Jeremiah 14
World English BibleTranslation
World English Bible
Judson Burmese Bible (1840)
1This is the LORD’s word that came to Jeremiah concerning the drought:
1မိုဃ်း ပြတ်သောအမှု ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊
2“Judah mourns, and its gates languish. They sit in black on the ground. The cry of Jerusalem goes up.
2ယုဒ ပြည်သည် ညည်းတွား ၏။ မြို့တံခါး တို့၌ မြည်တမ်း သော အသံရှိ၏။ နက် သောအဝတ်ကို မြေ တိုင်အောင် ဝတ်၍ ၊ ယေရုရှလင် မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက် လေ၏။
3Their nobles send their little ones to the waters. They come to the cisterns, and find no water. They return with their vessels empty. They are disappointed and confounded, and cover their heads.
3မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။
4Because of the ground which is cracked, because no rain has been in the land, the plowmen are disappointed. They cover their heads.
4မိုဃ်း ပြတ် ၍ မြေ အက်ကွဲ သောကြောင့် ၊ လယ် လုပ် သောသူ တို့ သည် ဦးခေါင်း ကိုခြုံ လျက် ရှက်ကြောက် ကြ၏။
5Yes, the doe in the field also calves and forsakes her young, because there is no grass.
5သမင်မ သည် လယ်ပြင် ၌ မွေး သောအခါ မြက် မ ရှိ သောကြောင့် ၊ သားငယ်ကို စွန့်ပစ်၏။
6The wild donkeys stand on the bare heights. They pant for air like jackals. Their eyes fail, because there is no vegetation.
6မြည်း ရိုင်းတို့သည် မြင့် သောအရပ်ပေါ် မှာ ရပ် လျက် မြေခွေး ကဲ့သို့ လေ ကိုရှု ကြ၏။ မြက် မ ရှိသောကြောင့် ၊ သူ တို့ မျက်စိ ပျက် လေ၏။
7Though our iniquities testify against us, work for your name’s sake, LORD; for our rebellions are many. We have sinned against you.
7အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၏ အပြစ် သည် အကျွန်ုပ် တို့တဘက် ၌ သက်သေခံ သော်လည်း ၊ နာမ တော်ကိုထောက် ၍စီရင် တော်မူပါ။ အကျွန်ုပ် တို့သည် ကြိမ်ဖန် များစွာဖောက်ပြန် ပါပြီ။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
8You hope of Israel, its Savior in the time of trouble, why should you be as a foreigner in the land, and as a wayfaring man who turns aside to stay for a night?
8အို ဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်း၊ အမှု ရောက်သောကာလ ကယ်တင် တော်မူသော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ၌ ဧည့်သည် ကဲ့သို့ ၎င်း ၊ တညဉ့်သာ အိပ် ခြင်းငှါဝင်သော ခရီးသွား ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။
9Why should you be like a scared man, as a mighty man who can’t save? Yet you, LORD, are in the middle of us, and we are called by your name. Don’t leave us.
9မိန်းမော တွေဝေသော သူ ကဲ့သို့ ၎င်း ၊ ကယ်တင် ခြင်းငှါ မ တတ် နိုင်သော သူရဲ ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့တွင် ရှိတော်မူ၏။ အကျွန်ုပ် တို့သည် နာမ တော်ဖြင့် သမုတ် သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
10The LORD says to this people: “Even so they have loved to wander. They have not restrained their feet. Therefore the LORD does not accept them. Now he will remember their iniquity, and punish them for their sins.”
10ဤ လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၍ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။
11The LORD said to me, “Don’t pray for this people for their good.
11ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ဤ လူမျိုး အဘို့ မေတ္တာ ပို့၍ ဆု မ တောင်းနှင့်။
12When they fast, I will not hear their cry; and when they offer burnt offering and meal offering, I will not accept them; but I will consume them by the sword, by famine, and by pestilence.”
12သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား မ ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် မ ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊
13Then I said, “Ah, Lord GOD! Behold, the prophets tell them, ‘You will not see the sword, neither will you have famine; but I will give you assured peace in this place.’”
13ငါကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ပရောဖက် တို့က၊ သင်တို့သည် ထား ဘေးကို မ တွေ့ ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင် တို့ရှိရာသို့ မ ရောက် ရ။ ဤ အရပ် ၌ မြဲ သော ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ဤသူ တို့ အား ဟော ပြောကြောင်းကို ငါလျှောက် သောအခါ၊
14Then the LORD said to me, “The prophets prophesy lies in my name. I didn’t send them. I didn’t command them. I didn’t speak to them. They prophesy to you a lying vision, divination, and a thing of nothing, and the deceit of their own heart.
14ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် မ ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။
15Therefore the LORD says concerning the prophets who prophesy in my name, but I didn’t send them, yet they say, ‘Sword and famine will not be in this land.’ Those prophets will be consumed by sword and famine.
15ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ မ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။
16The people to whom they prophesy will be cast out in the streets of Jerusalem because of the famine and the sword. They will have no one to bury them—them, their wives, their sons, or their daughters, for I will pour their wickedness on them.
16သူတို့၏ တရားနာပရိသတ် တို့သည် ကိုယ်တိုင်မှစ ၍၊ မယား သား သမီး တို့နှင့်တကွမွတ်သိပ် ခြင်းဘေး၊ ထား ဘေးကြောင့် ၊ ယေရုရှလင် မြို့လမ်း ထဲသို့ ပစ် ချခြင်းကို ခံရ၍၊ အဘယ်သူမျှမ သင်္ဂြိုဟ် ရ။ သူ တို့၏အပြစ် ကို သူ တို့ အပေါ် သို့ ငါသွန်းလောင်း မည်။
17“You shall say this word to them: “‘Let my eyes run down with tears night and day, and let them not cease; for the virgin daughter of my people is broken with a great breach, with a very grievous wound.
17သင် သည်လည်း သူ တို့အား ပြော ရမည့်စကား ဟူမူကား၊ ငါ သည် နေ့ ညဉ့် မ ပြတ် မျက်ရည် ကျ ရမည်။ ငါ ၏လူမျိုး သတို့သမီး သည် အလွန်ပြင်းစွာ သော ဒဏ်ချက် ကို ခံရ ၍ အရိုးများကျိုး လေပြီ။
18If I go out into the field, then behold, the slain with the sword! If I enter into the city, then behold, those who are sick with famine! For both the prophet and the priest go about in the land, and have no knowledge.’”
18ငါသည်မြို့ ပြင်သို့သွား သောအခါ ၊ သတ် သော အသေ ကောင်များကို တွေ့ ရ၏။ မြို့ ထဲသို့ဝင် သောအခါ ၊ ငတ်မွတ် ၍ နာကျင် စွာခံရသောသူများကိုလည်း တွေ့ ရ ၏။ ပရောဖက် နှင့် ယဇ် ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမ သိ ဘဲ အရပ်ရပ် လှည့်လည် ကြ၏။
19Have you utterly rejected Judah? Has your soul loathed Zion? Why have you struck us, and there is no healing for us? We looked for peace, but no good came; and for a time of healing, and behold, dismay!
19ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ မ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။
20We acknowledge, LORD, our wickedness, and the iniquity of our fathers; for we have sinned against you.
20အို ထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ကိုယ် ဒုစရိုက် များနှင့် ဘိုးဘေး တို့၏ အပြစ် များကို ဝန်ချ ပါ၏။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
21Do not abhor us, for your name’s sake. Do not disgrace the throne of your glory. Remember, and don’t break your covenant with us.
21ကိုယ်တော် ၏နာမ ကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ် ရွံရှာတော်မ မူပါနှင့်။ ဘုန်း တော်ပလ္လင် ၏ အသရေကို ရှုတ်ချ တော်မ မူပါနှင့်။ အောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့နှင့် ဖွဲ့သော ပဋိညာဉ် တော်ကို ဖျက် တော် မ မူပါနှင့်။
22Are there any among the vanities of the nations that can cause rain? Or can the sky give showers? Aren’t you he, the LORD our God? Therefore we will wait for you; for you have made all these things.
22သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတုတို့တွင် ၊ မိုဃ်းရွာ စေနိုင်သော သူရှိ ပါသလော။ မိုဃ်း သည် အလိုလို ရွာ နိုင်ပါသလော။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သာလျှင် တတ်နိုင်တော်မူသည် မ ဟုတ်လော။ သို့ ဖြစ်၍၊ ကိုယ်တော် ကို မြော်လင့် လျက်နေ ပါမည်။ ကိုယ်တော် သည် အလုံးစုံ တို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။
Tip: use the ← and → keys to turn chapters.