撒母耳記下 18
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1大衛 數點跟隨他的人,立千夫長、百夫長率領他們。
1ဒါဝိဒ် သည် မိမိ ၌ ပါသောလူ တို့ကိုရေတွက် ၍ တထောင် အုပ်၊ တရာ အုပ်တို့ကို ခန့်ထား ၏။
2大衛 打發軍兵出戰,分為三隊:一隊在 約押 手下,一隊在 洗魯雅 的兒子、 約押 兄弟 亞比篩 手下,一隊在 迦特 人 以太 手下。 大衛 對軍兵說:「我必與你們一同出戰。」
2လူ သုံးစု တစုကို ယွာဘ ၌ ၎င်း ၊ တစုကို ဇေရုယာ သား ယွာဘ ညီ အဘိရှဲ ၌ ၎င်း၊ တစုကိုဂိတ္တိ လူ အိတ္တဲ ၌ ၎င်း အပ် ၍ ၊ ငါ့ ကိုယ်တိုင်ချီသွား မည်ဟု လူ များတို့အား မိန့် တော်မူ ၏။
3軍兵卻說:「你不可出戰。若是我們逃跑,敵人必不介意;我們陣亡一半,敵人也不介意。因為你一人強似我們萬人,你不如在城裏預備幫助我們。」
3လူ များတို့ကလည်း ၊ ကိုယ်တိုင်ကြွ တော်မ မူပါနှင့်။ ကျွန်တော်တို့ပြေး သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကျွန်တော် တို့ တဝက် သေ သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော် တို့ တသောင်း ထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ ထဲက မစ တော်မူလျှင်သာ၍ ကောင်းပါလိမ့်မည်ဟု လျှောက် ကြ၏။
4王向他們說:「你們以為怎樣好,我就怎樣行。」於是王站在城門旁,軍兵或百或千地挨次出去了。
4ရှင်ဘုရင် ကလည်း ၊ ငါသည်သင် တို့အလို သို့ လိုက်မည်ဟု မိန့် တော်မူ၍ တံခါးဝ နား မှာ ရပ် တော်မူလျှင် ၊ လူ အပေါင်း တို့သည် တရာ တပ်၊ တထောင် တပ်အားဖြင့် ချီသွား ကြ၏။
5王囑咐 約押 、 亞比篩 、 以太 說:「你們要為我的緣故寬待那少年人 押沙龍 。」王為 押沙龍 囑咐眾將的話,兵都聽見了。
5ရှင် ဘုရင်ကလည်း ၊ ငါ့ မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံ ကို ဖြည်းညှင်း စွာ ပြုကြလော့ဟု ယွာဘ ၊ အဘိရှဲ ၊ အိတ္တဲ တို့ကို မှာ ထားတော်မူ၏။ ထိုသို့ ရှင် ဘုရင်သည် အဗရှလုံ အတွက် ဗိုလ်မင်း အပေါင်း တို့ကို မှာ ထား တော်မူသောအခါ ၊ လူ အပေါင်း တို့သည် ကြား ကြ၏။
6兵就出到田野迎着 以色列 人,在 以法蓮 樹林裏交戰。
6ထိုသို့ လူ များတို့သည် ဣသရေလ လူတို့ကို စစ်တိုက် အံ့သောငှါ မြို့ပြင်သို့ထွက် ၍ ဧဖရိမ် တော ၌ စစ်ပြိုင် ကြ၏။
7以色列 人敗在 大衛 的僕人面前;那日陣亡的甚多,共有二萬人。
7ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ ရှေ့ မှာ ရှုံး ၍ ထို နေ့ခြင်းတွင် ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့်လူနှစ် သောင်းသေကြ၏။
8因為在那裏四面打仗,死於樹林的比死於刀劍的更多。
8မြေ တပြင်လုံး အနှံ့အပြား တိုက် ကြသဖြင့် ထို နေ့၌ လူချင်းသတ်၍ သေသည်ထက် တော ၌ ဆုံးရှုံး သော သူသာ၍များ ကြ၏။
9押沙龍 偶然遇見 大衛 的僕人。 押沙龍 騎着騾子,從大橡樹密枝底下經過,他的頭 髮 被樹枝繞住,就懸掛起來,所騎的騾子便離他去了。
9ဒါဝိဒ် ၏ ကျွန် တို့သည် အဗရှလုံ ကိုတွေ့ ကြ၏။ သူသည်မြည်း ကို စီး လျက် ပင်မြည်း သည် ကြီး သော သပိတ် ပင်အကိုင်း အခက်အောက် သို့ဝင် ၍၊ အဗရှလုံ ၏ ခေါင်း သည်သပိတ် ပင်၌ ငြိ သဖြင့် ၊ မိုဃ်း နှင့် မြေကြီး စပ်ကြား မှာ တွဲလွဲဆွဲ လျက်နေ၍ ၊ မြည်း သည် အလိုအလျောက်သွား လေ၏။
10有個人看見,就告訴 約押 說:「我看見 押沙龍 掛在橡樹上了。」
10မြင် သော သူ တယောက် သည် ယွာဘ ထံသို့ သွား၍၊ သပိတ် ပင်၌ အဗရှလုံ ဆွဲ နေသည်ကို ကျွန်တော်မြင် ခဲ့သည်ဟု ကြားပြော လျှင်၊
11約押 對報信的人說:「你既看見他,為甚麼不將他打死落在地上呢? 你若打死他 ,我就賞你十 舍客勒 銀子,一條帶子。」
11ယွာဘ က၊ သင်သည် မြင် ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ ကို ထိုး ၍ မြေကြီး ပေါ်သို့ မ ချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေ အကျပ်တဆယ် နှင့် ခါးစည်း ကို ငါပေး ပြီဟု ပြောဆို သော်၊
12那人對 約押 說:「我就是得你一千 舍客勒 銀子,我也不敢伸手害王的兒子;因為我們聽見王囑咐你和 亞比篩 並 以太 說:『你們要謹慎,不可害那少年人 押沙龍 。』
12ထိုသူက ကျွန်တော်သည် ကိုယ် လက် ၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင် ၏သား ကို မ ပြု နိုင်ပါ။ အကြောင်းမူကား ၊ ကျွန်တော် တို့ကြား သည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံ ကို စောင့်မ ကြလော့ဟု ကိုယ်တော် နှင့် အဘိရှဲ ၊ အိတ္တဲ တို့ကို မှာထား တော်မူပြီ။
13我若妄為害了他的性命,就是你自己也必與我為敵(原來,無論何事都瞞不過王。)」
13ကျွန်တော်ပြု မိလျှင် ကိုယ်ကိုလှည့်စား ၍ ကိုယ် အသက် ရှုံးပါပြီ။ ရှင်ဘုရင် မ သိသော အမှု တစုံတခု မျှမ ရှိ။ ကိုယ်တော် သည်လည်း ကျွန်တော်တစ်ဘက် ၌ နေ ပါလိမ့်မည်ဟု ပြောဆို သော်၊
14約押 說:「我不能與你留連。」 約押 手拿三杆短槍,趁 押沙龍 在橡樹上還活着,就刺透他的心。
14ယွာဘ က၊ သင် နှင့်အတူ ငါမ နေ အားဟု ဆို လျက် လှံယဉ် သုံး စင်း ကိုကိုင်ယူ ၍ သပိတ် ပင်အလယ် ၌ အသက် ရှင်လျက်ရှိသောအဗရှလုံ ၏ နှလုံး ကို ထုတ်ချင်းခပ် ထိုးလေ၏။
15給 約押 拿兵器的十個少年人圍繞 押沙龍 ,將他殺死。
15လက်နက် ဆောင် လုလင် တကျိပ် တို့သည်လည်း ဝိုင်း ၍ အဗရှလုံ ကို အသေ သတ်ကြ၏။
16約押 吹角,攔阻眾人,他們就回來,不再追趕 以色列 人。
16ယွာဘ သည်လည်း တံပိုး မှုတ် ၍ လူ တို့ကို ဆီးတား သဖြင့် ဣသရေလ လူတို့ကို လိုက် ရာမှ ပြန်လာ ကြ၏။
17他們將 押沙龍 丟在林中一個大坑裏,上頭堆起一大堆石頭。 以色列 眾人都逃跑,各回各家去了。
17အဗရှလုံ ကိုလည်း ယူ ၍ တော ၌ နက် သော မြေတွင်း ထဲသို့ ချ ပြီးမှ ကျောက် ပုံ ကြီး ကို ပုံထား ကြ၏။ ဣသရေလ လူအပေါင်း တို့သည် အသီးအသီး မိမိ တို့ အိမ် သို့ ပြေး ကြ၏။
18押沙龍 活着的時候,在 王谷 立了一根 石 柱,因他說:「我沒有兒子為我留名。」他就以自己的名稱那 石 柱叫 押沙龍柱 ,直到今日。
18အဗရှလုံ သည် အသက် ရှင်စဉ် အခါ၊ ငါ ၏နာမ သည် မ ပျောက်အမြဲတည်မည်အကြောင်း ၊ သား မ ရှိဟု ဆို လျက် ရှင်ဘုရင် ချိုင့် တွင် ကိုယ် အဘို့ ကျောက်တိုင် ကို စိုက် ၍ မိမိ နာမ ဖြင့်သမုတ် သောကြောင့် ၊ ယနေ့ တိုင်အောင် အဗရှလုံ အောင်တိုင် ဟူ၍တွင် သတည်း၊
19撒督 的兒子 亞希瑪斯 說:「容我跑去,將耶和華向仇敵給王報仇的信息報與王知。」
19ထိုအခါ ဇာဒုတ် ၏သား အဟိမတ် က၊ ထာဝရဘုရား သည် ရှင် ဘုရင်၏ ရန်သူ တို့ကို အပြစ်အလျောက်စီရင် တော်မူကြောင်း ကို ကျွန်တော်ပြေး ၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်း လျှင်၊
20約押 對他說:「你今日不可去報信,改日可以報信;因為今日王的兒子死了,所以你不可去報信。」
20ယွာဘ က၊ ယနေ့ သင် သည် သိတင်းမ ကြား မလျှောက်ရ။ အခြား သောနေ့ ၌ ကြားလျှောက် ရမည်။ ရှင်ဘုရင် ၏ သား တော်သေ သောကြောင့် ယနေ့ သင်သည် သိတင်း မ ကြားမလျှောက်ရဟု ဆို ပြီးမှ၊
21約押 對 古示 人說:「你去將你所看見的告訴王。」 古示 人在 約押 面前下拜,就跑去了。
21ကုရှိ အား သင်မြင် သမျှကိုသွား ၍ ရှင်ဘုရင် အား ကြားလျှောက် လော့ဟုဆို သည်အတိုင်း ၊ ကုရှိ သည် ယွာဘ အား ဦးညွှတ် ၍ ပြေး လေ၏။
22撒督 的兒子 亞希瑪斯 又對 約押 說:「無論怎樣,求你容我隨着 古示 人跑去。」 約押 說:「我兒,你報這信息,既不得賞賜,何必要跑去呢?」
22တဖန် ဇာဒုတ် သား အဟိမတ် က၊ သို့သော်လည်း ကျွန်တော် သည် ကုရှိ နောက် မှာ ပြေး ပါရစေဟု အခွင့်တောင်း ပြန်လျှင် ၊ ယွာဘ က ငါ့ သား ဝမ်းမြောက် စရာ သိတင်းမ ဟုတ်သည်ဖြစ်၍ အဘယ်ကြောင့် ပြေး သွားချင် သနည်းဟု ဆို သော်လည်း၊
23他 又說 :「無論怎樣,我要跑去。」 約押 說:「你跑去吧!」 亞希瑪斯 就從平原往前跑,跑過 古示 人去了。
23ပြေး ပါရစေဟု တဖန် အခွင့်တောင်း သောကြောင့် ပြေး လော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ် သည် လွင်ပြင် လမ်း ၌ပြေး ၍ ကုရှိ ကိုလွန် လေ၏။
24大衛 正坐在城甕裏。守望的人上城門樓的頂上,舉目觀看,見有一個人獨自跑來。
24ဒါဝိဒ် သည် မြို့တံခါး နှစ် ထပ်ကြား မှာထိုင် ၍နေ၏။ ကင်းစောင့် တယောက်သည် မြို့ရိုး တံခါး အပေါ်ပြအိုးမိုး အောက်သို့ တက် ၍ မြော် ကြည့် သဖြင့် လူ တယောက် တည်းပြေး လာသည်ကို မြင် သောအခါ၊
25守望的人就大聲告訴王。王說:「他若獨自來,必是報口信的。」那人跑得漸漸近了。
25ရှင်ဘုရင် အား ဟစ် ၍ လျှောက် လေ၏။ ရှင် ဘုရင်ကလည်း ၊ တယောက် တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။ ထိုသူသည် ပြေးလာ ၍ အနီး သို့ ရောက်သောအခါ၊
26守望的人又見一人跑來,就對守城門的人說:「又有一人獨自跑來。」王說:「這也必是報信的。」
26ကင်းစောင့် သည်လည်း အခြား သောသူ ပြေး လာသည်ကိုမြင် ၍ ၊ အခြားသောသူ တယောက် တည်း ပြေး လာပါသည်ဟု တံခါး သို့ လှည့်၍ ဟစ် လျှင် ၊ ရှင် ဘုရင်က ထိုသူ ၌လည်း သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။
27守望的人說:「我看前頭人的跑法,好像 撒督 的兒子 亞希瑪斯 的跑法一樣。」王說:「他是個好人,必是報好信息。」
27ကင်းစောင့် ကလည်း ၊ ရှေ့ လာသောသူ ၏ပြေး ခြင်းသည် ဇာဒုတ် သား အဟိမတ် ပြေး ခြင်းနှင့် တူသည် ကို ကျွန်တော် ထင် ပါသည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က သူသည် လူ ကောင်း ဖြစ်၏။ ကောင်း သော သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိပြန်၏။
28亞希瑪斯 向王呼叫說:「平安了!」就在王面前臉伏於地叩拜,說:「耶和華-你的上帝是應當稱頌的,因他已將那舉手攻擊我主我王的人交給王了。」
28အဟိမတ် ကလည်း ၊ ချမ်းသာ ရပါ၏ဟုဟစ် လျက် ရှင်ဘုရင် ရှေ့ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ၊ အရှင် မင်းကြီး ကို ပုန်ကန်သောလူ တို့ကို အပ် တော်မူသော ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက် လေ၏။
29王問說:「少年人 押沙龍 平安不平安?」 亞希瑪斯 回答說:「 約押 打發王的僕人,那時僕人聽見眾民大聲喧嘩,卻不知道是甚麼事。」
29ရှင် ဘုရင်ကလည်း ၊ ငါ့သား အဗရှလုံ သည် ဘေး လွတ်၏လောဟု မေး တော်မူလျှင် အဟိမတ် က၊ အရှင်မင်းကြီး ၏ ကျွန် ယွာဘ သည် ကိုယ်တော် ကျွန် ကိုစေလွှတ် သောအခါရုန်းရင်းခတ် ခြင်းအမှုကို ကျွန်တော် မြင် သော်လည်း သေချာစွာမ သိ ရပါဟု လျှောက် သော်၊
30王說:「你退去,站在旁邊。」他就退去,站在旁邊。
30ရှင် ဘုရင်က၊ ဤ အနားမှာ ရွှေ့ ၍နေ လော့ဟု မိန့် တော်မူသည်အတိုင်း သူသည်ရွှေ့ ၍ နေ လေ၏။
31古示 人也來到,說:「有信息報給我主我王!耶和華今日向一切興起攻擊你的人給你報仇了。」
31တဖန် ကုရှိ ရောက် လာ၍ အရှင် မင်းကြီး ၊ သိတင်း ပါပါ၏။ ကိုယ်တော် ကို ပုန်ကန် သော သူအပေါင်း တို့ကို ထာဝရဘုရား သည် ထိုသူ၏ အပြစ်အလျောက်ယနေ့ စီရင် တော်မူပြီဟု လျှောက် လျှင်၊
32王問 古示 人說:「少年人 押沙龍 平安不平安?」 古示 人回答說:「願我主我王的仇敵,和一切興起要殺害你的人,都與那少年人一樣。」
32ရှင် ဘုရင်က၊ ငါ့သား အဗရှလုံ သည် ဘေး လွတ် ၏လော ဟု မေး တော်မူသော်၊ ကုရှိ က အရှင် မင်းကြီး ၏ ရန်သူ များ၊ ကိုယ်တော် ကို ညှဉ်းဆဲ ခြင်းငှါ ပုန်ကန် သောသူများအပေါင်း တို့သည် ထိုလုလင် ကဲ့သို့ ဖြစ် ကြ ပါစေသောဟု ပြန်လျှောက် လေ၏။
33王就心裏傷慟,上城門樓去哀哭,一面走一面說:「我兒 押沙龍 啊!我兒,我兒 押沙龍 啊!我恨不得替你死, 押沙龍 啊,我兒!我兒!」
33ရှင် ဘုရင်သည် အလွန်ကြင်နာ သောစိတ် ရှိသဖြင့် မြို့တံခါး အပေါ် ၌ရှိသောတဲသို့ တက် ၍ တက်စဉ်တွင်၊ အိုငါ့ သား အဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား အဗရှလုံ ၊ သင့် ကိုယ်စား ငါ မသေ ပါလေတကား။ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ငိုကြွေး လေ၏။
Tip: use the ← and → keys to turn chapters.