ် လတံ့သော ကိုယ် ကိုမ စိုက်၊ ဂျုံ စပါးဖြစ်စေ၊ အခြား သောစပါး ဖြစ်စေ၊ အစေ့ သက်သက်ကို စိုက် တတ်၏။
38しかし神は、みこころのままにそれに体を与え、一つひとつの種にそれぞれの体を与えられます。
38ဘုရားသခင် သည် အလို တော်ရှိသည်အတိုင်း ကိုယ် ကို ပေး တော်မူ၏။ မျိုးစေ့ အသီးအသီး တို့အား လည်း ၊ မိမိ တို့မျိုးအတိုင်း ကိုယ် ကိုပေးတော်မူ၏။
39すべての肉が同じ肉なのではありません。人の肉、動物の肉、魚の肉、鳥の肉は、それぞれ異なります。
39အသား ရှိသမျှ တို့သည် တမျိုး တည်းမ ဟုတ်။ လူ သား တမျိုး ၊ အမဲသား တမျိုး ၊ ငါး သားတမျိုး ၊ ငှက် သား တမျိုး ၊ အသီးအသီးရှိကြ၏။
40また、天上の体も地上の体もあります。しかし、天上の体の栄光と地上の体の栄光は異なります。
40ကောင်းကင် အကောင် အထည်လည်း ရှိ၏။ မြေကြီး အကောင် အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ် အသရေလည်း တမျိုး ၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တမျိုး ဖြစ်၏။
41太陽の栄光、月の栄光、星々の栄光はそれぞれ異なり、一つの星と別の星も、栄光において異なります。
41နေ ၏ဂုဏ် အသရေတမျိုး ၊ လ ၏ဂုဏ် အသရေတမျိုး ၊ ကြယ် တို့၏ ဂုဏ် အသရေတမျိုး အသီးအသီးရှိကြ၏။ ကြယ် တို့၏ ဂုဏ် အသရေသည်လည်း အသီးသီး အခြားခြားဖြစ်ကြ၏။
42死者の復活も同じです。朽ちるものとして蒔かれ、朽ちないものとしてよみがえらされます。
42ထိုနည်းတူ ၊ သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက် သောအခါ၊ ပုပ် တတ်သောသဘောရှိ၏။ ထမြောက် သောအခါ မ ပုပ်နိုင်သောအဖြစ်၌ တည်၏။
43卑しいものとして蒔かれ、栄光あるものとしてよみがえらされます。弱いものとして蒔かれ、力あるものとしてよみがえらされます。
43စိုက် သောအခါဂုဏ် အသရေပျက်၏။ ထမြောက် သောအခါ ဂုဏ် အသရေနှင့် ပြည့်စုံ၏။ စိုက် သောအခါ အစွမ်း မရှိ။ ထမြောက် သောအခါ အစွမ်း နှင့်ပြည့်စုံ၏။
44自然の体として蒔かれ、霊の体としてよみがえらされます。自然の体があるなら、霊の体もあります。
44စိုက် သောအခါ ဇာတိ ပကတိကိုယ် ဖြစ်၏။ ထမြောက် သောအခါ ဝိညာဏ ကိုယ် ဖြစ်၏။ ဇာတိ ပကတိကိုယ် တမျိုး၊ ဝိညာဏ ကိုယ်တမျိုးရှိ ၏။
45このように、「最初の人アダムは、生きる者となった」と書かれています。最後のアダムは、命を与える霊となりました。
45ကျမ်းစာ လာသည်ကား ၊ ရှေးဦးစွာ သော လူ အာဒံ သည် အသက် ရှင်သော သတ္တဝါ ဖြစ် ၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံး ဖြစ်သော အာဒံ မူကား၊ အသက် ရှင်စေတတ်သော ဝိညာဉ် ဖြစ်၏။
46しかし、霊のものが先なのではなく、生まれながらのものが先で、その後に霊のものが来ます。
46ဝိညာဏ ကိုယ်သည် ရှေးဦးစွာ ဖြစ်သည်မ ဟုတ်၊ ဇာတိ ပကတိကိုယ်သည် ရှေးဦးစွာဖြစ်၏။ နောက်မှ ဝိညာဏ ကိုယ်ဖြစ်၏။
47最初の人は地から出た、ちりで造られた者です。第二の人は天から来られた主です。
47ရှေးဦးစွာ သော လူ သည်မြေကြီး က ဖြစ်သောကြောင့်မြေ သားဖြစ်၏။ ဒုတိယ လူ မူကား ၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
48ちりで造られた者がそうであるように、ちりで造られた人々も同じです。天に属する方がそうであるように、天に属する人々も同じです。
48မြေ သား တို့သည် ထို မြေ သား ကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထို ကောင်းကင် သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
49われわれは、ちりで造られた者のかたちを身につけてきたように、天に属する方のかたちをも身につけましょう。
49ငါ တို့သည် မြေ သား၏ ပုံ သဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင် သား၏ ပုံ သဏ္ဌာန်ကို ဆောင် ကြ လိမ့်မည်။
50兄弟たち、私が言いたいのはこうです。肉と血は神の王国を受け継ぐことができず、朽ちるものが朽ちないものを受け継ぐこともありません。
50ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ လူအသွေး အသား သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံနိုင် ၊ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သောအဖြစ်ကို အမွေ မ ခံနိုင်။
51見よ、私はあなたがたに奥義を告げます。われわれが皆、眠りにつくわけではありません。しかし、皆が変えられます。
51နက်နဲ သော အရာတစ်ခုကိုငါ ပြဦးမည်။ ငါတို့ ရှိသမျှ သည် အိပ်ပျော် ရကြမည်မ ဟုတ်။
52最後のラッパが鳴る時、一瞬のうちに、まばたきする間にです。ラッパが鳴り響くと、死者は朽ちないものによみがえらされ、われわれは変えられます。
52သို့သော်လည်း ၊ နောက်ဆုံး သော တံပိုး မှုတ်သောအခါ ၊ တခဏခြင်း တွင် မျက်စိ တစ်မှိတ် ၌ ငါတို့ရှိသမျှ သည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုး မှုတ်ချိန်ရောက်သောအခါ ၊ သေ လွန်သောသူတို့သည်၊ မ ပုပ်နိုင် သောအဖြစ်၌ တည်လျက် ထမြောက် ၍၊ ငါ တို့ရှိသမျှသည် ပြောင်းလဲ ခြင်းသို့ ရောက်ရကြမည်။
53この朽ちるものは朽ちないものを身につけ、この死すべきものは不死を身につけなければならないからです。
53ယခု မျက်မှောက်ပုပ် တတ်သော အရာသည် မ ပုပ်နိုင်သောအဖြစ်သို့ ဝင်စား ရမည်။ ယခု မျက်မှောက်သေ တတ်သော အရာသည် မ သေနိုင်သောအဖြစ်သို့ ဝင်စား ရမည်။
54この朽ちるものが朽ちないものを身につけ、この死すべきものが不死を身につける時、書かれている言葉が実現します。「死は勝利にのみ込まれた。」
54ဤ ပုပ် တတ်သောအရာသည် မ ပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤ သေ တတ်သောအရာသည် မ သေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စား သောအခါ၊ သေ ခြင်းသည် အောင် ခြင်း၌ နစ်မြုပ် ပြီဟု ကျမ်းစာ ၌လာချက် ပြည့်စုံ လိမ့်မည်။
55「死よ、おまえのとげはどこにあるのか。 ハデスよ、おまえの勝利はどこにあるのか。」
555အိုသေမင်း ၊ သင် ၏လက်နက် သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင် ၏အောင် ခြင်းသည် အဘယ်မှာ ရှိသနည်း။
56死のとげは罪であり、罪の力は律法です。
56သေမင်း ၏လက်နက် ကား ၊ ဒုစရိုက် အပြစ်ပေတည်း။ ဒုစရိုက် အပြစ်၏ တန်ခိုး ကား ၊ ပညတ် တရား ပေတည်း။
57しかし、われわれの主イエス・キリストを通して勝利を与えてくださる神に感謝します。
57ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ငါ တို့အား အောင် ခြင်းအခွင့်ကို ပေး တော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်သည် ကြီးလှစွတကား ။
58ですから、私の愛する兄弟たち、堅く立ち、動かされることなく、いつも主の働きに励みなさい。主にあって、あなたがたの労苦が無駄でないことを知っているからです。
58ထိုကြောင့် ငါ ချစ် သောညီအစ်ကို တို့၊ သင် တို့သည် သခင် ဘုရား၏အမှု တော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ် သဖြင့် တည်ကြည် သော စိတ်နှင့် ပြည့်စုံ ၍၊ မ ရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင် ဘုရားအမှု တော်ကို ကြိုးစားအားထုတ်ကြလော့။
Tip: use the ← and → keys to turn chapters.