1. Samuel
Chapter 1
Lutherbibel 1912
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

1. Samuel 1

Lutherbibel 1912Translation
Lutherbibel 1912
Judson Burmese Bible (1840)
1Es war ein Mann von Ramathaim-Zophim, vom Gebirge Ephraim, der hieß Elkana, ein Sohn Jerohams, des Sohnes Elihus, des Sohnes Thohus, des Sohnes Zuphs, ein Ephraimiter.
1ဧဖရတ် မြို့သားဇုဖ ၊ တောဟူ ၊ ဧလိဟူ ၊ ယေရောဟံ မှ ဆင်းသက်၍ ဧဖရိမ် တောင် ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသောဧလကာန အမည် ရှိသောသူတယောက် ရှိ ၏။
2Und er hatte zwei Weiber; eine hieß Hanna, die andere Peninna. Peninna aber hatte Kinder, und Hanna hatte keine Kinder.
2ထိုသူ သည် မယား နှစ် ယောက်ရှိ၏။ တယောက် ကား၊ ဟန္န ၊ တယောက်ကား ပေနိန္န အမည် ရှိ၏။ ပေနိန္န ၌ သားသမီး ရှိ ၏။ ဟန္န ၌ မ ရှိ။
3Und derselbe Mann ging jährlich hinauf von seiner Stadt, daß er anbetete und opferte dem HERRN Zebaoth zu Silo. Daselbst waren aber Priester des HERRN Hophni und Pinehas, die zwei Söhne Elis.
3ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ကိုးကွယ် ၍ ယဇ် ပူဇော်ခြင်းငှါ ၊ မိမိ နေရာ မြို့ မှ ရှိလော မြို့သို့ နှစ် တိုင်းသွား မြဲရှိ၏။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် သည် ရှိလောမြို့၌ နေသတည်း။
4Und des Tages, da Elkana opferte, gab er seinem Weib Peninna und allen ihren Söhnen und Töchtern Stücke.
4ဧလကာန သည် ယဇ် ပူဇော်အချိန် ရောက် သောအခါ ၊ မယား ပေနိန္န နှင့် သူ ၏ သား သမီး အပေါင်း တို့အား ဝေမျှ ၏။
5Aber Hanna gab er ein Stück traurig; denn er hatte Hanna lieb, aber der HERR hatte ihren Leib verschlossen.
5ဟန္န ကိုချစ် သောကြောင့် နှစ်ဆသောအဘို့ ကိုပေး ၏။ သို့ရာတွင် ထာဝရဘုရား သည် ဟန္န အား သား ဘွားသောအခွင့်ကိုပေးတော်မမူ။
6Und ihre Widersacherin betrübte und reizte sie sehr, darum daß der HERR ihren Leib verschlossen hatte.
6ထိုသို့ ထာဝရဘုရား သည် အခွင့်ကိုပေးတော်မမူသောကြောင့် ၊ ဟန္န စိတ် ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက် တတ်၏။
7Also ging's alle Jahre; wenn sie hinaufzog zu des HERRN Hause, betrübte jene sie also; so weinte sie dann und aß nichts.
7နှစ်စဉ် မပြတ်ထာဝရဘုရား ၏ အိမ် တော်သို့ သွား သောအခါ ၊ ရန်သူနှောင့်ရှက် သဖြင့် ဟန္နသည် အစာမ စား နိုင်၊ ငို လျက် နေတတ်၏။
8Elkana aber, ihr Mann, sprach zu ihr: Hanna, warum weinst du, und warum issest du nichts, und warum ist dein Herz so traurig? Bin ich dir nicht besser denn zehn Söhne?
8သူ ၏ ခင်ပွန်း ဧလကာန က၊ ဟန္န အဘယ်ကြောင့် ငို သနည်း။ အဘယ်ကြောင့် မ စား ဘဲနေသနည်း။ အဘယ်ကြောင့် စိတ် ညှိုးငယ် သနည်း။ သား တကျိပ် ထက် သင် ၌ ငါ သာ၍ ကောင်းသည် မ ဟုတ် လော ဟုဆို ၏။
9Da stand Hanna auf, nachdem sie gegessen hatten zu Silo und getrunken. (Eli aber, der Priester, saß auf einem Stuhl an der Pfoste des Tempels des HERRN.)
9ရှိလော မြို့၌ စား သောက် ကြသောနောက် ၊ ယဇ်ပုရောဟိတ် ဧလိ သည် ထာဝရဘုရား ၏ အိမ် တော် တိုင် နား မှာ ထိုင် စဉ်၊
10Und sie war von Herzen betrübt und betete zum HERRN und weinte sehr
10ဟန္နသည် ညှိုးငယ် သောစိတ် နှင့် ထ၍၊ မျက်ရည် များစွာကျလျက် ထာဝရဘုရား ကို ဆုတောင်း သည် ကား၊
11und gelobte ein Gelübde und sprach: HERR Zebaoth, wirst du deiner Magd Elend ansehen und an mich gedenken und deiner Magd nicht vergessen und wirst deiner Magd einen Sohn geben, so will ich ihn dem HERRN geben sein Leben lang und soll kein Schermesser auf sein Haupt kommen.
11အိုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန် မကို မေ့လျော့ တော်မ မူဘဲ၊ ကိုယ်တော် ကျွန် မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှု အောက်မေ့ သဖြင့် ၊ သား ယောက်ျား ကိုပေး သနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါကျွန်မအပ် ပါမည် ဟု သစ္စာ ဂတိပြုလေ၏။
12Und da sie lange betete vor dem HERRN, hatte Eli acht auf ihren Mund.
12ဟန္နသည် ထာဝရဘုရား ရှေ့ တော်၌ ကြာမြင့် စွာ ဆုတောင်း စဉ်၊ ဧလိ သည် သူ ၏ နှုတ် ကို ကြည့် မှတ် လေ၏။
13Denn Hanna redete in ihrem Herzen; allein ihre Lippen regten sich, und ihre Stimme hörte man nicht. Da meinte Eli, sie wäre trunken,
13စိတ် နှလုံးနှင့် ဆုတောင်း ၍ နှုတ်ခမ်း လှုပ် သော်လည်း၊ စကား သံမ ထွက်သောကြောင့်၊ ယစ်မူး သည်ဟု ဧလိ ထင် လျက်၊
14und sprach zu ihr: Wie lange willst du trunken sein? Laß den Wein von dir kommen, den du bei dir hast!
14သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူး လိမ့်မည်နည်း။ သင် ၏ စပျစ်ရည် ကို ပယ် ရှောင်လော့ ဟု ဆို ၏။
15Hanna aber antwortete und sprach: Nein, mein Herr, ich bin ein betrübtes Weib. Wein und starkes Getränk habe ich nicht getrunken, sondern habe mein Herz vor dem HERRN ausgeschüttet.
15ဟန္န ကလည်း၊ မ ဟုတ်ပါအရှင်။ ကျွန်မ သည် စိတ်ညှိုးငယ် သော မိန်းမ ဖြစ်ပါ၏။ စပျစ်ရည် ကို မသောက် ပါ၊ သေရည် သေရက်ကို မ သောက် ပါ၊ ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးကို သွန်းလောင်း လျက် နေပါ၏။
16Du wolltest deine Magd nicht achten wie ein loses Weib; denn ich habe aus meinem großen Kummer und Traurigkeit geredet bisher.
16ကိုယ်တော် ၏ ကျွန် မကို အဓမ္မ မိန်းမ ဟူ၍ မ မှတ် ပါနှင့်။ မြည်တမ်း စရာ အကြောင်း၊ ဝမ်းနည်း စရာ အကြောင်းများ သည်ဖြစ်၍၊ ယခု တိုင်အောင် လျှောက် နေပါသည်ဟု ပြန် ပြောသော်၊ ဧလိ က၊ ငြိမ်ဝပ် စွာသွား လော့။
17Eli antwortete und sprach: Gehe hin mit Frieden; der Gott Israels wird dir geben deine Bitte, die du von ihm gebeten hast.
17ယခု ဆုတောင်း သည်အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရား သခင်ပေး သနားတော်မူပါစေသောဟု မြွက်ဆို ၏။
18Sie sprach: Laß deine Magd Gnade finden vor deinen Augen. Also ging das Weib hin ihres Weges und aß und sah nicht mehr so traurig.
18ဟန္နကလည်း၊ ကိုယ်တော် ၏ ကျွန် မသည် ရှေ့ တော်၌ မျက်နှာ ရပါစေသောဟု လျှောက် ပြီးမှ ၊ ခြားနားသော မျက်နှာ နှင့် သွား ၍ အစာစား လေ၏။
19Und des Morgens früh machten sie sich auf; und da sie angebetet hatten vor dem HERRN, kehrten sie wieder um und kamen heim gen Rama. Und Elkana erkannte sein Weib Hanna, und der HERR gedachte an sie.
19ထိုသူတို့သည် နံနက် စောစောထ ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုးကွယ် ပြီးလျှင် ၊ ရာမ မြို့မှာရှိသော မိမိ တို့အိမ် သို့ ပြန် သွားကြ၏။ ထိုအခါ ဧလကာန သည် မယား ဟန္န နှင့် ဆက်ဆံ ၍ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊
20Und da die Tage um waren, ward Hanna schwanger und gebar einen Sohn und hieß ihn Samuel: “denn ich habe ihn von dem HERRN erbeten.”
20ဟန္န သည် ပဋိသန္ဓေ ယူ၍ ကာလ အချိန်စေ့ သောအခါ ၊ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ထိုသားကို ထာဝရဘုရား ထံ၌ဆုတောင်း သောကြောင့် ၊ ရှမွေလ အမည် ဖြင့် မှည့် လေ၏။
21Und da der Mann Elkana hinaufzog mit seinem ganzen Hause, daß er dem HERRN opferte das jährliche Opfer und sein Gelübde,
21ဧလကာန သည် အိမ်သူ အိမ်သားအပေါင်း တို့နှင့်အတူနှစ်စဉ် ပြုရသော ယဇ် ကို၎င်း၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ခြင်းငှါ တက် သွားသောအခါ -၊
22zog Hanna nicht mit hinauf, sondern sprach zu ihrem Mann: Bis der Knabe entwöhnt werde, so will ich ihn bringen, daß er vor dem HERRN erscheine und bleibe daselbst ewiglich.
22ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် ၍ အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်၊
23Elkana, ihr Mann, sprach zu ihr: So tue, wie dir's gefällt: bleib, bis du ihn entwöhnst; der HERR bestätige aber was er geredet hat. Also blieb das Weib und säugte ihren Sohn, bis daß sie ihn entwöhnte,
23ခင်ပွန်း ဧလကာန က၊ စိတ် ရှိသည် အတိုင်းပြု လော့။ နို့ နှင့်မကွာမှီတိုင်အောင် နေ လော့။ ထာဝရဘုရား ၏ ဂတိ တော်သာ တည် ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ် ကို နို့ တိုက်လျက် နို့ မကွာမှီတိုင်အောင် မသွားဘဲနေ ၏။
24und brachte ihn mit sich hinauf, nachdem sie ihn entwöhnt hatte, mit drei Farren, mit einem Epha Mehl und einem Krug Wein; und brachte ihn in das Haus des HERRN zu Silo. Der Knabe war aber noch jung.
24နို့ ကွာပြီးမှ၊ အသက်သုံး နှစ်ရှိသောနွားတကောင်၊ မုန့်ညက် တ ဧဖာ ၊ စပျစ်ရည် တဘူးနှင့်တကွသူငယ်ကို ဆောင် သွား၍၊ ရှိလော မြို့၌ ထာဝရဘုရား ၏ အိမ် တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ် သည် အသက် နုသေး၏။
25Und sie schlachteten einen Farren und brachten den Knaben zu Eli.
25နွား ကိုသတ် ၍ သူငယ် ကို ဧလိ ထံသို့ သွင်း လျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊
26Und sie sprach: Ach, mein Herr, so wahr deine Seele lebt, mein Herr, ich bin das Weib, das hier bei dir stand, zu dem HERRN zu beten.
26ကိုယ်တော် အသက် ရှင်သည်အတိုင်း၊ ကျွန်မ သည် ယမန်တခါ ဤ အရပ်၌ ကိုယ်တော် အနား မှာ ရပ် လျက် ဆုတောင်း သော မိန်းမ ဖြစ်ပါ၏။
27Um diesen Knaben bat ich. Nun hat der HERR meine Bitte gegeben, die ich von ihm bat.
27ထိုအခါ ဤ သူငယ် ကို ရမည်အကြောင်းဆုတောင်း ပါ၏။ တောင်း သည်အတိုင်း ထာဝရဘုရား သည် ပေး သနားတော်မူပြီ။
28Darum gebe ich ihm dem HERRN wieder sein Leben lang, weil er vom HERRN erbeten ist. Und sie beteten daselbst den HERRN an.
28ထိုကြောင့် ကျွန်မ သည် သူ့ ကို ထာဝရဘုရား အား ငှါး ပါပြီ။ သူ သည် တသက်လုံး ထာဝရဘုရား ထံ တော်၌ အငှါး ခံ၍ နေ ရပါမည်သခင်ဟု လျှောက်ပြီးမှ ၊ ထို အရပ်၌ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။

Tip: use the ← and → keys to turn chapters.