2 Кроничь
Chapter 26
Cornilescu Bible (1924),…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

2 Кроничь 26

Cornilescu Bible (1924), Cyrillic script
Judson Burmese Bible (1840)
1Тот попорул дин Иуда а луат пе Озия, каре ера ын вырстэ де шайспрезече ань, ши л-а пус ымпэрат ын локул татэлуй сэу, Амация.
1ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည်၊ အသက် တဆယ် ခြောက် နှစ်ရှိသောသား တော်ဩဇိ ကို ယူ ၍ ခမည်းတော် အာမဇိ အရာ ၌ နန်းတင် ကြ၏။
2Озия а ынтэрит Елотул ши л-а адус ярэшь суб стэпыниря луй Иуда дупэ че а адормит ымпэратул ку пэринций сэй.
2ထိုမင်း သည် ခမည်းတော် သေ သောနောက် ၊ ဧလုတ် မြို့ကို ပြုစု ၍ ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏။
3Озия авя шайспрезече ань кынд а ажунс ымпэрат ши а домнит чинчзечь ши дой де ань ла Иерусалим. Мама са се кема Иеколия, дин Иерусалим.
3ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏။
4Ел а фэкут че есте бине ынаинтя Домнулуй, ынтокмай кум фэкусе татэл сэу, Амация.
4ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။
5А кэутат пе Думнезеу ын тимпул веций луй Захария, каре причепя веденииле луй Думнезеу. Ши, ын тимпул кынд а кэутат пе Домнул, Думнезеу л-а фэкут сэ пропэшяскэ.
5ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။
6А порнит ку рэзбой ымпотрива филистенилор. А дэрымат зидуриле Гатулуй, зидуриле Иабней ши зидуриле Асдодулуй ши а зидит четэць ын цинутул Асдодулуй ши ынтре филистень.
6ထိုမင်းသည် စစ်ချီ ၍ ဖိလိတ္တိ လူတို့ကို တိုက် သဖြင့် ၊ ဂါသ မြို့ရိုး ၊ ယာဗနေ မြို့ရိုး ၊ အာဇုတ် မြို့ရိုး တို့ကို ဖြိုဖျက် ပြီးမှ ၊ အာဇုတ် မြို့ပတ်လည် ၊ ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့ သစ်တို့ကို တည်ထောင် လေ၏။
7Думнезеу л-а ажутат ымпотрива филистенилор, ымпотрива арабилор каре локуяу ла Гур-Баал ши ымпотрива маоницилор.
7ဘုရားသခင် သည် ဖိလိတ္တိ လူ၊ ဂုရဗာလ မြို့မှာ နေ သောအာရပ် လူ၊ မဟုနိမ် လူတို့တစ်ဘက် ၌ သူ့ ကို မစ တော်မူ၏။
8Амониций адучяу дарурь луй Озия, ши файма луй с-а ынтинс пынэ ла хотареле Еӂиптулуй, кэч а ажунс фоарте путерник.
8အမ္မုန် အမျိုးသားတို့သည်လည်း ၊ ဩဇိ မင်းအား လက်ဆောင် ပဏ္ဏာတို့ကို ဆက် ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့ စေသဖြင့် ၊ သိတင်း တော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စော လေ၏။
9Озия а зидит турнурь ла Иерусалим пе Поарта Унгюлуй, пе Поарта Вэий ши пе унгь ши ле-а ынтэрит.
9ဩဇိ မင်းသည် ယေရုရှလင် မြို့ ထောင့် တံခါး ၊ ချိုင့် တံခါး ၊ မြို့ရိုးကွေ့ တံခါး၌ ရဲတိုက် တို့ကို တည် ၍ ခိုင်ခံ့ စေ၏။
10А зидит турнурь ын пустиу ши а сэпат мулте фынтынь, пентру кэ авя мулте турме ын вэй ши ын кымпие, ши плугарь ши виерь ын мунць ши ла Кармел, кэч ый плэчя лукраря пэмынтулуй.
10တော ၌ လည်း ရဲတိုက် တို့ကို တည် ၏။ ရေတွင်း များ ကိုလည်း တူး ၏။ ချိုင့်ဝှမ်း ရာအရပ် နှင့် မြေညီ ရာ အရပ်၌ များစွာ သော သိုး နွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေ ကောင်းသောအရပ်၌ လယ် လုပ်သောသူနှင့် စပျစ် ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာ ရှိ ၏။
11Озия авя о оасте де осташь каре мерӂяу ла рэзбой ын чете, сокотите дупэ нумэрэтоаря фэкутэ де логофэтул Иеиел ши дрегэторул Маасея ши пусе суб порунчиле луй Ханания, уна дин кэпетенииле ымпэратулуй.
11ဩဇိ မင်း၌ တပ်စာရေး ယေယေလ နှင့် တပ် အုပ် မာသေယ တို့သည် စာရင်း ယူ သည်အတိုင်း ၊ ရှင်ဘုရင် ၏ ဗိုလ်မင်း ဟာနနိ သည် စီရင် ၍ ၊ အသီးအသီး တပ် ဖွဲ့ သော စစ်သူရဲ ဗိုလ်ခြေများရှိ ကြ၏။
12Тот нумэрул капилор каселор пэринтешть, ал витежилор, ера де доуэ мий шасе суте.
12ထိုသို့ခွန်အား ကြီးသော သူရဲ အဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သော သူပေါင်းကား၊ နှစ်ထောင် ခြောက် ရာ တည်း။
13Ей порунчяу песте о оасте де трей суте шапте мий чинч суте де осташь ын старе сэ ажуте пе ымпэрат ымпотрива врэжмашулуй.
13ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူ တဘက် ၌ ရှင်ဘုရင် ကို ထောက်မ ခြင်းငှါ ၊ ကြီး သောခွန်အားနှင့် စစ်တိုက် သောသူရဲပေါင်းကား၊ သုံး သိန်းခုနစ် ထောင် ငါးရာ တည်း။
14Озия ле-а дат пентру тоатэ оштиря скутурь, сулице, койфурь, платоше, аркурь ши праштий.
14ဩဇိ မင်းသည်လည်း ၊ ဗိုလ်ခြေ အပေါင်း တို့အဘို့ ဒိုင်း လွှား၊ လှံ ၊ သံ ခမောက်လုံး၊ သံချပ် ၊ လေး ၊ ကျောက် နှင့် ပစ်စရာ လောက်လွှဲ တို့ကို ပြင်ဆင် လေ၏။
15А фэкут ла Иерусалим машинь искодите де ун мештер, каре авяу сэ фие ашезате пе турнурь ши пе унгюрь, ка сэ арунче сэӂець ши петре марь. Файма луй с-а ынтинс пынэ департе, кэч а фост ажутат ын кип минунат пынэ че а ажунс фоарте путерник.
15လိမ္မာ သောသူတို့သည် ဉာဏ် ရှာ၍လုပ် သော ယန္တရား စက်တို့ကိုလည်း ၊ ယေရှုရှလင် မြို့ရဲတိုက် ၊ မြို့ပြအိုး အပေါ်က မြှား နှင့် ကျောက် ကြီး ကို ပစ် စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုး ကြီးအောင် အထူးသဖြင့်မစ ခြင်းကိုခံရသည်ဖြစ်၍၊ သိတင်း တော်သည် အနှံ့အပြား ကျော်စော၏။
16Дар, кынд а ажунс путерник, инима и с-а ынэлцат ши л-а дус ла пеире. А пэкэтуит ымпотрива Домнулуй Думнезеулуй сэу, интрынд ын Темплул Домнулуй ка сэ ардэ тэмые пе алтарул тэмыерий.
16ဩဇိ မင်းသည် တန်ခိုး ကြီးသောအခါ ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ် ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နံ့သာပေါင်း ကို မီးရှို့ရာ ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ ထာဝရဘုရား ၏ ဗိမာန် တော်ထဲသို့ ဝင် လေ၏။
17Преотул Азария а интрат дупэ ел ку оптзечь де преоць ай Домнулуй, оамень де инимэ,
17ယဇ်ပုရောဟိတ် အာဇရိ သည် ရဲရင့်ခြင်းသတ္တိ ရှိသောထာဝရဘုရား ၏ အမှုတော် ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ် တို့နှင့်တကွ ၊ ရှင်ဘုရင်ဩဇိနောက် တော်သို့ လိုက် ၍၊
18каре с-ау ымпотривит ымпэратулуй Озия ши й-ау зис: „Н-ай дрептул, Озия, сэ адучь тэмые Домнулуй! Дрептул ачеста ыл ау преоций, фиий луй Аарон, каре ау фост сфинциць ка с-о адукэ. Ешь дин Сфынтул Локаш, кэч фачь ун пэкат! Ши лукрул ачеста ну-ць ва фаче чинсте ынаинтя Домнулуй Думнезеу.”
18ဆီးတား သဖြင့် ၊ အိုဩဇိ မင်း ၊ ကိုယ်တော်သည် ထာဝရဘုရား အား နံ့သာပေါင်း ကို မီးရှို့ခြင်းအမှုနှင့် မ ဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ ၊ ခန့်ထား သောအာရုန် သား ယဇ် ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်း ရာဌာနထဲက ထွက် သွားလော့။ ကိုယ်တော်သည် ပြစ်မှား ပြီ။ ထာဝရ အရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော် အသရေ ပျက် လိမ့်မည်ဟု ဆိုကြ လျှင်၊
19Озия с-а мыният. Ын мынэ авя о кэделницэ. Ши, кум с-а мыният пе преоць, й-а избукнит лепра пе фрунте, ын фаца преоцилор, ын Каса Домнулуй, лынгэ алтарул тэмыерий.
19ဩဇိ မင်းသည် ဒေါသ စိတ်ရှိ၍ ၊ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ လင်ပန်း ကိုကိုင် လျက် ၊ ယဇ် ပုရောဟိတ်တို့ကို အမျက်ထွက် လျှင် ၊ ဗိမာန် တော်တွင် နံ့သာပေါင်း ကို မီးရှို့ရာယဇ် ပလ္လင်၏ အနား ၊ ယဇ်ပုရောဟိတ် တို့ ရှေ့ မှာ၊ နူနာ သည် ရှင် ဘုရင်နဖူး ၌ ပေါ် လေ၏။
20Мареле преот Азария ши тоць преоций шь-ау ындрептат привириле спре ел ши ятэ кэ ера плин де лепрэ пе фрунте. Л-ау скос репеде афарэ ши ел ынсушь с-а грэбит сэ ясэ, пентру кэ Домнул ыл ловисе.
20ယဇ်ပုရောဟိတ် မင်း နှင့် ယဇ်ပုရောဟိတ် အပေါင်း တို့သည် ကြည့်ရှု ၍၊ နဖူး တော်၌ နူနာ စွဲသည် ကိုမြင် လျှင် ၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ အလျင်အမြန် ထွက် လေ၏။
21Ымпэратул Озия а фост лепрос пынэ ын зиуа морций ши а локуит ынтр-о касэ деосебитэ ка лепрос, кэч а фост изгонит дин Каса Домнулуй. Ши фиул сэу Иотам ера ын фрунтя касей ымпэратулуй ши жудека попорул цэрий.
21ထိုသို့ ဩဇိ မင်းကြီးသည် သေ သည်တိုင်အောင် နူနာ စွဲ၍ ၊ ခြားနား သောနန်း ၌နေ ရ၏။ ဗိမာန် တော်သို့ ဝင်သော အခွင့်ကို မရ။ သား တော်ယောသံ သည် နန်းတော် ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
22Челелалте фапте але луй Озия, челе динтый ши челе де пе урмэ, ау фост скрисе де Исая, фиул луй Амоц, пророкул.
22ဩဇိ ပြုမူသောအမှု အရာ ကြွင်း လေသမျှ အစ အဆုံး တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် ရေး ထားလေ၏။
23Озия а адормит ку пэринций сэй. Ши л-ау ынгропат ку пэринций сэй ын огорул де ынмормынтаре ал ымпэрацилор, кэч зичяу: „Есте лепрос.” Ын локул луй, а домнит фиул сэу Иотам.
23ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံရသော်လည်း ၊ လူနူ ဖြစ်သောကြောင့် ၊ ရှင်ဘုရင် တို့ သင်္ချိုင်း နှင့်ဆိုင် သောမြေ အကွက်၌ သာ သင်္ဂြိုလ်ကြ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

Tip: use the ← and → keys to turn chapters.