Mataio 3
Meriam Mir GospelsTranslation
Meriam Mir Gospels
Judson Burmese Bible (1840)
1Abele kerker Ioane, nei atker Bapataiso le, tabarki E marau abele Iudaia sumez ge,
1ထို ကာလ အခါ ဗတ္တိဇံ ဆရာယောဟန် သည် ပေါ်ထွန်း လျှင် ၊ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီ။
2Kega, Ma obazgeda, abelelam kotor baselaia maike.
2ထို့ကြောင့် နောင်တရ ကြလော့ဟု ယုဒ တော ၌ ဟော လေ၏။
3Abelelam E dali Isaia perofeta detager, kega, Abele kodo le ereretikri abele sumez ge, Uaba paret Opole ra gab, a dirup abara gab.
3ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ တော ၌ ဟစ်ကျော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွ တော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။
4Ege Ioane ra am uali kamela mus abara uak paur; abara leuer pem akerise ereger gako abele sumez isao.
4ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သော အဝတ် ကိုဝတ်လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်းလျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ ၏။
5Ui bakeuare abim Ierusalema giz, gako Iudaia le uridili bakedilu Ioridano apek.
5ထိုအခါ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်သူပြည်သား၊ ယော်ဒန် မြစ်နား မှာနေသောသူ အပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍၊
6E uiabi bapataiso Ioridano ge, a uiaba natomertare uiaba uite giz.
6မိမိ တို့အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
7E nardarare gaire Faresaio giz gako Sadukaio giz tabakeuare abim bapataisoem, E ui daratagerare, kega, Areg tabo ra omasker ae, nete uabi detomerta uaba deraret abele niai urker?
7ဖာရိရှဲ နှင့် ဇဒ္ဒုကဲ အများ တို့သည် ဗတ္တိဇံ ကို ခံအံ့သောငှာ လာ ကြသည်ကို ယောဟန် သည်မြင် လျှင် ၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောသေဒဏ် မှ ပြေးသွား စိမ့်သောငှာ၊ အဘယ်သူ သည် သင် တို့ကိုသတိပေး ဘိသနည်း။
8Uaba turum nagri abkoreb uaba obazgeda:
8နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့
9Uaba nole uabi dikiapore uaba nerkeplam, kega, Aberahama keriba aba; abelelam kaka uabi detager Ade umele depegeli baker peike ko Aberahama ra omasker.
9အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။
10Abele deumerupikeub tulik ikedilu maike lu giz ge; gaire lu uridili nole debe turum, E deregeir a dikri ur ge.
10သစ်ပင် အမြစ် နားမှာ ပုဆိန် ထား လျက်ရှိသည်ဖြစ်၍ ၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရ၏။
11Kaka uabi bapataiso abele ni iaueakai uaba obazger; epe nerute le kari keubu ekas E au kale kari tumge, kaka nole abkoreb tais abara teter gab; E uabi bapataiso abele Lamar Zogo, gako abele ur;
11ငါ သည် နောင်တ အဘို့ အလိုငှာ သင် တို့ကို ရေ နှင့် ဗတ္တိဇံ ပေး၏။ ငါ့ နောက် ကြွလာ သောသူ သည် ငါ့ ထက်တတ်စွမ်း နိုင်၏။ ထိုသူ ၏ခြေနင်း တော်ကိုမျှဆောင် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ၎င်း၊ မီး နှင့် ၎င်း၊ သင် တို့ကို ဗတ္တိဇံ ပေးမည်။
12Abara tag nagri pat, E dirup abara kon etkemed; a E ais azig metaem gaire kon nole puip kak, ege kon ra gegur E disirkilu abele ur umer kak esameilu.
12လက် တော်တွင် စံကော ပါလျက်၊ မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့် ၊ မိမိ ဂျုံ စပါးကို ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့်ရှို့ တော်မူလတံ့ဟု ယောဟန်ဟောပြော ၏။
13Jesu bakeamulu Galilaialam Ioridano ge Ioaneim, iauaekai E abi bapataiso.
13ထိုအခါ ယေရှု သည် ဗတ္တိဇံ ကိုခံအံ့သောငှာ ဂါလိလဲ ပြည်မှ ယော်ဒန် မြစ်နား ယောဟန် ထံသို့ ကြွ တော်မူ၏။
14Ioane de abi daisumdalu, kega, Debele ma kari bapataiso, nako ma tabakeam karim?
14ယောဟန် ကလည်း ၊ အကျွန်ုပ် သည် ကိုယ်တော် ထံ၌ဗတ္တိဇံ ကိုခံရမည်အကြောင်း ရှိ ပါသည်ဖြစ်၍၊ ကိုယ်တော် သည် အကျွန်ုပ် ထံသို့ ကြွလာ တော်မူသလောဟု ယေရှု ကိုဆီးတား လေ၏။
15Iesu etkalu abim, kega, Ma no bapataiso karim, abelelam abkoreb meribim bakedida gaire gelar barkak uridili; E mena abi asoli.
15ယေရှု ကလည်း အလုံးစုံ သောတရား တို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခု အခွင့် ပေးပါ ဟု ပြန်ပြောတော်မူ ၏။ ထိုအခါ ယောဟန်သည် ဝန်ခံ လေ၏။
16Ege E Iesuim bapataiso E tegemelu nilam dasmer, ege kotor nakesmulu, E erdalu Ade ra Lamar tabu mokakalam dibadib ise emerder abi kerem ge;
16ယေရှု သည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင် ရေ မှ ပေါ် ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ကိုယ်တော် အပေါ် ၌ နား တော်မူသည်ကိုမြင် ရ၍ ၊
17Dasmer, abele kodo mer kotorlam, kega, Kara Uerem nase ge idali, kaka au sererege abim.
17ဤ သူကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ်လေ၏။
Tip: use the ← and → keys to turn chapters.