撒母耳记上
Chapter 9
Chinese Union Version, p…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1有一个 便雅悯 人,名叫 基士 ,是 便雅悯 人 亚斐亚 的玄孙, 比歌拉 的曾孙, 洗罗 的孙子, 亚别 的儿子,是个大能的勇士。
1ဗင်္ယာမိန် အမျိုးသားအာဖိ ၊ ဗေခေါရတ် ၊ ဇေရော် ၊ အဗျေလ မှ ဆင်းသက်၍ ကိရှ အမည် ရှိသောဗင်္ယာမိန် အမျိုးသား တယောက်ရှိ ၏။ သူသည်အလွန် ခွန်အား ကြီးသောသူဖြစ်၏။
2他有一个儿子,名叫 扫罗 ,又健壮、又俊美,在 以色列 人中没有一个能比他的;身体比众民高过一头。
2ထိုသူ ၌ ရှောလု အမည် ရှိသောသား တယောက်ရှိ ၏။ ထိုသားသည် အဆင်း လှ၍ ထူးဆန်းသောသူဖြစ် ၏။ ဣသရေလ အမျိုးသား တို့တွင် ထိုသူ ထက် သာ၍အဆင်းလှသော သူတယောက်မျှမ ရှိ။ သူသည် အခြား သောသူထက် ပခုံး အထက် မှာ အရပ်သာ၍မြင့် ၏။
3扫罗 的父亲 基士 丢了几头驴,他就吩咐儿子 扫罗 说:「你带一个仆人去寻找驴。」
3ရှောလု အဘ ကိရှ ၏ မြည်း တို့သည် ပျောက် သောကြောင့် ၊ ကိရှ က၊ သင် သည် ငယ်သား တယောက် ကို ခေါ် ၍ မြည်း တို့ကို ရှာ အံ့သောငှါထ သွား လော့ဟု မိမိ သား ရှောလု အား ဆို သည်အတိုင်း၊
4扫罗 就走过 以法莲 山地,又过 沙利沙 地,都没有找着;又过 沙琳 地,驴也不在那里;又过 便雅悯 地,还没有找着。
4သူတို့သည် ဧဖရိမ် တောင် အရပ်နှင့် ရှလိရှ အရပ် တရှောက်လုံး၌ ရှာ ၍ မ တွေ့လျှင် ၊ တဖန် ရှာလိမ် အရပ် မှသည် ဗင်္ယာမိန် အရပ် များ တရှောက်လုံး၌ မ တွေ့။
5到了 苏弗 地, 扫罗 对跟随他的仆人说:「我们不如回去,恐怕我父亲不为驴挂心,反为我们担忧。」
5ဇုဖ အရပ် သို့ ရောက် သောအခါ ရှောလု က၊ ပြန် ကြစို့။ သို့မဟုတ် အဘ သည် မြည်း တို့ကြောင့် မ စိုးရိမ်၊ ငါ တို့ကြောင့် စိုးရိမ် လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊
6仆人说:「这城里有一位神人,是众人所尊重的,凡他所说的全都应验。我们不如往他那里去,或者他能将我们当走的路指示我们。」
6ငယ်သားက၊ ဤ မြို့ ၌ အသရေ ထင်ရှားသော ဘုရား သခင်၏ လူ တယောက်ရှိ၏။ သူပြော သမျှ သော စကားသည် ဧကန်အမှန်ပြည့်စုံ တတ်၏။ သူ့ထံသို့သွား ကြစို့။ ငါ တို့ သွား ရသော လမ်း ကို သူပြ ကောင်း ပြလိမ့်မည်ဟု ဆို ၏။
7扫罗 对仆人说:「我们若去,有什么可以送那人呢?我们囊中的食物都吃尽了,也没有礼物可以送那神人,我们还有什么没有?」
7ရှောလု ကလည်း ၊ သွား လျှင် အဘယ် အရာကို လှူ ရမည်နည်း။ ငါ တို့၌ပါသောမုန့် ကုန် ပြီ။ ဘုရား သခင် ၏ လူ ကို လှူ စရာ အလှူ တစုံတခုမျှ မရှိ။ ငါ တို့၌ တစုံတခုရှိသေးသလောဟုငယ်သား အား မေး သော်၊
8仆人回答 扫罗 说:「我手里有银子一舍客勒的四分之一,可以送那神人,请他指示我们当走的路。」(
8ငယ်သား က၊ ကျွန်တော် လက် ၌ ငွေ တမတ် ရှိ ပါ၏။ ငါ တို့ကို လမ်း ပြ သည်အတွက် ဘုရား သခင်၏ လူ အား ပေး ပါမည်ဟု ရှောလု အား ပြန်ပြော ၏။
9从前 以色列 中,若有人去问 神,就说:「我们问先见去吧!」现在称为「先知」的,从前称为「先见」。)
9ရှေး ကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်ကို မေးမြန်း ခြင်းငှါ သွား မည်ဟု အကြံရှိလျှင်၊ မြင် သောသူထံသို့ သွား ကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက် ဟူ၍ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင် သောသူဟူ၍ ခေါ်ဝေါ် ကြသတည်း။
10扫罗 对仆人说:「你说的是,我们可以去。」于是他们往神人所住的城里去了。
10ရှောလု ကလည်း၊ ကောင်း ပြီသွား ကြစို့ဟု ငယ်သား အား ဆို လျက် ၊ ဘုရား သခင်၏ လူ ရှိရာမြို့ သို့ သွား ကြ၏။
11他们上坡要进城,就遇见几个少年女子出来打水,问她们说:「先见在这里没有?」
11မြို့ ပြင်ကုန်း ပေါ် သို့ ရောက် သောအခါ ၊ ရေ ခပ် လာ သောမိန်းမပျို တို့ကို တွေ့ ၍ ၊ ဤ အရပ်၌ မြင် သောသူ ရှိ သလောဟု မေး သော်၊
12女子回答说:「在这里,他在你们前面。快去吧!他今日正到城里,因为今日百姓要在邱坛献祭。
12ရှိ ပါ၏။ သင် တို့ရှေ့ မှာ ရှိပါ၏။ အလျင်အမြန် သွားတော့။ မြင်သောသူသည် ဤမြို့ သို့ ယနေ့ လာ ပြီ။ လူ များ တို့သည် မြင့် သောအရပ်၌ ယနေ့ ယဇ် ပွဲကို ဆောင်ကြ၏။
13在他还没有上邱坛吃祭物之先,你们一进城必遇见他;因他未到,百姓不能吃,必等他先祝祭,然后请的客才吃。现在你们上去,这时候必遇见他。」
13ဆရာသည် မြင့် သောအရပ်၌ ယဇ်သားကို စား အံ့သောငှါ မ တက် မှီ သင် တို့သည် မြို့ ထဲသို့ဝင် လျှင် ချက်ခြင်းတွေ့ လိမ့်မည်။ သူ မ ရောက် မှီ လူ များတို့သည် မ စား တတ်ကြ။ သူသည် ယဇ် ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ် သောသူတို့ သည် စား တတ်ကြ၏။ ယခု မှာ သွား လျှင် တွေ့ ကြ လိမ့်မည်ဟု ပြန်ပြော သည်နှင့်အညီ၊
14二人就上去;将进城的时候, 撒母耳 正迎着他们来,要上邱坛去。
14သူ တို့သည် မြို့ ထဲ သို့ ဝင် ၍ ရှမွေလ သည် မြင့် သောအရပ်သို့ တက် သွားလျက် သူ တို့ကို ဆီး၍ ကြို လေ၏။
15扫罗 未到的前一日,耶和华已经指示 撒母耳 说:
15ရှောလု မ ရောက် မှီ မနေ့၌ ထာဝရဘုရား က၊ နက်ဖြန် နေ့၊
16「明日这时候,我必使一个人从 便雅悯 地到你这里来,你要膏他作我民 以色列 的君。他必救我民脱离 非利士 人的手;因我民的哀声上达于我,我就眷顾他们。」
16ဤအချိန်၌ ဗင်္ယာမိန် ပြည် မှ လူ တယောက်ကို သင် ရှိရာသို့ ငါစေလွှတ် မည်။ သင်သည် ထိုသူကို ငါ ၏လူ ဣသရေလ အမျိုး၏ မင်း အရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက် ကိုပေး ရမည်။ သူသည် ငါ ၏ လူ တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှု သည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
17撒母耳 看见 扫罗 的时候,耶和华对他说:「看哪,这人就是我对你所说的,他必治理我的民。」
17ရှမွေလ သည် ရှောလု ကို မြင် သောအခါ ၊ ထာဝရဘုရား က၊ ငါပြော သော သူ ကို ကြည့် လော့၊ ဤ သူသည် ငါ ၏ လူ တို့ကို အုပ်ချုပ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
18扫罗 在城门里走到 撒母耳 跟前,说:「请告诉我,先见的寓所在哪里?」
18ထိုအခါ ရှောလု သည် ရှမွေလ ရှိရာ တံခါးဝ သို့ ချဉ်းကပ် လျှင်၊ မြင် သောသူ၏အိမ် ကို ပြပါလော့ဟု တောင်းပန် သော်၊
19撒母耳 回答说:「我就是先见。你在我前面上邱坛去,因为你们今日必与我同席;明日早晨我送你去,将你心里的事都告诉你。
19ရှမွေလ က၊ ငါ သည် မြင် သောသူဖြစ် ၏။ ငါ့ ရှေ့ မှာ မြင့် သောအရပ်သို့ တက် သွားလော့။ ယနေ့ ငါ နှင့်အတူ စား ရမည်။ နက်ဖြန် နေ့ ငါလွှတ် လိုက်မည်။ သင့် စိတ် နှလုံးထဲမှာ ရှိသမျှ ကိုလည်း ငါဘော်ပြ မည်။
20至于你前三日所丢的那几头驴,你心里不必挂念,已经找着了。 以色列 众人所仰慕的是谁呢?不是仰慕你和你父的全家吗?」
20တမြန် နေ့က ပျောက် သောသင် ၏ မြည်း တို့ကို မ အောက်မေ့နှင့် တွေ့ လျက်ရှိပြီ။ ဣသရေလ အမျိုး သည် အဘယ်သူ ကို အလို ရှိသနည်း။ သင် နှင့် သင် ၏ အဆွေအမျိုး အပေါင်း ကို အလိုရှိသည် မ ဟုတ် လောဟု ရှောလု အား ပြော ဆို၏။
21扫罗 说:「我不是 以色列 支派中至小的 便雅悯 人吗?我家不是 便雅悯 支派中至小的家吗?你为何对我说这样的话呢?」
21ရှောလု ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုး တို့တွင် အငယ်ဆုံး သောအမျိုး၊ ဗင်္ယာမိန် အမျိုးသား ဖြစ်ပါသည် မ ဟုတ်လော။ အကျွန်ုပ် အဆွေအမျိုး သည် ဗင်္ယာမိန် အဆွေအမျိုး အပေါင်း တို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ် အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက် လေ၏။
22撒母耳 领 扫罗 和他仆人进了客堂,使他们在请来的客中坐首位;客约有三十个人。
22ထိုအခါ ရှမွေလ သည် ရှောလု နှင့် သူ ၏ငယ်သား ကိုခေါ် ၍ အိမ်ခန်း ထဲသို့ သွင်း ပြီးလျှင် ၊ ခေါ်ဘိတ် သောသူ သုံး ဆယ်တို့တွင် အမြတ်ဆုံး သော အရပ် ၌ ထိုင်စေ၏။
23撒母耳 对厨役说:「我交给你收存的那一分 祭肉 现在可以拿来。」
23ပွဲသူကြီး ကို လည်းခေါ်ပြီးလျှင်၊ သင် ၌ ငါအပ် ပေး၍ အခြားစီထား စေခြင်းငှါ ၊ ငါမှာ ခဲ့သော အဘို့ ကို ယူ ခဲ့တော့ဟု ဆို သည်အတိုင်း၊
24厨役就把收存的腿拿来,摆在 扫罗 面前, 撒母耳 说:「这是所留下的,放在你面前。吃吧!因我请百姓的时候,特意为你存留这肉到此时。」 当日, 扫罗 就与 撒母耳 同席。
24ပွဲသူကြီး သည် ပခုံး နှင့် ပခုံးပေါ် မှာ ခင်းသောအရာကိုယူ ၍ ရှောလု ရှေ့ မှာထား လေ၏။ ရှမွေလက လည်း၊ ချန် ထားသောအရာကို ယူ၍ စား တော့။ ခေါ်ဘိတ် သောသူတို့ အား ပြောနှင့်သည်အတိုင်း သင့် အဘို့ ယခုတိုင်အောင်သိုထား လျက်ရှိပြီဟု ဆို ၍ ထို နေ့၌ ရှောလု သည် ရှမွေလ နှင့်အတူ စား သောက် လေ၏။
25众人从邱坛下来进城, 撒母耳 和 扫罗 在房顶上说话。
25ထိုသူတို့သည် မြင့် သောအရပ်မှ ဆင်း ၍ မြို့ ထဲသို့ဝင်ပြီးလျှင် ၊ ရှမွေလနှင့်ရှောလု တို့သည် အိမ်မိုး ပေါ် မှာ စကားပြော လျက် နေကြ၏။
26次日清早起来,黎明的时候, 扫罗 在房顶上。 撒母耳 呼叫他说:「起来吧,我好送你回去。」 扫罗 就起来,和 撒母耳 一同出去。
26နံနက်စောစောထ ၍ မိုဃ်းလင်း သောအခါ ၊ ရှမွေလ က၊ ထ လော့။ သင့် ကို ငါလွှတ် လိုက်မည်ဟု ရှောလု ကို အိမ်မိုး ပေါ် မှာ ခေါ် ပြီးလျှင် ၊ ရှောလု သည် ထ ၍ ထိုသူ နှစ် ယောက်တို့သည် ထွက်သွား ကြ၏။
27二人下到城角, 撒母耳 对 扫罗 说:「要吩咐仆人先走(仆人就先走了);你且站在这里,等我将 神的话传与你听。」
27မြို့ စွန်း သို့ ရောက်သောအခါ ရှမွေလ က၊ သင်၏ ငယ်သား ကို ရှေ့ သို့သွား စေခြင်းငှါပြော တော့ဟု ရှောလု အား ဆို သဖြင့် ၊ ငယ်သားသည် ရှေ့သို့သွား လေ၏။ ရှမွေလကလည်း ရပ် နေတော့။ ဘုရား သခင် ၏ အမိန့် တော်ကို ငါပြန် မည်ဟုဆိုလျက်၊

Tip: use the ← and → keys to turn chapters.