1. Samuel
Chapter 8
Lutherbibel 1912
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

1. Samuel 8

Lutherbibel 1912Translation
Lutherbibel 1912
Judson Burmese Bible (1840)
1Da aber Samuel alt ward, setzte er seine Söhne zu Richtern über Israel.
1ရှမွေလ သည် အသက် ကြီးသောအခါ ၊ မိမိ သား တို့ကို ဣသရေလ အမျိုး၌ အုပ်စိုး ရသောအခွင့်နှင့် ခန့်ထား ၏။
2Sein erstgeborener Sohn hieß Joel und der andere Abia, und sie waren Richter zu Beer-Seba.
2သားဦး အမည် ကား ယောလ ၊ ဒုတိယ သားအမည် ကား အဘိရ တည်း။ ထိုသူတို့သည် ဗေရရှေဘ မြို့၌ တရားသူကြီး လုပ်ကြ၏။
3Aber seine Söhne wandelten nicht in seinem Wege, sondern neigten sich zum Geiz und nahmen Geschenke und beugten das Recht.
3သို့ရာတွင် အဘလမ်း သို့ မ လိုက်။ ငွေ ကို တပ်မက်သောစိတ် နှင့် လွဲ သွား၍ တံစိုး စားလျက် တရား ကို ဖျက် ကြ၏။
4Da versammelten sich alle Ältesten in Israel und kamen gen Rama zu Samuel
4ထိုအခါ ဣသရေလ အမျိုး အသက် ကြီးသူအပေါင်း တို့သည် စည်းဝေး ၍ ၊ ရှမွေလ ရှိရာ အရပ် ရာမ မြို့သို့ လာ ပြီးလျှင်၊
5und sprachen zu ihm: Siehe, du bist alt geworden, und deine Söhne wandeln nicht in deinen Wegen; so setze nun einen König über uns, der uns richte, wie alle Heiden haben.
5ကိုယ်တော် သည် အသက် ကြီးပါ၏။ ကိုယ်တော် ၏သား တို့သည် ကိုယ်တော် လမ်း သို့ မ လိုက် ကြပါ။ လူမျိုး အပေါင်း တို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကို ချီးမြှောက် ပါ လော့ဟု လျှောက် ကြ၏။
6Das gefiel Samuel übel, daß sie sagten: Gib uns einen König, der uns richte. Und Samuel betete vor dem HERRN.
6ထိုသို့ အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကိုပေး ပါလော့ဟု လျှောက် သောအမှု ကို ရှမွေလ သည် မ နှစ်သက်သောကြောင့် ထာဝရဘုရား အား ဆုတောင်း လေ၏။
7Der HERR aber sprach zu Samuel: Gehorche der Stimme des Volks in allem, was sie zu dir gesagt haben; denn sie haben nicht dich, sondern mich verworfen, daß ich nicht soll König über sie sein.
7ထာဝရဘုရား ကလည်း ၊ သင့် အား လူ များတို့ ပြော ဆိုသမျှ သော စကား ကို နားထောင် လော့။ သူတို့ သည် သင့် ကိုသာ မ ပယ် ၊ ငါသည် သူ တို့ကို မအုပ်စိုး စေခြင်းငှါငါ့ ကိုလည်းပယ် ကြပြီ။
8Sie tun dir, wie sie immer getan haben von dem Tage an, da ich sie aus Ägypten führte, bis auf diesen Tag, und sie mich verlassen und andern Göttern gedient haben.
8သူတို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့သောနေ့ မှစ၍ ယနေ့ တိုင်အောင် ငါ့ ကိုစွန့် ၍ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု သဖြင့် ကျင့် မိသမျှ သော အကျင့် အတိုင်း သင် ၌ လည်း ပြု ကြ၏။
9So gehorche nun ihrer Stimme. Doch bezeuge ihnen und verkündige ihnen das Recht des Königs, der über sie herrschen wird.
9ယခု မှာ သူ တို့စကား ကို နားထောင် လော့။ သို့ရာတွင် သတိ ပေး၍ သူ တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ကို ပြ လော့ဟု မိန့် တော်မူ၏။
10Und Samuel sagte alle Worte des HERRN dem Volk, das von ihm einen König forderte,
10ရှမွေလ သည်လည်း ၊ ရှင်ဘုရင် ကို တောင်း သောသူတို့အား ထာဝရဘုရား အမိန့် တော်ရှိသမျှ ကို ပြန်ပြော ၍၊
11und sprach: Das wird des Königs Recht sein, der über euch herrschen wird: Eure Söhne wird er nehmen zu seinem Wagen und zu Reitern, und daß sie vor seinem Wagen her laufen,
11သင် တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ဟူမူကား ၊ သင် တို့သား များကိုယူ ၍ မိမိ ရထား ထိန်း၊ မြင်း ထိန်းအရာ၌ ခန့် ထား၍ ၊ အချို့တို့သည်လည်း သူ ၏ရထား ရှေ့ မှာ ပြေး ရကြမည်။
12und zu Hauptleuten über tausend und über fünfzig und zu Ackerleuten, die ihm seinen Acker bauen, und zu Schnittern in seiner Ernte, und daß sie seine Kriegswaffen und was zu seinen Wagen gehört, machen.
12လူတထောင် အုပ် ၊ တရာအုပ်၊ ငါး ဆယ်အုပ် ၊ တဆယ်အုပ်အရာ၌ ခန့် ထား၍၊ လယ် လုပ်ခြင်း၊ စပါး ရိတ် ခြင်း၊ စစ် တိုက်တန်ဆာ ၊ ရထား တန်ဆာ ကိုလုပ် ခြင်း အမှုများကို ဝေဖန်လိမ့်မည်။
13Eure Töchter aber wird er nehmen, daß sie Salbenbereiterinnen, Köchinnen und Bäckerinnen seien.
13သင် တို့သမီး များကိုလည်း ယူ ၍၊ ခဲဘွယ် စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ ၎င်း ၊ စားတော်ကဲ ၊ မုန့် သည် ဖြစ်စေခြင်းငှါ ၎င်း ခန့်ထားလိမ့်မည်။
14Eure besten Äcker und Weinberge und Ölgärten wird er nehmen und seinen Knechten geben.
14သင် တို့လယ်ကွက် ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ် အကောင်းဆုံး တို့ကို ယူ ၍ မိမိ ကျွန် တို့အား ပေး လိမ့်မည်။
15Dazu von eurer Saat und euren Weinbergen wird er den Zehnten nehmen und seinen Kämmerern und Knechten geben.
15သင် တို့မျိုးစေ့ စပျစ်သီး ဆယ်ဘို့ တဘို့ကို ယူ၍ သူ ၏အရာရှိ အမှုထမ်း တို့အား ပေး လိမ့်မည်။
16Und eure Knechte und Mägde und eure schönsten Jünglinge und eure Esel wird er nehmen und seine Geschäfte damit ausrichten.
16သင် တို့ကျွန် ၊ ကျွန် မ၊ အကောင်းဆုံး သော လုလင် ၊ မြည်း များကို ယူ ၍ သူ ၏ အမှု ကို လုပ်ကိုင် စေ လိမ့်မည်။
17Von euren Herden wird er den Zehnten nehmen, und ihr müßt seine Knechte sein.
17သင် တို့သိုးစု ဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင် တို့သည် သူ ၏ ကျွန် ခံရ ကြမည်။
18Wenn ihr dann schreien werdet zu der Zeit über euren König, den ihr euch erwählt habt, so wird der HERR zu derselben Zeit euch nicht erhören.
18သင် တို့ရွေး ယူသော ရှင်ဘုရင် ကြောင့် ၊ ထို နေ့၌ သင်တို့အော်ဟစ် သော်လည်း ၊ ထာဝရဘုရား သည် နားထောင် တော်မ မူဟု သတိပေးလေ၏။
19Aber das Volk weigerte sich, zu gehorchen der Stimme Samuels, und sprachen: Mitnichten, sondern es soll ein König über uns sein,
19သို့သော်လည်း လူ များတို့က၊ မ ဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင် ကို လိုချင်ပါ၏။
20daß wir auch seien wie alle Heiden, daß uns unser König richte und vor uns her ausziehe und unsere Kriege führe.
20အကျွန်ုပ် တို့သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူမည်အကြောင်းအကျွန်ုပ် တို့ကို အုပ်စိုး သော ရှင်ဘုရင် ရှိရမည်။ အကျွန်ုပ် တို့ရှေ့ မှာ ထွက် ကြွ၍ စစ် တိုက်ရမည်ဟု ရှမွေလ ၏ စကား ကို နား မထောင်ဘဲ ဆို ကြ၏။
21Und da Samuel alle Worte des Volks gehört hatte, sagte er sie vor den Ohren des HERRN.
21ထိုသူတို့၏ စကား များကို ရှမွေလ သည် ကြား လျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လျှောက် လေ၏။
22Der HERR aber sprach zu Samuel: Gehorche ihrer Stimme und mache ihnen einen König. Und Samuel sprach zu den Männern Israels: Geht hin, ein jeglicher in seine Stadt.
22ထာဝရဘုရား ကလည်း ၊ သူ တို့စကား ကို နားထောင် ၍ သူ တို့အဘို့ ရှင် ဘုရင်ကို ချီးမြှောက်လော့ဟု မိန့် တော်မူသဖြင့် ၊ ရှမွေလ က၊ သင်တို့အသီးအသီး နေရာ မြို့ ရွာသို့ ပြန် သွားကြလော့ဟု ဣသရေလ လူ တို့အား ပြော ဆိုလေ၏။

Tip: use the ← and → keys to turn chapters.