撒母耳記下 24
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1耶和華又向 以色列 人發怒,就激動 大衛 ,使他吩咐人去數點 以色列 人和 猶大 人。
1နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။
2大衛 就吩咐跟隨他的元帥 約押 說:「你去走遍 以色列 眾支派,從 但 直到 別是巴 ,數點百姓,我好知道他們的數目。」
2ရှင် ဘုရင်ကလည်း ၊ လူ ပေါင်း မည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် ဣသရေလ ခရိုင် ရှိသမျှ တို့ကို ရှောက်သွား ၍ ၊ လူ တို့ကို ရေတွက် လော့ဟု အထံ တော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘ အား မိန့် တော်မူ၏”
3約押 對王說:「無論百姓多少,願耶和華-你的上帝再加增百倍,使我主我王親眼得見。我主我王何必喜悅行這事呢?」
3ယွာဘ ကလည်း ၊ ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် လူ တို့ကို ထပ်၍ အဆ တရာ တိုးပွါးစေသဖြင့် ၊ ကျွန်တော် သခင် အရှင်မင်းကြီး မြင် မည် အကြောင်းပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင် အရှင် မင်းကြီးသည် ဤ အမှု ကို အဘယ်ကြောင့် နှစ်သက် တော်မူသနည်းဟု ရှင်ဘုရင် အား လျှောက် လေ ၏”
4但王的命令勝過 約押 和眾軍長。 約押 和眾軍長就從王面前出去,數點 以色列 的百姓。
4သို့သော်လည်း အမိန့် တော်သည် ယွာဘ စကား နှင့် ဗိုလ် များ စကားကို နိုင် သဖြင့် ၊ ယွာဘ နှင့် ဗိုလ် များ တို့သည် လူ တို့ကိုရေတွက် အံ့သောငှါ အထံ တော်မှ ထွက်သွား ကြ၏။
5他們過了 約旦河 ,在 迦得谷 中、城的右邊 亞羅珥 安營,與 雅謝 相對,
5ယော်ဒန် မြစ်ကိုကူး ၍ ဂဒ် ချိုင့် ၌ ရှိသော အာရော် မြို့အရှေ့ဘက်၊ ယာဇာ မြို့အနား မှာ တပ်ချ ကြ၏။
6又到了 基列 和 他停‧合示 地,又到了 但‧雅安 ,繞到 西頓 ,
6ဂိလဒ် ပြည်၊ နောက် သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန် ပြည်သို့ ဝိုင်း သွား ၍၊
7來到 泰爾 的保障,並 希未 人和 迦南 人的各城,又到 猶大 南方的 別是巴 。
7တုရု ရဲတိုက် သို့၎င်း ၊ ဟိဝိ မြို့ များ၊ ခါနာနိ မြို့များ အလုံးစုံ တို့သို့၎င်း ရောက် ၍ ၊ ယုဒ ပြည်တောင် ပိုင်း၊ ဗေရရှေဘ မြို့၌ လက်စသတ် ကြ၏။
8他們走遍全地,過了九個月零二十天,就回到 耶路撒冷 。
8ထိုသို့ တပြည်လုံး ရှောက်သွား ၍ ကိုး လ နှင့် အရက် နှစ် ဆယ်လွန် မှ ယေရုရှလင် မြို့သို့ ရောက် ကြ၏။
9約押 將百姓的總數奏告於王: 以色列 拿刀的勇士有八十萬; 猶大 有五十萬。
9ယွာဘ သည်လည်း လူ ပေါင်း စာရင်း ကို ရှင်ဘုရင် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ ရှစ် သိန်း၊ ယုဒ အမျိုး ၌ ငါး သိန်းရှိ ကြ၏။
10大衛 數點百姓以後,就心中自責,禱告耶和華說:「我行這事大有罪了。耶和華啊,求你除掉僕人的罪孽,因我所行的甚是愚昧。」
10ဒါဝိဒ် သည် လူ တို့ကို ရေတွက် ပြီးမှ နောင်တ ရ၍ ၊ အကျွန်ုပ်ပြု မိသော အမှု၌ အလွန် ပြစ်မှား ပါပြီ။ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကျွန် ၏အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရား အား တောင်းပန် လေ၏”
11大衛 早晨起來,耶和華的話臨到先知 迦得 ,就是 大衛 的先見,說:
11ဒါဝိဒ် သည် နံနက် အချိန်၌ ထ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် သို့ ရောက်လာ ၍၊
12「你去告訴 大衛 ,說耶和華如此說:『我有三樣災,隨你選擇一樣,我好降與你。』」
12ဒါဝိဒ် ထံ သို့သွား လော့။ အရာသုံး ပါးကိုသင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး ရမည်ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလော့ဟု မိန့် တော်မူသည်အတိုင်း၊
13於是 迦得 來見 大衛 ,對他說:「你願意國中有七年的饑荒呢?是在你敵人面前逃跑,被追趕三個月呢?是在你國中有三日的瘟疫呢?現在你要揣摩思想,我好回覆那差我來的。」
13ဂဒ် သည် ဒါဝိဒ် ထံ သို့သွား ၍ ၊ ပြည် တော်၌ သုံးနှစ်ပတ်လုံးအစာအာဟာရ ခေါင်းပါး စေရမည်လော။ သို့မဟုတ် ရန်သူ တို့သည် သုံး လ ပတ်လုံးလိုက် ၍ ကိုယ်တော် ပြေး တော်မူရမည်လော။ သို့မဟုတ် ပြည် တော်၌ သုံး ရက် ပတ်လုံးကာလနာ ရောက် စေရမည်လော။ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန် လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက် လေ၏”
14大衛 對 迦得 說:「我甚為難!我願落在耶和華的手裏,因為他有豐盛的憐憫。我不願落在人的手裏。」
14ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏”
15於是,耶和華降瘟疫與 以色列 人,自早晨到所定的時候;從 但 直到 別是巴 ,民間死了七萬人。
15ထိုနေ့နံနက် မှစ၍ ချိန်းချက် သော အချိန် တိုင်အောင် ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် လူ ခုနစ် သောင်းသေ ကြ၏။
16天使向 耶路撒冷 伸手要滅城的時候,耶和華後悔,就不降這災了,吩咐滅民的天使說:「夠了!住手吧!」那時耶和華的使者在 耶布斯 人 亞勞拿 的禾場那裏。
16ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။
17大衛 看見滅民的天使,就禱告耶和華說:「我犯了罪,行了惡;但這群羊做了甚麼呢?願你的手攻擊我和我的父家。」
17လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။
18當日, 迦得 來見 大衛 ,對他說:「你上去,在 耶布斯 人 亞勞拿 的禾場上為耶和華築一座壇。」
18ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊
19大衛 就照着 迦得 奉耶和華名所說的話上去了。
19ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ် သည် သွား လေ၏။
20亞勞拿 觀看,見王和他臣僕前來,就迎接出去,臉伏於地,向王下拜,
20ထိုသို့ရှင် ဘုရင်သည် အခြံအရံ တော်နှင့်တကွကြွလာ သည်ကို အရောန သည် ကြည့် ၍ မြင် လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်လျက်၊
21說:「我主我王為何來到僕人這裏呢?」 大衛 說:「我要買你這禾場,為耶和華築一座壇,使民間的瘟疫止住。」
21ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ရှိရာသို့ အဘယ်ကြောင့် ကြွလာ တော်မူသနည်း ဟု မေးလျှောက် လျှင် ၊ ဒါဝိဒ် က၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လို၍၊ သင်၏ကောက်နယ် တလင်းကို ဝယ် အံ့သောငှါ လာသည်ဟု အမိန့် ရှိသော်၊
22亞勞拿 對 大衛 說:「我主我王,你喜悅用甚麼,就拿去獻祭。看哪,這裏有牛可以作燔祭,有打糧的器具和套牛的軛可以當柴燒。
22အရောန က၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော် တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များရှိပါ၏။ ထင်း ဘို့ ကောက်နယ် တန်ဆာ၊ နွား နှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက် လျက်၊
23王啊,這一切,我 亞勞拿 都奉給你」;又對王說:「願耶和華-你的上帝悅納你。」
23အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် ကို လက်ခံ တော်မူပါစေသောဟု လျှောက် လေ၏။
24王對 亞勞拿 說:「不然。我必要按着價值向你買;我不肯用白得之物作燔祭獻給耶和華-我的上帝。」 大衛 就用五十舍客勒銀子買了那禾場與牛。
24ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊
25大衛 在那裏為耶和華築了一座壇,獻燔祭和平安祭。如此,耶和華垂聽國民所求的,瘟疫在 以色列 人中就止住了。
25ထို အရပ်၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရား သည်လည်း ၊ ဣသရေလ ပြည် အဘို့ ဆုတောင်း သောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်း စေတော်မူ၏။
Tip: use the ← and → keys to turn chapters.