Izajáš
Chapter 2
Kralice Bible (1613)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Izajáš 2

Kralice Bible (1613)
Judson Burmese Bible (1840)
1Slovo, kteréž viděl Izaiáš syn Amosův o Judovi a Jeruzalému.
1ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို ရည်ဆောင် ၍၊ အာမုတ် ၏သား ဟေရှာယ ခံ ရသော ဗျာဒိတ် တော်အချက် ဟူမူကား၊
2I stane se v posledních dnech, že utvrzena bude hora domu Hospodinova na vrchu hor, a vyvýšena nad pahrbky, i pohrnou se k ní všickni národové.
2နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
3A půjdou lidé mnozí, říkajíce: Poďte, a vstupme na horu Hospodinovu, do domu Boha Jákobova, a bude nás vyučovati cestám svým, i budeme choditi po stezkách jeho. Nebo z Siona vyjde zákon, a slovo Hospodinovo z Jeruzaléma.
3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
4Onť bude souditi mezi národy, a trestati bude lidi mnohé. I zkují meče své v motyky, a oštípy své v srpy. Nepozdvihne národ proti národu meče, a nebudou se více učiti boji.
4ထာဝရဘုရားသည် လူမျိုး တို့တွင် တရား စီရင်၍ ၊ များပြား သောသူ တို့ကို ဆုံးမ တော်မူသဖြင့် သူ တို့ထား လက်နက်များကိုထွန်သွား ဖြစ်စေခြင်းငှာ ၎င်း ၊ လှံ များကို တံစဉ် ဖြစ်စေခြင်းငှါ ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကို တပြည် စစ် မ တိုက်၊ စစ် အတတ်ကိုလည်း နောက် တဖန်မ သင် ရကြ။
5Dome Jákobův, poďtež, a choďme v světle Hospodinově.
5အိုယာကုပ် အမျိုးသား တို့၊ လာ ကြလော့။ ထာဝရဘုရား ၏အလင်း တော်၌ ကျင်လည် ကြကုန်အံ့။
6Ale ty jsi opustil lid svůj, dům Jákobův, proto že jsou naplněni ohavnostmi národů východních, a jsou pověrní jako Filistinští, a smyšlínky cizozemců že sobě libují.
6အကယ် စင်စစ်ကိုယ်တော်သည် ယာကုပ် အမျိုးသား တည်းဟူသောကိုယ်တော် ၏လူ တို့ကို စွန့်ပစ် တော်မူပြီ။ အကြောင်း မူကား၊ သူတို့သည် အရှေ့ ပြည်အတတ် နှင့် ကြွယ်ဝ ၍၊ ဖိလိတ္တိ လူတို့ကဲ့သို့ အနာဂတ္တိ ဆရာ ဖြစ်ကြ၏။ တပါး အမျိုးသားနှင့် အပေါင်း အဘော်ပြုကြ၏။
7K tomu naplněna jest země jejich stříbrem a zlatem, tak že není konce pokladům jejich; naplněna jest země jejich i koňmi, vozům pak jejich počtu není.
7သူ တို့ပြည် သည် ရွှေ ငွေ နှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်း မသိများ၏။ သူ တို့ပြည် သည် မြင်း နှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်း မသိများ၏။
8Naplněna jest také země jejich modlami; klanějí se dílu rukou svých, kteréž učinili prstové jejich.
8သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
9Klaní se obecný člověk, a ponižuje se i přední muž; protož neodpouštěj jim.
9ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သောသူလည်း ရှုတ်ချ ခြင်းကိုခံ ရလိမ့်မည်။ သူ တို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ် တော်မ မူရာ။
10Vejdi do skály, a skrej se v prachu před hrůzou Hospodinovou, před slávou důstojnosti jeho.
10ထာဝရဘုရား သည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့်၊ ကျောက် ထဲသို့ ဝင် လော့။ မြေမှုန့် ၌ ပုန်း ၍နေလော့။
11Tuť oči vysoké člověka sníženy budou, a skloněna bude vysokost lidská, ale Hospodin sám vyvýšen bude v ten den.
11ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
12Nebo den Hospodina zástupů se blíží na každého pyšného a zpínajícího se, i na každého vyvýšeného, i bude ponížen,
12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
13I na všecky cedry Libánské vysoké a vyvýšené, i na všecky duby Bázanské,
13ကြီးမြင့် သော လေဗနုန် အာရဇ် ပင် ရှိသမျှ ကို၎င်း ၊ ဗာရှန် သပိတ် ပင်ရှိသမျှ ကို၎င်း၊
14I na všecky hory vysoké, i na všecky pahrbky vyvýšené,
14မြင့် သောတောင် ရှိသမျှ ကို၎င်း ၊ မိုမောက် သော တောင်ပို့ ရှိသမျှ ကို၎င်း၊
15I na všelikou věži vysokou, i na všelikou zed pevnou,
15မြင့် သော ရဲတိုက် ရှိသမျှ ကို၎င်း ၊ ခိုင်ခံ့ သော မြို့ရိုး ရှိသမျှ ကို၎င်း ၊
16I na všecky lodí mořské, i na všecka malování slibná.
16တာရှု သင်္ဘော အပေါင်း တို့ကို၎င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံ တို့ကို၎င်းဆီးတားလိမ့်မည်။
17A sehnuta bude pýcha člověka, a snížena bude vysokost lidská, ale vyvýšen bude Hospodin sám v ten den,
17ထိုကာလ၌ လူ တို့၏မာန ကို ရှုတ်ချ ၍ ၊ လူ တို့၏ စိတ် မြင့်သော သဘောကိုနှိမ့် ရမည်။ ထာဝရဘုရား တပါး တည်းသာ ချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
18Modly pak docela vymizejí.
18ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်း ကွယ်ပျောက် ကြ လိမ့်မည်။
19Tehdy půjdou do jeskyní skal a do roklí země, před hrůzou Hospodinovou a slávou důstojnosti jeho, když povstane, aby potřel zemi.
19ထာဝရဘုရားသည် မြေကြီး ကိုချောက် လှန့်အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် လူတို့သည် ကျောက် တွင်း ၊ မြေ တွင်း ထဲသို့ ဝင် ကြလိမ့်မည်။
20V ten den zavrže člověk modly své stříbrné a modly své zlaté, kterýchž mu nadělali, aby se klaněl, totiž krtům a netopýřům.
20ထိုကာလ ၌ လူ တို့သည် မိမိ တို့ကိုးကွယ် ဘို့ မိမိတို့ လုပ် ဘူးသော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ် ထားကြလိမ့်မည်။
21I vejde do slují skal a do vysedlin jejich před hrůzou Hospodinovou, a před slávou důstojnosti jeho, když povstane, aby potřel zemi.
21ထာဝရဘုရားသည် မြေကြီး ကို ချောက်လှန့် အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရား ကို ကြောက် ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် ကျောက် တွင်း ၊ ချောက် ကြားထဲသို့ ပြေး ဝင်ကြလိမ့်မည်။
22Přestaňtež doufati v člověku, jehož dýchání v chřípích jeho jest. Nebo zač má jmín býti?
22နှာခေါင်း နှင့်အသက် ရှူတတ်သော လူ သတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူ ကိုအဘယ် သို့ ပမာဏ ပြုစရာရှိသနည်း။

Tip: use the ← and → keys to turn chapters.