Johannes 7
Lutherbibel 1912Translation
Lutherbibel 1912
Judson Burmese Bible (1840)
1Darnach zog Jesus umher in Galiläa; denn er wollte nicht in Judäa umherziehen, darum daß ihm die Juden nach dem Leben stellten.
1ထိုနောက်မှ ယေရှု သည်ဂါလိလဲ ပြည်၌ လှည့်လည် တော်မူ၏။ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် အံ့သောငှာရှာကြံ သောကြောင့် ၊ ယုဒ ပြည်၌ လှည့်လည် ခြင်းငှာအလို တော်မ ရှိ။
2Es war aber nahe der Juden Fest, die Laubhütten.
2ယုဒ လူတို့၏ သကေနေ ပွဲ ခံခါနီး တွင်၊
3Da sprachen seine Brüder zu ihm: Mache dich auf von dannen und gehe nach Judäa, auf daß auch deine Jünger sehen, die Werke die du tust.
3ညီ တော်တို့က၊ သင် ပြု သောအမှု တို့ကို တပည့် များတို့သည်မြင် စေခြင်းငှာဤအရပ် မှထွက် ၍ ယုဒပြည် သို့ ကြွ ပါ။
4Niemand tut etwas im Verborgenen und will doch frei offenbar sein. Tust du solches, so offenbare dich vor der Welt.
4ကျော်စော ကိတ္တိကို အလိုရှိ သောသူမည်သည်ကားမ ထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှမပြု တတ်။ ဤ အမှုတို့ကို သင်သည်ပြု လျှင် ။ ဤလောက ၌ ကိုယ် ကိုထင်ရှား စွာ ပြပါဟု၊
5Denn auch seine Brüder glaubten nicht an ihn.
5မ ယုံကြည် သောကြောင့် ယေရှု အားဆို ကြ၏။
6Da spricht Jesus zu ihnen: Meine Zeit ist noch nicht hier; eure Zeit aber ist allewege.
6ယေရှု ကလည်း၊ ငါ့ အချိန် မ ရောက် သေး။ သင် တို့ဘို့ ခပ်သိမ်း သောအချိန် သင့် လျက်ရှိ ၏။
7Die Welt kann euch nicht hassen; mich aber haßt sie, denn ich zeuge von ihr, daß ihre Werke böse sind.
7လောကီသား တို့သည် သင် တို့ကိုမ မုန်း နိုင် ။ ငါ့ ကိုမုန်း ကြ၏။ အကြောင်းမူကား ၊ ငါ သည်သူ တို့၏အကျင့် ဆိုးညစ် ကြောင်း ကို သက်သေခံ ၏။
8Gehet ihr hinauf auf dieses Fest; ich will noch nicht hinaufgehen auf dieses Fest, den meine Zeit ist noch nicht erfüllt.
8ထိုပွဲ သို့ သင် တို့သွား ကြလော့။
9Da er aber das zu ihnen gesagt, blieb er in Galiläa.
9ငါ မ သွား သေး။ ငါ့ အချိန် မ ပြည်စုံ သေး ဟု မိန့် တော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှာ နေ တော်မူ၏။
10Als aber seine Brüder waren hinaufgegangen, da ging er auch hinauf zu dem Fest, nicht offenbar, sondern wie heimlich.
10ညီ တော်တို့သွား ပြီးမှကိုယ်တော် သည် ထိုပွဲ သို့ မ ထင် မရှားကြွ တော်မူ၏။
11Da suchten ihn die Juden am Fest und sprachen: Wo ist der?
11ထို ပွဲ ၌ ယုဒ လူတို့က၊ ယေရှု သည်အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ရှာဖွေ ကြ၏။
12Und es war ein großes Gemurmel unter dem Volk. Etliche sprachen: Er ist fromm; die andern aber sprachen: Nein, er verführt das Volk.
12လူ အစုအဝေးတို့သည် ကိုယ်တော် ကိုအကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ် ကြ၏။ အချို့ တို့က၊ သူ သည်သူတော်ကောင်း ဖြစ် သည်ဟူ၍၎င်း၊ အချို့ တို့က၊ သူတော်ကောင်းမ ဟုတ်၊ လူ များကိုလှည့်ဖြား သည်ဟူ၍၎င်း ဆို ကြ၏။
13Niemand aber redete frei von ihm um der Furcht willen vor den Juden.
13သို့သော်လည်း ယုဒ လူတို့ကို ကြောက် သောကြောင့် အဘယ်သူ မျှအတည့်အလင်း မပြော ဝံ့ကြ။
14Aber mitten im Fest ging Jesus hinauf in den Tempel und lehrte.
14ထိုပွဲ ကို ခံစဉ် တွင်၊ ယေရှု သည် ဗိမာန် တော်သို့ တက် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏၊
15Und die Juden verwunderten sich und sprachen: Wie kann dieser die Schrift, so er sie doch nicht gelernt hat?
15ယုဒ လူတို့သည် အံ့ဩ ၍ ၊ ဤသူ သည် စာ မ သင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆို ကြ၏။
16Jesus antwortete ihnen und sprach: Meine Lehre ist nicht mein, sondern des, der mich gesandt hat.
16ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။
17So jemand will des Willen tun, der wird innewerden, ob diese Lehre von Gott sei, oder ob ich von mir selbst rede.
17ထိုသူ ၏အလို တော်သို့ လိုက် ချင်သောသူ မည်သည်ကား၊ ဤဒေသနာ သည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ် သလော၊ ငါ သည် ကိုယ် အလိုအလျောက် ဟောပြော သလောဟု ပိုင်းခြား၍သိ လိမ့်မည်။
18Wer von sich selbst redet, der sucht seine eigene Ehre; wer aber sucht die Ehre des, der ihn gesandt hat, der ist wahrhaftig, und ist keine Ungerechtigkeit an ihm.
18ကိုယ်အလိုအလျောက် ဟောပြော သောသူ သည်မိမိ ဘုန်း အသရေကိုရှာ တတ်၏။ မိမိ ကို စေလွှတ် တော်မူသောသူ ၏ ဘုန်း အသရေကိုရှာ သော သူ မူကား ၊ ယုံ လောက်သောသူ ဖြစ် ၏။ ထိုသူ ၌ မုသား မ ရှိ ။
19Hat euch nicht Mose das Gesetz gegeben? und niemand unter euch tut das Gesetz. Warum sucht ihr mich zu töten?
19မောရှ သည်ပညတ် တရားကို သင်တို့အား ပေး သည်မ ဟုတ်လော။ ထိုတရား ကို သင် တို့တွင် တစ်စုံတစ်ယောက် မျှမကျင့် ။ ငါ့ ကိုသတ် အံ့သောငှာအဘယ်ကြောင့် ရှာကြံ ကြသနည်း ဟု မိန့် တော်မူ၏။
20Das Volk antwortete und sprach: Du hast den Teufel; wer versucht dich zu töten?
20လူ အစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲ သောသူဖြစ် ၏။ သင့် ကို သတ် အံ့သောငှာအဘယ်သူ ရှာကြံ သနည်းဟု ဆိုကြ၏။
21Jesus antwortete und sprach: Ein einziges Werk habe ich getan, und es wundert euch alle.
21ယေရှု ကလည်း ၊ ငါပြု သောအမှု တစ်ခု ကို သင်တို့ရှိသမျှ သည် အံ့ဩ ခြင်းရှိကြ၏။
22Mose hat euch darum gegeben die Beschneidung, nicht daß sie von Mose kommt, sondern von den Vätern, und ihr beschneidet den Menschen am Sabbat.
22မောရှ သည် အရေဖျားလှီး ခြင်းတရားကို သင် တို့အား ပေး ၏။ ထိုသို့ဆိုသော်မောရှေ မှ အစစွာခံရ သည်ဟု မဆိုလို။ ဘိုးဘေး များမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့ ၌ သင်တို့သည်အရေဖျားလှီး ခြင်းကို ပေးကြ၏။
23So ein Mensch die Beschneidung annimmt am Sabbat, auf daß nicht das Gesetz Mose's gebrochen werde, zürnet ihr denn über mich, daß ich den ganzen Menschen habe am Sabbat gesund gemacht?
23မောရှေ ၏တရား မ ပျက် စေခြင်းငှာ လူ သည်ဥပုသ်နေ့ ၌ အရေဖျားလှီး ခြင်းကိုခံရ လျှင် ၊ ငါသည် ဥပုသ်နေ့ ၌ လူ တစ်ကိုယ်လုံး ကိုကျန်းမာ စေ သောကြောင့် ၊ သင် တို့သည် ငါ့ ကိုအမျက်ထွက်ရာသလော။
24Richtet nicht nach dem Ansehen, sondern richtet ein rechtes Gericht.
24မျက်နှာ ကို သာကြည့် ၍မ စီရင် ကြနှင့်။ တရား သဖြင့် စီရင် ကြလော့ ဟု မိန့် တော်မူ၏။
25Da sprachen etliche aus Jerusalem: Ist das nicht der, den sie suchten zu töten?
25ထိုအခါ ယေရုရှလင် မြို့သားအချို့ ကလည်း၊ ဤ သူ ကိုသတ် အံ့သောငှာရှာ ကြသည်မ ဟုတ် လော။
26Und siehe zu, er redet frei, und sie sagen nichts. Erkennen unsere Obersten nun gewiß, daß er gewiß Christus sei?
26ကြည့် ပါ။ သူ သည်ထင်ရှား စွာဟောပြော ၍ အဘယ် မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူ သည် ခရစ်တော် ဖြစ် ကြောင်း ကို မင်း များတို့သည် အမှန် သိ ကြသလော။
27Doch wir wissen, woher dieser ist; wenn aber Christus kommen wird, so wird niemand wissen, woher er ist.
27သို့သော်လည်း ဤ သူသည် အဘယ် ကဖြစ် သည်ကိုငါတို့သိ ကြ၏။ ခရစ်တော် သည် ကြွလာ တော်မူသောအခါ အဘယ် ကဖြစ် တော်မူသည်ကို အဘယ်သူ မျှမသိ ရဟု ဆို ကြ၏။
28Da rief Jesus im Tempel und sprach: Ja, ihr kennet mich und wisset, woher ich bin; und von mir selbst bin ich nicht gekommen, sondern es ist ein Wahrhaftiger, der mich gesandt hat, welchen ihr nicht kennet.
28ယေရှု ကလည်း၊ သင်တို့သည်ငါ့ ကိုသိ ကြ၏။ ငါအဘယ် ကဖြစ် သည်ကိုလည်း သိ ကြ၏။ သို့သော်လည်း ငါသည် ကိုယ် အလိုအလျောက်လာ သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ သည်သစ္စာ နှင့်ပြည့်စုံ တော်မူ၏။ ထိုသူ ကို သင် တို့မ သိ ကြ။
29Ich kenne ihn aber; denn ich bin von ihm, und er hat mich gesandt.
29ငါ မူကားသိ ၏။ အကြောင်းမူကား ၊ ထိုသူ ၏ အထံ တော်မှ ငါ လာ၏။ သူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူ၏ ဟု ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့် တော်မူလျှင် ၊
30Da suchten sie ihn zu greifen; aber niemand legte die Hand an ihn, denn seine Stunde war noch nicht gekommen.
30ကိုယ်တော် ကို ဘမ်းဆီး ခြင်းအခွင့်ကိုရှာ ကြ၏။ သို့သော်လည်း ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေး သောကြောင့် အဘယ်သူ မျှမဘမ်းဆီး ကြ။
31Aber viele vom Volk glaubten an ihn und sprachen: Wenn Christus kommen wird, wird er auch mehr Zeichen tun, denn dieser tut?
31လူ အစုအဝေးထဲ၌ ပါသောလူ များတို့သည် ယုံကြည် သည်ဖြစ်၍ ၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ ဤ သူပြ သော နိမိတ် လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာ တို့ကို ပြ တော်မူမည်လောဟု ဆို ကြ၏။
32Und es kam vor die Pharisäer, daß das Volk solches von ihm murmelte. Da sandten die Pharisäer und Hohenpriester Knechte aus, das sie ihn griffen.
32ထိုသို့လူ များ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲ တို့သည်ကြား လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့ နှင့် တိုင်ပင်ပြီးမှကိုယ်တော် ကို ဘမ်းဆီး စေခြင်းငှာ မင်း လုလင်တို့ကို စေလွှတ် ကြ၏။
33Da sprach Jesus zu ihnen: Ich bin noch eine kleine Zeit bei euch, und dann gehe ich hin zu dem, der mich gesandt hat.
33ယေရှု ကလည်း၊ ငါသည် သင် တို့နှင့်အတူ ခဏ သာနေ ပြီးလျှင် ၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ထံသို့ သွား ရမည်။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။
34Ihr werdet mich suchen, und nicht finden; und wo ich bin, könnet ihr nicht hin kommen.
34ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူလျှင် ၊
35Da sprachen die Juden untereinander: Wo soll dieser hin gehen, daß wir ihn nicht finden sollen? Will er zu den Zerstreuten unter den Griechen gehen und die Griechen lehren?
35ယုဒ လူတို့က၊ ငါ တို့ကိုမ တွေ့ စေခြင်းငှာ သူ သည် အဘယ် အရပ်သို့သွား လိမ့်မည်နည်း။ ဟေလသ လူ တို့တွင်အရပ်ရပ်သို့ ကွဲပြား လျက်နေသော သူတို့ရှိရာသို့ သွား ၍ ဟေလသ လူတို့အား တရား ဟောလိမ့်မည်လော။
36Was ist das für eine Rede, daß er sagte: “Ihr werdet mich suchen, und nicht finden; und wo ich bin, da könnet ihr nicht hin kommen”?
36သင်တို့သည် ငါ့ ကို ရှာ ကြလိမ့်မည်။ ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြဟူသောစကား သည် အဘယ်သို့ ဆိုလို သနည်းဟု အချင်းချင်း ဆိုကြ၏။
37Aber am letzten Tage des Festes, der am herrlichsten war, trat Jesus auf, rief und sprach: Wen da dürstet, der komme zu mir und trinke!
37ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။
38Wer an mich glaubt, wie die Schrift sagt, von des Leibe werden Ströme des lebendigen Wassers fließen.
38ငါ့ ကိုယုံကြည် သောသူ သည် ကျမ်းစာ လာ သည်အတိုင်း အသက် ရေ ထွက် ရာစမ်း ရေတွင်း ဖြစ်လိမ့်မည် ဟု မိန့် တော်မူ၏။
39Das sagte er aber von dem Geist, welchen empfangen sollten, die an ihn glaubten; denn der Heilige Geist war noch nicht da, denn Jesus war noch nicht verklärt.
39ထိုသို့ မိန့်တော်မူသော်၊ ယုံကြည် သောသူ တို့သည် ခံရ လတံ့သောဝိညာဉ် တော်ကို ရည်မှတ် ၍ မိန့် တော်မူ၏။ ယေရှု သည် ဘုန်းပွင့် တော်မ မူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ် တော်ကို ပေးတော်မ မူသေး။
40Viele nun vom Volk, die diese Rede hörten, sprachen: Dieser ist wahrlich der Prophet.
40စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
41Andere sprachen: Er ist Christus. Etliche aber sprachen: Soll Christus aus Galiläa kommen?
41အချို့ ကလည်း၊ ဤသူ သည်ခရစ်တော် ဖြစ် သည်ဟု ဆို ကြ၏။ အချို့ ကလည်း၊ ခရစ်တော် သည် ဂါလိလဲ ပြည်သားဖြစ် ရသလော။
42Spricht nicht die Schrift: von dem Samen Davids und aus dem Flecken Bethlehem, da David war, soll Christus kommen?
42ခရစ်တော်သည် ဒါဝိဒ် အမျိုး ၊ဒါဝိဒ် နေရာ ဌာန၊ ဗက်လင် ရွာသားဖြစ် ရမည်ဟု ကျမ်းစာ လာ သည် မ ဟုတ် လောဟု ဆို ကြ၏။
43Also ward eine Zwietracht unter dem Volk über ihn.
43ထိုသို့ လူ များတို့သည် ကွဲပြား ကြသည်ဖြစ်၍ ၊ အချို့ တို့သည် ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာအလိုရှိ ကြ၏။
44Es wollten aber etliche ihn greifen; aber niemand legte die Hand an ihn.
44သို့သော်လည်း အဘယ်သူ မျှမဘမ်း မဆီးကြ။
45Die Knechte kamen zu den Hohenpriestern und Pharisäern; und sie sprachen zu ihnen: Warum habt ihr ihn nicht gebracht?
45ထိုအခါ မင်း လုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲ ထံသို့ ပြန် ၍၊ ထို မင်းတို့က၊ အဘယ်ကြောင့် သူ့ ကိုမ ဆောင်ခဲ့ ကြသနည်းဟု မေးမြန်း လျှင်၊
46Die Knechte antworteten: Es hat nie ein Mensch also geredet wie dieser Mensch.
46မင်း လုလင်တို့က၊ ထို သူဟောပြောသကဲ့သို့ အဘယ်သူမျှမ ဟော စဖူးပါဟု လျှောက် ကြ၏။
47Da antworteten ihnen die Pharisäer: Seid ihr auch verführt?
47ဖာရိရှဲ တို့ကလည်း၊ သင် တို့ကိုပင် လှည့်ဖြား ပြီလော။
48Glaubt auch irgendein Oberster oder Pharisäer an ihn?
48မင်း များ၊ ဖာရိရှဲ များတို့တွင် သူ့ ကိုယုံကြည် သောသူတစ်စုံတစ်ယောက် မျှရှိသလော။
49sondern das Volk, das nichts vom Gesetz weiß, ist verflucht.
49တရား ကိုမ သိ သော ဤ လူ များတို့သည် ကျိန် ခြင်းကို ခံရသောသူဖြစ် သည်ဟုဆို ကြ၏။
50Spricht zu ihnen Nikodemus, der bei der Nacht zu ihm kam, welcher einer unter ihnen war:
50အထက် ကညဉ့်အခါ၌ အထံ တော်သို့ လာ သော သူ တည်းဟူသောထိုမင်း များအဝင် ဖြစ် သော နိကောဒင် ကလည်း၊
51Richtet unser Gesetz auch einen Menschen, ehe man ihn verhört und erkennt, was er tut?
51ငါ တို့တရား သည် လူ ကိုမ စစ် ၊ သူ့ အမှု ကို မ သိ မှီကပင်ရှေ့မဆွ ကဆုံးဖြတ် တတ်သလောဟုဆို လျှင်၊
52Sie antworteten und sprachen zu ihm: Bist du auch ein Galiläer? Forsche und siehe, aus Galiläa steht kein Prophet auf.
52သူတို့က၊ သင် သည်လည်း ဂါလိလဲ ပြည်သားဖြစ် သလော။ စစ် ဦးလော့၊ ဂါလိလဲ ပြည်၌ အဘယ် ပရောဖက် မျှမ ပေါ်ထွန်း သည်ကိုမှတ် လော့ဟု ဆို ကြပြီးမှ၊
53Und ein jeglicher ging also heim.
53ထိုသူအပေါင်းတို့သည် မိမိ တို့အိမ် သို့ သွား ကြ၏။
Tip: use the ← and → keys to turn chapters.