Romanoj
Chapter 1
Londona Biblio (Esperant…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Londona Biblio (Esperanto, 1910)
Judson Burmese Bible (1840)
1Paŭlo, servisto de Jesuo Kristo, apostolo vokita, apartigita al la evangelio de Dio,
1လူဇာတိ အားဖြင့် ဒါဝိဒ် အမျိုး ဖြစ် တော်မူထသော၊
2kiun Li promesis antaŭe per Siaj profetoj en la sanktaj skriboj,
2သေ ခြင်းမှထမြောက် တော်မူ၍၊
3pri Sia Filo, kiu naskiĝis el la idaro de David laŭ la karno,
3သန့်ရှင်း သောဝိညာဉ် အားဖြင့် ၊
4la difinita Filo de Dio en potenco laŭ la Spirito de sankteco per la releviĝo de la mortintoj — Jesuo Kristo, nia Sinjoro,
4တန်ခိုး နှင့်တကွ ဘုရားသခင် ၏သား တော် ထင်ရှားဖြစ်တော်မူသော ငါ တို့သခင် ယေရှု ခရစ် တည်းဟူသောမိမိ သား တော်ကို အကြောင်း ပြု၍ ဘုရားသခင် သည် ရှေးကမိမိ ပရောဖက် များအားဖြင့် ၊ သန့်ရှင်း သော ကျမ်းစာ ၌ ဂတိ ထားတော်မူသော ဧဝံဂေလိ တရားကို ဟောစေခြင်းငှာ၊ ရွေးချယ် ခွဲထား၍ တမန်တော် အရာ၌ ခန့်ထား သော ယေရှု ခရစ် ၏ ကျွန် ငါပေါလု သည်၊
5per kiu ni ricevis gracon kaj apostolecon por obeemo de fido ĉe ĉiuj nacioj pro lia nomo,
5ဘုရားသခင် ချစ် တော်မူ၍ ၊
6inter kiuj estas ankaŭ vi, vokitaj de Jesuo Kristo;
6သန့်ရှင်း သူအရာ၌ ခန့်ထား သော ရောမ မြို့သူမြို့သားအပေါင်း တို့ကို ကြားလိုက်ပါ၏။
7al ĉiuj, kiuj estas en Romo, amataj de Dio, vokitaj sanktuloj: Graco al vi kaj paco de Dio, nia Patro, kaj de la Sinjoro Jesuo Kristo.
7သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ သခင်ယေရှု ခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် စေခြင်းငှာ ။ ထိုသခင်ထံ၌ကျေးဇူး တော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရ ကြပြီ။ ထိုသခင်ခေါ် ထားတော်မူသောသင် တို့သည်လည်း ထိုလူမျိုး တို့၌ အပါအဝင်ဖြစ် ကြ၏။
8Unue mi dankas al mia Dio per Jesuo Kristo por vi ĉiuj, ke via fido estas proklamata tra la tuta mondo.
8သင် တို့၏ယုံကြည် ခြင်းအရာသည် မြေ တပြင်လုံး၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍၊ သင်တို့ အကြောင်း ကြောင့် ယေရှု ခရစ် အားဖြင့် ၊ ငါ ၏ဘုရားသခင် ကျေးဇူး တော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
9Ĉar mia atestanto estas Dio, kiun mi servas en mia spirito en la evangelio de Lia Filo, ke mi senĉese memorigas pri vi en miaj preĝoj,
9ငါသည်သင် တို့ကို မခြားမလပ် အောက်မေ့ ၍ အစဉ်မပြတ် ဆုတောင်း ပဌနာပြု သည်ဟု သား တော်၏ ဧဝံဂေလိ တရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ် နှင့်တကွ ငါဆောင်ရွက် ၍ ငါကိုးကွယ် သော ဘုရားသခင် သည် ငါ ၏သက်သေခံ ဖြစ် တော်မူ၏။
10ĉiam petante, ke iel al mi jam fine prosperos veni al vi per la volo de Dio.
10မ ကြာမမြင့်မှီဘုရားသခင် အလို တော်အားဖြင့် အဆင်သင့်၍၊ သင် တို့ရှိရာ သို့ ငါလာ ရသော အခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
11Ĉar mi sopiras vin vidi, por ke mi transdonu al vi ian spiritan donacon, por ke vi estu firmigitaj;
11သင် တို့သည် မြဲမြံ ခိုင်ခံ့မည့်အကြောင်း ၊ ငါသည် သင် တို့၌ ဝိညာဉ် ဆု ကျေးဇူးတစ်စုံတစ်ခု ကို အပ်ပေး ခြင်းငှာ ၊ သင် တို့ကိုအလွန် တွေ့မြင် ချင်ပါ၏။
12tio estas, por ke estu inter ni reciproka kuraĝigo, per la komuna fido, egale via kaj mia.
12ထိုသို့ဆိုသော်၊ ငါ နှင့် သင် တို့သည် ယုံကြည် သော အားဖြင့် အချင်းချင်း အားရ သက်သာခြင်းသို့ ရောက် ကြ မည်အကြောင်း ကို ဆိုလိုသတည်း။
13Kaj mi ne volas, ke vi nesciu, fratoj, ke ofte mi celis veni al vi (sed mi estas malhelpita ĝis nun), por ke mi havu iom da frukto ĉe vi, kiel ankaŭ ĉe la aliaj nacioj.
13ညီအစ်ကို တို့၊ ငါသည်အခြား သောတစ်ပါး အမျိုးသားတို့တွင် အကျိုး ကိုရ သကဲ့သို့ သင် တို့တွင် လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ ၊ သင် တို့ရှိရာသို့ သွား မည်ဟု အဖန်ဖန် အကြံရှိ ကြောင်း ကို သင် တို့မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခု တိုင်အောင် မြစ်တား သော အကြောင်းရှိ၏။
14Mi estas ŝuldanto al Grekoj kaj al Barbaroj, al saĝuloj kaj al senprudentuloj.
14ဟေလသ လူဖြစ်စေ၊ လူရိုင်း ဖြစ်စေ၊ ပညာရှိ ဖြစ်စေ၊ ပညာ မဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေး သည် ငါ၌တင် လျက်ရှိ၏။
15Tial laŭ mia eblo mi estas fervora prediki la evangelion ankaŭ al vi, kiuj estas en Romo.
15သို့ဖြစ်လျှင် ၊ ငါ တတ်နိုင်သမျှ အတိုင်း ရောမ မြို့သားဖြစ်သောသင် တို့အား ဧဝံဂေလိ တရားကို ဟောခြင်းငှာစေတနာ စိတ်ရှိ၏။
16Ĉar mi ne hontas pri la evangelio; ĉar ĝi estas la potenco de Dio al savo por ĉiu, kiu kredas, al la Judoj unue, kaj ankaŭ al la Grekoj.
16ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့် ၊ ရှက်ကြောက် ခြင်းမ ရှိ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေးဦးစွာ ၌ ယုဒ လူ၊ နောက်၌ ဟေလသ လူ၊ ယုံကြည် သမျှသောသူအပေါင်း တို့ကို ကယ်တင် စေသော ဘုရားသခင် ၏တန်ခိုး တော်ဖြစ် ၏။
17Ĉar la justeco de Dio malkaŝiĝas en ĝi de fido al fido, kiel estas skribite: La virtulo vivos per sia fideleco.
17အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူ သည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ယုံကြည် ခြင်း၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည်၊ ယုံကြည် ခြင်းအဘို့ အလိုငှာ ဧဝံဂေလိ တရားအားဖြင့် ထင်ရှား လျက်ရှိ၏။
18Ĉar la kolero de Dio malkaŝiĝas el la ĉielo kontraŭ ĉia malpieco kaj maljusteco de homoj, kiuj tenas la veron en maljusteco;
18သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။
19ĉar la scio pri Dio estas elmontrita ĉe ili, ĉar Dio elmontris ĝin al ili.
19အဘယ်ကြောင့် နည်းဟူမူကား၊ သိ အပ်သောဘုရားသခင် ၏ အကြောင်း အရာတို့သည် သူ တို့တွင် ထင်ရှား လျက်ရှိ ၏။ ဘုရားသခင် သည် သူ တို့အား ပြ တော်မူပြီ။
20Ĉar Liaj nevideblaj ecoj de post la kreado de la mondo fariĝas videblaj, sentate per Liaj faritaĵoj, nome, Lia eterna potenco kaj dieco; tial al ili mankas defenda pledo;
20အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။
21ĉar konante Dion, ili ne gloris Lin kiel Dion, nek estis dankemaj, sed vaniĝis per diskutadoj, kaj ilia sensaĝa koro mallumiĝis.
21အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။
22Pretendante esti saĝaj, ili malsaĝiĝis,
22ပညာရှိ ယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည် ကြသည် ဖြစ်၍၊
23kaj ŝanĝis la gloron de la senmorta Dio en bildon de morta homo kaj de birdoj kaj kvarpiedaj bestoj kaj rampaĵoj.
23မ ဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင် ၏ ဂုဏ် တော်ကိုပယ် လျက် ၊ ဖောက်ပြန် ပျက်စီးတတ်သောလူ ၏ ရုပ်တု ၊ သား ငှက် အစရှိသော တွား တတ်သောတိရစ္ဆာန်၏ရုပ်တု ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။
24Tial Dio fordonis ilin al la voluptoj de iliaj koroj, al malpureco, por ke iliaj korpoj malhonoriĝu inter ili mem;
24ထိုကြောင့် သူ တို့သည် မိမိ တို့ကိုယ် ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချ မည်အကြောင်း၊ ဘုရားသခင် သည် သူ တို့ကိုသူ တို့၏ ကိလေသာ စိတ် ညစ်ညူး ခြင်းလက်သို့ အပ် လိုက်တော်မူ၏။
25kiuj ŝanĝis la veron de Dio en mensogon, kaj adoris kaj servis la kreitaĵojn prefere ol la Kreinton, kiu estas eterne benata. Amen.
25သူတို့သည် မှန် သောဘုရားသခင့် အရာ၌ အမှား ကိုထားလျက်၊ ဖန်ဆင်း တတ်သော သခင် ကိုပယ် ၍ ဖန်ဆင်း အပ်သောအရာကို ဝတ်ပြု ကိုးကွယ် သောသူ ဖြစ်ကြ၏။ ထိုသခင် သည် ထာဝရ မင်္ဂလာ ရှိ တော်မူ၏။ အာမင်
26Tial Dio fordonis ilin al malhonoraj pasioj; ĉar iliaj virinoj ŝanĝis la naturan uzadon en kontraŭnaturan;
26ထိုသို့ ပြုကြသောကြောင့် ဘုရားသခင် သည် သူ တို့ကို ရှက်ကြောက် ဘွယ်သော ကိလေသာ လက်သို့ အပ် လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား ၊ မိန်းမ တို့သည် ပကတိ ထုံးစံကိုစွန့် ၍၊ ပကတိ နှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက် ကြ၏။
27kaj tiel same ankaŭ la viroj, forlasante la naturan uzadon de la virino, brulis en sia volupto unu al alia, kaj viroj kun viroj faris hontindaĵon kaj ricevis en si mem la taŭgan rekompencon de sia malvirto.
27ထိုအတူ ၊ ယောက်ျား တို့သည်လည်း မိန်းမ နှင့် ဆက်ဆံ ခြင်းပကတိ ထုံးစံကိုစွန့် ၍ အချင်းချင်း ကိလေသာ စိတ်ပူလောင် သဖြင့်၊ ရှက်ကြောက် ဘွယ်သောအမှုကို ယောက်ျား ချင်း ပြု လျက် ၊ မိမိ တို့ မှားယွင်း ခြင်းနှင့် အလျောက် မိမိ တို့အပြစ် ဒဏ်ကို ခံရ ကြ၏။
28Kaj ĉar ili malŝatis teni Dion en sia konado, Dio fordonis ilin al malaprobinda menso, por ke ili faru nedecaĵojn;
28ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊
29plenigite de ĉia maljusteco, malvirteco, avideco, malboneco; plenaj de envio, mortigo, malpaco, ruzo, malico; flustrantaj,
29သူတို့သည်အလုံးစုံ သော အဓမ္မ ကျင့်ခြင်း၊ မတရား သော မေထုန်ကိုပြုခြင်း၊ ဆိုးညစ် ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ ငြူစူ ခြင်း၊ လူ အသက်ကို သတ်ခြင်း၊ ရန်တွေ့ ခြင်း၊ လှည့်ဖြား ခြင်း၊ သူတစ်ပါး ကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစား သောသူ၊
30kalumniantaj, Dimalamantaj, insultantaj, arogantaj, fanfaronemaj, elpensantaj malbonaĵojn, malobeemaj al gepatroj,
30ဆဲရေး သောသူ၊ ဘုရားသခင် ကိုမုန်းသောသူ၊ ကြမ်းတမ်း သောသူ၊ မာန ထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ် ကောင်းသော အတတ်ကိုစီရင် သောသူ၊ မိဘ စကားကို နားမထောင် သောသူ၊ သတိမရှိသောသူ၊ သစ္စာ ပျက်သောသူ၊
31senprudentaj, nefidindaj, neparencamaj, senkompataj;
31မိဘသားမယားစသည်တို့ကို မ ချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနား ခြင်းကရုဏာစိတ်မရှိသောသူဖြစ်ကြ၏။
32kiuj, sciante pri la juĝo de Dio, ke la farantoj de tiaj agoj meritas morton, ne nur mem faras ilin, sed ankaŭ konsentas al la farantoj de ili.
32ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။

Tip: use the ← and → keys to turn chapters.