Hosea
Chapter 3
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Hosea 3

World English Bible
Judson Burmese Bible (1840)
1The LORD said to me, “Go again, love a woman loved by another, and an adulteress, even as the LORD loves the children of Israel, though they turn to other gods, and love cakes of raisins.”
1တဖန် ထာဝရဘုရား က၊ ဣသရေလ အမျိုးသား တို့သည် အခြား တပါးသော ဘုရား တို့ကို ဖူးမြော် ၍ ၊ စပျစ်သီး ပျဉ် ကို အလိုရှိ သော်လည်း ထာဝရဘုရား ချစ် တော်မူသည် နည်းတူ ၊ မိမိခင်ပွန်း ၏ ချစ် ခြင်းကိုခံ လျက် မျောက်မထား သော မိန်းမကို သွား ၍ ချစ် ဦးလော့ဟု ငါ့ အား မှာ ထားတော်မူသည်အတိုင်း ၊
2So I bought her for myself for fifteen pieces of silver and a homer and a half of barley.
2ထိုမိန်းမကို ငွေ တဆယ် ငါး ကျပ်၊ မုယော ဆန် တဟောမဲ ခွဲနှင့် ငါ ရွေး ပြီးမှ ၊
3I said to her, “You shall stay with me many days. You shall not play the prostitute, and you shall not be with any other man. I will also be so toward you.”
3သင်သည်ငါ့ အဘို့ နေ့ရက် များစွာ စောင့်၍ နေ ရမည်။ ပြည်တန်ဆာ မ လုပ်ရ။ အခြားသော ယောက်ျား နှင့် မ ပေါင်းဘော် ရ။ သို့ပြုလျှင် ၊ သင့် အဘို့ ငါ စောင့်၍ နေမည်ဟု ပြော ထား၏။
4For the children of Israel shall live many days without king, without prince, without sacrifice, without sacred stone, and without ephod or idols.
4အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် မ ရှိ၊ မင်းသား မ ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု မ ရှိ၊ သင်တိုင်း မ ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။
5Afterward the children of Israel shall return and seek the LORD their God, and David their king, and shall come with trembling to the LORD and to his blessings in the last days.
5ထိုနောက်မှ ဣသရေလ အမျိုးသား တို့သည် ပြန် လာ၍ ၊ သူ တို့ဘုရား သခင်ထာဝရဘုရား ကို၎င်း ၊ သူ တို့ရှင်ဘုရင် ဒါဝိဒ် ကို၎င်းရှာ ၍ ၊ နောင် ကာလ ၌ ကျေးဇူး တော်ကိုခံ အံ့သောငှါ ၊ ထာဝရဘုရား ထံ တော်သို့ တုန်လှုပ် လျက် ပြေးကြလိမ့်မည်။

Tip: use the ← and → keys to turn chapters.