1 Царів
Chapter 7
Kulish and Puluj Bible (…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

1 Царів 7

Kulish and Puluj Bible (1905)
Judson Burmese Bible (1840)
1Свою ж палату будував Соломон трийцять год, і викінчив увесь дім свій.
1တဖန် ရှောလမုန် သည် တဆယ် သုံး နှစ် ပတ်လုံးနန်းတော် ကို တည်ဆောက် ၍ လက်စသတ် လေ၏။
2А збудував будинок з Ливанської кедрини, сотню локот завдовжки, пятьдесять локот завширшки й трийцять локот заввишки, на чотирьох рядах кедрових стовпів, і кедрове бруссє на стовпах.
2နန်းတော် ကို လေဗနုန် တော သစ်သားဖြင့် ဆောက် ၍၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိ၏။ အာရဇ် တိုင် လေး စဉ်၊ အာရဇ် ရက်မ များနှင့် ဆောက်၏။
3І встелив стелю з кедрових дощок над бруссєм, на сорока пятьох стовпах, по пятнайцять у кожному ряду.
3တိုင်တစဉ်လျှင် ဆယ် ငါး တိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ် မှာ အခြင်တို့ကို တင်လျက်၊ အာရဇ် ပျဉ်ပြား နှင့်မိုး လေ၏။
4А віконних стовпцїв три ряди, й три ряди вікон, вікно проти вікна.
4အလင်း ဝင်စရာပြတင်းပေါက် သုံး တန်း စီ အဆင့်ဆင့် မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
5І всї двері й дверні одвірки були четверокутні, і вікно проти вікна в три ряди.
5တံခါးပေါက် ရှိသမျှတံခါးတိုင် ရှိသမျှ တို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။
6І присїнок із стовпів зробив він пятьдесять локот завдовжки, а в трийцять локот завширшки, вкупі з рундуком перед ним з стовпами й порогом спереду.
6တိုင် များ၊ ထုပ်ကြီး များနှင့်ပြည့်စုံ၍ အလျား အတောင် ငါး ဆယ်၊ အနံ အတောင် သုံး ဆယ်ရှိသောကနားပြင် ကိုလည်း လုပ် လေ၏။
7І спорудив ще престолову сьвітлицю, де вирікав право, судову сьвітлицю, й покрив її кедриною від долівки та аж під стелю.
7တရား စီရင်ရာ ကနားပြင် တည်းဟူသောတရားပလ္လင် တည်ရာကနားပြင် ကိုလည်း လုပ် ၍ ၊ ကြမ်း တဘက် မှ တဘက်တိုင်အောင် အာရဇ် ပျဉ်ပြားတို့နှင့်မိုး လေ၏။
8І будинок, де він жив, на другому дворі, позад сьвітлицї, споруджено так само. І дочцї Фараоновій, що взяв за себе Соломон, спорудив будинок взором сієї сьвітлицї.
8နန်း တော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တန်တိုင်း လည်းရှိ၏။ ရှောလမုန် စုံဘက် သော ဖာရော ဘုရင်၏ သမီး စံနန်း ကိုလည်း တရားစီရင်ရာ ကနားပြင် နှင့် တူအောင်ဆောက် လေ၏။
9Все оце споруджено з дорогого камення, обтесаного до розміру з середини й знадвору та обрізаного пилою, від підвалини та аж до верха стїн виступів, а знадвору аж до великого переддвору.
9တန်တိုင်း ကြီး ပြင် ဘက်တိုင်အောင် ၎င်း၊ အမြစ် မှစ၍ ထိပ် တိုင်အောင် ၎င်း၊ ကျောက်ဆစ် ပမာဏ နှင့်အညီ ၊ နှစ်ဘက်စလုံးလွှ နှင့် တိုက် သော ကျောက်၊ ထူးဆန်း သော ကျောက်ကြီး တို့ဖြင့် ပြီးကြ၏။
10І в основі було дороге каміннє, величезне каміннє, каміннє у десять локот і каміннє у вісїм локот.
10အမြစ်သည်လည်း အလျားရှစ် တောင် ၊ ဆယ် တောင် ရှိသောကျောက် ၊ ထူးဆန်း သောကျောက် ကြီး တို့ ဖြင့် ပြီး ၏။
11І зверху дороге каміннє, тесане до міри, та кедрина.
11အမြစ်ပေါ် မှာလည်း ကျောက်ဆစ် ပမာဏ နှင့်အညီ လုပ်သော ကျောက်၊ ထူးဆန်း သော ကျောက် နှင့် အာရဇ် သစ်သားရှိ၏။
12А великий двір обгороджено трьома рядами квадровими й одним рядом кедровим, а так само й внутрішнїй двір храму Господнього й переддвіррє храму.
12တန်တိုင်း ကြီး သည် ဆစ် သောကျောက်သုံး တန်း ၊ အာရဇ် သစ်ကြီးတတန်း ဖြင့်ပြီး၏။ ဗိမာန် တော်အတွင်း တန်တိုင်း ၊ နန်း တော်ကနားပြင် တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
13І послав Соломон і взяв Гирама з Тиру.
13ရှောလမုန် သည်လည်း ၊ လူကိုစေလွှတ် ၍ တုရု မြို့ မှ ဟိရံ ကို ခေါ် လေ၏။
14Се був син удови з поколїння Нефталїєвого; батько ж його був Тирій, мідник; а був сей повен знаття, розуму й вміння у всякій мідяній роботї. Він прибув до царя Соломона й виробляв у його всякі роботи:
14ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့် ၊ ရှောလမုန် မင်းကြီး ထံသို့ လာ ၍ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။
15Він зробив два мідяні стовпи, кожний вісїмнайцять локот заввишки, й поворозку в дванайцять локот, що обіймала оба стовпи;
15ထိုသူသည်အမြင့် တဆယ် ရှစ် တောင် ၊ လုံးပတ် တဆယ် နှစ် တောင် ရှိသောကြေးဝါ တိုင်နှစ် တိုင် ကို သွန်း လေ၏။
16І виготував два наголовні вінцї з мідї, щоб їх покласти зверхи на стовпах: пять локот заввишки один главень, а пять локот заввишки другий главень;
16တိုင် အပေါ် မှာ တင် စရာဘို့ အမြင့် ငါး တောင် ရှိသော ကြေးဝါ တိုင် ထိပ်နှစ် ခုကိုလည်း သွန်း လေ၏။
17І сїтки плетеної роботи та ланцюговаті шнурки на окриттє главнїв, що були зверху стовпів: сїм на один главень, а сїм на другий главень.
17ကြေးဝါကွန်ရွက် နှင့်ကြေးဝါကြိုး တို့ကိုလည်း လုပ် ၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ် ခုစီဖြင့် တိုင် ထိပ် အပေါ် မှာ ဖုံးလွှမ်းလေ၏။
18Так зробив він стовпи й два ряди гранатових яблок навкруг сїтки, щоб покрити главнї, що верх стовпів; те саме зробив і для другого главня.
18ကြေးဝါသလဲသီးတို့ကိုလည်း လုပ် ၍ ၊ တိုင် ထိပ် ကွန်ရွက် အပေါ် မှာ ထိပ် တခုလျှင် သလဲသီး နှစ် တန်း စီ ဖြင့် တန်ဆာ ဆင်လေ၏။
19А в передсїнку главнї зверху на стовпах були взором лелїї, на чотири ліктї,
19ကနားပြင် ထဲမှာ စိုက်ထားသော ထိုတိုင် ထိပ် တို့ သည် ကြာပွင့် နှင့် ပုံတူ၍ အချင်းလေး တောင် ရှိ၏။
20І главнї на обох стовпах зверху навпроти сїток; а на другому главнї, рядами кругом, дві сотнї гранатових яблок.
20တိုင် ထိပ်နှစ် ခုတို့သည် ကွန်ရွက် နှင့် နီးစပ် သော ထုပိကာ အပေါ် မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ် ရာစီရှိကြ၏။
21І поставив стовпи на рундуцї храмовому; поставив стовпа правобіч і назвав його Яхин, і поставив стовпа лївобіч і назвав його Боаз.
21ထိုတိုင် တို့ကို ဗိမာန် တော်ကနားပြင် ထဲမှာ စိုက် ထား၍ လက်ျာ တိုင် ကိုယာခိန် ၊ လက်ဝဲ တိုင် ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။
22А поверх стовпів були наче лелїї пороблені. Так закінчено роботу стовпів.
22တိုင် ထိပ် အပေါ် မှာ ကြာပွင့် အပြောက် ရှိသည် ဖြစ်၍ တိုင် တို့သည် စေ့စုံ ကြ၏။
23І виробив море вилите з мідї, завширшки від одного краю до другого десять локот, цїлком кругле, а заввишки пяти локот, а шнур у трийцять локот обіймав його навкруги.
23အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံး ဆယ်၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
24Попід краями ж його навкруги були огірочки по десять на локоть; вони оббігали море округи в два ряди; огірочки були вилиті заразом із ним.
24ရေကန်အနားပတ် အောက် ပတ်လည် ၌ အတောင်တတောင်လျှင် ဘူးသီးဆယ် လုံးစီစေ့အောင် ဘူးသီးနှစ် ပတ် ကို ရေကန် နှင့်တစပ်တည်းသွန်း လေ၏။
25Воно стояло на дванайцятьох волах: три дивились на північ, три дивились на захід, три глядїли на полуднє, а три позирали на схід сонця; море лежало на них, а зади їх укриті були під ним.
25ထိုရေကန်သည် နွား တဆယ် နှစ် ခုအပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံး ခုစီ မျက်နှာပြု ကြ၏။
26Завгрубшки було воно в долоню, а край його похожий на край кубка, видом же подабало на розвиту лелїю. Воно містило в собі дві тисячі ведер.
26ရေကန်သည် ဒု လက် တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
27Поробив він і десять мідяних підніжків, а кожен підніжок був десятьох локот завдовжки, чотирьох завширшки й трьох локот заввишки.
27တဖန် အလျား လေး တောင် ၊ အနံ လေး တောင် အမြင့် သုံး တောင် ပမာဏရှိသော ကြေးဝါ ခုံ တဆယ် ကို လုပ် လေ၏။
28Підніжки ж зроблено так: у них були стїнки, а стїнки були між виступами;
28ထို ခုံ ပုံသဏ္ဌာန် ဟူမူကား ၊ ခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ် ကြား မှာ၊
29На стїнках же між виступами були повироблювані леви, воли, херувими, й так само на виступах, а повисче й понизче левів і волів звисали вінки неначе ременї;
29ခြင်္သေ့ ၊ နွား ၊ ခေရုဗိမ် အပြောက်ရှိ၏။ အနားရစ် အပေါ် မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့ နှင့် နွား အောက် ၌ လည်း အပြောက်မျိုးရှိ၏။
30В кожному підніжку по чотири мідяних коліс і мідяні оси. По чотирьох рогах були виступи, неначе плечики, а були вони повиливані під умивальницею, коло кожного вінка.
30ခုံ တခု၌ကြေးဝါ လှည်းဘီး လေး ခုစီ၊ ကြေးဝါ ဝင်ရိုး နှင့်တကွရှိ၏။ အင်တုံ တင်စရာဘို့ ခုံလေး ထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်းသွန်း လေ၏။
31Отвір від внутрішнього вінка до верха на один локоть; отвір круглий як і підніжки стовпів, в півтора ліктя, а при отворі різьби, але бокові стїнки були чотирогранні, не круглі.
31အင်တုံဝ ၌ပါသောအကွပ် သည် အကျယ်တတောင် ရှိ၏။ အဝ သည် ဝိုင်း၍ အချင်းတတောင် ထွာ ရှိ၏။ စတုရန်း လေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32Під стїнками було четверо коліс, і осї в колесах держались одна з одною під підніжками; кожне ж колесо було заввишки півтора ліктя.
32ဘီး လေး ခုတို့သည် ခုံမျက်နှာအောက် မှာနေရာ ကျလျက်၊ ဝင်ရိုး တို့သည် ခုံ နှင့်စပ်လျက်၊ ဘီး အမြင့် တတောင် ထွာ ရှိ၏။
33А колеса були зроблені як колеса до возів, тільки осї їх, і обіддє й спицї й дзвони їх — все було вилите;
33ဘီး ပုံကား ရထား ဘီး နှင့် တူ၏။ ဝင်ရိုး ၊ ဝင်ရိုးအိမ်၊ အကန့် ၊ အကွပ် များကို သွန်း လေ၏။
34Бо й тоті чотири плечики на кожному углї підніжка були з того ж підніжка вилиті;
34ခုံ လေး ထောင့် ၌ တစပ်တည်းသွန်းသော ပခုံး လေး ခုရှိသဖြင့်၊
35А зверху підніжка був неначе горбок круглий, заввишки в пів ліктя, а вгорі на підніжку були держала й стїнки його з одного виливу з ним.
35ထိုပခုံး ပေါ် မှာ လုံးပတ် တထွာ ရှိသော ကွင်း ကို တပ်၍ ၊ ခုံ ပေါ် မှာ အနားရစ် နှင့် ကိုင်စရာ များတို့ကို ခုံနှင့် တစပ်တည်းသွန်းလေ၏။
36І повирізував він на дощинках з мідї й на углах херувимів, леви й пальми, скільки де було місця, й квіткову повязь округи.
36ကိုင် စရာမျက်နှာ နှင့် ခုံ မျက်နှာပြင်၌ ခေရုဗိမ် ၊ ခြင်္သေ့ ၊ စွန်ပလွံပင် အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ် လျက်ရှိ၏။
37Сим робом повиготовлював він десять підніжків; всї вони були одного виливу, однієї міри й одного виду.
37ထိုသို့ ပုံသဏ္ဌာန် အလုံး အရပ်တူ အောင်၊ အင်တုံတင်ရာခုံ တဆယ် ကို သွန်း ၍ပြီးလေ၏။
38Потім вилив десять мідяних умивалень; у кожну умивальню влазилось по сорок ведер; кожна вмивальня була в чотири ліктї, й кожна вмивальня стояла на одному з десятьох підніжків.
38အဝန်းလေး တောင် ကျယ်၍၊ ရေဗတ် လေးဆယ် ဝင် နိုင်သော ကြေးဝါ အင်တုံ တဆယ် ကိုလည်း လုပ် ၍၊ ခုံ တခု ပေါ်မှာ အင်တုံ တလုံးစီ တင်ထားလေ၏။
39І розставив підніжки — пять по правому боцї храму, а пять по лївому боцї храму; море ж поставив по правому боцї храму, на східно-полуденній сторонї.
39အိမ် တော်လက်ျာ ဘက် ၌ ခုံ ငါး ခု၊ လက်ဝဲ ဘက် ၌ ငါး ခုကိုထား ၍ ရေကန် ကိုကား၊ အိမ် တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
40І поробив Гирам котелики й лопатки й мисочки, й кропильницї, й покінчив усї роботи, які виконував у царя Соломона про сьвятиню Господню:
40ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ ကိုလည်း လုပ် သဖြင့်၊ ရှောလမုန် မင်းကြီး အဘို့ ထာဝရဘုရား ၏အိမ် တော်၌ လက်စသတ် သောအရာများဟူမူကား၊
41Два стовпи з обома главнями на верх стовпів, і дві сїтки до покривання обох главнїв над стовпами;
41တိုင် နှစ် တိုင်၊ တိုင် ထိပ် အထွဋ် နှစ် ခု၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
42І чотириста гранатових яблок до кожної сїтки до покривання обох шнурів наверху стовпів;
42ဖုံးလွှမ်း စရာကွန်ရွက် တ ရွက်အဘို့ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
43І десять підніжків і десять умивалень на підніжках;
43ခုံ ဆယ် ခု၊ ခုံ ပေါ်မှာ တင်ထားသော အင်တုံ ဆယ် လုံး၊ ရေကန် တ ကန်၊
44І одно море й дванайцять волів під море;
44ရေကန် ကိုထောက် သော နွား တဆယ် နှစ် ခု၊ အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ တည်း။
45І казани й лопатки й мисочки, й кропильницї, а ввесь той посуд, що поробив Гирам цареві Соломонові про храм Господень, був з блискучої мідї.
45ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သော ထာဝရဘုရား ၏ အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင် တောက်သော ကြေးဝါ ဖြင့် ပြီးကြ၏။
46В Йорданському лузї велїв царь виливати їх, у формах із глинковатої землї, між Сукхотом і Сартаном.
46ယော်ဒန် ချိုင့် ၊ သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ၏။
47І поставив Соломон увесь посуд на місцї. Задля великої їх многостї вага мідї не була зрахована.
47ထိုတန်ဆာ တို့သည် အလွန်များ သောကြောင့် ၊ ရှောလမုန် သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါ အချိန် ကို အဘယ်သူမျှမ သိ။
48І постарав Соломон увесь посуд, що у храму Господньому: золотого жертівника й золотого стола, що на йому покладні хлїби лежали;
48ရှောလမုန် သည်လည်း ထာဝရဘုရား ၏ အိမ် တော်နှင့်ဆိုင် သမျှ သောတန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင်စရာရွှေ စားပွဲ၊
49І сьвітильники — пять праворуч, а пять лїворуч перед заднїм простором сьвятинї з щирого золота, й цьвіти, й лямпи й щипцї з золота;
49ဗျာဒိတ် ဌာနတော်ရှေ့ ၊ လက်ျာ ဘက်၌ ရွှေ စင် မီးခုံ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခု၊ ရွှေ ပန်းပွင့် ၊ ရွှေမီးခွက် ၊ မီး ကိုင်တန်ဆာ၊
50І вмивальнї, ножі, миски, блюда й каділницї з чистого золота, й завіси у дверей до внутрішнього храму, до Пресьвятого й до дверних крил храмових до головного храму — все з золота.
50ရွှေ စင် ဖြင့်ပြီးသောခွက် များ၊ မီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာ အိုးများ၊ အလွန်သန့်ရှင်း ရာဌာနတော် အတွင်း ခန်း တံခါး နှင့် ဗိမာန် တော်ပြင်ခန်း တံခါး ဆွဲထား သော ရွှေ ပတ္တာ များတို့ကို လုပ်လေ၏။
51Так скінчено всї роботи, що царь Соломон виконував до храму Господнього, й внїс Соломон все, що присьвятив був панотець його Давид, срібло й золото й посуд, і зложив у скарбницї храму Господнього.
51ထိုသို့ရှောလမုန် မင်းကြီး သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြုလုပ် စီရင်သမျှအလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏အိမ် တော် ဘဏ္ဍာ စုထဲမှာ သွင်း ထားလေ၏။

Tip: use the ← and → keys to turn chapters.