מתיו 8
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1וירד מן ההר וילך אחריו המון עם רב׃
1ကိုယ်တော် သည် တောင် ပေါ်မှ ဆင်းကြွ တော်မူလျှင် ၊ များစွာ သောလူ အပေါင်းတို့သည် နောက်တော်သို့ လိုက် ကြ၏။
2והנה איש מצרע בא וישתחו לו ויאמר אדני אם תרצה תוכל לטהרני׃
2ထိုအခါ နူနာစွဲ သောသူတစ်ယောက်သည် ညွတ်ပြပ် လျက်၊ သခင် အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု လျှောက် လေ၏။
3וישלח ישוע את ידו ויגע בו ויאמר חפץ אנכי טהר ומיד נרפאה צרעתו׃
3ယေရှုကလည်း ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟု မိန့် တော်မူလျက် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင် နူနာ ပျောက်၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
4ויאמר אליו ישוע ראה פן תספר לאיש כי אם לך לך והראה אל הכהן והקרב את הקרבן אשר צוה משה לעדות להם׃
4ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။
5ויהי כבאו אל כפר נחום ויגש אליו שר מאה אחד ויתחנן לו לאמר׃
5ထိုနောက်မှကပေရနောင် မြို့သို့ ကြွဝင် တော်မူလျှင်၊ တပ်မှူး တစ်ယောက်သည် အထံ တော်သို့လာ ၍၊
6אדני הנה נערי נפל למשכב בביתי והוא נכה אברים ומענה עד מאד׃
6သခင် ၊ ကျွန်တော် ၏ ငယ်သား တစ်ယောက်သည် လက်ခြေသေ သည်အနာနှင့် ပြင်းစွာ ခံရ ၍ အိမ် တွင် တုံးလုံး နေပါသည်ဟု တောင်းပန် လေ၏။
7ויאמר ישוע אליו אבא וארפאהו׃
7ယေရှုကလည်း ငါ လာ ၍ ချမ်းသာ ပေးမည် ဟု မိန့် တော်မူလျှင် ၊
8ויען שר המאה ויאמר אדני נקלתי מבאך בצל קורתי אך דבר נא רק דבר ונרפא נערי׃
8တပ်မှူး က၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုး အောက် သို့ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော် မ ခံထိုက် ပါ။ အမိန့် တော် တစ်ခွန်းရှိလျှင် ကျွန်တော် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
9כי אנכי איש נתון תחת השלטון וגם יש תחת ידי אנשי צבא ואמרתי לזה לך והלך ולזה בוא ובא ולעבדי עשה זאת ועשה׃
9ဥပမာကား၊ ကျွန်တော် သည် မင်း အောက် ၌ကျွန်ခံသောသူ ဖြစ် သော်လည်း စစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟုဆို လျှင် သွား ပါ၏။ တစ်ဦး ကို လာ ခဲ့ဟုဆိုလျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် လေ၏။
10וישמע ישוע ויתמה ויאמר אל ההלכים אחריו אמן אמר אני לכם גם בישראל לא מצאתי אמונה גדולה כזאת׃
10ထိုစကားကို ယေရှု သည်ကြား လျှင် အံ့ဩ ခြင်းရှိ၍၊ ငါ အမှန် ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး။
11ואני אמר לכם רבים יבאו ממזרח וממערב ויסבו עם אברהם ויצחק ויעקב במלכות השמים׃
11ငါဆို ပြန်သည်ကား ၊ လူ များတို့သည်၊ အရှေ့ အရပ်၊ အနောက် အရပ်မှ လာ ၍ ၊ ကောင်းကင် နိုင်ငံ တော်၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့်တကွ လျောင်း ရကြလတံ့၊
12אבל בני המלכות המה יגרשו אל החשך החיצון שם תהיה היללה וחרוק השנים׃
12နိုင်ငံ တော်သား တို့သည်လည်း ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက် တော်သို့ လိုက်သောသူ တို့အား မိန့် တော်မူပြီးမှ ၊
13ויאמר ישוע אל שר המאה לך וכאמונתך כן יהיה לך וירפא נערו בשעה ההיא׃
13တပ်မှူး အား သင်သွား လော့။ ယုံကြည် သည်နှင့်အညီ သင် ၌ဖြစ် စေဟု မိန့် တော်မူ၏။ ထို ခဏခြင်း တွင် သူ ၏ငယ်သား သည် အနာ ရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14ויבא ישוע ביתה פטרוס וירא את חמותו נפלת למשכב כי אחזתה הקדחת׃
14ထိုနောက်မှယေရှု သည် ပေတရု အိမ် သို့ ကြွ ၍ ပေတရု ၏ ယောက္ခမ သည် ဖျားနာ စွဲလျက် တုံးလုံး နေ သည်ကို တွေ့မြင် တော်မူ၏။
15ויגע בידה ותרף ממנה הקדחת ותקם ותשרתם׃
15ထိုမိန်းမ ၏လက် ကို တို့ တော်မူလျှင် ၊ သူသည် အဖျား ပျောက် သဖြင့် ထ ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
16ויהי לעת ערב ויביאו אליו רבים אחוזי שדים ויגרש את הרוחות בדבר וירפא את כל החולים׃
16ညဦးယံ ၌ နတ်ဆိုးစွဲ သောသူအများ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ နှုတ်တော်မြွက် ကာမျှနှင့်ထိုနတ် တို့ကို နှင်ထုတ် တော်မူ၏။ နာ သောသူ ရှိသမျှ တို့ကို သက်သာ စေတော်မူ၏။
17למלאת את אשר דבר ישעיהו הנביא לאמר חלינו הוא נשא ומכאבינו סבלם׃
17ထို အကြောင်းအရာမူကား၊ သူ သည် အကျွန်ုပ် တို့ အနာ ရောဂါဝေဒနာ များကို ယူတင် ဆောင်ရွက် လေ သည်ဟု ပရောဖက် ဟေရှာယ ဟော ဘူးသောစကား ပြည့်စုံ မည်အကြောင်း ဖြစ်သတည်း။
18ויהי כראות ישוע המון עם רב סביבתיו ויצו לעבר משם אל עבר הים׃
18များစွာသောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ လျက် နေကြသည်ကို မြင် တော်မူလျှင် ၊ ကမ်းတစ်ဘက် သို့ ကူး မည့်အကြောင်း အမိန့် တော်ရှိ၏။
19ויגש אליו אחד הסופרים ויאמר אליו רבי אלכה אחריך אל כל אשר תלך׃
19ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
20ויאמר אליו ישוע לשועלים יש חורי עפר ולעוף השמים קנים ובן האדם אין לו מקום להניח שם את ראשו׃
20ယေရှု ကလည်း မြေခွေး သည် မြေတွင်း ရှိ ၏။ မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် သည်နားနေရာ အရပ်ရှိ ၏။ လူ သား မူကား ၊ ခေါင်း ချ ရာမျှ မ ရှိဟု မိန့် တော်မူ၏။
21ואחר מן התלמידים אמר אליו אדני הניחה לי בראשונה ללכת ולקבר את אבי׃
21အခြား သော တပည့် တော်ကလည်း ၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသော အခွင့် ကိုပေးတော်မူပါဟု လျှောက် လေ၏။
22ויאמר אליו ישוע לך אחרי והנח למתים לקבר את מתיהם׃
22ယေရှု ကလည်း၊ ငါ့ နောက် သို့လိုက်လော့။ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေဟု မိန့် တော်မူ၏။
23וירד אל האניה וירדו אתו תלמידיו׃
23ထိုအခါ လှေ ထဲသို့ ဝင် တော်မူ၍ တပည့် တော်တို့သည် လိုက် ကြ၏။ အိုင် ၌ လှိုင်း တံပိုးပြင်းစွာ ထ ၍ လှေ ကို လွှမ်း လေ၏။
24והנה סער גדול היה בים ותכסה האניה בגלים והוא ישן׃
24ကိုယ်တော် သည် ကျိန်းစက် ၍ နေတော်မူ၏။
25ויגשו אליו תלמידיו ויעירו אותו לאמר הושיענו אדנינו אבדנו׃
25တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကို နှိုး ပြီးလျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏။ ကယ်မ တော်မူပါဟု လျှောက် ကြသော်၊
26ויאמר אליהם קטני האמונה למה זה יראתם ויקם ויגער ברוחות ובים ותהי דממה גדולה׃
26ကိုယ်တော်က၊ ယုံကြည် အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက် တတ်သနည်း ဟု မေး တော်မူပြီးလျှင် ၊ ထ ၍လေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် အလွန် သာယာ လေ၏။
27ויתמהו האנשים ויאמרו מי אפוא הוא אמר גם הרוחות והים לו ישמעון׃
27ထိုလူ တို့ကလည်း ၊ ဤ သူကားအဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏စကားကို နားထောင် ပါသည်တကားဟု အံ့ဩ ကြ၏။
28ויהי כבאו אל עבר הים אל ארץ הגרגשים ויפגשוהו שני אנשים אחוזי שדים יצאים מבתי הקברות והמה רגונים מאד עד אשר לא יכל איש לעבר בדרך ההוא׃
28ကမ်းတစ်ဘက် ဂါဒရ ပြည် သို့ ရောက် တော်မူသောအခါ နတ်ဆိုးစွဲ သောလူနှစ် ယောက်တို့သည် ထို လမ်း ကို အဘယ်သူ မျှ မ သွား နိုင် အောင် အလွန် ကြမ်းကြုတ် စွာပြုလျက်၊ သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော် ကို ခရီးဦးကြိုပြု ပြီးလျှင်၊
29והנה הם צעקים לאמר מה לנו ולך ישוע בן האלהים הבאת הלם לענותנו בלא עתנו׃
29ဘုရားသခင် ၏ သား တော်ယေရှု၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အချိန် မ ရောက်မှီ အကျွန်ုပ် တို့ကို ညှဉ်းဆဲ ခြင်းငှာကြွလာ တော်မူသလောဟု အော်ဟစ် ၍ လျှောက် ကြ၏။
30ועדר חזירים רבים היה שם במרעה הרחק מהם׃
30ထိုသူ တို့နှင့် မနီးမဝေး သောအရပ်၌ များစွာ သောဝက် အစု သည်ကျက်စား လျက်ရှိ ၏။
31ויתחננו אליו השדים לאמר אם תגרשנו שלחנו בעדר החזירים׃
31နတ်ဆိုး တို့လည်း ကိုယ်တော်သည် အကျွန်ုပ် တို့ကိုနှင်ထုတ် လျှင် ၊ ထိုဝက် အစု ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟု တောင်းပန် ကြသော်၊
32ויאמר אליהם לכו לכם ויצאו ויבאו בעדר החזירים והנה השתער כל עדר החזירים מן המורד על הים וימותו במים׃
32သွား ကြ ဟု မိန့် တော်မူ၏။ နတ်ဆိုးတို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု ရှိသမျှ သည်အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း၍ ရေ ၌ သေ ကြ၏။
33וינוסו הרעים ויבאו העירה ויגידו את הכל ואת אשר נעשה לאחוזי השדים׃
33ဝက်ကျောင်း သောသူ တို့သည်လည်း ပြေး ၍ မြို့ ထဲသို့ ဝင် ပြီးလျှင်၊ နတ်ဆိုးစွဲ သောသူ တို့၏အကြောင်း မှစ၍ ဖြစ် လေသမျှတို့ကို ကြားပြော ကြသော်၊
34והנה כל העיר יצאה לקראת ישוע וכראותם אתו ויבקשו ממנו לעבר מגבולם׃
34တစ်မြို့လုံး လည်း ယေရှု ကိုတွေ့ အံ့သောငှာ ထွက်လာ ကြ၏။ ကိုယ်တော် ကိုတွေ့မြင် လျှင် မိမိ တို့ ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။
Tip: use the ← and → keys to turn chapters.