ΚΑΤΑ ΙΩΑΝΝΗΝ 6
Greek New Testament, word by word (STEPBible TAGNT)Original language
Greek New Testament, word by word (STEPBible TAGNT)
Judson Burmese Bible (1840)
1Μετὰ ταῦτα ἀπῆλθεν ὁ Ἰησοῦς πέραν τῆς θαλάσσης τῆς Γαλιλαίας τῆς Τιβεριάδος.
1ထို နောက်မှ ယေရှု သည် တိဗေရိ အိုင် တည်းဟူသောဂါလိလဲ အိုင်ကို ကူး တော်မူ၏။
2ἠκολούθει αὐτῷ ὄχλος πολύς, ὅτι ἐθεώρουν τὰ σημεῖα ἃ ἐποίει ἐπὶ τῶν ἀσθενούντων.
2အနာ ရောဂါစွဲသောသူ တို့၌ ပြ တော်မူသောနိမိတ် လက္ခဏာတို့ကို လူ အစုအဝေးအပေါင်း တို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။
3ἀνῆλθεν δὲ εἰς τὸ ὄρος Ἰησοῦς καὶ ἐκεῖ ἐκάθητο μετὰ τῶν μαθητῶν αὐτοῦ.
3ယေရှု သည်တောင် ပေါ်သို့ တက်ကြွ ၍ တပည့် တော်တို့နှင့်အတူ ထိုင် တော်မူ၏။
4ἦν δὲ ἐγγὺς τὸ πάσχα ἡ ἑορτὴ τῶν Ἰουδαίων.¶
4ထိုအခါ ယုဒ လူတို့၏ပသခါ ပွဲ ခံချိန် ရောက်လုနီး သတည်း ။
5Ἐπάρας οὖν τοὺς ὀφθαλμοὺς ὁ Ἰησοῦς καὶ θεασάμενος ὅτι πολὺς ὄχλος ἔρχεται πρὸς αὐτὸν λέγει πρὸς Φίλιππον· πόθεν ἀγοράσωμεν ἄρτους, ἵνα φάγωσιν οὗτοι;
5ယေရှု သည် မျှော်ကြည့် ၍ လူ အစုအဝေးအပေါင်း တို့သည် အထံ တော်သို့ လာ ကြသည်ကို မြင် တော်မူလျှင် ဖိလိပ္ပု အား ၊ ဤသူ တို့စားစရာ မုန့် ကို အဘယ်မှာ ဝယ် မည်နည်း ဟုမေး တော်မူ၏။
6τοῦτο δὲ ἔλεγεν πειράζων αὐτόν· αὐτὸς γὰρ ᾔδει τί ἔμελλεν ποιεῖν.
6ထိုသို့ မေးတော်မူသော်၊ မိမိ အဘယ်သို့ ပြု မည်ကိုသိ တော်မူလျက်ပင်ဖိလိပ္ပု ကိုစုံစမ်း ခြင်းငှာသာ မေး တော်မူ၏။
7ἀπεκρίθη αὐτῷ Φίλιππος· διακοσίων δηναρίων ἄρτοι οὐκ ἀρκοῦσιν αὐτοῖς ἵνα ἕκαστος βραχύ τι λάβῃ.¶
7ဖိလိပ္ပု ကလည်း၊ ဤသူတို့သည် မုန့်တ ဖဲ့စီစေ့ အောင် ဒေနာရိ အပြားနှစ်ရာ အဘိုးထိုက်သောမုန့် မ လောက် ပါဟုလျှောက် ၏။
8Λέγει αὐτῷ εἷς ἐκ τῶν μαθητῶν αὐτοῦ, Ἀνδρέας ὁ ἀδελφὸς Σίμωνος Πέτρου·
8ရှိမုန် ပေတရု ၏ညီ အန္ဒြေ အမည်ရှိသော တပည့် တော်က၊
9ἔστιν παιδάριον ὧδε ὃς ἔχει πέντε ἄρτους κριθίνους καὶ δύο ὀψάρια· ἀλλὰ ταῦτα τί ἐστιν εἰς τοσούτους;
9မုယော မုန့် ငါး လုံးနှင့် ငါး ကလေးနှစ် ကောင်ပါ သော သူငယ် တစ်ယောက်ရှိ ပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ် ပြောစရာ ရှိ ပါသနည်း ဟုလျှောက်၏။
10εἶπεν ὁ Ἰησοῦς· ποιήσατε τοὺς ἀνθρώπους ἀναπεσεῖν. ἦν δὲ χόρτος πολὺς ἐν τῷ τόπῳ. ἀνέπεσαν οὖν οἱ ἄνδρες τὸν ἀριθμὸν ὡς πεντακισχίλιοι.
10ယေရှု ကလည်း၊ လူ များတို့ကိုလျောင်း ကြစေ ဟု မိန့် တော်မူ၏။ ထိုအရပ် ၌ မြက်ပင် ထူပြော လျက်ရှိ သည် ဖြစ်၍၊ အရေအတွက် အားဖြင့်ငါးထောင် မျှလောက် သော လူ တို့သည် လျောင်း ကြ၏။
11ἔλαβεν οὖν τοὺς ἄρτους ὁ Ἰησοῦς καὶ εὐχαριστήσας διέδωκεν τοῖς ἀνακειμένοις, ὁμοίως καὶ ἐκ τῶν ὀψαρίων ὅσον ἤθελον.
11ယေရှု သည်မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှ တော်မူ၍၊ တပည့် တော်တို့သည် လျောင်း သောသူ တို့အားဝေငှပြန်၏။ ထိုနည်းတူ ငါး နှစ်ကောင်ကိုလူများလိုချင် သမျှ ဝေငှကြ၏။
12ὡς δὲ ἐνεπλήσθησαν λέγει τοῖς μαθηταῖς αὐτοῦ· συναγάγετε τὰ περισσεύσαντα κλάσματα ἵνα μή τι ἀπόληται.
12ထိုသူ တို့သည်ဝ ကြပြီးမှကိုယ်တော်က၊ ဘာ မျှ မ ပျောက် စေခြင်းငှာကြွင်းကျန် သောအကျိုးအပဲ့ တို့ကို ကောက်သိမ်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူသည်ဖြစ်၍၊
13συνήγαγον οὖν καὶ ἐγέμισαν δώδεκα κοφίνους κλασμάτων ἐκ τῶν πέντε ἄρτων τῶν κριθίνων ἃ ἐπερίσσευσαν τοῖς βεβρωκόσιν.¶
13စား သောသူ တို့၌ ကျန်ကြွင်း သော မုယော မုန့် ငါး လုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့် ရကြ၏။
14Οἱ οὖν ἄνθρωποι ἰδόντες ὃ ἐποίησεν σημεῖον ἔλεγον ὅτι οὗτός ἐστιν ἀληθῶς ὁ προφήτης ὁ ἐρχόμενος εἰς τὸν κόσμον.¶
14ထိုသို့ယေရှုပြ တော်မူသောနိမိတ် လက္ခဏာကို ထိုလူများတို့သည်မြင် လျှင်၊ ဤသူ ကား ဤလောက သို့ ကြွလာ ရသော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
15Ἰησοῦς οὖν γνοὺς ὅτι μέλλουσιν ἔρχεσθαι καὶ ἁρπάζειν αὐτὸν ἵνα ποιήσωσιν βασιλέα ἀνεχώρησεν πάλιν εἰς τὸ ὄρος αὐτὸς μόνος.¶
15ထိုသူတို့သည် ကိုယ်တော် ကို ရှင်ဘုရင် အရာ၌ ချီးမြှောက် ခြင်းငှာ လာ ၍ အနိုင် အထက်ပြုကြမည် အကြောင်း ကို ယေရှု သည်သိ တော်မူလျှင်၊ တောင် ပေါ်သို့ တစ်ယောက်တည်း ကြွ တော်မူပြန် ၏။
16Ὡς δὲ ὀψία ἐγένετο, κατέβησαν οἱ μαθηταὶ αὐτοῦ ἐπὶ τὴν θάλασσαν,
16ည အချိန်ရောက် သောအခါ တပည့် တော်တို့သည် အိုင် သို့ သွား ၍ လှေ ထဲသို့ ဝင်ရောက် ပြီးလျှင် ၊ ကပေရနောင် မြို့သို့ ရောက်အံ့သောငှာအိုင် ကိုကူး ကြ၏။
17καὶ ἐμβάντες εἰς πλοῖον ἤρχοντο πέραν τῆς θαλάσσης εἰς Καφαρναούμ. καὶ σκοτία ἤδη ἐγεγόνει, καὶ οὔπω ἐληλύθει πρὸς αὐτοὺς ὁ Ἰησοῦς,
17ထိုအခါ မှောင်မိုက် ဖြစ်၍ယေရှု သည် သူ တို့ ရှိရာသို့မ ရောက် သေး။
18ἥ τε θάλασσα ἀνέμου μεγάλου πνέοντος διεγείρετο.
18လေ ပြင်း မုန်တိုင်းလာ ၍ လှိုင်းတံပိုးထ လေ၏။
19ἐληλακότες οὖν ὡς σταδίους εἴκοσι πέντε ἢ τριάκοντα, θεωροῦσιν τὸν Ἰησοῦν περιπατοῦντα ἐπὶ τῆς θαλάσσης καὶ ἐγγὺς τοῦ πλοίου γινόμενον, καὶ ἐφοβήθησαν.
19ခရီးတစ်တိုင် ခွဲနှစ်တိုင်လောက် တက်ခတ် ၍ရောက်သောအခါ၊ ယေရှု အိုင် ပေါ်မှာ စက်တော်ဖြန့် ၍ လှေ အနီး သို့ချဉ်း တော်မူသည်ကို သူတို့သည်မြင် ၍ ကြောက်လန့် ခြင်းရှိကြ၏။
20ὁ δὲ λέγει αὐτοῖς· ἐγώ εἰμι, μὴ φοβεῖσθε.
20ကိုယ်တော် ကလည်း ၊ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူလျှင်၊ လှေ ထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက် စွာခံယူ ကြ၏။
21ἤθελον οὖν λαβεῖν αὐτὸν εἰς τὸ πλοῖον, καὶ εὐθέως ἐγένετο τὸ πλοῖον ἐπὶ τῆς γῆς εἰς ἣν ὑπῆγον.¶
21လှေ သည်လည်းရောက် လိုသောရပ် သို့ တခဏခြင်း တွင် ဆိုက် လေ၏။
22Τῇ ἐπαύριον ὁ ὄχλος ὁ ἑστηκὼς πέραν τῆς θαλάσσης εἶδον ὅτι πλοιάριον ἄλλο οὐκ ἦν ἐκεῖ εἰ μὴ ἓν καὶ ὅτι οὐ συνεισῆλθεν τοῖς μαθηταῖς αὐτοῦ ὁ Ἰησοῦς εἰς τὸ πλοῖον ἀλλὰ μόνοι οἱ μαθηταὶ αὐτοῦ ἀπῆλθον·
22အိုင် တစ်ဘက် ၌နေ သော လူ အစုအဝေးတို့သည်ကား၊
23ἄλλα ἦλθεν πλοιάρια ἐκ Τιβεριάδος ἐγγὺς τοῦ τόπου ὅπου ἔφαγον τὸν ἄρτον εὐχαριστήσαντος τοῦ κυρίου.
23အထက်ကသခင် ဘုရားသည် ကျေးဇူး တော်ကိုချီးမွမ်းပြီးမှလူများသည်မုန့် ကိုစား ကြရာ အရပ် နှင့်အနီး တိဗေရိ မြို့မှ အခြား သောလှေ ငယ်များလာ သော်လည်း ၊ မနေ့၌တပည့်တော်တို့ဝင်သောလှေ မှတစ်ပါး အဘယ်လှေမျှ မရှိ သည် ကို၎င်း ၊ ယေရှု သည်ထို လှေ ထဲသို့ တပည့် တော်တို့နှင့်အတူ ဝင်တော်မ မူဘဲလျက်၊ တပည့် တော်တို့သာ သွား သည် ကို၎င်း၊ မြင် ကြ၍
24ὅτε οὖν εἶδεν ὁ ὄχλος ὅτι Ἰησοῦς οὐκ ἔστιν ἐκεῖ οὐδὲ οἱ μαθηταὶ αὐτοῦ, ἐνέβησαν αὐτοὶ εἰς τὰ πλοιάρια καὶ ἦλθον εἰς Καφαρναοὺμ ζητοῦντες τὸν Ἰησοῦν,
24ထို အရပ်၌ ယေရှု မှစသောတပည့် တော်တို့မ ရှိသည်ကိုသိ ကြသဖြင့်၊ နက်ဖြန် နေ့၌ လှေ စီး ၍ ယေရှု ကို ရှာ ခြင်းငှာကပေရနောင် မြို့သို့ သွား ကြ၏။
25καὶ εὑρόντες αὐτὸν πέραν τῆς θαλάσσης εἶπον αὐτῷ· ῥαββί, πότε ὧδε γέγονας;¶
25အိုင် တစ်ဘက် ၌တွေ့ လျှင်၊ အရှင် ဘုရား၊ အဘယ် သောအခါဤအရပ် သို့ ကြွလာ တော်မူသနည်းဟု မေးလျှောက် ကြ၏။
26Ἀπεκρίθη αὐτοῖς ὁ Ἰησοῦς καὶ εἶπεν· ἀμὴν ἀμὴν λέγω ὑμῖν· ζητεῖτέ με οὐχ ὅτι εἴδετε σημεῖα, ἀλλ᾽ ὅτι ἐφάγετε ἐκ τῶν ἄρτων καὶ ἐχορτάσθητε.
26ယေရှု ကလည်း ၊ ငါအမှန်အကန် ဆို သည်ကား၊ သင်တို့သည်နိမိတ် လက္ခဏာတို့ကို မြင် သောကြောင့် ငါ့ ကိုရှာ သည်မ ဟုတ်။
27ἐργάζεσθε μὴ τὴν βρῶσιν τὴν ἀπολλυμένην ἀλλὰ τὴν βρῶσιν τὴν μένουσαν εἰς ζωὴν αἰώνιον ἣν ὁ υἱὸς τοῦ ἀνθρώπου ὑμῖν δώσει· τοῦτον γὰρ ὁ πατὴρ ἐσφράγισεν ὁ θεός.
27မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။
28εἶπον οὖν πρὸς αὐτόν· τί ποιῶμεν ἵνα ἐργαζώμεθα τὰ ἔργα τοῦ θεοῦ;¶
28ထိုသူ တို့ကလည်း ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့် ကိုကျင့် ခြင်းငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် ကြ၏။
29Ἀπεκρίθη ὁ Ἰησοῦς καὶ εἶπεν αὐτοῖς· τοῦτό ἐστιν τὸ ἔργον τοῦ θεοῦ ἵνα πιστεύητε εἰς ὃν ἀπέστειλεν ἐκεῖνος.¶
29ယေရှု ကလည်း ၊ ဘုရားသခင် စေလွှတ် တော်မူသောသူ ကို ယုံကြည် ခြင်းအကျင့် ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်း ဟု မိန့် တော်မူ၏။
30Εἶπον οὖν αὐτῷ· τί οὖν ποιεῖς σὺ σημεῖον ἵνα ἴδωμεν καὶ πιστεύσωμέν σοι; τί ἐργάζῃ;
30ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင် ၍ ကိုယ်တော် ကိုယုံကြည် မည်အကြောင်း အဘယ် နိမိတ် လက္ခဏာကို ပြ တော်မူသနည်း။ အဘယ် အမှုကို ပြု တော်မူသနည်း။
31οἱ πατέρες ἡμῶν τὸ μάννα ἔφαγον ἐν τῇ ἐρήμῳ καθώς ἐστιν γεγραμμένον· ἄρτον ἐκ τοῦ οὐρανοῦ ἔδωκεν αὐτοῖς φαγεῖν.¶
31ကျမ်းစာ၌လာ သည်ကား၊ ထိုသူ တို့ စားစရာ ဘို့ကောင်းကင် မှ မုန့် ကို ပေး တော်မူသည်ဟု လာသည်နှင့်အညီ၊ ငါ တို့ဘိုးဘေး များသည်တော ၌ မန္န ကိုစား ကြသည်ဟု လျှောက် ကြ၏။
32Εἶπεν οὖν αὐτοῖς ὁ Ἰησοῦς· ἀμὴν ἀμὴν λέγω ὑμῖν· οὐ Μωϋσῆς δέδωκεν ὑμῖν τὸν ἄρτον ἐκ τοῦ οὐρανοῦ, ἀλλ᾽ ὁ πατήρ μου δίδωσιν ὑμῖν τὸν ἄρτον ἐκ τοῦ οὐρανοῦ τὸν ἀληθινόν.
32ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ မောရှ သည် ကောင်းကင် မုန့် ကို သင် တို့အားမ ပေး ၊ ခမည်းတော် သည် မှန် သောကောင်းကင် မုန့် ကို သင် တို့အား ပေး တော်မူ၏။
33ὁ γὰρ ἄρτος τοῦ θεοῦ ἐστιν ὁ καταβαίνων ἐκ τοῦ οὐρανοῦ καὶ ζωὴν διδοὺς τῷ κόσμῳ.¶
33ဘုရားသခင် ၏မုန့် မူကား ၊ ကောင်းကင် မှ ဆင်းသက် ၍ လောကီသား တို့အားအသက် ကို ပေး သောမုန့် ပေတည်း ဟုမိန့်တော်မူလျှင်၊
34εἶπον οὖν πρὸς αὐτόν· κύριε, πάντοτε δὸς ἡμῖν τὸν ἄρτον τοῦτον.¶
34သခင် ၊ ထို မုန့် ကိုအကျွန်ုပ် တို့အား အစဉ်မပြတ် ပေး တော်မူပါဟု လျှောက် ကြ၏။
35Εἶπεν αὐτοῖς ὁ Ἰησοῦς· ἐγώ εἰμι ὁ ἄρτος τῆς ζωῆς· ὁ ἐρχόμενος πρὸς ἐμὲ οὐ μὴ πεινάσῃ, καὶ ὁ πιστεύων εἰς ἐμὲ οὐ μὴ διψήσει πώποτε.
35ယေရှု ကလည်း၊ ငါ သည်အသက် မုန့် ဖြစ် ၏။ ငါ့ ထံသို့ လာ သောသူ သည်နောက်တဖန်အဆာအမွတ် မ ခံရ။ ငါ့ ကို ယုံကြည် သောသူ သည် နောက်တစ်ဖန် ရေငတ် မ ခံရ။
36ἀλλ᾽ εἶπον ὑμῖν ὅτι καὶ ἑωράκατέ με καὶ οὐ πιστεύετε.
36သို့သော်လည်း သင် တို့သည် ငါ့ ကိုမြင် လျက် ပင် မ ယုံကြည် ကြဟု ငါဆို ခဲ့ပြီ။
37πᾶν ὃ δίδωσίν μοι ὁ πατὴρ πρὸς ἐμὲ ἥξει, καὶ τὸν ἐρχόμενον πρὸς ἐμὲ οὐ μὴ ἐκβάλω ἔξω,
37ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။
38ὅτι καταβέβηκα ἀπὸ τοῦ οὐρανοῦ οὐχ ἵνα ποιῶ τὸ θέλημα τὸ ἐμὸν ἀλλὰ τὸ θέλημα τοῦ πέμψαντός με.
38အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။
39τοῦτο δέ ἐστιν τὸ θέλημα τοῦ πέμψαντός με ἵνα πᾶν ὃ δέδωκέν μοι μὴ ἀπολέσω ἐξ αὐτοῦ, ἀλλ᾽ ἀναστήσω αὐτὸ ἐν τῇ ἐσχάτῃ ἡμέρᾳ.
39ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် ၏ အလို တော်ကား ၊ ငါ့ အားပေး သောသူ တို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမ ပျောက် စေရဘဲ၊ နောက်ဆုံး သောနေ့ ၌ ထိုသူ အပေါင်း တို့ကို ထမြောက် စေခြင်းငှာ ၎င်း၊
40τοῦτο γάρ ἐστιν τὸ θέλημα τοῦ πατρός μου, ἵνα πᾶς ὁ θεωρῶν τὸν υἱὸν καὶ πιστεύων εἰς αὐτὸν ἔχῃ ζωὴν αἰώνιον, καὶ ἀναστήσω αὐτὸν ἐγὼ τῇ ἐσχάτῃ ἡμέρᾳ.¶
40သား တော်ကို ကြည့် မြင်၍ ယုံကြည် သောသူရှိသမျှ တို့သည် ထာဝရ အသက် ကိုရ စေခြင်းငှာ ၎င်း အလို တော်ရှိ၏။ ငါ သည်လည်း နောက်ဆုံး သောနေ့ ၌ ထိုသူ တို့ကို ထမြောက် စေမည် ဟု မိန့် တော်မူ၏။
41Ἐγόγγυζον οὖν οἱ Ἰουδαῖοι περὶ αὐτοῦ ὅτι εἶπεν· ἐγώ εἰμι ὁ ἄρτος ὁ καταβὰς ἐκ τοῦ οὐρανοῦ·
41ငါ သည်ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏ဟု မိန့် တော်မူသည် ကို ယုဒ လူတို့က၊
42καὶ ἔλεγον· οὐχ οὗτός ἐστιν Ἰησοῦς ὁ υἱὸς Ἰωσήφ, οὗ ἡμεῖς οἴδαμεν τὸν πατέρα καὶ τὴν μητέρα; πῶς νῦν λέγει ὅτι ἐκ τοῦ οὐρανοῦ καταβέβηκα;¶
42ဤသူ သည် ယောသပ် ၏သား ယေရှု ဖြစ် သည်မ ဟုတ်လော။ သူ ၏မိဘ ကိုငါ တို့သိ သည်မဟုတ်လော။ ငါသည် ကောင်းကင် မှ ဆင်းသက် ၏ဟု သူသည်အဘယ်သို့ ဆို ရသနည်းဟု ကဲ့ရဲ့ ပြစ်တင်လျက် ဆို ကြ၏။
43Ἀπεκρίθη Ἰησοῦς καὶ εἶπεν αὐτοῖς· μὴ γογγύζετε μετ᾽ ἀλλήλων.
43ယေရှု ကလည်း ၊ ငါ့ကိုအချင်းချင်း ကဲ့ရဲ့ ၍ အပြစ်မ တင်ကြနှင့်။
44οὐδεὶς δύναται ἐλθεῖν πρός με, ἐὰν μὴ ὁ πατὴρ ὁ πέμψας με ἑλκύσῃ αὐτόν, κἀγὼ ἀναστήσω αὐτὸν ἐν τῇ ἐσχάτῃ ἡμέρᾳ.
44ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
45ἔστιν γεγραμμένον ἐν τοῖς προφήταις· καὶ ἔσονται πάντες διδακτοὶ θεοῦ. πᾶς ὁ ἀκούσας παρὰ τοῦ πατρὸς καὶ μαθὼν ἔρχεται πρὸς ἐμέ·
45အနာဂတ္တိ ကျမ်းစာ ၌ လာ သည်ကား၊ ထိုသူအပေါင်း တို့သည် ဘုရားသခင် ဆုံးမ သွန်သင်တော်မူသောသူဖြစ် ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော် ထံ၌ နားထောင် ၍ နည်းခံ သောသူ မှန်သမျှ တို့သည် ငါ့ ထံသို့ လာ ကြ၏။
46οὐχ ὅτι τὸν πατέρα ἑώρακέν τις εἰ μὴ ὁ ὢν παρὰ τοῦ θεοῦ, οὗτος ἑώρακεν τὸν πατέρα.¶
46ထိုသို့ငါဆိုသော၊ ဘုရားသခင့် အထံ တော်က ကြွလာသောသူ မှတစ်ပါး တစုံတစ်ယောက် သော သူ သည် ခမည်းတော် ကိုမြင် ခဲ့ပြီဟု မ ဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော် ကို မြင် ခဲ့ပြီ။
47Ἀμὴν ἀμὴν λέγω ὑμῖν· ὁ πιστεύων ἔχει ζωὴν αἰώνιον.
47ငါအမှန်အကန် ဆို သည်ကား၊ ငါ့ကို ယုံကြည် သောသူ သည်ထာဝရ အသက် ကိုရ ၏။
48ἐγώ εἰμι ὁ ἄρτος τῆς ζωῆς.
48ငါ သည်အသက် မုန့် ဖြစ် ၏။
49οἱ πατέρες ὑμῶν ἔφαγον ἐν τῇ ἐρήμῳ τὸ μάννα καὶ ἀπέθανον·
49သင်တို့ဘိုးဘေး များသည် တော ၌ မန္န ကိုစား လျက် သေ ရကြ၏။
50οὗτός ἐστιν ὁ ἄρτος ὁ ἐκ τοῦ οὐρανοῦ καταβαίνων, ἵνα τις ἐξ αὐτοῦ φάγῃ καὶ μὴ ἀποθάνῃ.¶
50ကောင်းကင် မှ ဆင်းသက် သောမုန့် ကို စား သောသူ သည်သေ ခြင်းနှင့်ကင်းလွတ် ၏။
51Ἐγώ εἰμι ὁ ἄρτος ὁ ζῶν ὁ ἐκ τοῦ οὐρανοῦ καταβάς· ἐάν τις φάγῃ ἐκ τούτου τοῦ ἄρτου, ζήσει εἰς τὸν αἰῶνα. καὶ ὁ ἄρτος δὲ ὃν ἐγὼ δώσω ἡ σάρξ μού ἐστιν ὑπὲρ τῆς τοῦ κόσμου ζωῆς.¶
51ငါ သည်ကောင်းကင် မှ ဆင်းသက် သောအသက် မုန့် ဖြစ်၏။ ဤ မုန့် ကို စား သောသူ မည်သည်ကား၊ အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါ ပေးသောမုန့် ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှာ စွန့် သောငါ ၏ အသား ပေတည်း ဟုမိန့် တော်မူ၏။
52Ἐμάχοντο οὖν πρὸς ἀλλήλους οἱ Ἰουδαῖοι λέγοντες· πῶς δύναται οὗτος ἡμῖν δοῦναι τὴν σάρκα αὐτοῦ φαγεῖν;¶
52ထိုအခါ ယုဒ လူတို့က၊ ဤသူ သည်မိမိ အသား ကို ငါ တို့စားစရာ ဘို့အဘယ်သို့ ပေး နိုင် သနည်းဟု အချင်းချင်း ငြင်းခုံ ကြ၏။
53Εἶπεν οὖν αὐτοῖς ὁ Ἰησοῦς· ἀμὴν ἀμὴν λέγω ὑμῖν· ἐὰν μὴ φάγητε τὴν σάρκα τοῦ υἱοῦ τοῦ ἀνθρώπου καὶ πίητε αὐτοῦ τὸ αἷμα, οὐκ ἔχετε ζωὴν ἐν ἑαυτοῖς.
53ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ လူသား ၏အသား ကိုမ စား ၊ အသွေး ကိုမသောက် လျှင် သင် တို့၌ အသက် မ ရှိ ။
54ὁ τρώγων μου τὴν σάρκα καὶ πίνων μου τὸ αἷμα ἔχει ζωὴν αἰώνιον, κἀγὼ ἀναστήσω αὐτὸν τῇ ἐσχάτῃ ἡμέρᾳ.
54ငါ ၏အသား ကိုစား ၍ ငါ ၏အသွေး ကိုလည်း သောက် သောသူ သည်ထာဝရ အသက် ကိုရ ၏။ ထိုသူ ကို နောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
55ἡ γὰρ σάρξ μου ἀληθής ἐστιν βρῶσις, καὶ τὸ αἷμά μου ἀληθής ἐστιν πόσις.
55ငါ ၏အသား သည် စားစရာ ကောင်း ၏။ ငါ ၏ အသွေး လည်းသောက် စရာကောင်း ၏။
56ὁ τρώγων μου τὴν σάρκα καὶ πίνων μου τὸ αἷμα ἐν ἐμοὶ μένει κἀγὼ ἐν αὐτῷ.
56ငါ ၏အသား အသွေး ကို သောက် စား သောသူ သည်ငါ ၌ တည် ၏။ ထိုသူ ၌ လည်း ငါ တည်၏။
57καθὼς ἀπέστειλέν με ὁ ζῶν πατὴρ κἀγὼ ζῶ διὰ τὸν πατέρα, καὶ ὁ τρώγων με κἀκεῖνος ζήσει δι᾽ ἐμέ.
57အသက်ရှင်တော်မူသောခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူ၍၊ ငါ သည်ခမည်းတော် အားဖြင့် အသက် ရှင်သည်နည်းတူ ၊ ငါ့ ကိုစား သောသူ သည်ငါ့ အားဖြင့် အသက် ရှင်လိမ့်မည်။
58οὗτός ἐστιν ὁ ἄρτος ὁ ἐξ οὐρανοῦ καταβάς, οὐ καθὼς ἔφαγον οἱ πατέρες καὶ ἀπέθανον· ὁ τρώγων τοῦτον τὸν ἄρτον ζήσει εἰς τὸν αἰῶνα.¶
58ဤမုန့် ကား၊ ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏။ သင်တို့ ဘိုးဘေး များသည် မန္နကိုစား လျက် သေ ရသကဲ့သို့ မ ဟုတ်။ ဤ မုန့် ကိုစား သောသူ သည် အစဉ်မပြတ် အသက် ရှင်လိမ့်မည် ဟု၊
59Ταῦτα εἶπεν ἐν συναγωγῇ διδάσκων ἐν Καφαρναούμ.
59ကပေရနောင် မြို့မှာ တရားစရပ် ၌ ဩဝါဒ ပေးစဉ်တွင် မိန့် တော်မူ၏။
60πολλοὶ οὖν ἀκούσαντες ἐκ τῶν μαθητῶν αὐτοῦ εἶπαν· σκληρός ἐστιν ὁ λόγος οὗτος· τίς δύναται αὐτοῦ ἀκούειν;¶
60တပည့် တော်အများ တို့သည် ကြား လျှင်၊ ထို စကား သည် အလွန် ခက်လှ၏။ အဘယ်သူ နာခံ နိုင် မည်နည်းဟု ဆို ကြ၏။
61Εἰδὼς δὲ ὁ Ἰησοῦς ἐν ἑαυτῷ ὅτι γογγύζουσιν περὶ τούτου οἱ μαθηταὶ αὐτοῦ εἶπεν αὐτοῖς· τοῦτο ὑμᾶς σκανδαλίζει;
61ထိုသို့တပည့် တော်တို့ ကဲ့ရဲ့ ပြစ်တင်သည်ကို ယေရှု သည်အလိုအလျောက် သိ တော်မူလျှင် ၊ ဤ တရား စကားကြောင့် သင် တို့သည် စိတ်ပျက် ကြသလော။
62ἐὰν οὖν θεωρῆτε τὸν υἱὸν τοῦ ἀνθρώπου ἀναβαίνοντα ὅπου ἦν τὸ πρότερον;
62လူ သား သည်အရင် နေရာ အရပ်သို့တဖန် ကြွတက် သည်ကိုမြင် ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။
63τὸ πνεῦμά ἐστιν τὸ ζῳοποιοῦν, ἡ σὰρξ οὐκ ὠφελεῖ οὐδέν· τὰ ῥήματα ἃ ἐγὼ λελάληκα ὑμῖν πνεῦμά ἐστιν καὶ ζωή ἐστιν.
63ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။
64ἀλλ᾽ εἰσὶν ἐξ ὑμῶν τινες οἳ οὐ πιστεύουσιν. ᾔδει γὰρ ἐξ ἀρχῆς ὁ Ἰησοῦς τίνες εἰσὶν οἱ μὴ πιστεύοντες καὶ τίς ἐστιν ὁ παραδώσων αὐτόν.
64သို့သော်လည်း သင် တို့တွင် မ ယုံကြည် သောသူ တချို့ ရှိ ၏။
65καὶ ἔλεγεν· διὰ τοῦτο εἴρηκα ὑμῖν ὅτι οὐδεὶς δύναται ἐλθεῖν πρός με ἐὰν μὴ ᾖ δεδομένον αὐτῷ ἐκ τοῦ πατρός
65ထိုကြောင့် ငါ၏ခမည်းတော် သည် အခွင့်ပေး တော်မ မူလျှင် ၊ အဘယ်သူ မျှငါ ထံသို့ မလာ နိုင် ဟု အထက် ငါဆို ခဲ့ပြီ ဟု မိန့် တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူ မ ယုံကြည် သည်ကို၎င်း ၊ အဘယ်သူ သည် ကိုယ်တော် ကို အပ်နှံ မည်ကို၎င်း ၊ ယေရှု သည်အစအဦး ၌ သိ တော်မူ၏။
66ἐκ τούτου πολλοὶ τῶν μαθητῶν αὐτοῦ ἀπῆλθον εἰς τὰ ὀπίσω καὶ οὐκέτι μετ᾽ αὐτοῦ περιεπάτουν.¶
66ထိုအခါမှစ၍ တပည့် တော်များ တို့သည် ကိုယ်တော် နှင့် မ ပေါင်းဖော် ဘဲ ဆုတ် သွား ကြ၏။
67Εἶπεν οὖν ὁ Ἰησοῦς τοῖς δώδεκα· μὴ καὶ ὑμεῖς θέλετε ὑπάγειν;
67ထိုကြောင့် ယေရှု သည် တကျိပ် နှစ်ပါးသောသူ တို့အား၊ သင် တို့သည်လည်း ထွက်သွား ခြင်းငှာအလိုရှိ ကြသလော ဟုမေး တော်မူလျှင်၊
68ἀπεκρίθη αὐτῷ Σίμων Πέτρος· κύριε, πρὸς τίνα ἀπελευσόμεθα; ῥήματα ζωῆς αἰωνίου ἔχεις,
68ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။
69καὶ ἡμεῖς πεπιστεύκαμεν καὶ ἐγνώκαμεν ὅτι σὺ εἶ ὁ ἅγιος τοῦ θεοῦ
69ကိုယ်တော် သည် ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသော ဘုရားသခင် ၏သား တော် ဖြစ် တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည် သိမှတ် ကြပါသည်ဟုလျှောက် လေ၏။
70ἀπεκρίθη αὐτοῖς ὁ Ἰησοῦς· οὐκ ἐγὼ ὑμᾶς τοὺς δώδεκα ἐξελεξάμην, καὶ ἐξ ὑμῶν εἷς διάβολός ἐστιν;
70ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။
71ἔλεγεν δὲ τὸν Ἰούδαν Σίμωνος Ἰσκαριώτου· οὗτος γὰρ ἔμελλεν παραδιδόναι αὐτὸν εἷς ἐκ τῶν δώδεκα.¶
71ထိုသို့ မိန့် တော်မူသော်၊ တကျိပ် နှစ်ပါးအဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည်သူ ၊ ရှိမုန် ၏သား ယုဒ ရှကာရုတ် ကိုဆိုလို သတည်း။
Tip: use the ← and → keys to turn chapters.