Исаија 48
Daničić–Karadžić Bible (1868), CyrillicTranslation
Daničić–Karadžić Bible (1868), Cyrillic
Judson Burmese Bible (1840)
1Чујте ово, доме Јаковљев, који се зовете именом Израиљевим, и из воде Јудине изађосте, који се кунете именом Господњим, и Бога Израиљевог помињете, али не по истини и по правди.
1အို ယာကုပ် အမျိုး ၊ ဣသရေလ ဟူ၍ သမုတ် ခြင်း ကိုခံ သောသူ၊ ယုဒ စမ်းရေ တွင်းမှ ထွက် စီးသောသူ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ကျိန်ဆို သောသူ၊ သစ္စာ မ ရှိ၊ တရား နှင့် မ ညီဘဲ ဣသရေလ အမျိုး၏ ဘုရား သခင် ကို ချီးမွမ်း သောသူ၊
2Јер се именују по Светом граду, ослањају се на Бога Израиљевог, коме је име Господ над војскама.
2သန့်ရှင်း သော မြို့ တော်အလိုက် ၊ ကိုယ်ကိုကိုယ်သမုတ် သောသူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား တည်းဟူသောဘွဲ့ နာမရှိသော ဣသရေလ အမျိုး ၏ ဘုရား သခင်ကို မှီခို သောသူတို့၊ နားထောင် ကြလော့။
3Шта је пре бивало, казивах напред одавно, и шта из мојих уста изађе и објавих, учиних брзо и зби се.
3ဖြစ်ဘူးသောအရာတို့ကို အထက် က သင်တို့အား ငါဟော လေပြီ။ ထိုအရာ တို့သည် ငါ့ နှုတ် မှ ထွက် ၍ ထင်ရှား ကြပြီ။ ချက်ခြင်း ငါပြု သောကြောင့် ဖြစ် ကြပြီ။
4Знао сам да си упоран, и врат да ти је гвоздена жила, и чело да ти је од бронзе.
4သင် သည် ခိုင်မာ သော သဘော ၊ သံ ချောင်း လည်ပင်း ၊ ကြေးဝါ နဖူး နှင့် ပြည့်စုံသည်ကို ငါ သိ သောကြောင့် ၊
5И зато ти одавна објавих, пре него се зби казах ти, да не би рекао: Идол мој учини то, и лик мој резани и лик мој ливени заповедише тако.
5အထက် က သင့် အား ငါဟော ပြီ။ အမှုမ ဖြစ် မှီငါဘော်ပြ ပြီ။ သို့ဖြစ်၍သင်က၊ ငါ ၏ရုပ်တု သည် ဤအမှု ကို ပြု ပြီ။ ငါ ထုသော ရုပ်တု ၊ ငါ သွန်းသော ရုပ်တု သည် ဤအမှု ကို စီရင် ပြီဟု ပြော ရသော အခွင့်မရှိ။
6Чуо си; погледај све то; а ви нећете ли објављивати? Одселе ти јављам ново и сакривено, шта ниси знао;
6သင်သည် အရင်ကြား ရပြီ။ ဤအမှု အလုံးစုံ တို့ ကို ကြည့်ရှု လော့။ သူတပါးတို့အား မ ကြားမပြော ဘဲ နေမည်လော။ ယခု မှစ၍ အသစ် သောအရာ၊ ဝှက်ထား သောအရာ၊ သင်မ သိ သေးသော အရာ တို့ကို ငါဘော်ပြ ၏။
7Сада се створи, и недавно, и пре овог дана ниси чуо, да не кажеш: Гле, знао сам.
7ထိုအရာတို့ကို ယခု ပင် ဖန်ဆင်း ၏။ အထက် က ဖန်ဆင်းသည်မ ဟုတ်။ ယနေ့ တိုင်အောင် သင်သည် မ ကြား စဖူး။ သို့ ဖြစ်၍သင်က၊ ငါသိ နှင့်ပြီဟု ပြော ရသော အခွင့်မရှိ။
8Нити си чуо ни знао, и пре ти се уши не отворише, јер знадох да ћеш чинити неверу, и да се зовеш преступник од утробе материне.
8အကယ် စင်စစ်သင်သည် မ ကြား မ သိ စဖူး။ သင် ၏ နား သည် အထက် က မ ပွင့်။ အကြောင်း မူကား၊ သင်သည် သစ္စာ ပျက်လိမ့်မည်။ ဘွား စကပင် သင့် ကို သူပုန် ဟူ၍သမုတ် ရလိမ့်မည်ကို ငါသိ ၏။
9Имена свог ради устегнућу гнев свој, и ради хвале своје уздржаћу се према теби, да те не истребим.
9သို့သော်လည်း၊ သင့် ကို ရှင်းရှင်းမ ပယ် မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ် နာမ အတွက် ကိုယ် အမျက် ကို ချုပ်တည်း မည်။ ကိုယ် ဂုဏ် အသရေအတွက် သင် ၏အမှု၌ ငါသည်းခံ မည်။
10Ево, претопићу те, али не као сребро, пребраћу те у пећи невоље.
10ငါသည် သင့် ကို စစ် ခဲ့ပြီ။ သို့ သော်လည်း၊ ငွေ ကို စစ်သကဲ့သို့ မ ဟုတ်၊ ဒုက္ခ မိုက် ၌ သင့် ကို စုံစမ်း ခဲ့ပြီ။
11Себе ради, себе ради учинићу, јер како би се хулило на име моје? И славе своје нећу дати другом.
11ကိုယ် အတွက် ငါပြု ဦးမည်။ ငါ့နာမသည် ရှုပ်ချ ခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ ဂုဏ် အသရေကို သူတပါး အား ငါမ ပေး။
12Чуј ме, Јакове и Израиљу, ког ја позвах: ја сам први, ја сам и последњи.
12အိုယာကုပ် ၊ ငါ ခေါ် သော ဣသရေလ ၊ ငါ့ စကား ကို နားထောင် လော့။ ငါ သည် ဘုရား ဖြစ်၏။ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ် ၏။
13И моја је рука основала земљу, и моја је десница измерила небеса пеђу; кад их зовнем, сви дођу.
13အကယ်စင်စစ်ငါ့ လက် သည် မြေ ကြီးကို တည် လေပြီ။ ငါ့ လက်ျာ လက်သည် မိုဃ်းကောင်းကင် ကို ကြက် လေပြီ။ ငါ ခေါ် ၍ သူ တို့သည် ချက်ခြင်း ပေါ် လာကြ၏။
14Скупите се сви и чујте: ко је од њих објавио ово? Господ га милује, он ће извршити вољу Његову на Вавилону, и мишица ће Његова бити насупрот Халдејцима.
14ရှိသမျှ သော သင် တို့၊ စည်းဝေး ၍ နားထောင် ကြလော့။ ဤ အမှုအရာတို့ကို သင် တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟော နှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသောသူသည် ဗာဗုလုန် မြို့၌ အလို တော်ကို ပြည့်စုံ စေမည်။ သူ ၏ လက် သည်လည်း ၊ ခါလဒဲ လူတို့အပေါ်သို့ ရောက်လိမ့်မည်။
15Ја, ја рекох, и позвах га, довешћу га, и биће срећан на свом путу.
15ငါ့ ကိုယ်တိုင် အမိန့် တော်ရှိပြီ။ အကယ်စင်စစ်သူ့ ကို ငါခေါ် ပြီ။ ငါဆောင် ခဲ့ပြီ။ သူ သွားသောလမ်း ၌ မင်္ဂလာ ရှိရလိမ့်မည်။
16Приступите к мени, чујте ово: од почетка нисам говорио тајно; откако то би, бејах онде; а сада Господ Господ посла ме и Дух Његов.
16ငါ့ ထံသို့ ချဉ်းကပ် ၍ ဤ စကားကို နားထောင် ကြလော့။ ရှေ့ ဦးစွာမှစ၍ တိတ်ဆိတ် စွာ မ ဟော။ အမှု ဖြစ် စကာလ ၌ ငါ ရှိ၏။ ယခု တွင် အရှင် ထာဝရဘုရား နှင့် ဝိညာဉ် တော်သည် ငါ့ ကို စေလွှတ် တော်မူ၏။
17Овако вели Господ, Избавитељ твој, Светац Израиљев: Ја сам Господ Бог твој који те учим да би напредовао, водим те путем којим треба да идеш.
17သင့် ကို ရွေးနှုတ် သောသူ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင် ၏အကျိုး နှင့်ယှဉ်သော အရာကို သွန်သင် ၍၊ သင်သွား အပ်သော လမ်း ဖြင့် ပို့ဆောင် သောသင် ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
18О, да си пазио на заповести моје! Мир би твој био као река, и правда твоја као валови морски;
18သင်သည် ငါ ၏ပညတ် တို့ကို စောင့်ရှောက် ပါစေ သော။ သို့ပြုလျှင် ၊ သင် ၏ချမ်းသာ သည် မြစ် ကဲ့သို့ ၎င်း ၊ သင် ၏ဖြောင့်မတ် ခြင်းပါရမီသည် သမုဒ္ဒရာ လှိုင်း တံပိုးကဲ့သို့ ၎င်း ဖြစ် ရလိမ့်မည်။
19И семена би твог било као песка, и порода утробе твоје као зрна његових; име се њихово не би затрло ни истребило испред мене.
19သင် ၏ အမျိုး အနွယ်သည် သဲ လုံးကဲ့သို့ ၎င်း၊ သင် ၏သား မြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့ ၎င်း ဖြစ် ရကြလိမ့်မည်။ သင် ၏နာမ သည် ငါ့ ရှေ့ မှာ မ ပြတ် ၊ မ ပျက် မစီးရ။
20Изађите из Вавилона, бежите од Халдејаца; гласно певајући објављујте, казујте, разглашујте до крајева земаљских; реците: Избави Господ слугу свог Јакова.
20ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။
21Неће ожеднети кад их поведе преко пустиње; воду из стене точиће им, јер ће расцепити камен и потећи ће вода.
21သူတို့သည် တော လမ်းဖြင့် ဆောင်သွား တော်မူခြင်း ကိုခံ သောအခါ ရေမ ငတ် ကြ။ သူ တို့အဘို့ ကျောက် ထဲက ရေ ကို စီး စေတော်မူ၏။ ကျောက်ခဲ ကိုပင် ခွဲ တော်မူသဖြင့် ၊ ရေ သည် စီး ထွက်လေ၏။
22Нема мира безбожницима, вели Господ.
22မတရား သောသူတို့ ၌ ချမ်းသာ မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.