יִרְמְיָהוּ 49
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1לבני עמון כה אמר יהוה הבנים אין לישראל אם יורש אין לו מדוע ירש מלכם את גד ועמו בעריו ישב׃
1အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ ၌ သား မ ရှိ သလော ။ အမွေခံ မ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။
2לכן הנה ימים באים נאם יהוה והשמעתי אל רבת בני עמון תרועת מלחמה והיתה לתל שממה ובנתיה באש תצתנה וירש ישראל את ירשיו אמר יהוה׃
2ထိုကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အမ္မုန် အမျိုးသား တို့ နေရာရဗ္ဗာ မြို့၌ စစ်တိုက် ခြင်းအသံ ကို ငါကြား စေသောအချိန် ရောက် လိမ့်မည်။ ထိုမြို့သည် ပျက်စီး ရာပုံ ဖြစ် ၍၊ သူ ၏သမီး တို့သည်လည်း မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူ သောသူတို့ ၏ နေရာကို၊ ဣသရေလ သည် တဖန်သိမ်းယူ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3הילילי חשבון כי שדדה עי צעקנה בנות רבה חגרנה שקים ספדנה והתשוטטנה בגדרות כי מלכם בגולה ילך כהניו ושריו יחדיו׃
3အို ဟေရှဘုန် မြို့၊ ညည်းတွား မြည်တမ်းလော့။ အာဣ မြို့ပျက်စီး ပြီ။ အိုရဗ္ဗာ မြို့သမီး တို့၊ ငိုကြွေး ကြလော့။ လျှော်တေ အဝတ်ကိုဝတ် ၍ မြည်တမ်း လျက် ၊ ခြံ နား မှာ တောင်မြောက်ပြေး ကြလော့။ အကြောင်း မူကား၊ မိလကုံ ဘုရားသည်သူ ၏ယဇ် ပုရောဟိတ်၊ သူ ၏မင်း များနှင့်တကွ သိမ်းသွား ခြင်းကိုခံရ၏။
4מה תתהללי בעמקים זב עמקך הבת השובבה הבטחה באצרתיה מי יבוא אלי׃
4ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ၌ ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။
5הנני מביא עליך פחד נאם אדני יהוה צבאות מכל סביביך ונדחתם איש לפניו ואין מקבץ לנדד׃
5ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် ပတ်လည် ၌နေသောသူအပေါင်း တို့ကြောင့် ကြောက်လန့် သော အကြောင်းကို သင် ၌ ငါ ဖြစ် စေမည်။ သင်တို့အသီးအသီး ရှိသမျှသည် နှင်ထုတ် ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေး စေသော သူလည်းမ ရှိရ။
6ואחרי כן אשיב את שבות בני עמון נאם יהוה׃
6သို့သော်လည်း ၊ သိမ်းသွား ခြင်းကိုခံရသောအမ္မုန် အမျိုးသား တို့ကို နောက် တဖန်ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
7לאדום כה אמר יהוה צבאות האין עוד חכמה בתימן אבדה עצה מבנים נסרחה חכמתם׃
7ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။
8נסו הפנו העמיקו לשבת ישבי דדן כי איד עשו הבאתי עליו עת פקדתיו׃
8အိုဒေဒန် မြို့သူ မြို့သားတို့၊ ဆုတ် ၍ ပြေးသွား ကြလော့ ။ နက်နဲ သောအရပ်၌ နေ ကြလော့။ ဧသော တွေ့ရသော ဘေး ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ကို ငါရောက် စေမည်။
9אם בצרים באו לך לא ישארו עוללות אם גנבים בלילה השחיתו דים׃
9စပျစ်သီးကိုဆွတ် သောသူတို့သည် သင် ရှိရာသို့ လာ လျှင် ၊ သူတပါးလိုက်၍ ဆွတ် စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။ ညဉ့် အခါ သူခိုး လာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူ ကြလိမ့်မည်မဟုတ်လော။
10כי אני חשפתי את עשו גליתי את מסתריו ונחבה לא יוכל שדד זרעו ואחיו ושכניו ואיננו׃
10ဧသော ၏အဝတ်ကို ငါ ချွတ် မည်။ သူသည် ပုန်း ၍မ နေနိုင် အောင် သူ ကွယ် သောနေရာအရပ်တို့ကို ငါလှန် မည်။ သူ ၏အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီးချင်း တို့သည် ပျက်စီး ၍၊ သူ့ ကိုယ်တိုင်လည်း ပျောက် ရလိမ့်မည်။
11עזבה יתמיך אני אחיה ואלמנתיך עלי תבטחו׃
11သင် ၌မိဘ မရှိသောသူငယ်တို့ကို ထား ခဲ့လော့။ ငါ စောင့်မ မည်။ သင် ၏ မုတ်ဆိုးမ တို့သည် ငါ့ ကိုခိုလှုံ ကြစေ။
12כי כה אמר יהוה הנה אשר אין משפטם לשתות הכוס שתו ישתו ואתה הוא נקה תנקה לא תנקה כי שתה תשתה׃
12ထာဝရဘုရား မိန့် တော်မူသည်ကား၊ ခွက် ဖလား ကို မ သောက် ထိုက် သောသူ တို့ သည် အကယ်၍သောက် ကြသည် မှန်လျှင်၊ သင်သည်အပြစ် ကို မခံဘဲ ရှင်းရှင်းလွတ် ရမည်လော။ မ လွတ် ဘဲမနေရ။ စင်စစ် သောက် ရမည်။
13כי בי נשבעתי נאם יהוה כי לשמה לחרפה לחרב ולקללה תהיה בצרה וכל עריה תהיינה לחרבות עולם׃
13ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
14שמועה שמעתי מאת יהוה וציר בגוים שלוח התקבצו ובאו עליה וקומו למלחמה׃
14ထာဝရဘုရား ကြွေးကြော် တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး ၍၊ ဧဒုံပြည်ကို တိုက် ခြင်းငှါစစ်ချီ ၍လာ ကြလော့ဟု တပါးအမျိုးသား တို့ထံသို့ သံတမန် ကို စေလွှတ် တော်မူပြီ။
15כי הנה קטן נתתיך בגוים בזוי באדם׃
15တပါးအမျိုးသား တို့တွင် သင် သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူ တို့တွင် အသရေ ရှုတ်ချခြင်းကိုခံရမည်အကြောင်းငါပြု မည်။
16תפלצתך השיא אתך זדון לבך שכני בחגוי הסלע תפשי מרום גבעה כי תגביה כנשר קנך משם אורידך נאם יהוה׃
16ကျောက် ကြား တို့၌ နေ ၍တောင် ထိပ် ကို ခိုလှုံ သောသူဖြစ် သောကြောင့်၊ သင် ၏ကြောက်မက် ဘွယ်သော အခြင်းအရာ၊ သင် ၏မာန သည် သင့် ကိုလှည့်စား ပြီ။ သင်သည် ရွှေလင်းတ ကဲ့သို့ မြင့် သောအရပ်၌ အသိုက် ကို လုပ်သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
17והיתה אדום לשמה כל עבר עליה ישם וישרק על כל מכותה׃
17ဧဒုံ ပြည်သည် အံ့ဩ ရာဖြစ် ၍၊ ရှောက်သွား သော သူတိုင်း အံ့ဩ ကြလိမ့်မည်။ သူ ခံရသောဘေးဥပဒ် အပေါင်း တို့ကြောင့် ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
18כמהפכת סדם ועמרה ושכניה אמר יהוה לא ישב שם איש ולא יגור בה בן אדם׃
18သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သောမြို့ တို့၏ ပျက်စီး ခြင်းကဲ့သို့ ဖြစ်၍၊ ဧဒုံပြည်၌ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက်မျှ နေရာ မ ကျရဟု ထာဝရဘုရား မိန့် တော်မူ၏။
19הנה כאריה יעלה מגאון הירדן אל נוה איתן כי ארגיעה אריצנו מעליה ומי בחור אליה אפקד כי מי כמוני ומי יעידני ומי זה רעה אשר יעמד לפני׃
19ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြုမည်။ ရွေးချယ် သော သူကိုလည်း၊ ဧဒုံပြည်အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ်မည် သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
20לכן שמעו עצת יהוה אשר יעץ אל אדום ומחשבותיו אשר חשב אל ישבי תימן אם לא יסחבום צעירי הצאן אם לא ישים עליהם נוהם׃
20သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဧဒုံ ပြည်တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ တေမန် ပြည်သား တို့ တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့။ အကယ် စင်စစ်ရန်သူသည်၊ အား မရှိ သောထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူ တို့ရှိရာသို့လာ၍၊ ကျက်စား ရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
21מקול נפלם רעשה הארץ צעקה בים סוף נשמע קולה׃
21သူ တို့ပြိုလဲ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ သူတို့အော်ဟစ် သော အသံ ကို ဧဒုံ ပင်လယ် တိုင်အောင် ကြား ရ၏။
22הנה כנשר יעלה וידאה ויפרש כנפיו על בצרה והיה לב גבורי אדום ביום ההוא כלב אשה מצרה׃
22ရန်သူသည် တက် ၍ ရွေလင်းတ ကဲ့သို့ ပျံ လျက် ၊ ဗောဇရ မြို့ကို အတောင် တို့နှင့် ဖြန့်မိုး လိမ့်မည်။ ထို နေ့ ၌ ဧဒုံ ပြည်သားသူရဲ တို့၏ စိတ် နှလုံးသည်၊ သားဘွားခြင်း ဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် လိမ့်မည်။
23לדמשק בושה חמת וארפד כי שמעה רעה שמעו נמגו בים דאגה השקט לא יוכל׃
23ဒမာသက် မြို့ကို ရည်မှတ် သော စကားဟူမူကား ၊ ဟာမတ် မြို့နှင့် အာပဒ် မြို့တို့သည် မကောင်း သော သိတင်း ကိုကြား သောကြောင့် ၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ် တိုင်အောင်စိုးရိမ် စရာရှိသောကြောင့် ၊ ငြိမ်ဝပ် ခြင်းသို့မ ရောက်နိုင် ။
24רפתה דמשק הפנתה לנוס ורטט החזיקה צרה וחבלים אחזתה כיולדה׃
24ဒမာသက် မြို့သည် အားလျော့ ပြီ။ ပြေး အံ့သောငှါ ကိုယ်ကိုလှည့် ပြီ။ တုန်လှုပ် လျက်နေ၏။ ဒုက္ခ ဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ ၏။
25איך לא עזבה עיר תהלה קרית משושי׃
25အသရေ ရှိသောမြို့ ၊ ငါ ဝမ်းမြောက် စရာမြို့ သည် အဘယ်ကြောင့် မ ကျန်ကြွင်း ရသနည်း။
26לכן יפלו בחוריה ברחבתיה וכל אנשי המלחמה ידמו ביום ההוא נאם יהוה צבאות׃
26သို့ဖြစ်၍ ၊ ထိုမြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်။
27והצתי אש בחומת דמשק ואכלה ארמנות בן הדד׃
27ငါသည်လည်း၊ ဒမာသက် မြို့ရိုး ကို မီး ရှို့ ၍ ၊ ဗင်္ဟာဒဒ် ၏ နန်းတော် တို့ကို လောင် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28לקדר ולממלכות חצור אשר הכה נבוכדראצור מלך בבל כה אמר יהוה קומו עלו אל קדר ושדדו את בני קדם׃
28ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော ကေဒါ ပြည်နှင့် ဟာဇော် နိုင်ငံ တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ကေဒါ ပြည်သို့ သွား ၍၊ အရှေ့ မျက်နှာအရပ်သား တို့ကို လုယူ ကြလော့။
29אהליהם וצאנם יקחו יריעותיהם וכל כליהם וגמליהם ישאו להם וקראו עליהם מגור מסביב׃
29သူ တို့တဲ များနှင့် သိုးစု များကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင် များ၊ ကုလားအုပ် များကို၎င်းသိမ်း ၍ ယူသွား ရကြမည်။ သူတို့ပတ်လည် ၌ ကြောက်လန့် စရာ အကြောင်းကို ကြွေးကြော် ရကြမည်။
30נסו נדו מאד העמיקו לשבת ישבי חצור נאם יהוה כי יעץ עליכם נבוכדראצר מלך בבל עצה וחשב עליהם מחשבה׃
30ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာဇော် ပြည်သား တို့၊ ဝေးစွာ ပြေးသွား ကြလော့။ နက်နဲ သော အရပ်တို့၌ နေ ကြလော့။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သင် တို့ကိုရည်ဆောင်၍ စီရင် မည်ဟု သင် တို့တဘက် ၌ ကြံစည် သောအကြံအစည် ရှိ၏။
31קומו עלו אל גוי שליו יושב לבטח נאם יהוה לא דלתים ולא בריח לו בדד ישכנו׃
31ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ငြိမ်ဝပ် စွာနေ ၍ စိုးရိမ် စရာမရှိသောလူမျိုး ၊ မြို့တံခါး နှင့်ကန့်လန့်ကျင် ကို မ သုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီ နေ တတ်သောလူမျိုးနေရာသို့ သွား ကြလော့။
32והיו גמליהם לבז והמון מקניהם לשלל וזרתים לכל רוח קצוצי פאה ומכל עבריו אביא את אידם נאם יהוה׃
32သူ တို့ကုလားအုပ် အစရှိသော တိရစ္ဆာန် အပေါင်း တို့သည် လုယူ ရာဖြစ် ကြလိမ့်မည်။ ပါးမုန်း ကိုရိတ် တတ် သော လူမျိုးကိုအရပ်ရပ် သို့ ငါကွဲပြား စေမည်။ အရပ်ရပ် တို့မှ သူ တို့၌ ဘေးဥပဒ် ကိုငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
33והיתה חצור למעון תנים שממה עד עולם לא ישב שם איש ולא יגור בה בן אדם׃
33ဟာဇော် ပြည်သည် မြေခွေး နေရာ ၊ လူဆိတ်ညံ ရာ အစဉ် ဖြစ် ၍ ၊ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက် မျှနေရာ မ ကျရ။
34אשר היה דבר יהוה אל ירמיהו הנביא אל עילם בראשית מלכות צדקיה מלך יהודה לאמר׃
34ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနန်းစံ စ က၊ ဧလံ ပြည် ကို ရည်မှတ် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ပရောဖက် ယေရမိ သို့ ရောက်လာ ၍၊
35כה אמר יהוה צבאות הנני שבר את קשת עילם ראשית גבורתם׃
35ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧလံ ၏လေး တည်းဟူသောသူ ၏ အစွမ်း သတ္တိအထွဋ် အမြတ်ကို ငါ ချိုး မည်။
36והבאתי אל עילם ארבע רוחות מארבע קצות השמים וזרתים לכל הרחות האלה ולא יהיה הגוי אשר לא יבוא שם נדחי עולם׃
36အရပ်လေး မျက်နှာတို့က လေ လေး မျိုးကို ဧလံ ပြည်သို့ ငါဆောင်ခဲ့ မည်။ ထို လေ တို့ရှေ့မှာ ပြည်သားများကို ငါလွှင့် မည်။ ထိုသို့နှင်ထုတ် သော ဧလံ ပြည်သားမ ရောက် သော တိုင်း နိုင်ငံတခုမျှမ ရှိ ရ။
37והחתתי את עילם לפני איביהם ולפני מבקשי נפשם והבאתי עליהם רעה את חרון אפי נאם יהוה ושלחתי אחריהם את החרב עד כלותי אותם׃
37ဧလံ ပြည်သားတို့ကို ရန်သူ တို့ရှေ့ မှာ၎င်း ၊ သူ တို့ အသက် ကိုရှာ သော လူတို့ရှေ့ မှာ၎င်း ၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာ သော ငါ ၏အမျက် တည်းဟူသောဘေးဥပဒ် ကိုသူ တို့အပေါ် သို့ ရောက် စေမည်။ သူ တို့ကို မ ဖျက်ဆီး မှီတိုင်အောင်သူ တို့နောက် သို့ ထား ကို လွှတ်လိုက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
38ושמתי כסאי בעילם והאבדתי משם מלך ושרים נאם יהוה׃
38ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
39והיה באחרית הימים אשוב את שבית עילם נאם יהוה׃
39သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောဧလံ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင်ခဲ့ ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.