Isaiah
Chapter 33
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Isaiah 33

World English Bible
Judson Burmese Bible (1840)
1Woe to you who destroy, but you weren’t destroyed, and who betray, but nobody betrayed you! When you have finished destroying, you will be destroyed; and when you have finished betrayal, you will be betrayed.
1သူတပါး လုယူ ခြင်းကို မ ခံဘဲလျက်၊ လုယူ တတ် သောသူ၊ သူတပါးဖျက်ဆီး ခြင်းကို မ ခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင် သည်အမင်္ဂလာ ရှိ၏။ သင် သည် မလု မယူဘဲ နေသောအခါ လုယူ ခြင်းကိုခံ ရမည်။ ဖျက်ဆီး၍ မော သောအခါ ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။
2LORD, be gracious to us. We have waited for you. Be our strength every morning, our salvation also in the time of trouble.
2အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကို သနား တော်မူ ပါ။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို မြော်လင့် ကြပါ၏။ နံနက် တိုင်း အကျွန်ုပ်တို့၌ ခွန်အား ကိုပေး တော်မူပါ။ အမှု ရောက်သောအခါ ၊ အကျွန်ုပ် တို့ကို ကယ်တင် တော်မူ ပါ။
3At the noise of the thunder, the peoples have fled. When you lift yourself up, the nations are scattered.
3အလုံး အရင်း၏ အသံ ကြောင့် ၊ လူစု တို့သည် ပြေး ကြ၏။ ထ တော်မူသောအခါ ၊ လူမျိုး တို့သည် အရပ်ရပ် ကွဲပြား ကြ၏။
4Your plunder will be gathered as the caterpillar gathers. Men will leap on it as locusts leap.
4သူတပါးတို့သည် သင် တို့၏ ဥစ္စာ ကို ကျိုင်းကောင် သိမ်း ယူသကဲ့သို့ သိမ်း ယူကြလိမ့်မည်။ ကျိုင်းကောင် တို့သည် လူး လာပြေး သကဲ့သို့၊ သင်တို့၏ ဥစ္စာ ပေါ် မှာ လူးလာပြေးကြလိမ့်မည်။
5The LORD is exalted, for he dwells on high. He has filled Zion with justice and righteousness.
5ထာဝရဘုရား သည် ချီးမြှောက် ခြင်းရှိတော်မူ၏။ မြင့် သောအရပ်၌ နေ တော်မူ၏။ ဇိအုန် မြို့ကို တရား သဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းနှင့် ပြည့် စေ တော်မူ၏။
6There will be stability in your times, abundance of salvation, wisdom, and knowledge. The fear of the LORD is your treasure.
6ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
7Behold, their valiant ones cry outside; the ambassadors of peace weep bitterly.
7သူရဲ တို့သည် ပြင် ၌ အော်ဟစ် ကြ၏။ မိဿဟာယ စကားကို ပြောသော တမန် တော်တို့သည် ပြင်း စွာငိုကြွေး ကြ၏။
8The highways are desolate. The traveling man ceases. The covenant is broken. He has despised the cities. He doesn’t respect man.
8လမ်း မတို့သည် ဆိတ်ညံ ကြ၏။ လမ်း ခရီး၌ သွား လာသောသူမရှိ။ ထိုမင်းသည် သစ္စာ ပျက် လေပြီ။ မြို့ များကိုလည်း ပယ် လေပြီ။ အဘယ်သူ၏ မျက်နှာကို မ မှတ် တတ်။
9The land mourns and languishes. Lebanon is confounded and withers away. Sharon is like a desert, and Bashan and Carmel are stripped bare.
9ပြည် တော်သည် ငြိုငြင် ၍ အားလျော့ ၏။ လေဗနုန် တောသည် ရှက် ကြောက်၍ နွမ်းရိ ၏။ ရှာရုန် အရပ် သည် တော ကဲ့သို့ ဖြစ် ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏။
10“Now I will arise,” says the LORD. “Now I will lift myself up. Now I will be exalted.
10ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု ငါထ မည်။ ယခု ချီးမြှောက် ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက် မည်။
11You will conceive chaff. You will give birth to stubble. Your breath is a fire that will devour you.
11သင်တို့သည်ဖွဲ ကို ကိုယ်ဝန် ဆောင်၍၊ အမှိုက် ကို ဘွားမြင် ရလိမ့်မည်။ သင် တို့ စိတ် သဘောသည် မီး ဖြစ်၍၊ သင် တို့ကို ဖျက်ဆီး လိမ့်မည်။
12The peoples will be like the burning of lime, like thorns that are cut down and burned in the fire.
12လူ များတို့သည် ထုံး ကျောက်ကို ဖုတ် သကဲ့သို့၎င်း၊ ဆူး ပင်များကို ခုတ် ၍ မီး ရှို့ သကဲ့သို့၎င်း ဖြစ် ကြလိမ့်မည်။
13Hear, you who are far off, what I have done; and, you who are near, acknowledge my might.”
13ဝေး သောသူတို့၊ ငါပြု သော အမှုကို မှတ် ကြလော့။ နီး သောသူတို့၊ ငါ့ တန်ခိုး ကို ဝန်ခံ ကြလော့။
14The sinners in Zion are afraid. Trembling has seized the godless ones. Who among us can live with the devouring fire? Who among us can live with everlasting burning?
14အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။
15He who walks righteously and speaks blamelessly, he who despises the gain of oppressions, who gestures with his hands, refusing to take a bribe, who stops his ears from hearing of bloodshed, and shuts his eyes from looking at evil—
15တရား သဖြင့်ကျင့် ၍ ဖြောင့်မတ် စွာ ပြော ထ သော၊ ညှဉ်းဆဲ ခြင်းအားဖြင့်ရသောငွေ ကို ရွံ၍၊ တံစိုး ကိုလည်း ငြင်းပယ် ထသော၊ လူအသက်သတ် ခြင်းအမှုကို နား မ ခံ၊ အဓမ္မ အမှုများကို မ ကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေ လိမ့်မည်။
16he will dwell on high. His place of defense will be the fortress of rocks. His bread will be supplied. His waters will be sure.
16ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
17Your eyes will see the king in his beauty. They will see a distant land.
17သင်သည် ရှင် ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ် မျက်စိ နှင့် မြင် ရ၍၊ ဝေး လှသောပြည် ကိုလည်း ကြည့် မြင်ရလိမ့်မည်။
18Your heart will meditate on the terror. Where is he who counted? Where is he who weighed? Where is he who counted the towers?
18သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။
19You will no longer see the fierce people, a people of a deep speech that you can’t comprehend, with a strange language that you can’t understand.
19ကြမ်းတမ်း သောလူမျိုး ၊ နား မ ဝင်နိုင်အောင် နက်နဲ သောစကား ၊ နားမလည်နိုင်အောင် ခက်ခဲ သောစကား ကို ပြောသော လူမျိုး ကို သင်သည်မ တွေ့ မမြင်ရ။
20Look at Zion, the city of our appointed festivals. Your eyes will see Jerusalem, a quiet habitation, a tent that won’t be removed. Its stakes will never be plucked up, nor will any of its cords be broken.
20ငါ တို့ပွဲခံ ရာမြို့ ၊ ဇိအုန် မြို့ကို ကြည့်ရှု လော့။ တိုင် တခုမျှမ ရွှေ့ ၊ ကြိုး တခုမျှ မ ပြတ် ၊ အလျှင်း မ ပျက် ရသောတဲ တည်းဟူသော၊ ငြိမ်ဝပ် သောနေရာ ယေရုရှလင် မြို့ကို ကိုယ် မျက်စိ နှင့် မြင် ရလိမ့်မည်။
21But there the LORD will be with us in majesty, a place of wide rivers and streams, in which no galley with oars will go, neither will any gallant ship pass by there.
21ထို မြို့တွင် ဘုန်းကြီး သော ထာဝရဘုရား သည် ငါ တို့၌ ကျယ် သောမြစ် များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ် ၌ တက် သောရဲ လှေ ၊ အားကြီး သော သင်္ဘော တစင်းမျှ မ ရှောက် မသွားရ။
22For the LORD is our judge. The LORD is our lawgiver. The LORD is our king. He will save us.
22အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ တို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ပညတ် တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ရှင် ဘုရင်ဖြစ်၍၊ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။
23Your rigging is untied. They couldn’t strengthen the foot of their mast. They couldn’t spread the sail. Then the prey of a great plunder was divided. The lame took the prey.
23သင် ၏ သင်္ဘောရွက်ကြိုး များ ပြုတ် လျက်ရှိ၏။ ရွက်တိုင် ကို ခိုင်ခံ့ စွာမ ချည် ၊ ရွက် ကိုလည်း မ ဖြန့် နိုင်။ သို့ ဖြစ်၍၊ များစွာ သောဥစ္စာ ကို လုယူ ဝေငှ ရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာ ကို လုယူ ရ၏။
24The inhabitant won’t say, “I am sick.” The people who dwell therein will be forgiven their iniquity.
24မြို့သားကလည်း၊ ငါနာ သည်ဟုမ ဆို ရ။ ထိုမြို့ ၌ နေ သောသူ တို့သည် အပြစ် ပြေရှင်း ခြင်းသို့ ရောက်ရကြ လိမ့်မည်။

Tip: use the ← and → keys to turn chapters.