Colossians 2
Douay-Rheims Bible, American Edition (1899)Translation
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1For I would have you know, what manner of care I have for you and for them that are at Laodicea, and whosoever have not seen my face in the flesh:
1သင် တို့နှင့် လောဒိကိ မြို့သူမြို့သားတို့မှစ၍ ၊ ငါ့ မျက်နှာ ကို မ မြင် ဘူးသောသူ ရှိသမျှ တို့သည်။
2That their hearts may be comforted, being instructed in charity, and unto all riches of fulness of understanding, unto the knowledge of the mystery of God the Father and of Christ Jesus:
2မေတ္တာ ချင်းထုံးဖွဲ့ ၍၊ ခမည်းတော်ဘုရား နှင့် ခရစ်တော် ၏ နက်နဲ သောအရာကို နားလည် နိုင်သော ဝိစိကိစ္ဆာ နှင့် ကင်းစင်သော ဉာဏ် ၏စည်းစိမ် အပေါင်း နှင့် ပြည့်စုံ၍၊ စိတ်နှလုံး သက်သာ စေမည်အကြောင်း အဘယ်မျှလောက် ကြီးသော တိုက်လှန် ခြင်းကို ငါခံရ သည်ဟု သင် တို့သိ စေခြင်းငှာငါအလိုရှိ ၏။
3In whom are hid all the treasures of wisdom and knowledge.
3ထိုနက်နဲ သောအရာ၌ ပညာ ဘဏ္ဍာ ၊ ဉာဏ် ဘဏ္ဍာရှိသမျှ တို့သည် ဝှက်ထား လျက် ရှိ ကြ၏။
4Now this I say, that no man may deceive you by loftiness of words.
4အဘယ် မည်သောသူမျှ ဖြားယောင်း သောစကားအားဖြင့် သင် တို့ကို မလှည့်ဖြား စေခြင်းငှာ ၊ စကားကို ငါ ပြောဆို၏။
5For though I be absent in body, yet in spirit I am with you; rejoicing, and beholding your order, and the steadfastness of your faith which is in Christ.
5ငါသည် ကိုယ်ခန္ဓာ အားဖြင့် သင်တို့နှင့် ကွာ ၍ နေသော်လည်း ၊ စိတ်ဝိညာဉ် အားဖြင့် သင် တို့နှင့်အတူ ရှိ သည်ဖြစ်၍၊ သင် တို့သည် လျောက်ပတ် စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း ၊ ခရစ်တော် ၌ ခိုင်ခံ့ စွာ ယုံကြည် သည် ကို၎င်း မြင် လျှင် ဝမ်းမြောက်ခြင်း ရှိ၏။
6As therefore you have received Jesus Christ the Lord, walk ye in him;
6ထို့ကြောင့် သင်တို့သည် သခင် ယေရှု ခရစ် ကို ခံယူ ပြီးသည်ဖြစ်၍၊ ထိုသခင် ၌ စိုက်ပျိုး ခြင်း၊ တည်ဆောက် ခြင်း ရှိလျက် ၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည် ခြင်း၌ မြဲမြံ စွာစွဲလမ်းလျက် ၊
7Rooted and built up in him, and confirmed in the faith, as also you have learned, abounding in him in thanksgiving.
7ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွား ပြည့်စုံလျက်၊ ထိုသခင် ၌ ကျင်လည် ကြလော့။
8Beware lest any man cheat you by philosophy, and vain deceit; according to the tradition of men, according to the elements of the world, and not according to Christ:
8ခရစ်တော် ၏တရား ကို မ လိုက်၊ လူ အဆက်ဆက်ခံသော နည်း ဥပဒေသနှင့် လောကီ တရားနုကို လိုက် ၍၊ လောကီပညာ နှင့် အချည်းနှီး သောပရိယာယ် အားဖြင့် သင် တို့ကို အဘယ်သူ မျှမလုယူမဖျက်ဆီး စေခြင်းငှာသတိပြု ကြလော့။
9For in him dwelleth all the fulness of the Godhead corporeally;
9အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်း သည် ခရစ်တော် ၌ ကိုယ် ထင်ရှား၍ ကျိန်းဝပ် တော်မူ၏။။
10And you are filled in him, who is the head of all principality and power:
10အထွဋ်အမြတ် အာဏာစက် ရှိသမျှ ကို အုပ်စိုး တော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင် ခြင်းရှိ ကြ၏။။
11In whom also you are circumcised with circumcision not made by hand, in despoiling of the body of the flesh, but in the circumcision of Christ:
11ခရစ်တော် ၏ အရေဖျားလှီး ခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ် ကိုပယ်ရှင်း ၍၊ လက် ဖြင့်မလုပ်သော အရေဖျားလှီး ခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
12Buried with him in baptism, in whom also you are risen again by the faith of the operation of God, who hath raised him up from the dead.
12ဗတ္တိဇံ အားဖြင့် ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောဘုရားသခင် ၏ ပြုပြင်အားထုတ် တော်မူခြင်းကို ယုံကြည် သောအားဖြင့် ၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။။
13And you, when you were dead in your sins, and the uncircumcision of your flesh; he hath quickened together with him, forgiving you all offences:
13ဒုစရိုက် အပြစ်၌ ၎င်း၊ ဇာတိ ပကတိ၏ အရေဖျားလှီး ခြင်းကို မခံသောအဖြစ်၌၎င်း သေ လျက်ရှိ နေသော သင် တို့ကို ခရစ်တော် နှင့်အတူ အသက် ရှင်စေ၍၊ သင် တို့ အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူ၏။။
14Blotting out the handwriting of the decree that was against us, which was contrary to us. And he hath taken the same out of the way, fastening it to the cross:
14ငါ တို့နှင့်ဆန့်ကျင်ဘက် ဖြစ်သောဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ ၍၊ လက်ဝါးကပ်တိုင် မှာ ရိုက် ထားလျက်၊ ငါ တို့စပ်ကြား ထဲက ပယ်ရှင်း တော်မူပြီ။။
15And despoiling the principalities and powers, he hath exposed them confidently in open shew, triumphing over them in himself.
15အထွဋ်အမြတ် ၊ အာဏာစက် များကို လုယူ လျှင် ၊ ထင်ရှား စွာ ထုတ်ပြ ၍လက်ဝါးကပ်တိုင် တော်အားဖြင့် အောင်ပွဲ ကို ခံတော်မူပြီ။။
16Let no man therefore judge you in meat or in drink, or in respect of a festival day, or of the new moon, or of the sabbaths,
16ထိုကြောင့် စား သောက် ခြင်းအမှု၊ ပွဲ နေ့၊ လ ဆန်းနေ့၊ ဥပုသ်နေ့ တို့ကို စောင့်ခြင်းအမှုတွင် သင် တို့ကို အဘယ်သူ မျှ မ စစ်ကြော မစီရင်စေနှင့်။။
17Which are a shadow of things to come, but the body is of Christ.
17ထို အရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ် ဖြစ် ကြ၏။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ် ဖြစ်၏။။
18Let no man seduce you, willing in humility, and religion of angels, walking in the things which he hath not seen, in vain puffed up by the sense of his flesh,
18ဦးခေါင်း တော်ကို အမှီ မ ပြု၊ ဇာတိ ပကတိ၏ စိတ် နှလုံးအချည်းနှီး ထောင်လွှား လျက်၊ မိမိ မသိ မမြင် သောအရာ ကို စူးစမ်း လျက်၊ စိတ် နှိမ့်ချခြင်း၌ ၎င်း၊ ကောင်းကင် တမန်ကို ကိုးကွယ် ခြင်း၌ ၎င်း မွေ့လျော် သောသူ တစ်စုံတစ်ယောက်မျှ သင် တို့ဆု ကို မ လုမယူစေနှင့်။။
19And not holding the head, from which the whole body, by joints and bands, being supplied with nourishment and compacted, groweth unto the increase of God.
19ဦးခေါင်း တော်မှ တစ်ကိုယ် လုံး သည် အဆစ် အပိုင်းအထုံးအဖွဲ့ များအားဖြင့် ၊ အားဖြည့် ၍ ထုံးဖွဲ့ လျက်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ကြီးပွား တတ်၏။။
20If then you be dead with Christ from the elements of this world, why do you yet decree as though living in the world?
20သင်တို့သည် ခရစ်တော် နှင့်အတူ သေ ၍ ၊ လောကီ တရားနု မှ စုတေ့ကြသည်မှန်လျှင်၊
21Touch not, taste not, handle not:
21မ တို့ နှင့်၊ မ မြည်း နှင့်၊ မ ကိုင် နှင့်ဟူသော ပညတ်စကားကို လောကီ အသက် ရှင်သေးသကဲ့သို့ ၊ အဘယ်ကြောင့် နားထောင်ကြသနည်း။။
22Which all are unto destruction by the very use, according to the precepts and doctrines of men.
22လူ တို့၏ ပညတ် ဩဝါဒ အတိုင်း စောင့်ရှောက် သော ထိုပညတ်ရှိသမျှ တို့သည် ပုပ်ပျက် စေခြင်းအကြောင်း ဖြစ် ကြ၏။။
23Which things have indeed a shew of wisdom in superstition and humility, and not sparing the body; not in any honour to the filling of the flesh.
23ထိုသို့သောပညတ် တို့သည် ကိုယ် အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက်ကိုးကွယ် ခြင်း၊ စိတ် နှိမ့်ချခြင်း၊ ကိုယ် ကာယကို နှိပ်စက် ခြင်းနှင့်ဆိုင်၍ ၊ ပညာရှိ ယောင်ဆောင်ကြ၏။
Tip: use the ← and → keys to turn chapters.