Zechariah
Chapter 6
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Zechariah 6

World English Bible
Judson Burmese Bible (1840)
1Again I lifted up my eyes, and saw, and behold, four chariots came out from between two mountains; and the mountains were mountains of bronze.
1တဖန် ငါ မျှော်ကြည့် ၍ ၊ ကြေးဝါ ဖြင့် ပြီးသော တောင် နှစ် လုံးကြား မှ ရထား လေး စီးထွက် လာ၏။
2In the first chariot were red horses. In the second chariot were black horses.
2ပဌမ ရထား ၌ မြင်း နီ ၊ ဒုတိယ ရထား ၌ မြင်း နက် ၊
3In the third chariot were white horses. In the fourth chariot were dappled horses, all of them powerful.
3တတိယ ရထား ၌ မြင်း ဖြူ ၊ စတုတ္ထ ရထား ၌ ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။
4Then I asked the angel who talked with me, “What are these, my lord?”
4အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
5The angel answered me, “These are the four winds of the sky, which go out from standing before the Lord of all the earth.
5ကောင်းကင် တမန်က၊ ထို ရထားတို့သည်၊ မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ရှေ့ တော်၌ ရပ် နေရာမှ ထွက်သွား သော မိုဃ်း ကောင်းကင်လေ လေး ပါးဖြစ်၏။
6The one with the black horses goes out toward the north country; and the white went out after them; and the dappled went out toward the south country.”
6ကသော မြင်း နက် တို့သည် မြောက် ပြည် သို့ သွား ကြ၏။ မြင်းဖြူ တို့သည် မြင်းနက် နောက် သို့ လိုက် ကြ၏။ မြင်းကျား တို့သည် တောင် ပြည် သို့ သွား ကြ၏ဟု ဆို ၏။
7The strong went out, and sought to go that they might walk back and forth through the earth. He said, “Go around and through the earth!” So they walked back and forth through the earth.
7ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။
8Then he called to me, and spoke to me, saying, “Behold, those who go toward the north country have quieted my spirit in the north country.”
8ကောင်းကင်တမန်သည်လည်း ငါ့ ကို ခေါ် ၍ ၊ ကြည့် လော့။ မြောက် ပြည် သို့ သွား သော မြင်းတို့သည် ငါ့ အမျက် ကို မြောက် ပြည် ၌ တည် စေကြပြီဟု ဆို ၏။
9The LORD’s word came to me, saying,
9တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်ကား၊
10“Take of them of the captivity, even of Heldai, of Tobijah, and of Jedaiah; and come the same day, and go into the house of Josiah the son of Zephaniah, where they have come from Babylon.
10အရင်သိမ်းသွား ခြင်းကို ခံ ရ၍ ယခု ဗာဗုလုန် မြို့မှ ပြန် လာသောဟေလဒဲ အမျိုး၊ တောဘိယ အမျိုး၊ ယေဒါယ အမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ ခြင်းတွင် ဇေဖနိ ၏သား ယောရှိ အိမ် သို့ သွား ပြီး သော်၊
11Yes, take silver and gold, and make crowns, and set them on the head of Joshua the son of Jehozadak, the high priest;
11ရွှေ ငွေ တို့ကို ယူ ၍ သရဖူ ကို လုပ် ပြီးလျှင် ယောဇဒက် သား ယဇ်ပုရောဟိတ် မင်း ယောရှု ၏ ခေါင်း ပေါ် မှာ တင် လော့။
12and speak to him, saying, ‘The LORD of Armies says, “Behold, the man whose name is the Branch! He will grow up out of his place; and he will build the LORD’s temple.
12ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
13He will build the LORD’s temple. He will bear the glory, and will sit and rule on his throne. He will be a priest on his throne. The counsel of peace will be between them both.
13ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်း ကြီး၍ မိမိ ရာဇပလ္လင် ပေါ် မှာ ထိုင် လျက် စိုးစံ လိမ့်မည်။ ရာဇပလ္လင် တော် ပေါ် မှာ ယဇ်ပုရောဟိတ် လည်း ဖြစ်၍၊ ထို နှစ် ပါးတို့သည် မိဿဟာယ ပဋိညာဉ် ကို ဖွဲ့ ကြ လိမ့်မည်။
14The crowns shall be to Helem, to Tobijah, to Jedaiah, and to Hen the son of Zephaniah, for a memorial in the LORD’s temple.
14ထိုသရဖူ သည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏သား ဟင် တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော်၌ သက်သေ ဖြစ်ရမည်။
15Those who are far off shall come and build in the LORD’s temple; and you shall know that the LORD of Armies has sent me to you. This will happen, if you will diligently obey the LORD your God’s voice.”’”
15ဝေး သောသူတို့ သည်လည်း လာ ၍ ထာဝရဘုရား ၏ ဗိမာန် တော်၌ တည်ဆောက် ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ သင်တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို စေ့စေ့နားထောင် လျှင် ၊ ဤသို့ဖြစ် ရလိမ့်မည်ဟု မိန့်တော်မူ ၏။

Tip: use the ← and → keys to turn chapters.