Revelation
Chapter 2
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Revelation 2

World English Bible
Judson Burmese Bible (1840)
1“To the angel of the assembly in Ephesus write: “He who holds the seven stars in his right hand, he who walks among the seven golden lamp stands says these things:
1ဧဖက် မြို့၌ ရှိသော အသင်းတော် ၏တမန် ကို ဤသို့ ရေး ၍မှာ လိုက်လော့။ လက်ျာ လက်၌ ကြယ် ခုနစ် လုံးကိုကိုင် ၍၊ ရွှေ မီးခွက် ခုနစ် လုံးအလယ် ၌ သွားလာ သောသူ ၏အမိန့် တော်ကား၊ သင် အကျင့် ကျင့်ခြင်း၊ ပင်ပန်း စွာ လုပ်ဆောင်ခြင်း၊ သည်းခံ ခြင်းကိုငါသိ ၏။
2“I know your works, and your toil and perseverance, and that you can’t tolerate evil men, and have tested those who call themselves apostles, and they are not, and found them false.
2သင်သည်မတရား သောသူတို့ကို လက် မ ခံနိုင် ကြောင်း ကို၎င်း၊ တမန်တော်မ ဟုတ် ဘဲ၊ တမန်တော် ဖြစ် ယောင်ဆောင်သောသူ တို့ကို စစ်ဆေး ၍ လှည့်ဖြား သော သူဖြစ်သည်ဟု သိ ကြောင်းကို၎င်း ၊
3You have perseverance and have endured for my name’s sake, and have not grown weary.
3ခန္တီ နှင့် ပြည့်စုံ ၍။ ငါ ၏နာမ ကြောင့် ဆင်းရဲ ခံ၍ အား မ လျော့ကြောင်းကို၎င်းငါသိ၏။
4But I have this against you, that you left your first love.
4သို့သော်လည်း ၊ သင်သည် ရှေးဦးစွာ သော ချစ် ခြင်းမေတ္တာလျော့ပြီ ဟုသင် ၌ အပြစ်တင်စရာရှိ ၏။
5Remember therefore from where you have fallen, and repent and do the first works; or else I am coming to you swiftly, and will move your lamp stand out of its place, unless you repent.
5ထိုကြောင့် ၊ သင်သည်မရွေ့လျော့ မှီ ၊ အရင် နေရာ အရပ်ကို အောက်မေ့ လော့၊ နောင်တရ လော့။ ရှေးဦးစွာ သော အကျင့် ကို ကျင့် လော့၊ သို့မဟုတ်သင် ရှိရာ သို့ငါသည်အလျင်အမြန်လာ မည်။ နောင်တ မ ရလျှင် ၊ သင် ၏မီးခွက် ကိုနေရာ မှ ရွှေ့ မည်။
6But this you have, that you hate the works of the Nicolaitans, which I also hate.
6သို့သော်လည်း ငါမုန်း သောနိကောလ တပည့်တို့၏ အကျင့် ကို သင်လည်း မုန်း သည်ဟု ပြောစရာရှိ ၏။
7He who has an ear, let him hear what the Spirit says to the assemblies. To him who overcomes I will give to eat from the tree of life, which is in the Paradise of my God.
7ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည်အောင်မြင် ၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသု ဥယျာဉ်၌ ရှိ သော အသက် ပင် ၏ အသီးကိုစား စေခြင်းငှာအခွင့်ပေး မည်။
8“To the angel of the assembly in Smyrna write: “The first and the last, who was dead, and has come to life says these things:
8စမုရန မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ တည်းဟူသော၊ အရင်သေ ၍ အသက် ရှင်လျက်ရှိ သော သူ ၏ အမိန့် တော်ကား၊
9“I know your works, oppression, and your poverty (but you are rich), and the blasphemy of those who say they are Jews, and they are not, but are a synagogue of Satan.
9သင် အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲ ခြင်းကိုငါသိ ၏။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝ ပြည့်စုံခြင်း ရှိ ၏။ ယုဒ လူဖြစ် ယောင်ဆောင်၍ ယုဒလူမှန်မ ဟုတ်၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။
10Don’t be afraid of the things which you are about to suffer. Behold, the devil is about to throw some of you into prison, that you may be tested; and you will have oppression for ten days. Be faithful to death, and I will give you the crown of life.
10သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။
11He who has an ear, let him hear what the Spirit says to the assemblies. He who overcomes won’t be harmed by the second death.
11ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အောင်မြင် သော သူ ကို ဒုတိယ သေ ခြင်းသည် မ ညှဉ်းဆဲ ရ။
12“To the angel of the assembly in Pergamum write: “He who has the sharp two-edged sword says these things:
12ပေရဂံ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ ထက် သောသန်လျက် ရှိ သော သူ ၏ အမိန့် တော်ကား၊
13“I know your works and where you dwell, where Satan’s throne is. You hold firmly to my name, and didn’t deny my faith in the days of Antipas my witness, my faithful one, who was killed among you, where Satan dwells.
13သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။
14But I have a few things against you, because you have there some who hold the teaching of Balaam, who taught Balak to throw a stumbling block before the children of Israel, to eat things sacrificed to idols, and to commit sexual immorality.
14သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စား စေခြင်းငှာ၎င်း ၊ မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထား မည်အကြောင်း၊ ဗာလက် မင်းကိုအကြံ ပေးသောသူ တည်းဟူသောဗာလမ် ၏ အယူ ကို စွဲလမ်း သောသူတို့သည် သင်၏နေရာ ၌ရှိ ကြသည်ဖြစ်၍ ၊ သင် ၌အနည်းငယ်သော အပြစ်တင်စရာရှိ ၏။
15So also you likewise have some who hold to the teaching of the Nicolaitans.
15ထို အယူနှင့်သဘောတူသော နိကောလ တပည့်တို့၏ အယူ ကို စွဲလမ်း သော သူတို့သည် ထိုနည်းတူ သင် ၌ ရှိ ကြ၏။
16Repent therefore, or else I am coming to you quickly and I will make war against them with the sword of my mouth.
16ထိုကြောင့် နောင်တရ လော့။ မ ရလျှင် သင် ရှိရာသို့ငါသည် အလျင်အမြန် လာ မည်။ ထိုသူ တို့ကို ငါ့ ခံတွင်း ၏သန်လျက် နှင့် စစ်တိုက် မည်။
17He who has an ear, let him hear what the Spirit says to the assemblies. To him who overcomes, to him I will give of the hidden manna, and I will give him a white stone, and on the stone a new name written which no one knows but he who receives it.
17ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည် အောင်မြင် ၏။ ဝှက်ထား သောမန္န ကို၎င်း ၊ ကျောက် ဖြူ လက်ဖွဲ့ကို၎င်း၊ ထို ကျောက် ပေါ်၌ အက္ခရာတင် သောနာမ သစ် ကို၎င်း ထိုသူ အား ငါပေး မည်။ ထိုကျောက်ကိုရ သော သူ မှတစ်ပါး အဘယ်သူ မျှ ထိုနာမကို မသိ နိုင်ရာ။
18“To the angel of the assembly in Thyatira write: “The Son of God, who has his eyes like a flame of fire, and his feet are like burnished brass, says these things:
18သွာတိရ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ မီး လျှံ ကဲ့သို့သော မျက်စိ နှင့်၊ ကြေးဝါ စစ်နှင့်တူ သောခြေ နှင့် ၎င်း၊ ပြည့်စုံ သော ဘုရားသခင့် သား တော်၏ အမိန့် တော်ကား၊
19“I know your works, your love, faith, service, patient endurance, and that your last works are more than the first.
19သင် အကျင့် ကျင့်ခြင်း၊ ချစ် ခြင်း၊ အမှုဆောင် ခြင်း၊ ယုံကြည် ခြင်း၊ သည်းခံ ခြင်းကို၎င်း နောက် ကျင့် သောအကျင့် တို့သည် အရင် ကျင့်သောအကျင့်ထက် သာ၍များကြောင်းကို၎င်း ငါသိ ၏။
20But I have this against you, that you tolerate your woman Jezebel, who calls herself a prophetess. She teaches and seduces my servants to commit sexual immorality and to eat things sacrificed to idols.
20သို့သော်လည်း ၊ ငါ ၏အစေခံ ကျွန်တို့သည် မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စား စေခြင်းငှာ၎င်း၊ ပရောဖက်မ ဟူ၍ကိုယ် ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလ သည် သွန်သင် ၍ မှားယွင်း စေရသောအခွင့်ကို သင်သည်ပေး သောကြောင့်၊ သင် ၌ အပြစ်တင်စရာ ရှိ ၏။
21I gave her time to repent, but she refuses to repent of her sexual immorality.
21နောင်တရ သင့်သောကာလ ကို ငါပေး သော်လည်း ၊ သူသည် မိမိ မတရား သောမေထုန်ကို နောင်တရ ချင်သော စိတ်မ ရှိ။
22Behold, I will throw her and those who commit adultery with her into a bed of great oppression, unless they repent of her works.
22ထိုကြောင့်၊ သူ့ ကိုအိပ်ရာ ၌ ငါချထား မည်။ သူ နှင့်အတူ မတရား သော မေထုန်ကိုပြု၍ ၊ ထိုသို့သောအကျင့် ကိုနောင်တ မ ရသောသူတို့ကိုလည်း၊ ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်စေမည်။
23I will kill her children with Death, and all the assemblies will know that I am he who searches the minds and hearts. I will give to each one of you according to your deeds.
23သူ ၏သားသမီး တို့ကိုလည်း အသေ သတ် မည်။ ငါ သည် နှလုံး ကျောက်ကပ် ကို စစ်ဆေး တော်မူသောသူ ဖြစ် ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်း သော အသင်းတော် တို့သည် သိ ရကြလိမ့်မည်။ သင် တို့သည် အသီးအသီး ကျင့်သော အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ငါပေး မည်။
24But to you I say, to the rest who are in Thyatira—as many as don’t have this teaching, who don’t know what some call ‘the deep things of Satan’—to you I say, I am not putting any other burden on you.
24ထို မိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ ၊ စာတန် ၏ နက်နဲ သောအရာဟုခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်း သောသွာတိရ မြို့သားတို့ကို ငါဆို သည်ကား၊ သင်တို့ သည် ရ သမျှကို ငါ လာ သည်တိုင်အောင် စွဲကိုင် ကြလော့။
25Nevertheless, hold that which you have firmly until I come.
25ထိုမှတစ်ပါး အခြား သောဝန် ကို သင် တို့အပေါ် ၌ငါ မ တင်။
26He who overcomes, and he who keeps my works to the end, to him I will give authority over the nations.
26အကြင်သူ သည်အောင်မြင် ၍ အဆုံး တိုင်အောင် ငါ့ အကျင့် ကိုကျင့် ၏။ ငါ့ ခမည်းတော် သည် ငါ့ အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုး တို့ကို အုပ်စိုး စေခြင်းငှာထိုသူ အားငါ သည် အခွင့်ပေးမည်။
27He will rule them with a rod of iron, shattering them like clay pots, as I also have received of my Father;
27ထိုသူသည် သူ တို့ကိုသံ လှံတံ နှင့် အုပ်စိုး ၍ ၊ မြေ အိုး ကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
28and I will give him the morning star.
28မိုဃ်းသောက် ကြယ် ကိုလည်း ထိုသူ အား ငါပေး မည်။
29He who has an ear, let him hear what the Spirit says to the assemblies.
29ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။

Tip: use the ← and → keys to turn chapters.