Levítico
Chapter 27
Reina-Valera 1909
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Levítico 27

Reina-Valera 1909
Judson Burmese Bible (1840)
1Y HABLÓ Jehová á Moisés, diciendo:
1တဖန် မောရှေ အား ထာဝရဘုရား က၊
2Habla á los hijos de Israel, y diles: Cuando alguno hiciere especial voto á Jehová, según la estimación de las personas que se hayan de redimir, así será tu estimación:
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သစ္စာ ဂတိပြု ၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင် အဘိုး ပြတ်သည်အတိုင်း ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည်။
3En cuanto al varón de veinte años hasta sesenta, tu estimación será cincuenta siclos de plata, según el siclo del santuario.
3သင် သည် အဘယ်မျှ အဘိုး ပြတ်ရမည်နည်းဟူမူကား၊ ယောက်ျား ကို အသက် နှစ် ဆယ်မှသည် ခြောက် ဆယ်တိုင်အောင် ၊ အကျပ် တော်အလိုက် ငွေ အကျပ် ငါး ဆယ်နှင့် အဘိုး ပြတ်ရမည်။
4Y si fuere hembra, la estimación será treinta siclos.
4မိန်းမ ဖြစ်လျှင် ၊ ငွေအကျပ် သုံး ဆယ်နှင့် အဘိုး ပြတ်ရမည်။
5Y si fuere de cinco años hasta veinte, tu estimación será respecto al varón veinte siclos, y á la hembra diez siclos.
5အသက် ငါး နှစ်မှ သည် ဆယ်နှစ်တိုင်အောင် ၊ ယောက်ျား ကို အကျပ် နှစ် ဆယ်၊ မိန်းမ ကို အကျပ် တဆယ် နှင့် အဘိုး ပြတ်ရမည်။
6Y si fuere de un mes hasta cinco años, tu estimación será en orden al varón, cinco siclos de plata; y por la hembra será tu estimación tres siclos de plata.
6အသက်တလ မှ သည် ငါး နှစ် တိုင်အောင် ၊ ယောက်ျား ကို ငွေ ငါး ကျပ် ၊ မိန်းမ ကို သုံး ကျပ် နှင့် အဘိုး ပြတ်ရမည်။
7Mas si fuere de sesenta años arriba, por el varón tu estimación será quince siclos, y por la hembra diez siclos.
7အသက် ခြောက် ဆယ်လွန် လျှင် ၊ ယောက်ျား ကို ဆယ် ငါး ကျပ် ၊ မိန်းမ ကို တဆယ် နှင့် အဘိုး ပြတ်ရမည်။
8Pero si fuere más pobre que tu estimación, entonces comparecerá ante el sacerdote, y el sacerdote le pondrá tasa: conforme á la facultad del votante le impondrá tasa el sacerdote.
8သင် အဘိုး ပြတ်သည်အတိုင်း၊ မ တတ်နိုင်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့ချဉ်းကပ် ၍ ၊ ယဇ် ပုရောဟိတ်သည် သစ္စာ ဂတိပြုသောသူ တတ်နိုင် သမျှအတိုင်း အဘိုး ပြတ်ရမည်။
9Y si fuere animal de que se ofrece ofrenda á Jehová, todo lo que se diere de él á Jehová será santo.
9လူသည် တိရစ္ဆာန် ကို ထာဝရဘုရား အား ပူဇော် လျှင်၊ ပူဇော် သမျှ သည် သန့်ရှင်း ရမည်။
10No será mudado ni trocado, bueno por malo, ni malo por bueno: y si se permutare un animal por otro, él y el dado por él en cambio serán sagrados.
10ကောင်း သည်ဖြစ်စေ ၊ ညံ့ သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် ၊ နှစ်ကောင် စလုံး သန့်ရှင်း ရမည်။
11Y si fuere algún animal inmundo, de que no se ofrece ofrenda á Jehová, entonces el animal será puesto delante del sacerdote:
11ထာဝရဘုရား အား မ ပူဇော် အပ်၊ မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ် အား ပြ ၍၊
12Y el sacerdote lo apreciará, sea bueno ó sea malo; conforme á la estimación del sacerdote, así será.
12ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုးရှိ ရမည်။
13Y si lo hubieren de redimir, añadirán su quinto sobre tu valuación.
13ပူဇော်သောသူသည် ရွေး လိုလျှင် ၊ အဘိုး ရင်းနှင့် ငါး စုတစုကို ထပ် ၍ ပေးရမည်။
14Y cuando alguno santificare su casa consagrándola á Jehová, la apreciará el sacerdote, sea buena ó sea mala: según la apreciare el sacerdote, así quedará.
14လူ သည် မိမိ အိမ် ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
15Mas si el santificante redimiere su casa, añadirá á tu valuación el quinto del dinero de ella, y será suya.
15ထိုအိမ် ကို သန့်ရှင်း စေသောသူ ရွေး လိုလျှင် ၊ ပြတ်သောအဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ အိမ်ကို ယူရမည်။
16Y si alguno santificare de la tierra de su posesión á Jehová, tu estimación será conforme á su sembradura: un omer de sembradura de cebada se apreciará en cincuenta siclos de plata.
16လူ သည် ကိုယ် ပိုင် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုး ပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေ အကျပ် ငါး ဆယ်နှင့် အဘိုးပြတ် ရမည်။
17Y si santificare su tierra desde el año del jubileo, conforme á tu estimación quedará.
17ယုဘိလ နှစ် မှစ၍မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
18Mas si después del jubileo santificare su tierra, entonces el sacerdote hará la cuenta del dinero conforme á los años que quedaren hasta el año del jubileo, y se rebajará de tu estimación.
18ယုဘိလ နှစ်လွန် မှ မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ နောင် ယုဘိလ နှစ် မှီ အောင် လိုသေးသော နှစ် ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ပြတ်သော အဘိုး ရင်းငွေကို လျှော့ ရမည်။
19Y si el que santificó la tierra quisiere redimirla, añadirá á tu estimación el quinto del dinero de ella, y quedaráse para él.
19မိမိ လယ် ကို သန့်ရှင်း စေသောသူသည် ရွေး လိုလျှင် ၊ ပြတ်သော အဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ လယ်ကို အပိုင်ယူရမည်။
20Mas si él no redimiere la tierra, y la tierra se vendiere á otro, no la redimirá más;
20သို့မဟုတ် လယ် ကိုမ ရွေး လို၊ အခြား သောသူအား ရောင်း မိလျှင် ၊ နောက် တဖန် မ ရွေး ရ။
21Sino que cuando saliere en el jubileo, la tierra será santa á Jehová, como tierra consagrada: la posesión de ella será del sacerdote.
21ယုဘိလ နှစ်တွင် ထိုလယ် သည် အမှုလွတ် သောအခါ ၊ ကျိန်ဆို သောလယ် ကဲ့သို့ ၊ ထာဝရဘုရား အား သန့်ရှင်း ၍ ယဇ်ပုရောဟိတ် ၏ ဥစ္စာ ဖြစ် ရမည်။
22Y si santificare alguno á Jehová la tierra que él compró, que no era de la tierra de su herencia,
22လူသည် ကိုယ်ပိုင် ရင်းမ ဟုတ်၊ ဝယ် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင်၊
23Entonces el sacerdote calculará con él la suma de tu estimación hasta el año del jubileo, y aquel día dará tu señalado precio, cosa consagrada á Jehová.
23ယုဘိလ နှစ် တိုင်အောင် ပြတ်သောအဘိုး ကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော နေ့ ၌ အဘိုးပြတ်သောငွေ ကို ပေး ရမည်။
24En el año del jubileo, volverá la tierra á aquél de quien él la compró, cuya es la herencia de la tierra.
24ယုဘိလ နှစ် ရောက်သောအခါ ၊ ထိုလယ် ကို အရင်ပိုင် ၍ ရောင်းသောသူ လက်သို့ ပြန် စေရမည်။
25Y todo lo que apreciares será conforme al siclo del santuario: el siclo tiene veinte óbolos.
25အဘိုး ပြတ်လေရာရာ ၌ အကျပ် တော်အလိုက် ပြတ်ရမည်။ အကျပ် ကား၊ ဂေရ နှစ် ဆယ်ဖြစ် သတည်း။
26Empero el primogénito de los animales, que por la primogenitura es de Jehová, nadie lo santificará; sea buey ú oveja, de Jehová es.
26ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန် သားဦး ကို၊ အဘယ် သူမျှမ သန့်ရှင်း စေရ။ နွား ဖြစ်စေ ၊ သိုး ဆိတ် ဖြစ်စေ ၊ ထာဝရဘုရား ဥစ္စာဖြစ်၏။
27Mas si fuere de los animales inmundos, lo redimirán conforme á tu estimación, y añadirán sobre ella su quinto: y si no lo redimieren, se venderá conforme á tu estimación.
27မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ အဘိုးပြတ်သည်အတိုင်း ရွေး ၍ ၊ ငါး စုတစုကို ထပ် ၍ ပေးရမည်။ မ ရွေး လိုလျှင် ၊ အဘိုး ပြတ်သည်အတိုင်း ရောင်း ရမည်။
28Pero ninguna cosa consagrada, que alguno hubiere santificado á Jehová de todo lo que tuviere, de hombres y animales, y de las tierras de su posesión, no se venderá, ni se redimirá: todo lo consagrado será cosa santísima á Jehová.
28သို့ရာတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ကိုယ်ပိုင် ရင်းလယ် ဖြစ်စေ ၊ ထာဝရဘုရား အား ကျိန်ဆို ၍ ပူဇော် သမျှ ကို မ ရောင်း မ ရွေး ရ။ ကျိန်ဆို ၍ ပူဇော်သမျှ တို့သည် ထာဝရဘုရား အား အလွန်သန့်ရှင်း ရမည်။
29Cualquier anatema (cosa consagrada) de hombres que se consagrare, no será redimido: indefectiblemente ha de ser muerto.
29လူ ကိုပင် ကျိန်ဆို ၍ ပူဇော် လျှင်၊ နောက်တဖန် မ ရွေး ရ၊ သတ် ရမည်။
30Y todas las décimas de la tierra, así de la simiente de la tierra como del fruto de los árboles, de Jehová son: es cosa consagrada á Jehová.
30စပါး ဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေ ကဖြစ်သမျှ သောအသီးအနှံဆယ် စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
31Y si alguno quisiere redimir algo de sus décimas, añadirá su quinto á ello.
31ဆယ် စုတစုကို ရွေး လိုလျှင် ၊ အဘိုးရင်းနှင့်ငါး စုတစုကို ထပ် ၍ပေးရမည်။
32Y toda décima de vacas ó de ovejas, de todo lo que pasa bajo la vara, la décima será consagrada á Jehová.
32နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ ကြိမ်လုံး အောက် ၌ သွား သမျှ သော အကောင်ဆယ် စုတစုသည်၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
33No mirará si es bueno ó malo, ni lo trocará: y si lo trocare, ello y su trueque serán cosas sagradas; no se redimirá.
33ကောင်း သလော၊ ညံ့ သလောဟုမ မေးမစစ် ရ။ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း ရမည်။ အလျှင်းမ ရွေး ရဟု မိန့် တော်မူ၏။
34Estos son los mandamientos que ordenó Jehová á Moisés, para los hijos de Israel, en el monte de Sinaí.
34ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ ၌ ထား တော်မူသော ပညတ် တော်များ ဖြစ်သတည်း။

Tip: use the ← and → keys to turn chapters.