撒母耳記上 11
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1亞捫 人 的王 拿轄 上來,對着 基列‧雅比 安營。 雅比 眾人對 拿轄 說:「你與我們立約,我們就服事你。」
1ထိုနောက်မှ အမ္မုန် အမျိုးသားနာဟတ် သည်လာ ၍ ဂိလဒ်ပြည်ယာဗက်မြို့အနား မှာ တပ်ချ လျှင် ၊ မြို့သား အပေါင်း တို့က အကျွန်ုပ် တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု နာဟတ် မင်းအား လျှောက်သော်လည်း၊
2亞捫 人 拿轄 說:「你們若由我剜出你們各人的右眼,以此凌辱 以色列 眾人,我就與你們立約。」
2အမ္မုန် အမျိုးသားနာဟတ် က၊ သင် တို့၌ လက်ျာ မျက်စိ ရှိသမျှ ကို ဖောက် ၍ ဣသရေလ အမျိုးတမျိုးလုံး ၌ ငါကဲ့ရဲ့ ရသောအခွင့်ကိုပေး မှသာ မိဿဟာယ ဖွဲ့မည်ဟု ပြန်ပြော သော်၊
3雅比 的長老對他說:「求你寬容我們七日,等我們打發人往 以色列 的全境去;若沒有人救我們,我們就出來歸順你。」
3ယာဗက် မြို့သားအသက်ကြီး သူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလ ပြည် တရှောက်လုံး သို့ တမန် တို့ကို စေလွှတ် ခြင်းငှါခုနှစ် ရက် မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင် သောသူ မ ပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက် ပါမည်ဟု ဆို ကြ၏။
4使者到了 掃羅 住的 基比亞 ,將這話說給百姓聽,百姓就都放聲而哭。
4တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ ၍ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
5掃羅 正從田間趕牛回來,問說:「百姓為甚麼哭呢?」眾人將 雅比 人的話告訴他。
5ရှောလု သည် နွားစု နောက် သို့ လိုက်လျက် လယ် လုပ်ရာမှ ရောက် လာသောအခါ ၊ လူ တို့သည် အဘယ်ကြောင့် ငိုကြွေး ကြသနည်းဟုမေး လျှင် ၊ ယာဗက် မြို့သား တို့၏ သိတင်း ကို ပြော ကြ၏။
6掃羅 聽見這話,就被上帝的靈大大感動,甚是發怒。
6ထို သိတင်း ကို ရှောလု ကြား သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော် သက်ရောက် ၍ သူသည် ပြင်းစွာ အမျက် ထွက် လျက်၊
7他將一對牛切成塊子,託付使者傳送 以色列 的全境,說:「凡不出來跟隨 掃羅 和 撒母耳 的,也必這樣切開他的牛。」於是耶和華使百姓懼怕,他們就都出來,如同一人。
7နွား တရှဉ်း ကို ယူ ၍ ခုတ်ဖြတ် ပြီးမှ ၊ သံတမန် တို့လက် တွင် ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက် ၍၊ ရှောလု နှင့် ရှမွေလ နောက် သို့ ထွက် ၍မ လိုက်သော သူ ၏ နွား တို့ကို ဤ ကဲ့သို့ပြု မည်ဟု ကြော်ငြာစေသဖြင့်၊ လူ တို့သည် ထာဝရဘုရား ကို ကြောက် ၍ တညီတညွတ် တည်းထွက် လာကြ၏။
8掃羅 在 比色 數點他們: 以色列 人有三十萬, 猶大 人有三萬。
8ဗေဇက် မြို့၌ တပ်စာရင်း ယူသောအခါ ၊ ဣသရေလ အမျိုးသား သုံး သိန်း၊ ယုဒ အမျိုးသား သုံး သောင်း ရှိ ကြ၏။
9眾人對那使者說:「你們要回覆 基列‧雅比 人說,明日太陽近午的時候,你們必得解救。」使者回去告訴 雅比 人,他們就歡喜了。
9ဂိလဒ်ပြည်ယာဗက်မြို့မှ လာ သောတမန် တို့အား၊ နက်ဖြန် နေ့ နေ ပူ ချိန် ရောက် သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သား တို့အား ကြားပြော ကြလော့ဟု မှာလိုက်သည်အတိုင်း၊ တမန် တို့သည် သွား ၍ သိတင်းကြား ပြောသဖြင့် ယာဗက် မြို့သား တို့သည် ဝမ်းမြောက် ကြ၏။
10於是 雅比 人對 亞捫 人說:「明日我們出來歸順你們,你們可以隨意待我們。」
10အကျွန်ုပ်တို့သည် နက်ဖြန် နေ့၌ ကိုယ်တော် ထံသို့ ထွက် ပါမည်။ ကိုယ်တော်အလို ရှိသမျှ အတိုင်း ပြု တော်မူပါဟု နာဟတ်မင်းအား လျှောက် ကြ၏။
11第二日, 掃羅 將百姓分為三隊,在晨更的時候入了 亞捫 人的營,擊殺他們直到太陽近午,剩下的人都逃散,沒有二人同在一處的。
11နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ ၊ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် ၍ နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။
12百姓對 撒母耳 說:「那說『 掃羅 豈能管理我們』的是誰呢?可以將他交出來,我們好殺死他。」
12ဣသရေလလူ တို့ကလည်း ၊ ရှောလု သည် ငါ တို့ကို အုပ်စိုး ရမည်လောဟု ဆို မိသောသူကား အဘယ်သူ နည်း။ ထိုသို့ဆိုမိသောသူ တို့ကိုခေါ်၍ သတ် ကြကုန်အံ့ဟု ရှမွေလ အား ဆိုကြသော်၊
13掃羅 說:「今日耶和華在 以色列 中施行拯救,所以不可殺人。」
13ရှောလု က၊ လူ တယောက်ကိုမျှ ယနေ့ မ သတ် ရ၊ ထာဝရဘုရား သည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင် တော်မူပြီဟု ဆို ၏။
14撒母耳 對百姓說:「我們要往 吉甲 去,在那裏立國。」
14ရှမွေလ ကလည်း ၊ ဂိလဂါလ မြို့သို့သွား ၍ နိုင်ငံ တော်ကို ပြုပြင် ကြကုန်အံ့ဟု လူ များတို့အား ပြော ဆိုသည်အတိုင်း၊
15眾百姓就到了 吉甲 那裏,在耶和華面前立 掃羅 為王,又在耶和華面前獻平安祭。 掃羅 和 以色列 眾人大大歡喜。
15လူ အပေါင်း တို့သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထို မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ ရှောလု ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌ လည်း၊ ထာဝရဘုရား ရှေ့ တော်မှာ မိဿဟာယ ယဇ်ကို ပူဇော် သဖြင့် ၊ ရှောလု နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် အလွန် ပျော်မွေ့ ခြင်းကို ပြုကြ၏။
Tip: use the ← and → keys to turn chapters.