Izajáš
Chapter 32
Kralice Bible (1613)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Izajáš 32

Kralice Bible (1613)
Judson Burmese Bible (1840)
1Aj, v spravedlnosti kralovati bude král, a knížata v soudu panovati budou.
1ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။
2Nebo bude muž ten jako skrýše před větrem, a schrana před přívalem, jako potokové vod na místě suchém, jako stín skály veliké v zemi vyprahlé.
2ထိုမင်းတို့သည် လေ လုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ် ရာအရပ်ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ၌ စီးသော ချောင်း ရေ ကဲ့သို့ ၎င်း၊ နေပူ သော အရပ် ၌ ကျောက် လုံးကြီး အရိပ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
3A oči vidoucích nebudou blíkati, a uši slyšících pozorovati budou.
3မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။
4Pročež srdce bláznů nabude umění, a jazyk zajikavých prostranně a světle mluviti bude.
4သတိ မရှိသောသူ၏ စိတ်နှလုံး သည် ဆင်ခြင် ၍ ပညာ ရှိလိမ့်မည်။ စကား အသောသူ၏လျှာ သည်လည်း စကား ပြီ အောင်ပြော တတ်လိမ့်မည်။
5Nebudeť více nazýván nešlechetný šlechetným, a skrbný nebude slouti štědrým.
5ယုတ် သောသူကို နောက် တဖန်အမြတ် ဟူ၍၎င်း၊ စေးနှဲ သောသူကို လည်း နောက်တဖန် စွန့်ကြဲတတ် သော သူဟူ၍၎င်း မ ခေါ် ရ။
6Proto že nešlechetný o nešlechetnosti mluví, a srdce jeho skládá nepravost, jak by provodil ošemetnost, a mluvil proti Hospodinu scestné věci, jak by znuzil duši lačného, a nápoj žíznivému odjal.
6အကြောင်း မူကား၊ ယုတ် သောသူသည် လျို့ဝှက်လျက်၊ ထာဝရဘုရား ကို နှုတ် ဖြင့်ပြစ်မှား လျက် ၊ မွတ်သိပ် သောသူကို သာ၍ဆင်းရဲ စေခြင်းငှါ ၎င်း၊ ရေငတ် သောသူကို ရေ မ သောက်စေခြင်းငှါ၎င်း၊ ယုတ် သောစကားကို ပြော ၍ မကောင်း သောအကြံ ကိုကြံ လေဦးမည်။
7Také i usilování skrbného jsou škodlivá; nebo nešlechetnosti obmýšlí, jak by k záhubě přivedl ponížené slovy lživými, a mluvil proti nuznému před soudem.
7စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။
8Ješto šlechetný obmýšlí šlechetné věci, a takovýť při tom, což šlechetného jest, státi bude.
8စေတနာ ရှိသောသူမူကား ၊ စေတနာ နှင့်ဆိုင် သော အကြံတို့ကိုကြံစည် တတ်၏။ စေတနာ နှင့်ဆိုင်သောအရာများအားဖြင့် တည် ရလိမ့်မည်။
9Ženy lhostejné, vstaňte, slyšte hlas můj; dcery bezpečně sobě počínající, ušima pozorujte řeči mé.
9ငြိမ်သက် စွာနေသောမိန်းမ တို့ထ ကြ။ ငါ ပြော သံ ကို ကြား ကြလော့။ သတိ မရှိသော သတို့သမီး တို့၊ ငါ စကား ကို နားထောင် ကြလော့။
10Za mnohé dny a léta vichrovány budete, ó vy v bezpečnosti bydlící; nebo přestane vinobraní, a klizení úrod nepřijde.
10သတိ မရှိသောမိန်းမတို့၊ သင်တို့သည် တနှစ်လွန် မှပူပန် ကြလိမ့်မည်။ အကြောင်း မူကား၊ စပျစ်သီး ကို သိမ်း ခြင်းအမှုပြတ် လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။
11Třestež se strachem, ó lhostejné, pohnětež se, bezpečně sobě počínající; svlecte se, a obnažte se, a přepašte se po bedrách.
11ငြိမ်သက် စွာ နေသောမိန်းမတို့၊ တုန်လှုပ် ကြလော့။ သတိ မရှိသောသူတို့၊ ပူပန် ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ် ချွတ်ပြီးမှ၊ ခါး ၌ လျှော်တေအဝတ်ကို စည်း ကြလော့။
12Kvílíce nad prsy, nad poli výbornými a nad kmeny úrodnými.
12ရင်ပတ်ကိုခတ်ခြင်း၊ သာယာ သော လယ်ယာ နှင့် အသီးများ သော စပျစ် နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
13Na zemi lidu mého trní a hloží vzejde, anobrž na všech domích veselých a městě plésajícím.
13ငါ့ လူ တို့၏မြေ ကို၎င်း၊ ဝမ်းမြောက် သော အိမ် နှင့် ရွှင်လန်း သော မြို့ ကို၎င်း၊ ဆူး ပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။
14Nebo rozkošný palác opuštěn bude, hluk města přestane, hrad vysoký a věže obráceny budou v jeskyně na věčnost, k radosti divokým oslům, a ku pastvišti stádům.
14ဘုံ ဗိမာန်တို့ကို စွန့်ပစ် ၍ မြို့ ၏ အသံ ဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်း နှင့် ရဲတိုက် တို့သည် အစဉ် မြေတွင်း နှင့် ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ ရာ၊ သိုးစု ကျက်စား ရာ ဖြစ် ကြလိမ့်မည်။
15Dokudž nebude vylit na nás duch s výsosti, a nebude obrácena poušť v pole úrodné, a pole úrodné za les počítáno.
15ဝိညာဉ် တော်သည် ကောင်းကင် မှ ငါ တို့အပေါ် သို့သွန်းလောင်း ၍ ၊ တော သည် အသီးအနှံ များသော လယ်ဖြစ်၍၊ အသီးအနှံ များသော လယ်သည် တောအုပ် ကဲ့သို့ မှတ် ရသောကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ် ကြလိမ့်မည်။
16I bude na poušti soud bydliti, a spravedlnost na poli úrodném přebývati.
16ထိုအခါ တော ၌ ကား၊ တရား သဖြင့် စီရင်ခြင်းတည် ၍ ၊ အသီးအနှံ များသော လယ်၌ ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေ ရလိမ့်မည်။
17A zjeví se skutek spravedlnosti, pokoj, ovoce, pravím, spravedlnosti, pokoj a bezpečnost až na věky.
17ဖြောင့်မတ် ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစု လိမ့်မည်။ ဖြောင့်မတ် ခြင်း အကျိုး မူကား၊ ထာဝရ ငြိမ်သက် ခြင်းနှင့် လုံခြုံ ခြင်းတည်း။
18Nebo bydliti bude lid můj v obydlí pokojném, totiž v příbytcích nejbezpečnějších a v odpočívání nejpokojnějším,
18ငါ ၏လူ တို့သည်လည်း ၊ ငြိမ်သက် သောနေရာ ၊ လုံခြုံ သောမြို့ ရွာ၊ ဘေးလွတ် သော ချမ်းသာ ရာအရပ်တို့ ၌ နေ ရကြလိမ့်မည်။
19Byť pak i krupobití spadlo na les, a velmi sníženo bylo město.
19သို့ရာတွင် ၊ မိုဃ်းသီး ကျသဖြင့် တောအုပ် ကို လှဲ ၍ ၊ မြို့ ကိုလည်း မြေ နှင့် တညီတည်း ဖြိုဖျက် လိမ့်မည်။
20Blaze vám, kteříž sejete na všelikých místech úrodných, vypouštějíc tam vola i osla.
20ရေ ရှိရာအရပ်ရပ် တို့၌ မျိုးစေ့ကိုကြဲ ၍၊ နွား ခြေ နှင့် မြည်း ခြေ တို့ကို လွှတ် တတ်သောသင် တို့သည် မင်္ဂလာ ရှိကြ၏။

Tip: use the ← and → keys to turn chapters.