Genesis 27
Douay-Rheims Bible, American Edition (1899)Translation
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1Now Isaac was old, and his eyes were dim, and he could not see: and he called Esau, his elder son, and said to him: My son? And he answered: Here I am.
1ထိုနောက်ဣဇာက် သည် အို ၍ မျက်စိ မှုန် သဖြင့် မမြင် နိုင်သောအခါ ၊ သား အကြီး ဧသော ကို၊ ငါ့ သား ဟု ခေါ် လျှင် ၊ အကျွန်ုပ် ရှိ ပါ၏ဟု ထူး လေ၏။
2And his father said to him: Thou seest that I am old, and know not the day of my death.
2အဘကလည်း၊ ယခု ငါအို လှပြီ။ အဘယ်သောအခါ သေ ရမည်ကို ငါမ သိ။
3Take thy arms, thy quiver, and bow, and go abroad: and when thou hast taken some thing by hunting,
3မ သေ မှီ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ သင် ၏လက်နက် တည်းဟူသောလေး နှင့် မြှား တောင့်ကို ဆောင်ယူ လျက် တော သို့ သွား၍ ၊ ငါစားစရာ ဘို့ အမဲ ကောင်ကို ရအောင်ရှာပြီးလျှင်၊
4Make me savoury meat thereof, as thou knowest I like, and bring it, that I may eat: and my soul may bless thee before I die.
4ငါမြိန်ရှက် တတ်သော အမဲဟင်း လျာကို ချက် ၍ ငါ့ ထံသို့ ယူ ခဲ့ပါလော့ဟု ပြောဆို၏။
5And when Rebecca had heard this, and he was gone into the field to fulfill his father’s commandment,
5ထိုသို့ ဣဇာက် သည် သား ဧသော အား ပြောဆို သောစကားကို၊ ရေဗက္က ကြား သည်ဖြစ်၍ ၊ ဧသော သည် အမဲသား ကို ရအောင်တော သို့ အရှာသွား စဉ်တွင်၊
6She said to her son Jacob: I heard thy father talking with Esau thy brother, and saying to him:
6ရေဗက္က သည် သား ယာကုပ် ကို ခေါ် ၍၊
7Bring me of thy hunting, and make me meats that I may eat, and bless thee in the sight of the Lord, before I die.
7သင် ၏အဘ က၊ ငါ မ သေ မှီ ထာဝရ ဘုရား၏ ရှေ့ တော်မှာ သင့် ကို ငါကောင်းကြီး ပေးမည်အကြောင်း ၊ ငါစား စရာဘို့ အမဲသား ကို ယူ ခဲ့၍၊ အမဲဟင်း လျာကို ချက် ပါဟု သင် ၏အစ်ကို ဧသော အား ပြော သည်ကို ငါကြား ပြီ။
8Now, therefore, my son, follow my counsel:
8သို့ဖြစ်၍ ငါ့ သား ၊ ငါ မှာ ထားသမျှသော စကား ကို နားထောင် ပါ လော့။
9And go thy way to the flock, bring me two kids of the best, that I may make of them meat for thy father, such as he gladly eateth:
9ယခု ဆိတ် စုရှိရာသို့ သွား ၍၊ ကောင်းသော ဆိတ် သငယ် နှစ် ကောင်ကို ငါ့ ထံသို့ ယူ ခဲ့ပါလော့။ သင် ၏အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကို ငါချက် မည်။
10Which when thou hast brought in, and he hath eaten, he may bless thee before he die.
10သင် ၏အဘ မ သေ မှီ သင့် ကို ကောင်းကြီး ပေး မည်အကြောင်း ၊ ထိုအစာကို အဘ စား စေခြင်းငှါသင် သည် အဘထံသို့ ပို့ဆောင် ရမည်ဟု ဆိုလေ၏။
11And he answered her: Thou knowest that Esau my brother is a hairy man, and I am smooth.
11ယာကုပ် ကလည်း ၊ ကျွန်ုပ် အစ်ကို ဧသော ကား အမွေး ရှိသောသူ ၊ ကျွန်ုပ် ကားချောမွှတ် သောသူ ဖြစ် ၏။
12If my father shall feel me, and perceive it, I fear lest he will think I would have mocked him, and I shall bring upon me a curse instead of a blessing.
12ကျွန်ုပ် အဘ သည် ကျွန်ုပ် ကို စမ်းသပ်ကောင်း စမ်းသပ် လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စား သော သူဟူ၍ ထင် သဖြင့်၊ ကျွန်ုပ် သည် မင်္ဂလာ ကိုမ ရဘဲ ကျိန်ခြင်း အမင်္ဂလာကိုသာ ခံရ လိမ့်မည်ဟု အမိ ကိုဆို လေ၏။
13And his mother said to him: Upon me be this curse, my son: only hear thou my voice, and go, fetch me the things which I have said.
13အမိ ရေဗက္ကလည်း၊ ငါ့ သား ၊ သင် ခံရသောကျိန်ခြင်း အမင်္ဂလာသည် ငါ ၌ သင့်ရောက်ပါစေ။ ငါ့ စကား ကို နားထောင် ၍ ဆိတ်သငယ်တို့ကိုသာ ယူ ခဲ့ပါဟု ဆိုသည်အတိုင်း၊
14He went, and brought, and gave them to his mother. She dressed meats, such as she knew his father liked.
14သူသည် သွား ၍ ဆိတ်သငယ်တို့ကို အမိ ထံသို့ ယူ ခဲ့သဖြင့် ၊ အမိ သည်လည်း အဘ မြိန်ရှက် တတ်သော အမဲဟင်းလျာကိုချက် လေ၏။
15And she put on him very good garments of Esau, which she had at home with her:
15ထိုအခါ ရေဗက္က သည် အိမ် တွင် မိမိ လက် ၌ ရှိသောသား ကြီး ဧသော ၏အဝတ် ၊ ကောင်းမွန် သော အဝတ်ကိုယူ ၍၊ သား ငယ် ယာကုပ် ကို ဝတ် စေလျက်၊
16And the little skins of the kids she put about his hands, and covered the bare of his neck.
16ဆိတ် သငယ် ၏ သားရေ ကိုလည်း ယူ၍ သူ ၏ လက် ၌၎င်း ၊ လည်ပင်း ချော သော ဘက်၌ ၎င်း ဆင် ယင်ပြီးလျှင်၊
17And she gave him the savoury meat, and delivered him bread that she had baked.
17မိမိချက် သော အမဲဟင်း နှင့် မုန့် ကိုသား ယာကုပ် လက် ၌ အပ်ပေး ၏။
18Which when he had carried in, he said: My father? But he answered: I hear. Who art thou, my son?
18ယာကုပ်လည်း အဘ ထံ သို့ သွား ၍ ၊ အဘ ဟု ခေါ် လေ၏။ အဘကလည်း၊ ငါ ရှိ ၏ငါ့ သား။ သင် သည် အဘယ် သူနည်းဟုမေး ၏။
19And Jacob said: I am Esau thy firstborn: I have done as thou didst command me: arise, sit, and eat of my venison, that thy soul may bless me.
19ယာကုပ် ကလည်း ၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏။ အဘမှာ ထားသည်အတိုင်း ပြု ပါပြီ။ ထ ၍ထိုင် ပါ။ အဘ၏ဝိညာဉ် သည် အကျွန်ုပ် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ အကျွန်ုပ် ၏အမဲသား ကို စား ပါလော့ဟု ဆို လေ၏။
20And Isaac said to his son: How couldst thou find it so quickly, my son? He answered: It was the will of God, that what I sought came quickly in my way.
20အဘဣဇာက် ကလည်း ၊ ငါ့ သား ၊ ဤ မျှလောက်လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့ နည်း ဟု သား အား မေး လျှင်၊ အဘ၏ ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် ရှိရာသို့ ဆောင် ခဲ့တော်မူသောကြောင့် ၊ လျင်မြန် စွာတွေ့ ရပါသည်ဟု ပြန်ဆို လေ၏။
21And Isaac said: Come hither, that I may feel thee, my son, and may prove whether thou be my son Esau, or not.
21ဣဇာက် ကလည်း ၊ ငါ့ သား ၊ သင် သည် ငါ့ သား ဧသော မှန် သည် မ မှန်သည်ကိုသိလို၍၊ သင့် ကို ငါစမ်းသပ် စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ် ပါလော့ဟုဆို လျှင်၊
22He came near to his father, and when he had felt him, Isaac said: The voice indeed is the voice of Jacob; but the hands are the hands of Esau.
22ယာကုပ် သည် အဘထံပါးသို့ချဉ်းကပ် ၍ ၊ အဘသည် စမ်းသပ် လျက် ၊ အသံ ကား ယာကုပ် ၏အသံ ၊ လက် တို့ကား ဧသော ၏လက် ဖြစ်ပေသည်ဟု ဆို လေ၏။
23And he knew him not, because his hairy hands made him like to the elder. Then blessing him,
23ထိုသို့သူ ၏ လက် တို့သည် ဧသော ၏လက် ကဲ့သို့ အမွေး ပါသောကြောင့် ၊ ယာကုပ်ဖြစ်မှန်းကို အဘ မ ရိပ်မိ သဖြင့် ၊ ကောင်းကြီး ပေးလေ၏။
24He said: Art thou my son Esau? He answered: I am.
24သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့ သား ဧသော စင်စစ် အမှန်ပင် ဖြစ်သလောဟုမေး ပြန်လျင်၊ မှန်ပါသည် ဟု ဆို ၏။
25Then he said: Bring me the meats of thy hunting, my son, that my soul may bless thee. And when they were brought, and he had eaten, he offered him wine also, which after he had drunk,
25အဘကလည်း၊ ငါ့ ထံ ပါးသို့ သွင်း ခဲ့ပါ။ ငါ့ ဝိညာဉ် သည် သင့် ကို ကောင်းကြီး ပေးမည်အကြောင်း ၊ ငါ့ သား ၏ အမဲသား ကို ငါစား အံ့ဟုဆိုလျှင် ၊ ယာကုပ်သည် အဘ ထံ ပါးသို့ သွင်း ၍ ၊ အဘစား လေ၏။ စပျစ်ရည် ကိုလည်း ပေး ၍ အဘသောက် လေ၏။
26He said to him: Come near me, and give me a kiss, my son.
26ထိုနောက် အဘက၊ ငါ့ သား ချဉ်းကပ် ၍ ငါ့ ကို နမ်း ပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ် ၍ အဘ ကို နမ်း လေ၏။
27He came near, and kissed him. And immediately as he smelled the fragrant smell of his garments, blessing him, he said: Behold the smell of my son is as the smell of a plentiful field, which the Lord hath blessed.
27အဘ ဣဇာက် ကလည်း၊ သူ့ အဝတ် ၏ အနံ့ ကိုခံ ၍ ကြည့် ပါ။ ငါ့ သား ၏အနံ့ သည်၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောလယ် ၏အမွှေး အကြိုင်နှင့် တူ၏။
28God give thee the dew of heaven, and of the fatness of the earth, abundance of corn and wine.
28ထိုကြောင့် ဘုရားသခင် ပင် မိုယ်းကောင်းကင် ၏နှင်း ကို ၎င်း ၊ မြေကြီး ၏ဆီဥ ကို ၎င်း ၊ များစွာ သော ဆန် စပါး၊ စပျစ်ရည် ကို၎င်း ၊ သင့် အား ပေး တော်မူစေသတည်း။
29And let peoples serve thee, and tribes worship thee: be thou lord of thy brethren, and let thy mother’s children bow down before thee. Cursed be he that curseth thee: and let him that blesseth thee be filled with blessings.
29သူ တပါးတို့သည် သင် ၌ကျွန် ခံ၍ ၊ အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍ ၊ သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
30Isaac had scarce ended his words, when Jacob being now gone out abroad, Esau came,
30ယာကုပ် သည်၊ အဘ ဣဇာက် ပေးသော ကောင်းကြီး မင်္ဂလာကို ခံ၍၊ အဘထံ မှ ထွက်သွား သော ခဏခြင်း တွင်၊ အစ်ကို ဧသော သည် မုဆိုး ပြုရာမှ ရောက် လာ၏။
31And brought in to his father meats made of what he had taken in hunting, saying: Arise, my father, and eat of thy son’s venison; that thy soul may bless me.
31သူ သည်လည်း အမဲဟင်း လျာကို ချက် ၍ အဘ ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ အကျွန်ုပ် အဘ ၏ဝိညာဉ် သည်၊ အကျွန်ုပ် ကိုကောင်းကြီး ပေးမည်အကြောင်း ၊ သား ၏ အမဲသား ကို ထ ၍ စား ပါလော့ဟုဆို လေ၏။
32And Isaac said to him: Why! who art thou? He answered: I am thy firstborn son Esau.
32အဘ ဣဇာက် ကလည်း ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင်၊ အကျွန်ုပ် ကား သား အကြီး ဧသော ဖြစ်ပါ၏ဟု ဆို လေသော် ၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
33Isaac was struck with fear, and astonished exceedingly: and wondering beyond what can be believed, said Who is he then that even now brought me venison that he had taken, and I ate of all before thou camest? and I have blessed him, and he shall be blessed.
33အမဲသား ကိုရ၍၊ ငါ့ ထံ သို့ဆောင် ခဲ့ပြီးသောသူ သည် အဘယ် မှာရှိသနည်း။ သင်မ ရောက် မှီ ငါသည် အကုန်အစင် စား ပြီး၍ ၊ သူ့ ကို ကောင်းကြီး ပေးမိပြီ။ သူ သည် ကောင်းကြီး မင်္ဂလာကို ဧကန် အမှန်ခံရလိမ့်မည်ဟု ဆို လေ၏။
34Esau having heard his father’s words, roared out with a great cry: and being in a great consternation, said: Bless me also, my father.
34အဘ ဆိုသော စကား ကိုဧသော ကြား လျှင် ၊ အလွန် ပြင်း သောအသံနှင့် သည်းထန် စွာ ငိုကြွေး လျက် ၊ အိုအဘ ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလော့ဟုဆို လေသော်၊
35And he said: Thy brother came deceitfully and got thy blessing.
35အဘက၊ သင့် ညီ သည် လိမ္မာ စွာလာ ၍ ၊ သင် ၏ ကောင်းကြီး မင်္ဂလာကို ယူ သွားပြီဟု ဆို လေ၏။
36But he said again: Rightly is his name called Jacob; for he hath supplanted me lo this second time: my first birthright he took away before, and now this second time he hath stolen away my blessing. And again he said to his father: Hast thou not reserved me also a blessing?
36ဧသောကလည်း၊ သူ့ ကို ယာကုပ် ဟူသောအမည် ဖြင့် လျောက်ပတ် စွာ မှည့် ပါပြီ မဟုတ်လော။ အကျွန်ုပ် ကို နှစ် ကြိမ်လှည့်စား ၍ နိုင်ပါပြီ။ သားဦး အရိပ် အရာကို အရင်ယူ သွားပါပြီ။ ယခု လည်း တဖန် အကျွန်ုပ် ၏ကောင်းကြီး မင်္ဂလာကို ယူ သွားပါပြီဟူ၍၎င်း ၊ အကျွန်ုပ် အဘို့ ကောင်းကြီး မင်္ဂလာတပါးကိုမျှ မ ခြွင်း ပါသလောဟူ၍၎င်း ဆို လေ၏။
37Isaac answered: I have appointed him thy lord, and have made all his brethren his servants: I have established him with corn and wine, and after this, what shall I do more for thee, my son?
37ဣဇာက် ကလည်း ၊ သူ့ ကို သင် ၏အရှင် ဖြစ် စေပြီ။ ညီအစ်ကို အပေါင်း တို့ကို သူ ၌ ကျွန် ခံ စေပြီ။ ဆန် စပါး၊ စပျစ်ရည် နှင့် သူ့ ကိုထောက် မပြီး။ သို့ဖြစ်၍ ငါ့ သား ၊ သင် ၌ အဘယ်သို့ ပြု နိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန် ပြောလျှင်၊
38And Esau said to him: Hast thou only one blessing, father? I beseech thee bless me also. And when he wept with a loud cry,
38ဧသော က၊ အိုအဘ ၊ ကောင်းကြီး မင်္ဂလာ တစုံတခု မျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလောဟု အဘ အား ပြော ဆိုလျက် ၊ တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး လေ၏။
39Isaac being moved, said to him: In the fat of the earth, and in the dew of heaven from above,
39အဘ ဣဇာက် ကလည်း ၊ ကြည့်ရှု ပါ။ သင် ၏ နေရာ သည် မြေကြီး ၏ဆီဥ နှင့် ၎င်း ၊ အထက် မိုယ်း ကောင်းကင် ၏နှင်း နှင့် ၎င်း ပြည့်စုံ လိမ့်မည်။
40Shall thy blessing be. Thou shalt live by the sword and shalt serve thy brother: and the time shall come, when thou shalt shake off and loose his yoke from thy neck.
40ထား ဖြင့် အသက် ကိုမွေးရလိမ့်မည်။ ညီ ၌ ကျွန် ခံရလိမ့်မည်။ နောက် တဖန် အစိုးရ သောအခါ ၊ သူ တင် သောထမ်းဘိုး ကို သင် ၏လည်ပင်း မှ ချိုး ပယ်လိမ့်မည်ဟု ပြန် ၍ဆိုလေ၏။
41Esau therefore always hated Jacob for the blessing wherewith his father had blessed him: and he said in his heart: The days will come of the mourning of my father, and I will kill my brother Jacob.
41အဘ သည် ယာကုပ် အားပေး သော ကောင်းကြီး မင်္ဂလာကြောင့် ၊ ဧသော သည် ယာကုပ်ကို အငြိုး ထား၍ ၊ ငါ့ အဘ ကြောင့် ညည်းတွား ရသော နေ့ရက် ကာလ အချိန် နီး ပြီ။ ထိုအခါ ငါ့ ညီ ယာကုပ် ကို ငါသတ် မည်ဟု၊ အကြံ နှင့် ပြော လေ၏။
42These things were told to Rebecca: and she sent and called Jacob her son, and said to him: Behold Esau thy brother threateneth to kill thee.
42ထိုသို့သား ကြီး ဧသော ပြောသောစကား ကို အမိ ရေဗက္က ကြား လျှင် ၊ သား ငယ် ယာကုပ် ကိုခေါ် ၍ ၊ သင် ၏ အစ်ကို ဧသော သည် သင့် ကို သတ် သဖြင့် ၊ သင့် အမှု၌ စိတ် ပြေလိမ့်မည်။
43Now therefore, my son, hear my voice: arise and flee to Laban my brother to Haran:
43ထိုကြောင့် ၊ ငါ့ သား ၊ ငါ့ စကား ကို နားထောင် ပါ။ ငါ့ မောင် လာဗန် နေရာခါရန် မြို့သို့ ထ ၍ ပြေး သွား ပါလော့။
44And thou shalt dwell with him a few days, till the wrath of thy brother be assuaged,
44သင် ၏အစ်ကို စိတ် ပြေ သည်တိုင်အောင် ၊ သူ့ ထံမှာ ခဏရှောင်၍ နေ ပါလော့။
45And his indignation cease, and he forget the things thou hast done to him: afterwards I will send, and bring thee from thence hither. Why shall I be deprived of both my sons in one day?
45သင် ၏အစ်ကို စိတ် ပြေ ၍၊ သင် သည် သူ ၌ ပြု သောအမှု ကိုသူမေ့လျော့ သောအခါ ၊ ငါမှာ လိုက်၍ ၊ ထို အရပ်မှ သင့် ကို ဆောင် ခဲ့စေမည်။ ငါ့သားနှစ် ယောက် လုံးကို တ နေ့ ခြင်းတွင် အဘယ်ကြောင့် ငါရှုံး ရမည်နည်း ဟု ဆိုလေ၏။
46And Rebecca said to Isaac: I am weary of my life because of the daughters of Heth: if Jacob take a wife of the stock of this land, I choose not to live.
46တဖန် ရေဗက္က သည် ဣဇာက် ထံ သို့သွား၍၊ ကျွန်မ သည် ဟေသ အမျိုးသမီး တို့ ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့ လှ၏။ ဤ ပြည် သူသမီး ကဲ့သို့ သောသူ၊ ဟေသ အမျိုးသမီး နှင့် ယာကုပ်အိမ်ထောင် ဘက်ပြု လျှင် ၊ ကျွန်မ အသက်ရှင် ၍ အဘယ် ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆို လေ၏။
Tip: use the ← and → keys to turn chapters.