Hesekiel 22
Lutherbibel 1912Translation
Lutherbibel 1912
Judson Burmese Bible (1840)
1Und des HERRN Wort geschah zu mir und sprach:
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2Du Menschenkind, willst du nicht strafen die mörderische Stadt und ihr anzeigen alle ihre Greuel?
2အချင်းလူသား ၊ လူအသက် ကိုသတ် တတ်သော မြို့ ကို သင်သည် စစ်ကြော လော့။ စစ်ကြော လော့။ သူ ၌ ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြ လော့။
3Sprich: So spricht der Herr HERR: O Stadt, die du der Deinen Blut vergießest, auf daß deine Zeit komme, und die du Götzen bei dir machst, dadurch du dich verunreinigst!
3အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိ အချိန် ရောက် စေခြင်းငှါ ၊ မိမိ အလယ် ၌ လူအသက် ကိုသတ်၍ ၊ မိမိကိုညစ်ညူး စေဘို့ မိမိတဘက်၌ ရုပ်တု တို့ကိုလုပ် တတ်သောမြို့၊
4Du verschuldest dich an dem Blut, das du vergießt, und verunreinigst dich an den Götzen, die du machst; damit bringst du deine Tage herzu und machst, daß deine Jahre kommen müssen. Darum will ich dich zum Spott unter den Heiden und zum Hohn in allen Ländern machen.
4သင်သည် လူအသက် ကိုသတ် သောအားဖြင့် အပြစ် ရောက်၏။ လုပ် သောရုပ်တု အားဖြင့် ညစ်ညူး ခြင်း ရှိ၏။ သင် ၏နေ့ရက် ကာလအချိန် ကို ကိုယ်တိုင်ရောက် စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်း အပြည်ပြည် တို့တွင် ကဲ့ရဲ့ ရာ၊ ပျက်ချော် ရာဖြစ် စေမည်။
5In der Nähe und in der Ferne sollen sie dein spotten, daß du ein schändlich Gerücht haben und großen Jammer leiden müssest.
5အိုအသရေ ပျက်၍ နှောင့်ရှက် ခြင်းကို ခံရသောသင် ကို ၊ အဝေး အနီး ၌နေသောသူတို့ သည် ပျက်ချော် ကြလိမ့်မည်။
6Siehe, die Fürsten in Israel, ein jeglicher ist mächtig bei dir, Blut zu vergießen.
6ဣသရေလ မင်းသား တို့သည် အသီးအသီး အခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့် အလယ် ၌ လူအသက် ကိုသတ် တတ်ကြ၏။
7Vater und Mutter verachten sie, den Fremdlingen tun sie Gewalt und Unrecht, die Witwen und die Waisen schinden sie.
7သင့် အလယ် ၌ မိဘ တို့ကိုမထီမဲ့မြင်ပြု ကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြု ကြ၏။ မိဘ မရှိသောသူ နှင့် မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ ကြ၏။
8Du verachtest meine Heiligtümer und entheiligst meine Sabbate.
8သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြု ပြီ။ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ပြီ။
9Verräter sind in dir, auf daß sie Blut vergießen. Sie essen auf den Bergen und handeln mutwillig in dir;
9သင့် အလယ် ၌ လူအသက် ကိုသတ် လို၍ ကုန်းတိုက် သောသူ၊ တောင် ပေါ်မှာ စား သောသူ၊ အဓမ္မ အမှုကိုပြု သောသူရှိ ကြ၏။
10sie decken auf die Blöße der Väter und nötigen die Weiber in ihrer Krankheit
10သင့် အလယ် ၌ အဘ ၏မယားကို ပြစ်မှား ကြ၏။ ဥတု ရောက်သော မိန်းမနှင့်မှားယွင်း ကြ၏။
11und treiben untereinander, Freund mit Freundes Weibe, Greuel; sie schänden ihre eigene Schwiegertochter mit allem Mutwillen; sie notzüchtigen ihre eigenen Schwestern, ihres Vaters Töchter;
11သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်း မယား ကို ပြစ်မှား ကြ၏။ အချို့တို့သည် မိမိ ချွေးမ နှင့် ဆိုးညစ် သောအဓမ္မ အမှုကို ပြုကြ၏။ အချို့တို့သည် မိမိ နှမ ၊ မိမိ အဘ ၏သမီး ကို ရှုတ်ချ ကြ၏။
12sie nehmen Geschenke, auf daß sie Blut vergießen; sie wuchern und nehmen Zins voneinander und treiben ihren Geiz wider ihren Nächsten und tun einander Gewalt und vergessen mein also, spricht der Herr HERR.
12သင့် အလယ် ၌လည်း လူအသက် သတ်ခ ကို ခံ ကြ ၏။ အတိုး စား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူ ကြ၏။ ငါ့ ကိုလည်း မေ့လျော့ ကြ၏။
13Siehe, ich schlage meine Hände zusammen über den Geiz, den du treibst, und über das Blut, so in dir vergossen ist.
13သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။
14Meinst du aber, dein Herz möge es erleiden, oder werden es deine Hände ertragen zu der Zeit, wann ich mit dir handeln werde? Ich, der HERR, habe es geredet und will's auch tun
14သင့် ကိုငါ စီရင် သောအခါ ၊ သင် ၏နှလုံး သည် ခိုင်ခံ့ နိုင်သလော။ သင် ၏လက် သည်လည်း အားကြီး နိုင် သလော။ ငါ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း ပြု မည်။
15und will dich zerstreuen unter die Heiden und dich verstoßen in die Länder und will deinem Unflat ein Ende machen,
15သင့် ကိုလည်း အတိုင်းတိုင်း အပြည်ပြည်တို့တွင်၊ အရပ်ရပ် သို့ ကွဲပြား စေမည်။ သင် ၏အညစ်အကြေး ကိုလည်း ပယ်ရှင်း မည်။
16daß du bei den Heiden mußt verflucht geachtet werden und erfahren, daß ich der HERR sei.
16လူ အမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင်အသရေ ရှုတ်ချခြင်းကို ခံရ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကိုသိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17Und des HERRN Wort geschah zu mir und sprach:
17တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18Du Menschenkind, das Haus Israel ist mir zu Schlacken geworden und sind alle Erz, Zinn, Eisen und Blei im Ofen; ja, zu Silberschlacken sind sie geworden.
18အချင်းလူသား ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့မှာ ချော် ဖြစ် လေပြီ။ ထိုသူအပေါင်းတို့သည် မိုက် ထဲ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ ကဲ့သို့ငွေ နှင့် ကွာသော ချော် ဖြစ် ကြ၏။
19Darum spricht der Herr HERR also: Weil ihr denn alle Schlacken geworden seid, siehe, so will ich euch alle gen Jerusalem zusammentun.
19ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့အပေါင်း သည် ချော် ဖြစ် သောကြောင့် ၊ ယေရုရှလင် မြို့ထဲ၌ ငါ စုဝေး စေမည်။
20Wie man Silber, Erz, Eisen, Blei und Zinn zusammentut im Ofen, daß man ein Feuer darunter aufblase und zerschmelze es, also will ich euch auch in meinem Zorn und Grimm zusammentun, einlegen und schmelzen.
20ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲ တို့ကို မီး မှုတ် ၍ အရည်ကျို ခြင်းငှါမိုက် ထဲ၌ စုထား သကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက် ထွက်လျက်၊ သင် တို့ကို ထိုမြို့ထဲ၌စုထား ၍အရည်ကျို မည်။
21Ja ich will euch sammeln und das Feuer meines Zorns unter euch aufblasen, daß ihr darin zerschmelzen müsset.
21အကယ်စင်စစ်စုထား ပြီးမှ ငါ့ အမျက် မီး ကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျို ခြင်းကိုခံရကြ လိမ့်မည်။
22Wie das Silber zerschmilzt im Ofen, so sollt ihr auch darin zerschmelzen und erfahren, daß ich, der HERR, meinen Grimm über euch ausgeschüttet habe.
22ငွေ ကိုမိုက် ထဲ၌ အရည်ကျို သကဲ့သို့ ၊ သင်တို့သည် မြို့ ထဲမှာ အရည်ကျို ခြင်းကိုခံရသဖြင့် ၊ ငါ ထာဝရဘုရား သည် သင် တို့အပေါ်သို့ ၊ ငါ ၏ဒေါသ အရှိန်ကို သွန်းလောင်း သည်ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
23Und des HERRN Wort geschah zu mir und sprach:
23တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
24Du Menschenkind, sprich zu ihnen: Du bist ein Land, das nicht zu reinigen ist, wie eines, das nicht beregnet wird zur Zeit des Zorns.
24အချင်းလူသား ၊ သင်ဆင့်ဆို ရမည်မှာ၊ အမျက် ထွက် သောနေ့ ၌ မိုဃ်း မ ရွာ၊ သင်သည် မိုဃ်း ရေကို မ ခံရသောပြည် ဖြစ်၏။
25Die Propheten, so darin sind, haben sich gerottet, die Seelen zu fressen wie ein brüllender Löwe, wenn er raubt; sie reißen Gut und Geld an sich und machen der Witwen viel darin.
25ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။
26Ihre Priester verkehren mein Gesetz freventlich und entheiligen mein Heiligtum; sie halten unter dem Heiligen und Unheiligen keinen Unterschied und lehren nicht, was rein oder unrein sei, und warten meiner Sabbate nicht, und ich werde unter ihnen entheiligt.
26ယဇ်ပုရောဟိတ် တို့သည်လည်း ငါ ၏တရား ကို ဖျက် ၍ ၊ ငါ ၏သန့်ရှင်း ရာဌာနကိုလည်း ညစ်ညူး စေကြ ၏။ သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို မ ပိုင်းခြား ၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာ တို့ကို ရောနှော ကြ၏။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲ ကြ၏။ သူ တို့ အလယ် ၌ ငါသည်ရှုတ်ချ ခြင်းကို ခံရ၏။
27Ihre Fürsten sind darin wie die reißenden Wölfe, Blut zu vergießen und Seelen umzubringen um ihres Geizes willen.
27မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။
28Und ihre Propheten tünchen ihnen mit losem Kalk, predigen loses Gerede und weissagen ihnen Lügen und sagen: “So spricht der Herr HERR”, so es doch der HERR nicht geredet hat.
28ပရောဖက် တို့ကလည်း ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု ထာဝရဘုရား မိန့် တော်မ မူဘဲ၊ အချည်းနှီး သောအရာကို မြင် ၍၊ မုသား စကားကို ဟောပြော လျက်၊ သူ တို့ကို အင်္ဂတေ နှင့်မွမ်းမံ ကြ၏။
29Das Volk im Lande übt Gewalt; sie rauben getrost und schinden die Armen und Elenden und tun den Fremdlingen Gewalt und Unrecht.
29ပြည်သူ ပြည်သားတို့သည်လည်း ညှဉ်းဆဲ ခြင်း၊ ထားပြ တိုက်ခြင်း၊ ဆင်းရဲ ငတ်မွတ် သောသူတို့ကို နှိပ်စက် ခြင်း၊ တပါး အမျိုးသားတို့အား မတရား သဖြင့် ညှဉ်းဆဲ ခြင်း ကို ပြုကြ၏။
30Ich suchte unter ihnen, ob jemand sich zur Mauer machte und wider den Riß stünde vor mir für das Land, daß ich's nicht verderbte; aber ich fand keinen.
30ထိုပြည် ကို ငါမ ဖျက်ဆီး စေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုး ပျက် ပေါ်မှာ ရပ် ၍ ဆီးတား သောသူ တယောက်ကိုမျှ ငါရှာ ၍မ တွေ့ ။
31Darum schüttete ich meinen Zorn über sie, und mit dem Feuer meines Grimmes machte ich ihnen ein Ende und gab ihnen also ihren Verdienst auf ihren Kopf, spricht der Herr HERR.
31ထိုကြောင့် ၊ ငါ့ အမျက် ကို ငါသွန်းလောင်း လျက်၊ ငါ့ ဒေါသ မီး ဖြင့် သူ တို့ကိုရှို့ ၍၊ သူတို့အပြစ်ကို သူ တို့ ခေါင်း ပေါ်သို့ ရောက် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.