Johano 5
Londona Biblio (Esperanto, 1910)Translation
Londona Biblio (Esperanto, 1910)
Judson Burmese Bible (1840)
1Post tio estis festo de la Judoj, kaj Jesuo supreniris al Jerusalem.
1ထို နောက်မှ ယုဒ ပွဲ ခံစဉ်တွင်၊ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။
2En Jerusalem apud la Pordego de Ŝafoj estas lageto, nomata en la Hebrea lingvo Betesda, havanta kvin portikojn.
2ယေရုရှလင် မြို့၌ သိုး တံခါးနားမှာ ဟေဗြဲ ဘာသာစကားအားဖြင့်ဗေသေသဒ အမည် ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါး ဆောင်နှင့် ပြည့်စုံ ၏။
3En tiuj kuŝis amaso da malsanuloj, blinduloj, lamuloj, velkintoj, kiuj atendis la ekmovon de la akvo;
3ထိုကနားပြင်တို့၌ မျက်စိ ကန်း၊ ခြေမစွမ်း ၊ ကိုယ်ပိန်ခြောက် သောသူတို့မှစ၍အနာ ရောဂါစွဲသောသူ များအပေါင်း တို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။
4ĉar anĝelo de la Eternulo malsupreniris iafoje en la lageton kaj movis la akvon; kiu ajn do unua post la movado de la akvo enpaŝis, tiu resaniĝis, tute egale, de kia malsano li suferis.
4အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
5Kaj tie estis unu viro, kiu estis tridek ok jarojn en sia malforteco.
5ထိုအခါ သုံးဆယ် ရှစ် နှစ် ပတ်လုံးရောဂါ စွဲသောသူ တစ် ယောက်သည် ရေကန်နားမှာရှိ၏။
6Kiam Jesuo vidis lin kuŝantan, kaj sciis, ke li jam de longe malsanas, li diris al li: Ĉu vi volas fariĝi sana?
6ထိုသူ သည် တုံးလုံး နေသည်ကို ယေရှု မြင် တော်မူ၍ ကြာ လှပြီ ဟုသိ တော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လို သလော ဟု မေး တော်မူ၏။
7La malsanulo respondis: Sinjoro, mi ne havas iun por enĵeti min en la lageton, kiam la akvo moviĝis; sed dum mi venas, alia paŝas malsupren antaŭ mi.
7နာ သောသူ ကလည်း၊ သခင် ၊ ရေ လှုပ်ရှား သောအခါ ရေကန် ထဲသို့ အကျွန်ုပ် ကို သွင်း ထားမည့်သူမ ရှိ ပါ။ အကျွန်ုပ် သွား စဉ် တွင် အခြား သောသူ သည် အကျွန်ုပ် ရှေ့ မှာ ဝင် တတ်ပါသည်ဟု လျှောက် ၏။
8Jesuo diris al li: Leviĝu, prenu vian liton, kaj iru.
8ယေရှု ကလည်း ထ လော့။ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဟု မိန့်တော်မူသည်၊
9Kaj la viro tuj fariĝis sana, kaj prenis sian liton, kaj iris. Kaj estis la sabato en tiu tago.
9ခဏခြင်း တွင်ထိုသူ သည် ပကတိ အဖြစ်သို့ရောက် ၍ ၊ မိမိ အိပ်ရာ ကိုဆောင် လျက် လှမ်းသွား ၏။
10La Judoj do diris al la resanigito: Estas la sabato, kaj al vi ne konvenas porti vian liton.
10ထို နေ့ သည် ဥပုသ်နေ့ ဖြစ် ၏။ ထိုကြောင့် ယုဒ လူတို့က၊ ဥပုသ်နေ့ ဖြစ် ၏။ အိပ်ရာ ကို မ ဆောင် အပ်ဟု ရောဂါ ကင်းသော သူ အားဆို ကြ၏။
11Li respondis: Tiu, kiu min sanigis, diris al mi: Prenu vian liton, kaj iru.
11သူ ကလည်း၊ အကျွန်ုပ် ကို ကျန်းမာ စေ သောသူ က၊ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဆို သည် ဟု ပြန်ပြော ၏။
12Ili demandis lin: Kiu estas tiu homo, kiu diris al vi: Prenu kaj iru?
12ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွား လော့ဟု သင့် အားဆို သောသူ ကားအဘယ်သူ နည်းဟု မေးမြန်း ကြ၏။
13Sed la resanigito ne sciis, kiu tiu estas; ĉar Jesuo jam formoviĝis pro la tiea homamaso.
13ထိုသူကား၊ အဘယ်သူ ဖြစ် သည်ကို ရောဂါ ကင်းသောသူ သည်မ သိ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ လူစုဝေး လျက်ရှိ သည်ဖြစ်၍၊ ယေရှု သည် မထင်မရှား ထွက်ကြွတော်မူ၏။
14Poste Jesuo trovis lin en la templo, kaj diris al li: Jen vi fariĝis sana; ne plu peku, por ke io pli malbona ne okazu al vi.
14ထိုနောက်မှ ယေရှု သည်ဗိမာန် တော်၌ ထိုသူ ကို တွေ့ တော်မူလျှင် သင်သည် ကျန်းမာ ခြင်းရှိ၏။ သာ၍ဆိုး သောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
15La viro foriris, kaj diris al la Judoj, ke Jesuo estas tiu, kiu lin sanigis.
15ထိုသူ သည်သွား ၍ မိမိ ကိုကျန်းမာ စေသောသူ သည် ယေရှု ဖြစ် သည်ကို ယုဒ လူတို့အား ကြားပြော လေ၏။
16Kaj la Judoj persekutis Jesuon pro tio, ke li tion faris en sabato.
16ထိုအမှု ကိုဥပုသ်နေ့ ၌ ပြု တော်မူသောကြောင့် ၊ ယုဒ လူတို့သည် ယေရှု ကိုညှဉ်းဆဲ ကြ၏။
17Sed Jesuo respondis al ili: Mia Patro ĝis nun laboras, kaj mi laboras.
17ယေရှု ကလည်း ၊ ငါ့ ခမည်းတော် သည် ယခု တိုင်အောင် အလုပ်လုပ် တော်မူသည်ဖြစ်၍၊ ငါ သည်လည်း လုပ် ၏ ဟု ပြန်ပြောတော်မူ ၏။
18Pro tio do la Judoj des pli celis mortigi lin, pro tio, ke li ne nur malobservis la sabaton, sed ankaŭ diris, ke Dio estas lia propra Patro, kaj pretendis esti egala al Dio.
18သို့ဖြစ်၍ ဥပုသ်နေ့ ကို ဖျက် သည်သာမက ၊ ဘုရားသခင် ကို မိမိ အဘ ဟုခေါ် ၍ မိမိကိုဘုရားသခင် နှင့် ပြိုင် နှိုင်းတော်မူသောကြောင့် ၊ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် ခြင်းငှာသာ၍ ရှာကြံ ကြ၏။
19Jesuo do respondis kaj diris al ili: Vere, vere, mi diras al vi: La Filo ne povas per si mem fari ion, krom tio, kion li vidas la Patron faranta; ĉar kion ajn Li faras, tion la Filo tiel same ankaŭ faras.
19ယေရှု ကလည်း ၊ သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ ခမည်းတော် ပြု တော်မူသောအမှုကို သား တော်သည် မြင်၍သာပြု ၏။ မိမိ အလိုအလျောက်အဘယ် အမှုကိုမျှမပြုနိုင် ၊ ခမည်းတော် ပြု တော်မူသမျှ အတိုင်း သား တော်လည်းပြု ၏။
20Ĉar la Patro amas la Filon, kaj montras al li ĉion, kion Li mem faras; kaj Li montros al li farojn pli grandajn ol ĉi tio, por ke vi miru.
20ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍ ပြု တော်မူသမျှ တို့ကို သား တော်အားပြ တော်မူ၏။ သင် တို့သည် အံ့ဩဖွယ် ရှိစေခြင်းငှာ ဤမျှမကသာ၍ကြီးစွာ သောအမူအရာ တို့ကို သား တော်အားပြ တော်မူလိမ့်မည်။
21Ĉar kiel la Patro levas la mortintojn kaj ilin vivigas, tiel ankaŭ la Filo vivigas tiujn, kiujn li volas.
21မည်းတော် သည် သေ လွန်သောသူ တို့ကို ထမြောက် ရှင်ပြန် စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သား တော်သည်လည်း အလို ရှိသမျှသောသူ တို့ကို ရှင် စေ၏။
22Ĉar la Patro juĝas neniun, sed Li donis ĉian juĝon al la Filo,
22လူအပေါင်း တို့သည် ခမည်းတော် ကို ရိုသေ သည်နည်းတူ ၊
23por ke ĉiuj honoru la Filon tiel same, kiel ili honoras la Patron. Kiu ne honoras la Filon, tiu ne honoras la Patron, kiu lin sendis.
23သား တော်ကို ရိုသေ စေမည်အကြောင်း ၊ ခမည်းတော် သည် အဘယ်သူ ကိုမျှ မတရားစီရင် တော်မမူ။ တရား စီရင်ခြင်းအခွင့်ရှိသမျှ ကို သား တော်အား အပ်ပေး တော်မူ၏။ သား တော်ကို မ ရိုသေ သောသူ သည်ကား၊ သား တော်ကိုစေလွှတ် တော်မူသောခမည်းတော် ကို မ ရိုသေ သောသူဖြစ်၏။
24Vere, vere, mi diras al vi: Kiu aŭskultas mian vorton, kaj kredas al Tiu, kiu min sendis, tiu havas eternan vivon kaj ne venas en juĝon, sed jam pasis de morto en vivon.
24ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။
25Vere, vere, mi diras al vi: Venas horo kaj jam estas, kiam la mortintoj aŭdos la voĉon de la Filo de Dio; kaj la aŭdintoj vivos.
25ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။
26Ĉar kiel la Patro havas en Si mem vivon, tiel Li donis al la Filo ankaŭ, ke ĉi tiu havu en si mem vivon;
26အကြောင်းမူကား ၊ ခမည်းတော် သည် ကိုယ် ၌ အသက် ရှိ တော်မူသည်နည်းတူ ၊ သား တော်သည်မိမိ ၌ အသက် ရှိ ရသောအခွင့်ကို ပေး တော်မူ၏။
27kaj Li donis al li la rajton fari juĝon, ĉar li estas la Filo de homo.
27သားတော်သည် လူ သား ဖြစ် သောကြောင့် တရားစီရင်ခြင်း အခွင့် ကိုလည်း အပ်ပေး တော်မူ၏။
28Ne miru pro tio; ĉar venas horo, en kiu ĉiuj, kiuj estas en la tomboj, aŭdos lian voĉon,
28ဤ အမှုအရာကို အံ့ဩ ခြင်းမ ရှိကြနှင့်။ သင်္ချိုင်း များမှာရှိသောသူ အပေါင်း တို့သည် သား တော်၏ စကား သံကိုကြား ၍ ၊
29kaj eliros; la farintoj de bono, al releviĝo por vivo; sed la farintoj de malbono, al releviĝo por juĝo.
29ထွက်ရမည့်အချိန် ကာလရောက် လတံ့။ ကောင်း သောအကျင့်ကို ကျင့် သောသူ တို့သည် အသက် ရှင်ရာ ထမြောက် ခြင်းသို့ ၎င်း ၊ ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ တို့သည် အပြစ် စီရင်ရာထမြောက် ခြင်းသို့ ၎င်း ထွက် ရကြလတံ့။
30Mi ne povas per mi mem fari ion; kiel mi aŭdas, tiel mi juĝas; kaj mia juĝo estas justa, ĉar mi celas ne mian propran volon, sed la volon de Tiu, kiu min sendis.
30ငါ သည်ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမ ပြု နိုင် ။ ငါသည် ကြား သည်အတိုင်း တရား စီရင်၏၊ ငါ စီရင် ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား ၊ ငါ သည် ကိုယ်အလို သို့မ လိုက် ၊ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် ၏အလို သို့လိုက်၏။
31Se mi atestus pri mi mem, mia atesto ne estus vera.
31ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ လျှင် ငါ့ သက်သေ မ တည် ။
32Estas alia, kiu atestas pri mi; kaj mi scias, ke vera estas la atesto, kiun li atestas pri mi.
32ငါ ၏အကြောင်း ကိုသက်သေခံ သော သူတစ်ပါး ရှိ သေး၏။ ထို သူ၏သက်သေ တည် ကြောင်းကို ငါသိ ၏။
33Vi sendis al Johano, kaj li atestis pri la vero.
33သင် တို့သည် ယောဟန် ထံသို့ စေလွှတ် ကြ၏။ သူသည် သမ္မာတရား ဘက်၌ သက်သေခံ ၏။
34Sed la atesto, kiun mi ricevas, ne estas el homo, tamen mi tion diras, por ke vi estu savitaj.
34သို့သော်လည်း လူ ပေးသောသက်သေ ကိုငါ သည်ပမာဏ မ ပြု။ သင် တို့သည် ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ဤ စကားကို ငါပြော ၏။
35Li estis la lampo, kiu brulas kaj lumas; kaj vi volis ĝoji kelkan tempon en lia lumo.
35ယောဟန်သည်ညှိ ထွန်း၍ လင်း သောဆီမီး ဖြစ် ၏။ သင် တို့သည် သူ၏ အလင်း ၌ ခဏ သာမွေ့လျော် ခြင်းငှာအလိုရှိ ကြ၏။
36Sed la atesto, kiun mi havas, estas pli granda ol la atesto de Johano; ĉar la laboroj, kiujn la Patro donis al mi por fini, tiuj samaj laboroj, kiujn mi faras, atestas pri mi, ke la Patro min sendis.
36ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။
37Kaj la Patro, kiu min sendis, atestis pri mi. Vi nek aŭdis iam Lian voĉon, nek vidis Lian formon.
37ခမည်းတော် သည်လည်း ငါ့ ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော် ၏စကား သံတော်ကို သင်တို့သည် မ ကြား ၊ သဏ္ဌာန် တော်ကိုမ မြင် ၊
38Kaj vi ne havas Lian vorton restantan en vi, ĉar vi ne kredas al tiu, kiun Li sendis.
38နှုတ်ကပတ် တော်သည်လည်း သင် တို့၌ မ တည် ။ အကြောင်းမူကား ၊ စေလွှတ် တော်မူသောသူ ကိုသင် တို့ သည် မ ယုံကြည် ဘဲနေကြ၏။
39Vi esploras la Skribojn, ĉar vi opinias, ke en ili vi havas eternan vivon; kaj ili estas tio, kio atestas pri mi;
39ကျမ်းစာအားဖြင့် ထာဝရ အသက် ကိုရ မည်ဟု စိတ်ထင် နှင့် သင်တို့သည် ကျမ်းစာ ကိုစေ့စေ့ ကြည့်ရှုကြ၏။ ထို ကျမ်းစာပင်ငါ ၏သက်သေ ဖြစ် ၏။
40kaj vi ne volas veni al mi, por havi vivon.
40သင်တို့သည် အသက် ကိုရ အောင် ငါ့ ထံသို့ လာ ခြင်းငှာအလို မ ရှိကြ၊
41De homoj mi ne prenas gloron.
41လူ ပေးသောဘုန်း အသရေကို ငါမခံ ။
42Sed mi vin scias, ke vi ne havas en vi la amon al Dio.
42သို့သော်လည်း ဘုရားသခင် ကို ချစ် ခြင်းမေတ္တာသည် သင်တို့၌ မ ရှိ သည်ကို ငါသိ ၏။
43Mi venis en la nomo de mia Patro, kaj vi min ne akceptas; se alia venos en sia propra nomo, vi lin akceptos.
43ငါ သည်ခမည်းတော် ၏အခွင့် နှင့် ရောက်လာ သော်လည်းသင်တို့သည်ငါ့ ကို လက် မ ခံကြ။ အခြား သောသူသည် မိမိ အခွင့် နှင့် ရောက်လာ လျှင် ထိုသူ ကို လက်ခံ ကြလိမ့်မည်။
44Kiel povas kredi vi, kiuj prenas gloron unu de alia, kaj la gloron, kiu venas de la sola Dio, vi ne serĉas?
44အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။
45Ne pensu, ke mi akuzos vin antaŭ la Patro; ekzistas unu, kiu akuzas vin, Moseo, al kiu vi esperas.
45ခမည်းတော် ရှေ့ ၌ ငါ သည် သင် တို့ကိုအပြစ်တင် မည်ဟု မ ထင် ကြနှင့်။ သင် တို့ကို အပြစ်တင် သောသူတစ်ပါးရှိ သေး၏။ ထိုသူ ကား သင် တို့ကိုးစား သော မောရှေ ပေတည်း။
46Ĉar se vi kredus al Moseo, vi ankaŭ kredus al mi, ĉar li skribis pri mi.
46သင်တို့သည် မောရှေ ၏စကားကို ယုံ လျှင် ငါ့ စကားကို မယုံ ဘဲမနေနိုင်ကြ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့ အကြောင်းကို ရေး ထား၏။
47Sed se vi ne kredas liajn skribojn, kiel vi kredos miajn vortojn?
47သူ ရေးထားသောစာ ကို သင် တို့သည်မ ယုံလျှင် ၊ ငါ စကား ကို အဘယ်သို့ ယုံ နိုင်မည်နည်း ဟု ယုဒလူတို့ အား မိန့်တော်မူ၏။
Tip: use the ← and → keys to turn chapters.