הבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָס 4
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1וישוע שב מן הירדן מלא רוח הקדש וינהגהו הרוח המדברה׃
1ယေရှု သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ ယော်ဒန် မြစ်နားမှ ပြန် စဉ်တွင် ဝိညာဉ် တော်သည် တော သို့ ပို့ဆောင် တော်မူ၏။
2וינסהו השטן ארבעים יום ולא אכל מאומה בימים ההם ואחרי אשר תמו וירעב׃
2အရက် လေးဆယ် ပတ်လုံးမာရ်နတ် ၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထို ကာလ ပတ်လုံးအစာအာဟာရကို သုံးဆောင် တော်မ မူ။ ထိုကာလလွန် ပြီးမှ မွတ်သိပ် တော်မူ၏။
3ויאמר אליו השטן אם בן האלהים אתה אמר אל האבן הזאת ותהי ללחם׃
3မာရ်နတ် ကလည်း ၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် လျှင် ဤ ကျောက်ခဲ ကိုမုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
4ויען אתו ישוע הן כתוב כי לא על הלחם לבדו יחיה האדם כי על כל מוצא פי יהוה׃
4ယေရှု ကလည်း ၊ လူ သည်မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှ အားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာ၌လာ သည် ဟု ပြန်ပြောတော်မူ ၏။
5ויעלהו השטן על הר גבה ויראהו ברגע אחד את כל ממלכות תבל׃
5တစ်ဖန် မာရ်နတ် သည် ယေရှု ကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍၊ ဤလောက ၌ရှိသမျှ သော တိုင်း နိုင်ငံတို့ကို တစ်ခဏခြင်း တွင် ပြညွှန် ၍ ၊
6ויאמר אליו השטן לך אתן את כל הממשלה הזאת ואת כבודן כי נמסרה בידי ונתתיה לאשר אחפץ׃
6ဤ ဘုန်း တန်ခိုး အာနုဘော်ရှိသမျှ ကို ငါ ၌အပ် ခဲ့ပြီ။ ငါသည် ပေးလို သောသူ အားပေး ရသည်ဖြစ်၍ ကိုယ်တော် အား ပေး ပါမည်။
7ועתה אם תשתחוה לפני הכל יהיה לך׃
7ငါ့ ကိုကိုးကွယ် လျှင် ဤအလုံးစုံ တို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက် လေ၏။
8ויען ישוע ויאמר אליו סור ממני השטן כי כתוב ליהוה אלהיך תשתחוה ואתו תעבד׃
8ယေရှု ကလည်း ၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
9ויביאהו ירושלים ויעמידהו על פנת בית המקדש ויאמר אליו אם בן האלהים אתה התנפל מזה מטה׃
9တစ်ဖန် မာရ်နတ်သည် ယေရှု ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန် တော်၏ အထွဋ် ၌ တင် ထားပြီးလျှင်၊
10כי כתוב כי מלאכיו יצוה לך לשמרך׃
10ကျမ်းစာလာ သည်ကား၊ သင့် ကို စောင့်ရှောက် စေခြင်းငှာကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍ ၊
11וכי על כפים ישאונך פן תגף באבן רגלך׃
11သင် ၏ခြေ ကိုကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ၊ သူတို့သည် သင့် ကိုလက် နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သား တော်မှန် လျှင် ဤ အထွဋ်မှ ကိုယ် ကိုအောက် သို့ ချ လိုက်တော်မူပါဟု လျှောက် လေ၏။
12ויען ישוע ויאמר אליו נאמר לא תנסה את יהוה אלהיך׃
12ယေရှု ကလည်း ၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်း မ ပြုရဟု ကျမ်းစကား ရှိ သည် ဟု ပြန်ပြောတော်မူ ၏။
13וככלות השטן כל מסה וירף ממנו עד עת׃
13ထိုသို့ မာရ်နတ် သည် စုံစမ်း သွေးဆောင်ခြင်း အမှုအလုံးစုံ ကို အကုန်အစင်ပြု ပြီးလျှင်၊ အထံ တော်မှ ထွက်သွား ၍ ကာလ အတန်အရာနေလေ၏။
14וישב ישוע בגבורת הרוח אל הגליל ויצא שמעו בכל הככר׃
14ယေရှု သည် ဝိညာဉ် တော်တန်ခိုး နှင့် ဂါလိလဲ ပြည်သို့ ပြန် ၍ ၊ သိတင်း တော်သည် ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။ တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးတော်မူ၍ ၊
15והוא היה מלמד בבתי כנסיותיהם ויהללהו כלם׃
15လူအပေါင်း တို့သည် ကိုယ်တော်ကိုချီးမွမ်း ကြ၏။
16ויבא אל נצרת אשר גדל שם וילך כמשפטו ביום השבת אל בית הכנסת ויקם לקרא בתורה׃
16ကြီးပွား တော်မူရာ နာဇရက် မြို့သို့ ရောက် ပြန်လျှင် ၊ ထုံးစံ တော်ရှိသည်အတိုင်း ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ ကျမ်းစာကို ဘတ်ရွတ် ခြင်းငှာထ တော်မူ၏။
17ויתן לו ספר ישעיה הנביא ויפתח את הספר וימצא את המקום אשר היה כתוב בו׃
17စရပ်စောင့်သည် ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ကိုပေး သည်ဖြစ်၍ ၊ ကျမ်းစာ ကိုဖွင့် တော်မူလျှင် တွေ့ သောအချက် စကားဟူမူကား၊
18רוח אדני עלי יען משח אתי לבשר ענוים׃
18ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။
19שלחני לחבש לנשברי לב לקרא לשבוים דרור ולעורים פקח קוח לשלח רצוצים חפשים לקרא שנת רצון ליהוה׃
19အကြောင်းမူကား ၊ ဆင်းရဲသား တို့အား ဝမ်းမြောက် စရာသိတင်းကိုကြားပြောစေခြင်းငှာငါ့ ကို ဘိသိတ် ပေး တော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာ၎င်း၊ ဘမ်း သွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ် ခြင်းအကြောင်းနှင့် မျက်စိ ကန်းသောသူတို့အား မျက်စိမြင်ပြန် ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မ စေခြင်းငှာ၎င်း၊ ထာဝရ ဘုရား၏ မင်္ဂလာ နှစ် ကာလကို ကြားပြော စေခြင်းငှာ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီဟုလာသတည်း။
20ויהי כאשר גלל את הספר וישיבהו אל החזן וישב ועיני כל אשר בבית הכנסת נשאות אליו׃
20ကျမ်းစာ ကိုလိပ် ၍ စရပ်စောင့် အားပေး ပြီးမှ ထိုင် တော်မူ၏။ စရပ် ၌ ရှိသောသူ အပေါင်း တို့သည် ကိုယ်တော် ကိုစေ့စေ့ ကြည့်လျက်နေ ကြ၏။
21ויחל ויאמר אליהם היום נתמלא הכתוב הזה באזניכם׃
21ယေရှုကလည်း၊ ယနေ့ ပင် ဤ ကျမ်းစာ ချက်သည် သင် တို့ကြား သည့်အတိုင်း ပြည့်စုံ လေပြီ ဟု မိန့် တော်မူ၏။
22וכלם העידהו ותמהו על דברי חן אשר יצאו מפיהו ויאמרו הלא זה הוא בן יוסף׃
22ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ် သော နှုတ် ထွက် စကား ကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူ သည် ယောသပ် ၏ သား မ ဟုတ် တုံလောဟု ဆို ကြ၏။
23ויאמר אליהם הן תאמרו לי את המשל הזה רפא רפא את עצמך וככל אשר שמענו שנעשה בכפר נחום עשה כן גם פה בעיר מולדתך׃
23ယေရှုကလည်း၊ အကယ်၍သင်တို့သည် ပုံပမာ ဆောင်လျှက်၊ အချင်းဆေးသမား ၊ ကိုယ် အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြား သည်အတိုင်း၊ သင်သည် ကပေရနောင် မြို့၌ ပြု သမျှ သော အမှုအရာတို့ကို ကိုယ် နေရင်း မြို့၌ လည်း ၊ ပြုပါဟူ၍ငါ့ အား ပြောဆို ကြလိမ့်မည်။ သို့သော်လည်း ၊ ငါအမှန် ဆို သည်ကား၊
24ויאמר אמן אמר אני לכם כי אין נביא רצוי בארץ מולדתו׃
24အဘယ် ပရောဖက် မျှ မိမိ နေရင်း မြို့၌ မျက်နှာ မရတတ်။
25ואמת אני אמר לכם אלמנות רבות היו בישראל בימי אליהו בהעצר השמים שלש שנים וששה חדשים ורעב גדול היה בכל הארץ׃
25ငါအမှန် ဆို ပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ်လုံး မိုဃ်းခေါင် ၍၊ ပြည် နိုင်ငံတစ်လျှောက်လုံး အစာ အာဟာရအလွန် ခေါင်းပါးခြင်းရှိ သောအခါ ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမ အများ ရှိ ကြ၏။
26ולא נשלח אליהו אל אחת מהנה זולתי צרפתה אשר לצידון אל אשה אלמנה׃
26သို့သော်လည်း ၊ ထိုမုဆိုးမတစ်ယောက်ရှိရာ သို့မျှ ဧလိယ ကိုစေလွှတ် တော်မမူ။ ဇိဒုန် ပြည် ဇရတ္တ မြို့သူ ဖြစ်သော မုဆိုးမ တစ်ယောက်ရှိရာ သို့ စေလွှတ်တော်မူ၏။
27ומצרעים רבים היו בישראל בימי אלישע הנביא ולא טהר אחד מהם זולתי נעמן הארמי׃
27ပရောဖက် ဧလိရှဲ လက်ထက် တွင်လည်း ၊ ဣသရေလ အမျိုး၌ နူနာစွဲ သောသူအများ ရှိ ကြ၏။ သို့သော်လည်း ၊ နေမန် အမည်ရှိသောရှုရိ လူမှတစ်ပါး အဘယ်သူ မျှသန့်ရှင်း ခြင်းသို့ မရောက် ဟုမိန့်တော်မူ၏။
28וימלאו כל אשר בבית הכנסת חמה בשמעם את אלה׃
28တရားစရပ် ၌ ရှိသော လူအပေါင်း တို့သည် ထို စကားတော်ကို ကြား သောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊
29ויקומו וידיחו אותו אל מחוץ לעיר ויביאהו עד גב ההר אשר נבנתה עירם עליו למען השליכו מטה׃
29ထ ၍ ကိုယ်တော် ကိုမြို့ ပြင် သို့ နှင်ထုတ် ပြီးလျှင် ၊ ထို မြို့ တည် ရာတောင် ထိပ် စွန်းအငူမှ စောက်ထိုး တွန်းချခြင်းငှာ ဆောင်သွား ကြ၏။
30אך הוא עבר בתוכם וילך לדרכו׃
30ကိုယ်တော် သည် သူ တို့အလယ် ၌ လျှောက် ၍ ကြွသွား တော်မူ၏။
31וירד אל כפר נחום עיר הגליל וילמדם בשבתות׃
31ဂါလိလဲ ပြည် ကပေရနောင် မြို့ သို့ ရောက် လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။
32וישתוממו על תורתו כי עצום דברו׃
32အာဏာ နှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာ တော်ကိုအလွန်အံ့ဩ ကြ၏။
33ואיש היה בבית הכנסת ובו רוח שד טמא ויצעק בקול גדול לאמר׃
33ထိုတရားစရပ် ၌ ညစ်ညူး သော နတ်ဆိုး စွဲ သောသူ တစ်ယောက်ရှိ ၍ ၊
34אתה מה לנו ולך ישוע הנצרי באת להאבידנו ידעתיך מי אתה קדוש האלהים׃
34ဪ နာဇရက် မြို့သားယေရှု ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏၊ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ကြီး သောအသံ နှင့် ဟစ်ကြော် လေ၏။
35ויגער בו ישוע לאמר האלם וצא ממנו ויפילהו השד בתוכם ויצא ממנו לא הרע לו׃
35ယေရှု ကလည်း ၊ တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့ ဟု ဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည်ထိုသူ ကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ် မ ပြုဘဲ ထွက်သွား ၏။
36ותפל אימה על כלם וידברו איש אל רעהו לאמר מה הדבר הזה כי בשלטן ובגבורה מצוה לרוחות הטמאה והמה יצאים׃
36လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤ စကား သည် အဘယ်သို့ သော စကားနည်း၊ ညစ်ညူး သောနတ် တို့ကို အာဏာ တန်ခိုး နှင့် မှာထား ၍ သူတို့သည် ထွက်သွား ကြသည်တကားဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
37ושמעו הולך בכל מקמות הככר׃
37သိတင်း တော်သည်လည်း ၊ ပတ်ဝန်းကျင် အရပ် တို့၌ နှံ့ပြား ကျော်စောလေ၏။
38ויקם מבית הכנסת ויבא ביתה שמעון וחמות שמעון אחזתה קדחת חזקה וישאלהו בעדה׃
38တရားစရပ် မှ ထွက် ပြီးလျှင် ရှိမုန် အိမ် သို့ ကြွ တော်မူ၏ ။ ရှိမုန် ၏ယောက္ခမ သည် ပြင်းစွာ သော ဖျားနာ စွဲ သည်ဖြစ်၍ သူ့ အတွက် ကိုယ်တော် ကိုတောင်းလျှောက် ကြ၏။
39ויתיצב עליה ויגער בקדחת ותרף ממנה ותקם מהרה ותשרת אתם׃
39ကိုယ်တော်သည် ထိုမိန်းမ ၏အနား မှာရပ် ၍ ဖျားနာ ကိုဆုံးမ တော်မူလျှင် ၊ သူ သည် အဖျားပျောက် သဖြင့် ချက်ခြင်း ထ ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။
40וכבוא השמש הביאו אליו כל אשר להם חלים חליים שונים וירפא אותם בשומו את ידיו על כל אחד מהם׃
40နေ ဝင် သောအခါ အမျိုးမျိုး သော အနာ ရောဂါစွဲ သောသူ တို့၏ အဆွေခင်ပွန်းအပေါင်း တို့သည် ထို လူနာ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍၊ ကိုယ်တော် သည် ထိုလူနာ အသီးသီး တို့ အပေါ်၌လက် တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်း စေတော်မူ၏။
41וגם שדים יצאו מרבים צעקים ואמרים אתה הוא המשיח בן האלהים ויגער בם ולא נתנם לדבר כי ידעו אשר הוא המשיח׃
41နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။
42ויצא וילך לו כאור הבקר אל מקום חרבה והמון העם בקשהו ויבאו עדיו ויפצרו בו לבלתי סור מהם׃
42မိုဃ်းလင်း သောအခါ တော အရပ် သို့ ထွက် ကြွ တော်မူ၍ ၊ လူ အများတို့သည် ကိုယ်တော် ကိုရှာ ကြ၏၊ အထံ တော်သို့ ရောက် လျှင် ၊ မိမိ တို့နေရာမှ ထွက်ကြွ တော် မ မူမည်အကြောင်း ဆီးတား ကြ၏။
43ויאמר להם הן עלי לבשר גם לערים האחרות את בשורת מלכות האלהים כי לזאת שלחתי׃
43ကိုယ်တော်ကလည်း၊ ဘုရားသခင် ၏နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို အခြား သောမြို့ ရွာတို့ ၌ ငါ ဟောပြောရ မည်။
44ויהי קורא בבתי הכנסיות אשר בגליל׃
44ထိုသို့ အလို့ငှာ ငါ့ကိုစေလွတ် လျက်ရှိသည် ဟု မိန့် တော်မူ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ် တို့၌ တရား ဟောပြော လျက်နေ တော်မူ၏။
Tip: use the ← and → keys to turn chapters.