Genesis
Chapter 17
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1And after he began to be ninety and nine years old, the Lord appeared to him: and said unto him: I am the Almighty God: walk before me, and be perfect.
1ထိုနောက် ၊ အာဗြံ သည် အသက် ကိုး ဆယ်ကိုး နှစ် ရှိ သောအခါ ၊ ထာဝရဘုရား သည် အာဗြံ အား ထင်ရှား တော်မူ၍ ၊ ငါ သည် အနန္တ တန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ ရှေ့ မှာ သွား လာ၍ စုံလင် ခြင်းရှိ လော့။
2And I will make my covenant between me and thee: and I will multiply thee exceedingly.
2ငါ ၏ ပဋိညာဉ် ကို သင် နှင့် ငါပြု မည်။ သင့် ကို ငါအလွန် များပြား စေမည်ဟု မိန့် တော်မူ၏။
3Abram fell flat on his face.
3အာဗြံ သည်လည်း ပြပ်ဝပ် လျင် ၊ ဘုရား သခင်က၊
4And God said to him: I AM, and my covenant is with thee, and thou shalt be a father of many nations.
4ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။
5Neither shall thy name be called any more Abram: but thou shalt be called Abraham: because I have made thee a father of many nations.
5နောက်တဖန် သင် ၏ အမည် ကို အာဗြံ ဟုမ ခေါ် ရ။ သင် ၏အမည် ကို အာဗြံဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ၊ ငါသည် သင့် ကို များ စွာသော လူ အမျိုးတို့၏ အဘ အရာ၌ ခန့်ထား ပြီ။
6And I will make thee increase, exceedingly, and I will make nations of thee, and kings shall come out of thee.
6ငါသည် သင့် ကို အလွန် ပွား များစေမည်။ သင် အားဖြင့်လူအမျိုးမျိုးတို့ကို ဖြစ် စေမည်။ သင် ၏ အမျိုးအနွှယ် ၌ လည်း ရှင်ဘုရင် ဖြစ် ရကြလိမ့်မည်။
7And I will establish my covenant between me and thee, and between thy seed after thee in their generations, by a perpetual covenant: to be a God to thee, and to thy seed after thee.
7ငါသည်သင်၏ဘုရား၊ သင့် နောက် ၌ သင့် အမျိုးအနွယ် ၏ ဘုရား ဖြစ်မည်ဟု၊ သင် နှင့် သင် ၏ အမျိုးအနွှယ် အစဉ် အဆက်တို့၌ ၊ ငါ့ ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ် စေမည်။
8And I will give to thee, and to thy seed, the land of thy sojournment, all the land of Chanaan for a perpetual possession, and I will be their God.
8သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
9Again God said to Abraham: And thou therefore shalt keep my covenant, and thy seed after thee in their generations.
9တဖန် ဘုရား သခင်က၊ သို့ဖြစ်၍ သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် အစဉ် အဆက်တို့သည်၊ ငါ ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
10This is my covenant which you shall observe, between me and you, and thy seed after thee: All the male kind of you shall be circumcised:
10သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် သည်၊ ငါ့ ရှေ့မှာ စောင့်ရှောက် ရသောငါ ၏ ပဋိညာဉ် ဟူမူကား ၊ သင် တို့တွင် သား ယောက်ျားတိုင်း အရေဖျား လှီးမင်္ဂလာကို ခံရမည်။
11And you shall circumcise the flesh of your foreskin, that it may be for a sign of the covenant between me and you.
11အရေဖျား လှီးမင်္ဂလာသည်၊ ငါ နှင့် သင် တို့ပြုသောပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ် ရလိမ့်မည်။
12An infant of eight days old shall be circumcised among you, every man child in your generations: he that is born in the house, as well as the bought servant shall be circumcised, and whosoever is not of your stock:
12သင် တို့အမျိုး အစဉ်အဆက်တို့၌ သား ယောက်ျားတိုင်း ၊ ကိုယ်အိမ် ၌ဘွား သောသူဖြစ်စေ၊ ကိုယ့် အမျိုး မ ဟုတ်။ တပါး အမျိုးသား၌ ငွေ နှင့်ဝယ် သောသူ ဖြစ်စေ ၊ အသက်ရှစ် ရက် မြောက်လျှင် ၊ အရေဖျား လှီး မင်္ဂလာကို ခံရမည်။
13And my covenant shall be in your flesh for a perpetual covenant.
13ကိုယ် အိမ် ၌ ဘွား သောသူ၊ ကိုယ် ငွေ နှင့်ဝယ် သောသူသည်၊ အရေဖျား လှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ် လည်း သင် တို့၏အသား ၌ ထာဝရ ပဋိညာဉ် ဖြစ် လိမ့်မည်။
14The male, whose flesh of his foreskin shall not be circumcised, that soul shall be destroyed out of his people: because he hath broken my covenant.
14အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။
15God said also to Abraham: Sarai thy wife thou shalt not call Sarai, but Sara.
15တဖန် ဘုရား သခင်က၊ သင် ၏မယား စာရဲ ကို မူကား၊ စာရဲ ဟူသောအမည် ဖြင့်မ ခေါ် ရ၊ စာရာ ဟူသောအမည် ဖြင့်ခေါ်ရ၏။
16And I will bless her, and of her I will give thee a son, whom I will bless, and he shall become nations, and kings of people shall spring from him.
16သူ့ ကိုငါကောင်းကြီး ပေး၍ ၊ သူ့ အားဖြင့် လည်း သင် အား သား ကိုပေး မည်။ အကယ်စင်စစ်သူ့ ကို ကောင်းကြီး ပေး၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ ၏အမျိုးအနွယ် ၌ လည်း အပြည် ပြည်သော ရှင်ဘုရင် ဖြစ် ကြ လိမ့်မည်ဟု၊ အာဗြဟံ အား မိန့် တော်မူ၏။
17Abraham fell upon his face, and laughed, saying in his heart: Shall a son, thinkest thou, be born to him that is a hundred years old? and shall Sara that is ninety years old bring forth?
17ထိုအခါ အာဗြဟံ သည် ပြပ်ဝပ် လျက် အသက် တ ရာရှိသောသူသည် သား ကို ရ လိမ့်မည်လော။ အသက် ကိုး ဆယ်ရှိသောစာရာ သည် သား ကိုဘွား လိမ့်မည်လော ဟု ရယ် လျက် ၊ စိတ် နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
18And he said to God: O that Ismael may live before thee.
18ဣရှမေလ သည် ရှေ့ တော်၌ အသက်ရှင် ပါစေသောဟု၊ ဘုရား သခင်ကို လျှောက် သောအခါ၊
19And God said to Abraham: Sara thy wife shall bear thee a son, and thou shalt call his name Isaac, and I will establish my covenant with him for a perpetual covenant, and with his seed after him.
19ဘုရား သခင်က၊ သင် ၏မယား စာရာ သည် သင် အား သား ကိုဘွား လိမ့်မည်။ ထို သားကိုလည်း ဣဇာက် အမည် ဖြင့် မှည့် ရမည်။ သူ ၌ ၎င်း သူ့ နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎င်း ငါ ၏ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
20And as for Ismael I have also heard thee. Behold, I will bless him, and increase, and multiply him exceedingly: he shall beget twelve chiefs, and I will make him a great nation.
20ဣရှမေလ အမှု၌ ကား ၊ သင် ၏စကားကို ငါနားထောင် ၏။ သူ့ ကို ငါကောင်းကြီး ပေး၏။ သူ့ အနွှယ်ကို တိုးပွား စေ၍ သူ့ ကို အလွန် များပြား စေမည်။ သူသည် မင်း သားဆယ် နှစ် ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီး သော လူမျိုး ဖြစ် စေခြင်းငှါလည်း ငါပြု မည်။
21But my covenant I will establish with Isaac, whom Sara shall bring forth to thee at this time in the next year.
21သို့သော်လည်း ၊ နောင် နှစ် ၊ ချိန်းချက် သောအချိန်တွင်၊ စာရာ သည် သင် အား ဘွား လတံ့သော သားဣဇာက် ၌ ၊ ငါ ၏ပဋိညာဉ် ကို ငါတည် စေမည်ဟု မိန့် တော်မူပြီးလျှင်၊
22And when he had left off speaking with him, God went up from Abraham.
22မိန့် မြွက်တော်မူသံငြိမ်း ၍ ဘုရား သခင်သည် အာဗြံဟံ မှ တက် ကြွတော်မူ၏။
23And Abraham took Ismael his son, and all that were born in his house: and all whom he had bought, every male among the men of his house: and he circumcised the flesh of their foreskin forthwith the very same day, as God had commanded him.
23အာဗြဟံ သည်လည်း ၊ သား ဣမေလ မှစ၍ ၊ ကိုယ် အိမ် ၌ ဘွား သော သူအပေါင်း ၊ ကိုယ် ငွေ နှင့် ဝယ် သော သူအပေါင်း တည်းဟူသော ၊ အာဗြဟံ အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့ကို ယူ၍၊ ဘုရား သခင်မိန့် တော်မူသည် အတိုင်း ၊ တ နေ့ခြင်းတွင် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
24Abraham was ninety and nine years old, when he circumcised the flesh of his foreskin.
24အာဗြဟံ သည် ကိုယ်တိုင် အရေဖျား လှီးမင်္ဂလာကို ခံသောအခါ ၊ အသက် ကိုး ဆယ်ကိုး နှစ်ရှိ၏။
25And Ismael his son was full thirteen years old at the time of his circumcision.
25သား ဣရှမေလ သည် အရေဖျား လှီး မင်္ဂလာကို ခံသောအခါ ၊ အသက် တ ဆယ်သုံး နှစ်ရှိ၏။
26The selfsame day was Abraham circumcised and Ismael his son.
26တ နေ့ခြင်းတွင် အာဗြဟံ နှင့် သား ဣရှမေလ သည် အရေဖျား လှီးမင်္ဂလာကို ခံလေ၏။
27And all the men of his house, as well they that were born in his house, as the bought servants and strangers were circumcised with him.
27သူ ၏အိမ် ၌ ဘွား သော သူတပါး အမျိုးသား၌ သူ၏ငွေ နှင့် ဝယ် သောသူ၊ သူ၏အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့သည်၊ သူ နှင့်အတူ အရေဖျား လှီး မင်္ဂလာကို ခံကြလေ၏။

Tip: use the ← and → keys to turn chapters.