Éphésiens
Chapter 2

Éphésiens

Louis Segond 1910
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Éphésiens 2

Louis Segond 1910
Judson Burmese Bible (1840)
1Vous étiez morts par vos offenses et par vos péchés,
1သင်တို့သည် အထက် ကလောကီ တရားသို့လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုး ကို အစိုးရ သော မင်းတည်းဟူသောငြင်းဆန် သော သူတို့၌ ပြုပြင်သော ဝိညာဉ် ၏အလိုနှင့်အညီ၊
2dans lesquels vous marchiez autrefois, selon le train de ce monde, selon le prince de la puissance de l’air, de l’esprit qui agit maintenant dans les fils de la rébellion.
2ဒုစရိုက်အပြစ် တို့၌ကျင်လည်ကြ၍ ၊ ထိုဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော သင် တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။
3Nous tous aussi, nous étions de leur nombre, et nous vivions autrefois selon les convoitises de notre chair, accomplissant les volontés de la chair et de nos pensées, et nous étions par nature des enfants de colère, comme les autres…
3ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါ တို့ရှိသမျှ သည်အထက် က ကိုယ် ကာယ၏အလို သို့၎င်း ၊ စိတ် ၏ အလိုသို့၎င်း၊ လိုက် သဖြင့် ကာမဂုဏ် တို့၌ ကျင်လည် သည်ဖြစ်၍၊ ကြွင်း သောသူတို့ကဲ့သို့ ပင်ပကတိ အတိုင်း အမျက် တော်ကို ခံရသောသူဖြစ် ကြ၏။
4Mais Dieu, qui est riche en miséricorde, à cause du grand amour dont il nous a aimés,
4သို့သော်လည်း ကရုဏာ တော်နှင့် ကြွယ်ဝ တော်မူသော ဘုရားသခင် သည် ငါ တို့ကို ချစ် တော်မူသော မဟာ မေတ္တာ တော်အားဖြင့် ၊
5nous qui étions morts par nos offenses, nous a rendus à la vie avec Christ (c’est par grâce que vous êtes sauvés);
5ဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော ငါ တို့ကို ခရစ်တော် နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင် ခြင်းသို့ရောက် ရ၏။
6il nous a ressuscités ensemble, et nous a fait asseoir ensemble dans les lieux célestes, en Jésus-Christ,
6ယေရှု ခရစ် အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူပြီ။
7afin de montrer dans les siècles à venir l’infinie richesse de sa grâce par sa bonté envers nous en Jésus-Christ.
7အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါ တို့၌ ကျေးဇူး ပြု၍ ၊ ကျေးဇူး တော်၏အလွန် ကြွယ်ဝ ခြင်းကို နောင် ကပ် ကာလတို့၌ ထင်ရှား စေမည်အကြောင်း ဖြစ်သတည်း။
8Car c’est par la grâce que vous êtes sauvés, par le moyen de la foi. Et cela ne vient pas de vous, c’est le don de Dieu.
8ယုံကြည် သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင် ခြင်းသို့ ရောက် ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မ ဟုတ်။ ဘုရားသခင် သနား တော်မူရာဖြစ်သတည်း။
9Ce n’est point par les œuvres, afin que personne ne se glorifie.
9ကိုယ်ကုသိုလ် ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မ ဟုတ်။ သို့ဖြစ်၍ အဘယ်သူ မျှ ဝါကြွား စရာ အခွင့်မ ရှိ။
10Car nous sommes son ouvrage, ayant été créés en Jésus-Christ pour de bonnes œuvres, que Dieu a préparées d’avance, afin que nous les pratiquions.
10အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။
11C’est pourquoi, vous autrefois païens dans la chair, appelés incirconcis par ceux qu’on appelle circoncis et qui le sont en la chair par la main de l’homme,
11ထိုကြောင့် ၊ လက် ဖြင့် ကိုယ် ကာယ၌ ပြုသောဝေါဟာရ အရေဖျားလှီး ခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့် ၊ အရေဖျားလှီး ခြင်းကို မခံသောလူ ဟူ၍ခေါ်ဝေါ် ကြသော သာသနာပ လူတို့အထဲ ၌ သင် တို့သည် အထက် က ပကတိ အတိုင်းဖြစ်ကြသည်ကို၎င်း၊
12souvenez-vous que vous étiez en ce temps-là sans Christ, privés du droit de cité en Israël, étrangers aux alliances de la promesse, sans espérance et sans Dieu dans le monde.
12ထိုအခါ သင်တို့သည် ခရစ်တော် ကိုမ သိ၊ ဣသရေလ အပေါင်း ၌ မဝင်၊ ဂတိ တော်ပါသော ပဋိညာဉ် တရားတို့နှင့် မဆိုင်၊ မြော်လင့် ခြင်းမ ရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ ကြလော့။
13Mais maintenant, en Jésus-Christ, vous qui étiez jadis éloignés, vous avez été rapprochés par le sang de Christ.
13သင်တို့သည် အထက် ကဝေး လျက်ရှိ သော်လည်း ၊ ယခု မှာ ယေရှု ခရစ် ၌ ဖြစ်၍အသွေး တော်အားဖြင့် အနီး သို့ ရောက် ကြပြီ။
14Car il est notre paix, lui qui des deux n’en a fait qu’un, et qui a renversé le mur de séparation, l’inimitié,
14အဘယ်သို့ နည်းဟူမူကား၊ ထိုသခင် သည် ငါ တို့ ရန်ငြိမ်း ခြင်းအကြောင်း ဖြစ် တော်မူ၏။
15ayant anéanti par sa chair la loi des ordonnances dans ses prescriptions, afin de créer en lui-même avec les deux un seul homme nouveau, en établissant la paix,
15ဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သော ပညတ် တရားတည်းဟူသောရန်ငြိုး ဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာ တော်တွင် ပယ်ရှင်း တော်မူသဖြင့် ၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံ ကို ဖြိုဖျက် ၍ လူမျိုး နှစ် စုတို့ကို တစ်စုတည်းဖြစ် စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်း စေပြီးလျှင်၊
16et de les réconcilier, l’un et l’autre en un seul corps, avec Dieu par la croix, en détruisant par elle l’inimitié.
16ကိုယ်တော် ၌ ထိုလူ နှစ်စုတို့ကို လူ သစ် တစ်ဦးတစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင် ၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ် စုတို့ကို၊ လက်ဝါးကပ်တိုင် တော်အားဖြင့် ရန် ကို သတ်ဖြတ် လျက်၊ ဘုရားသခင် နှင့် မိသ္သဟာယဖွဲ့ စေမည်အကြောင်းတည်း။
17Il est venu annoncer la paix à vous qui étiez loin, et la paix à ceux qui étaient près;
17ထိုခရစ်တော်သည်လည်း ကြွလာ ၍၊ ဝေး လျက်ရှိသော သင် တို့အား၎င်း၊ နီး လျက်ရှိသောငါ တို့အား၎င်း၊ ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူ၏။
18car par lui nous avons les uns et les autres accès auprès du Père, dans un même Esprit.
18ထိုသို့ ခရစ်တော် အားဖြင့် ငါတို့နှစ် ဦးသည် စိတ် ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြ ပြီ။
19Ainsi donc, vous n’êtes plus des étrangers, ni des gens du dehors; mais vous êtes concitoyens des saints, gens de la maison de Dieu.
19ထိုကြောင့် ၊ သင်တို့သည် တ ကျွန်းတ နိုင်ငံသားမ ဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်း သူတို့၏ အမျိုးသား ချင်းဖြစ် ကြ၏။ ဘုရားသခင် အိမ်တော်သား လည်း ဖြစ်ကြ၏။
20Vous avez été édifiés sur le fondement des apôtres et des prophètes, Jésus-Christ lui-même étant la pierre angulaire.
20အဘယ်သို့နည်းဟူမူကား၊ တမန်တော် တို့မှစ၍ ပရောဖက် များတည်းဟူသောတိုက်မြစ် အပေါ် ၌သင်တို့သည် ထပ်ဆင့်၍ တည်ဆောက် လျက်ရှိ ကြ၏။
21En lui tout l’édifice, bien coordonné, s’élève pour être un temple saint dans le Seigneur.
21ထိုတိုက်ထောင့် အမြစ်ကျောက်ကား၊ ယေရှု ခရစ် ဖြစ်သတည်း။ ထိုကျောက် နှင့် တစ် တိုက်လုံး သည် စေ့စပ် ၍ ကြီးပွား သဖြင့်၊ သခင် ဘုရားအဘို့ အလိုငှာ သန့်ရှင်း သော ဗိမာန် တော်ဖြစ်၏။
22En lui vous êtes aussi édifiés pour être une habitation de Dieu en Esprit.
22ထိုဗိမာန် တော်၌ လည်း ၊ ဘုရားသခင် သည် ဝိညာဉ် တော်အားဖြင့် ကျိန်းဝပ် တော်မူခြင်းအလိုငှာ ၊ သင် တို့သည် ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။

Tip: use the ← and → keys to turn chapters.