Isaías 54
Bíblia Portuguesa Mundial (Brazilian Portuguese)
Judson Burmese Bible (1840)
1“Cante, ó estéril, você que não deu à luz! Irrompa em canto e grite de alegria, você que não sentiu dores de parto! Porque mais são os filhos da mulher desolada do que os filhos da mulher casada”, diz o SENHOR.
1သားမ ဘွား သော အမြုံ မ၊ ဝမ်းမြောက်လော့။ သားဘွား ခြင်းဝေဒနာကို မ ခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်း မူကား၊ စွန့် ထားသော မိန်းမသည် လင် ရှိသောမိန်းမထက်သာ၍ များသော သား တို့ကို ဘွားမြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
2“Amplie o espaço da sua tenda, e que se estendam as cortinas das suas habitações; não economize; alongue as suas cordas e firme as suas estacas.
2သင် ၏တဲ ရာ ကို ကျယ် စေလော့။ သင် ၏နေရာ မျက်နှာကြက် ကို ကြက် ဦးလော့။ နှမြော သောစိတ် မ ရှိ နှင့်။ ကြိုး တို့ကို ရှည် စေဦးလော့။ တိုင် တို့ကို မြဲစွာ စိုက် လော့။
3Pois você se expandirá para a direita e para a esquerda; e a sua descendência possuirá as nações e povoará as cidades desoladas.
3အကြောင်း မူကား၊ သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ တိုးပွား လိမ့်မည်။ သင် ၏အမျိုး အနွယ်သည် တပါး အမျိုးသားတို့ကို အမွေ ခံ၍ ၊ သူတို့၏ ဆိတ်ညံ သော မြို့ တို့၌ နေ ကြလိမ့်မည်။
4“Não tenha medo, pois você não será envergonhada. Não se sinta confundida, pois você não será decepcionada. Pois você se esquecerá da vergonha da sua juventude. E não se lembrará mais da desonra da sua viuvez.
4မ စိုးရိမ် နှင့်။ ရှက်ကြောက် ခြင်းသို့မ ရောက်ရ။ မျက်နှာ မ ပျက်နှင့်။ အရှက်ကွဲ ခြင်းကို မ ခံရ။ အသက် ငယ်စဉ်အခါ ခံရသောရှက်ကြောက် ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမ ဖြစ်၍ ခံရသောကဲ့ရဲ့ ခြင်းကို နောက် တဖန် မ အောက်မေ့ ရ။
5Pois o seu Criador é o seu marido; o SENHOR dos Exércitos é o seu nome. O Santo de Israel é o seu Redentor. Ele será chamado o Deus de toda a terra.
5အကြောင်း မူကား၊ သင့် ကို ဖန်ဆင်း သော သူသည် သင် ၏လင် ဖြစ်တော်မူ၏။ နာမ တော်ကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရ ဘုရားတည်း။ သင့် ကို ရွေးနှုတ် သောသူသည် ဣသရေလ အမျိုး၌ သန့်ရှင်း သော ဘုရား ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ကို အစိုးရသောဘုရားဟူ၍ခေါ် ရကြ၏။
6Pois o SENHOR a chamou como a uma esposa abandonada e aflita de espírito, como a uma esposa da juventude, quando é rejeitada”, diz o seu Deus.
6စွန့်ပစ် ၍ စိတ် ငြိုငြင် သော မိန်းမ ၊ ငယ် စဉ်တွင်မယား ဖြစ်၍ ၊ နောက်မှငြင်းပယ် သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့် ကို ငါခေါ် မည်ဟု သင် ၏ဘုရား သခင်မိန့် တော်မူ၏။
7“Por um breve momento eu a abandonei, mas com grandes misericórdias eu a ajuntarei.
7သင့်ကို ခဏ သာ ငါစွန့် သည် ဖြစ်၍ ၊ များ စွာသော ကရုဏာ နှင့် တဖန်သိမ်းဆည်း ဦးမည်။
8Em ira transbordante, escondi o meu rosto de você por um momento, mas com eterna bondade eu terei misericórdia de você”, diz o SENHOR, o seu Redentor.
8ပြင်းစွာသော အမျက် ထွက်၍ ခဏ မျှ ငါမျက်နှာ လွှဲ သော်လည်း ၊ ထာဝရ မေတ္တာ နှင့် သင့် ကို ကယ်မသနား ဦးမည်ဟု သင့် ကို ရွေးနှုတ် သော ထာဝရဘုရား မိန့် တော်မူ ၏။
9“Pois isso é para mim como as águas de Noé; pois assim como jurei que as águas de Noé não cobririam mais a terra, assim jurei que não me irarei mais contra você, nem a repreenderei.
9နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။
10Pois os montes podem se retirar, e as colinas serem removidas, mas a minha bondade não se retirará de você, e a minha aliança de paz não será removida”, diz o SENHOR, que tem misericórdia de você.
10တောင် ကြီးတို့သည် ရွေ့ ၍ ၊ တောင် ငယ်တို့သည် လှုပ်ရှား သော်လည်း ၊ ငါ ၏မေတ္တာ သည် သင် မှ မ ရွေ့ ရ။ ငါ ၏ငြိမ်သက် ခြင်း ပဋိညာဉ် လည်း မ လှုပ်ရှား ရဟု သင် ၌ သနား ခြင်းကရုဏာစိတ်ရှိတော်မူသောထာဝရဘုရား မိန့် တော်မူ၏။
11“Ó aflita, açoitada por tempestades e não consolada, eis que assentarei as suas pedras em cores belas, e lançarei os seus alicerces com safiras.
11အို ညှဉ်းဆဲခြင်းနှင့် မိုဃ်း သက်မုန်တိုင်းတိုက် ခြင်းကို ခံရ၍၊ သက်သာ မရနိုင်သောသူ၊ သင် ၏ တိုက် ကို ဟင်းသ ပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ် ကို နီလာ ဖြင့် ၎င်း၊
12Farei os seus pináculos de rubis, as suas portas de joias cintilantes, e todas as suas muralhas de pedras preciosas.
12ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါး တို့ကို ပတ္တမြား ဖြင့်၎င်း၊ ပတ်ဝန်းကျင် တန်ဆာများကို ကျောက် မြတ် အမျိုးမျိုး ဖြင့်၎င်း ငါပြီး စေမည်။
13Todos os seus filhos serão ensinados pelo SENHOR, e grande será a paz dos seus filhos.
13သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။
14Em justiça você será estabelecida. Você estará longe da opressão, pois não terá medo, e longe do terror, pois ele não chegará perto de você.
14သင်သည် ဖြောင့်မတ် ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲ ခြင်းနှင့် ဝေး သည်ဖြစ်၍ မ ကြောက် ရ။ ထိတ်လန့် ခြင်းသည်လည်း ဝေး၍၊ သင့် အနီးသို့ မ ရောက် ရ။
15Eis que eles poderão se reunir, mas não por mim. Quem se reunir contra você, cairá por sua causa.
15ငါ ၏ အခွင့်မ ရှိဘဲ သင့်တဘက်၌ အဘယ်သူမျှနေရာ မကျရ။ နေရာကျဘူးသောသူတို့သည် သင့် ဘက် သို့ ဝင်စား ကြလိမ့်မည်။
16“Eis que eu criei o ferreiro que sopra as brasas no fogo, e forja uma arma para o seu trabalho; e eu criei o destruidor para destruir.
16မီး ကိုမှုတ် ၍၊ မိမိ အလုပ် တည်းဟူသောလက်နက် ကိုလုပ် တတ်သောပန်းပဲ ကို၎င်း ၊ ဖျက်ဆီး စေခြင်းငှါ ဖျက်ဆီး သောသူကို၎င်း ငါ ဖန်ဆင်း ၏။
17Nenhuma arma forjada contra você prevalecerá; e você condenará toda língua que se levantar contra você em julgamento. Esta é a herança dos servos do SENHOR, e a sua justiça procede de mim”, diz o SENHOR.
17သင့် တစ်ဘက် ၌ လုပ် သောလက်နက် တစုံတခုမျှ အထမ မြောက် ရ။ သင့် ကိုတရား တွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား ၏ ကျွန် တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.