2 Кроничь 36
Cornilescu Bible (1924), Cyrillic scriptTranslation
Cornilescu Bible (1924), Cyrillic script
Judson Burmese Bible (1840)
1Попорул цэрий а луат пе Иоахаз, фиул луй Иосия, ши л-а пус ымпэрат ын локул татэлуй сэу ла Иерусалим.
1ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ၊ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။
2Иоахаз авя доуэзечь ши трей де ань кынд а ажунс ымпэрат ши а домнит трей лунь ла Иерусалим.
2ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။
3Ымпэратул Еӂиптулуй л-а дат жос де пе скаунул де домние ын Иерусалим ши а пус песте царэ ун бир де о сутэ де таланць де арӂинт ши де ун талант де аур.
3ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ ၊ ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။
4Ымпэратул Еӂиптулуй а пус ымпэрат песте Иуда ши песте Иерусалим пе Елиаким, фрателе луй Иоахаз, ши й-а скимбат нумеле ын Иоиаким. Неко а луат пе фрателе сэу Иоахаз ши л-а дус ын Еӂипт.
4အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်း ၊ ယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။
5Иоиаким авя доуэзечь ши чинч де ань кынд а ажунс ымпэрат ши а домнит унспрезече ань ла Иерусалим. Ел а фэкут че есте рэу ынаинтя Домнулуй Думнезеулуй сэу.
5ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
6Небукаднецар, ымпэратул Бабилонулуй, с-а суит ымпотрива луй ши л-а легат ку ланцурь де арамэ ка сэ-л дукэ ла Бабилон.
6ထိုကြောင့် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါ ၊ သံကြိုး ဖြင့် ချည်နှောင် လေ၏။
7Небукаднецар а дус ла Бабилон унелте дин Каса Домнулуй ши ле-а пус ын каса луй, ын Бабилон.
7ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ၊ ဗာဗုလုန် မြို့ ဗိမာန် ၌ ထား လေ၏။
8Челелалте фапте але луй Иоиаким, урычуниле пе каре ле-а сэвыршит ши рэул че се афла ын ел, сунт скрисе ын картя ымпэрацилор луй Исраел ши Иуда. Ши, ын локул луй, а домнит фиул сэу Иоиакин.
8ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
9Иоиакин авя опт ань кынд а ажунс ымпэрат ши а домнит трей лунь ши зече зиле ла Иерусалим. Ел а фэкут че есте рэу ынаинтя Домнулуй.
9ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
10Ын анул урмэтор, ымпэратул Небукаднецар л-а дус ла Бабилон ымпреунэ ку унелтеле скумпе але Касей Домнулуй. Ши а пус ымпэрат песте Иуда ши песте Иерусалим пе Зедекия, фрателе луй Иоиакин.
10နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။
11Зедекия авя доуэзечь ши уну де ань кынд а ажунс ымпэрат ши а домнит унспрезече ань ла Иерусалим.
11ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။
12Ел а фэкут че есте рэу ынаинтя Домнулуй Думнезеулуй сэу ши ну с-а смерит ынаинтя пророкулуй Иеремия, каре-й ворбя дин партя Домнулуй.
12ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ ။
13С-а рэскулат кяр ымпотрива ымпэратулуй Небукаднецар, каре-л пусесе сэ журе пе Нумеле луй Думнезеу. Шь-а ынцепенит грумазул ши шь-а ынвыртошат инима пынэ аколо ынкыт ну с-а ынторс ла Домнул Думнезеул луй Исраел.
13ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။
14Тоате кэпетенииле преоцилор ши попорул ау ынмулцит ши ей фэрэделеӂиле дупэ тоате урычуниле нямурилор ши ау пынгэрит Каса Домнулуй, пе каре о сфинцисе Ел ын Иерусалим.
14ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။
15Домнул Думнезеул пэринцилор лор а дат дин време тримишилор Сэй ынсэрчинаря сэ-й ынштиинцезе, кэч воя сэ круце пе попорул Сэу ши локашул Сэу.
15ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16Дар ей шь-ау бэтут жок де тримиший луй Думнезеу, Й-ау несокотит кувинтеле ши ау рыс де пророчий Луй, пынэ кынд мыния Домнулуй ымпотрива попорулуй Сэу а ажунс фэрэ ляк.
16ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
17Атунч, Домнул а фэкут сэ се суе ымпотрива лор ымпэратул халдеенилор ши а учис ку сабия пе тинерий лор ын каса локашулуй лор челуй сфынт. Н-а круцат нич пе тынэр, нич пе тынэрэ, нич пе бэтрын, нич пе омул гырбов суб повара перилор албь, чи а дат тотул ын мына луй.
17ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
18Небукаднецар а дус ла Бабилон тоате унелтеле дин Каса Домнулуй, марь ши мичь, вистиерииле Касей Домнулуй ши вистиерииле ымпэратулуй ши але кэпетениилор луй.
18ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်း ၊ ဗိမာန် တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွား၏။
19Ау арс Каса луй Думнезеу, ау дэрымат зидуриле Иерусалимулуй, ау пус фок тутурор каселор луй ши ау нимичит тоате лукруриле скумпе.
19ဗိမာန် တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။
20Пе чей че ау скэпат де сабие, Небукаднецар й-а дус приншь ла Бабилон. Ей й-ау фост супушь, луй ши фиилор луй, пынэ ла стэпыниря ымпэрэцией першилор,
20ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍ ၊ သူတို့သည် ပေရသိ နိုင်ငံ မ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။
21ка сэ се ымплиняскэ кувынтул Домнулуй ростит прин гура луй Иеремия, пынэ че цара шь-а цинут Сабателе ей ши с-а одихнит тот тимпул кыт а фост пустиитэ, пынэ ла ымплиниря челор шаптезечь де ань.
21ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။
22Ын чел динтый ан ал луй Чирус, ымпэратул першилор, ка сэ се ымплиняскэ кувынтул Домнулуй ростит прин гура луй Иеремия, Домнул а трезит духул луй Чирус, ымпэратул першилор, каре а пус сэ се факэ прин виу грай ши прин скрис ачастэ вестире ын тоатэ ымпэрэция луй:
22ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍
23„Аша ворбеште Чирус, ымпэратул першилор: ‘Домнул Думнезеул черурилор мь-а дат тоате ымпэрэцииле пэмынтулуй ши мь-а порунчит сэ-Й зидеск о касэ ла Иерусалим, ын Иуда. Чине динтре вой есте дин попорул Луй? Домнул Думнезеул луй сэ фие ку ел ши сэ плече!’”
23ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား၊ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။
Tip: use the ← and → keys to turn chapters.