Hebrews
Chapter 5
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Hebrews 5

World English Bible
Judson Burmese Bible (1840)
1For every high priest, being taken from among men, is appointed for men in things pertaining to God, that he may offer both gifts and sacrifices for sins.
1လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏
2The high priest can deal gently with those who are ignorant and going astray, because he himself is also surrounded with weakness.
2သူ သည် ကိုယ်တိုင်နွမ်းရိ အားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက် သောသူ၊ မှားယွင်း သောသူတို့ကို သည်းခံ ခြင်းငှာတတ်နိုင် ၏
3Because of this, he must offer sacrifices for sins for the people, as well as for himself.
3ထို အကြောင်း ကြောင့်လည်း ၊ လူ များအပြစ်နှင့် မိမိ အပြစ် ကို ဖြေခြင်းငှာပူဇော် ရ၏
4Nobody takes this honor on himself, but he is called by God, just like Aaron was.
4ဘုရားသခင် သည် အာရုန် ကိုခေါ်တော်မူသကဲ့သို့ ခေါ် တော်မူသောသူမှတစ်ပါး၊ အဘယ်သူ မျှ ထိုအရာ မြတ်ကို မ သိမ်း မယူရ
5So also Christ didn’t glorify himself to be made a high priest, but it was he who said to him, “You are my Son. Today I have become your father.”
5ထိုနည်းတူ ၊ ခရစ်တော် သည် ယဇ်ပုရောဟိတ် မင်းအရာ၌ မိမိ ကို မိမိချီးမြှောက် သည်မ ဟုတ်။ သင် သည် ငါ့ သား ဖြစ် ၏။ ယနေ့ ပင် သင့် ကို ငါ ဖြစ်ဘွား စေပြီဟု မိန့် တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏
6As he says also in another place, “You are a priest forever, after the order of Melchizedek.”
6ထိုသို့နှင့်အညီကျမ်းစာတ ချက်လာ သည်ကား၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း
7He, in the days of his flesh, having offered up prayers and petitions with strong crying and tears to him who was able to save him from death, and having been heard for his godly fear,
7ထိုခရစ်တော် သည် လူ ဇာတိအဖြစ်၌ နေစဉ်ကာလ ၊ သေ ခြင်းမှ ကယ်လွှတ် နိုင် တော်မူသောသူ ကို၊ ကြီးစွာ သော ကြွေးကြော် ခြင်း၊ မျက်ရည် ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ ရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊
8though he was a Son, yet learned obedience by the things which he suffered.
8ဘုရားသခင်၏ သား တော်မှန် သော်လည်း ၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့် နားထောင် ခြင်း အကျိုး အကြောင်းကို သင် တော်မူ၏
9Having been made perfect, he became to all of those who obey him the author of eternal salvation,
9ထိုသို့စုံလင် ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင် သော သူ အပေါင်း တို့အား ထာဝရ ကယ်တင် ခြင်း ကျေးဇူးကို ပြု သောသူဖြစ် တော်မူ၍
10named by God a high priest after the order of Melchizedek.
10မေလခိဇေဒက် ကဲ့သို့သောယဇ်ပုရောဟိတ် မင်းဟု ဘုရားသခင် သမုတ် တော်မူခြင်းကို ခံရ၏
11About him we have many words to say, and hard to interpret, seeing you have become dull of hearing.
11ထိုမေလခိဇေဒက် ၏အကြောင်း ကို ငါ တို့ ပြော စရာစကား အများ ရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ် နုန့်သောကြောင့် အပြော ခက်လှ၏
12For although by this time you should be teachers, you again need to have someone teach you the rudiments of the first principles of the revelations of God. You have come to need milk, and not solid food.
12သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏
13For everyone who lives on milk is not experienced in the word of righteousness, for he is a baby.
13နို့ ကိုသာသုံးဆောင် သောသူ မည်သည်ကား၊ သူငယ် ဖြစ် သောကြောင့် ဖြောင့်မတ် ခြင်းတရား ၌ လေ့လာ ခြင်းမရှိ
14But solid food is for those who are full grown, who by reason of use have their senses exercised to discern good and evil.
14ကောင်းကျိုး မ ကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်း များသော သူတည်းဟူသော၊ စုံလင် သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲ သော အစာ အာဟာရကို သုံးဆောင် ရကြ၏။

Tip: use the ← and → keys to turn chapters.