2 Samuel
Chapter 16
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1And when David was a little past the top of the hill, behold Siba the servant of Miphiboseth came to meet him with two asses, laden with two hundred loaves of bread, and a hundred bunches of raisins, a hundred cakes of figs, and a vessel of wine.
1ဒါဝိဒ် သည် တောင်ထိပ် ကို အနည်းငယ် လွန် သောအခါ ၊ မေဖိဗောရှက် ၏ ကျွန် ဇိဘ သည် ကုန်းနှီး တင်သောမြည်း နှစ် စီးနှင့်တကွ မုန့်လုံး နှစ် ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည် ဘူး တလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။
2And the king said to Siba: What mean these things? And Siba answered: The asses are for the king’s household to sit on: and the loaves and the figs for thy servants to eat, and the wine to drink if any man be faint in the desert.
2ရှင် ဘုရင်ကလည်း ၊ အဘယ်သို့ ပြုခြင်းငှါ ဤ ဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘ အား မေး လျှင် ၊ ဇိဘ က၊ မြည်း တို့သည် နန်းတော်သား များ စီး ဘို့ ၊ မုန့် နှင့် သစ်သီး တို့သည် လုလင် များစား ဘို့ ၊ စပျစ်ရည် သည်လည်း တော ၌ မော သောသူများသောက် ဘို့ ဖြစ်ပါသည်ဟု လျှောက် ၏။
3And the king said: Where is thy master’s son? And Siba answered the king: He remained in Jerusalem, saying: Today will the house of Israel restore me the kingdom of my father.
3ရှင် ဘုရင်ကလည်း ၊ သင့် သခင် ၏ သား သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ဇိဘ က၊ ယေရုရှလင် မြို့ ၌ နေရစ် ပါ၏။ ယနေ့ မှာ ဣသရေလ အမျိုး သည် ငါ့ အဘ ၏ နိုင်ငံ ကိုငါ့ အား ပြန် ပေးလိမ့်မည်ဟု ဆို ကြောင်း ကို လျှောက် လေသော်၊
4And the king said to Siba: I give thee all that belonged to Miphiboseth. And Siba said: I beseech thee let me find grace before thee, my lord, O king.
4ရှင် ဘုရင်က၊ မေဖိဗောရှက် နှင့် ဆိုင်သမျှ သော ဥစ္စာသည် သင့် ဥစ္စာဖြစ်စေဟု ဇိဘ အား မိန့် တော်မူ၏။ ဇိဘ ကလည်း ၊ အရှင် မင်းကြီး ကျွန်တော်သည်ရှေ့ တော်၌ မျက်နှာရ ပါမည်အကြောင်းရှိခိုး အသနားတော် ခံပါသည်ဟု ပြန်လျှောက် လေ၏။
5And king David came as far as Bahurim: and behold there came out from thence a man of the kindred of the house of Saul named Semei, the son of Gera, and coming out he cursed as he went on,
5ဒါဝိဒ် မင်းကြီး သည် ဗာဟုရိမ် မြို့သို့ ရောက် သောအခါ ၊ ရှောလု ၏အဆွေအမျိုး ဂေရ သား ရှိမိ အမည် ရှိသောသူသည် ကျိန်ဆဲ လျက် ထွက်လာ ၏။
6And he threw stones at David, and at all the servants of king David: and all the people, and all the warriors walked on the right, and on the left side of the king.
6ဒါဝိဒ် မင်းကြီးနှင့် ကျွန် တော်မျိုးအပေါင်း တို့ကို ကျောက်ခဲ နှင့် ပစ် လေ၏။ လူ များအပေါင်း နှင့် မှူး တော် မတ်တော်အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက်၌ ရှိကြ၏။
7And thus said Semei when he cursed the king: Come out, come out, thou man of blood, and thou man of Belial.
7ရှိမိ ကျိန်ဆဲ သောစကားဟူမူကား ၊ သွား ဟဲ့။ သွား ဟဲ့။ လူ အသက် ကိုသတ် သောအဓမ္မ လူ၊
8The Lord hath repaid thee for all the blood of the house of Saul: because thou hast usurped the kingdom in his stead, and the Lord hath given the kingdom into the hand of Absalom thy son: and behold thy evils press upon thee, because thou art a man of blood.
8ရှောလု ၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုး ကိုသတ် သောအပြစ် အလုံးစုံ ကို သင့် ခေါင်းပေါ် မှာ ထာဝရဘုရား သက်ရောက် စေ၍၊ နိုင်ငံ တော်ကို သင် ၏သား အဗရှလုံ လက် ၌ အပ် တော်မူပြီ။ သင် သည်လူ အသက် ကိုသတ် သောသူဖြစ်သောကြောင့် ကြည့် ပါ။ အမှုကြီးရောက်လေပြီဟုဆို၏”
9And Abisai the son of Sarvia said to the king: Why should this dead dog curse my lord the king? I will go, and cut off his head.
9ဇေရုယာ သား အဘိရှဲ ကလည်း ၊ ထို ခွေး သေ ကောင်သည် အရှင် မင်းကြီး ကို ကျိန်ဆဲ ရမည်လော။ ကျွန်တော်သွား ၍ သူ ၏လည်ပင်း ကို ဖြတ် ပါရစေဟု နား တော်လျှောက်လျှင်၊
10And the king said: What have I to do with you, ye sons of Sarvia? Let him alone and let him curse: for the Lord hath bid him curse David: and who is he that shall dare say, why hath he done so?
10ရှင် ဘုရင်က အိုဇေရုယာ သား တို့၊ သင် တို့သည်ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲ ပါလေ စေ။ ဒါဝိဒ် ကို ကျိန်ဆဲ လော့ဟု ထာဝရဘုရား မှာ ထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု အဘယ်သူ ဆို ရမည်နည်းဟူ၍၎င်း၊
11And the king said to Abisai, and to all his servants: Behold my son, who came forth from my bowels, seeketh my life: how much more now a son of Jemini? let him alone that he may curse as the Lord hath bidden him.
11ကြည့် ပါ။ ငါ့ ကိုယ် ထဲက ထွက် သော ငါ့ သားရင်း သည် ငါ့ အသက် ကို ရှာ ၏။ ထိုဗင်္ယာမိန် အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ ကို ရှိ ပါလေစေ။ ကျိန်ဆဲ ပါလေစေ။ ထာဝရဘုရား မှာ ထားတော်မူပြီ။
12Perhaps the Lord may look upon my affliction, and the Lord may render me good for the cursing of this day.
12ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။
13And David and his men with him went by the way. And Semei by the hill’s side went over against him, cursing, and casting stones at him, and scattering earth.
13ဒါဝိဒ် သည် နောက် တော်လိုက်သူတို့နှင့်တကွလမ်း ၌ သွား စဉ်တွင်၊ ရှိမိ သည် ဒါဝိဒ်တစ်ဘက်တချက် ၊ တောင် ခါးပန်းနား မှာ ရှောက်သွား သဖြင့် ၊ ကျိန်ဆဲ လျက် ကျောက်ခဲ နှင့် ပစ် ၍ မြေမှုန့် ကိုလည်း ပက် လေ၏”
14And the king and all the people with him came weary, and refreshed themselves there.
14ရှင်ဘုရင် မှစ၍နောက်တော်သို့ လိုက်သော သူ အပေါင်း တို့သည် မော လျက် ၊ ဗာဟုရိမ်မြို့သို့ရောက် ၍ အမောအပန်း ဖြေကြ၏။
15But Absalom and all his people came into Jerusalem, and Achitophel was with him.
15အဗရှလုံ နှင့် လူ အပေါင်း တို့သည် ယေရုရှလင် မြို့သို့ ရောက် ၍ အဟိသောဖေလ လည်း ပါ၏။
16And when Chusai the Arachite, David’s friend, was come to Absalom, he said to him: God save thee, O king, God save thee, O king.
16ဒါဝိဒ် ၏ အဆွေ ခင်ပွန်းအာခိ လူဟုရှဲ သည်လည်း အဗရှလုံ ထံသို့ ရောက်လာ ၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကောင်းကြီး ပေး၏။
17And Absalom said to him: Is this thy kindness to thy friend? Why wentest thou not with thy friend?
17အဗရှလုံ ကလည်း ၊ သင် ၏အဆွေ ခင်ပွန်း၌ ဤသို့ ကျေးဇူး ပြုသလော။ သင် ၏အဆွေ ခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟု ဟုရှဲ အား ဆို လျှင်၊
18And Chusai answered Absalom: Nay: for I will be his, whom the Lord hath chosen, and all this people, and all Israel, and with him will I abide.
18ဟုရှဲ က၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရား မှစ၍ဤ လူ များနှင့် ဣသရေလ လူ များအပေါင်း တို့သည် ရွေးချယ် သော သူထံမှာကျွန်တော်ကျွန်ခံ ပါမည်။ ထိုသူ ထံမှာ နေ ပါမည်ဟူ၍၎င်း၊
19Besides this, whom shall I serve? is it not the king’s son? as I have served thy father, so will I serve thee also.
19တဖန် အကြင်သူ ထံ၌ ကျွန် ခံရ၏။ ထိုသူ ၏သား ထံ၌ ကျွန်ခံရသည် မ ဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော် ထံ၌ ကျွန် ခံသည့်နည်းတူ ကိုယ်တော် ထံ၌ လည်း ကျွန်ခံ ပါမည်ဟူ၍၎င်း၊ အဗရှလုံ အား လျှောက်ဆို ၏”
20And Absalom said to Achitophel: Consult what we are to do.
20အဗရှလုံ ကလည်း ၊ ငါတို့သည်အဘယ်သို့ ပြု ရမည်ကို အကြံ ပေး ပါဟု အဟိသောဖေလ အား ဆို လျှင်၊
21And Achitophel said to Absalom: Go in to the concubines of thy father, whom he hath left to keep the house: that when all Israel shall hear that thou hast disgraced thy father, their hands may be strengthened with thee.
21အဟိသောဖေလ က၊ နန်း တော်ကို စောင့် စေခြင်းငှါ ခမည်းတော် ထားခဲ့ သော ကိုယ်လုပ်တော် တို့ရှိရာသို့ ဝင် တော်မူပါ။ ခမည်းတော် သည်ကိုယ်တော်အား စက်ဆုပ် ရွံရှာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော် ဘက် ၌နေသော သူအပေါင်း တို့သည် လက် အားကြီး ကြပါလိမ့်မည်ဟု လျှောက် သည် အတိုင်း၊
22So they spread a tent for Absalom on the top of the house, and he went in to his father’s concubines before all Israel.
22နန်းတော်ပေါ် မှာ အဗရှလုံ အဘို့ မျက်နှာကြက် ကိုမိုး၍၊ သူသည် ဣသရေလ အမျိုးသားအပေါင်း တို့ ရှေ့ မှာ ခမည်းတော် ၏ ကိုယ်လုပ်တော် တို့ ရှိရာသို့ ဝင် လေ၏။
23Now the counsel of Achitophel, which he gave in those days, was as if a man should consult God: so was all the counsel of Achitophel, both when he was with David, and when he was with Absalom.
23ထို ကာလ ၌ အဟိသောဖေလ ပေး သော အကြံ သည် ဘုရားသခင့် ထံတော်၌ မေးလျှောက် ၍ခံရသော ဗျာဒိတ် တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှ သောအကြံ ကို ဒါဝိဒ် နှင့် အဗရှလုံ သည် ဗျာဒိတ်တော်ကဲ့သို့မှတ်တတ် သတည်း။

Tip: use the ← and → keys to turn chapters.