ဗျာဒိတ်

Old Testament

Chapter 9
Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဗျာဒိတ် 9

Judson Burmese Bible (1840)
Greek New Testament: 1904 Patriarchal Text (Byzantine)
1ပဉ္စမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကြယ် တစ်လုံးသည် ကောင်းကင် က မြေကြီး ပေါ်သို့ ကျ သည်ကို ငါမြင် ၏။ သူ ၌အနက်ဆုံး သော တွင်း ၏ သော့ ကို အပ်ပေး သည်ဖြစ်၍ ၊
1Καὶ ὁ πέμπτος ἄγγελος ἐσάλπισε· καὶ εἶδον ἀστέρα ἐκ τοῦ οὐρανοῦ πεπτωκότα εἰς τὴν γῆν, καὶ ἐδόθη αὐτῷ ἡ κλεὶς τοῦ φρέατος τῆς ἀβύσσου,
2သူသည်အနက်ဆုံး သော တွင်း ကိုဖွင့် လျှင် ၊ ကြီးစွာ သော မီးဖို ၏ အခိုး ကဲ့သို့သော အခိုး သည် တွင်း ထဲက တက် လေ၏။ ထိုတွင်း ၏ မီးခိုး ကြောင့် ၊ နေ နှင့် အာကာသ ကောင်းကင်သည် မှောင်မိုက် လေ၏။
2[καὶ ἤνοιξε τὸ φρέαρ τῆς ἀβύσσου,] καὶ ἀνέβη καπνὸς ἐκ τοῦ φρέατος ὡς καπνὸς καμίνου καιομένης, καὶ ἐσκοτίσθη ὁ ἥλιος καὶ ὁ ἀὴρ ἐκ τοῦ καπνοῦ τοῦ φρέατος.
3ကျိုင်းကောင် တို့သည် မီးခိုး အထဲ ကမြေကြီး အပေါ်သို့ ထွက် ၍ မြေ ကင်းမြီးကောက် တန်ခိုး ကဲ့သို့သော တန်ခိုး ကိုရ ကြ၏။
3καὶ ἐκ τοῦ καπνοῦ ἐξῆλθον ἀκρίδες εἰς τὴν γῆν, καὶ ἐδόθη αὐταῖς ἐξουσία ὡς ἔχουσιν ἐξουσίαν οἱ σκορπίοι τῆς γῆς·
4မြေ ၏မြက်ပင် မှစ၍ စိမ်း သောအရာများ၊ သစ်ပင် များအပေါင်း တို့ကို ထား၍၊ နဖူး ၌ ဘုရားသခင် တံဆိပ် ခတ်ခြင်းကို မ ခံ သော လူ တို့ကိုညှဉ်းဆဲ မည် အကြောင်း သူ တို့အား ပညတ် ထား၏။
4καὶ ἐρρέθη αὐταῖς ἵνα μὴ ἀδικήσωσι τὸν χόρτον τῆς γῆς οὐδὲ πᾶν χλωρὸν οὐδὲ πᾶν δένδρον, εἰ μὴ τοὺς ἀνθρώπους οἵτινες οὐκ ἔχουσι τὴν σφραγῖδα τοῦ Θεοῦ ἐπὶ τῶν μετώπων αὐτῶν.
5တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါး လ ပတ်လုံးပြင်းစွာ သော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင်ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက် သည် လူ ကိုထိုး သော ဝေဒနာ ကဲ့သို့ ဖြစ်သတည်း။
5καὶ ἐδόθη αὐταῖς ἵνα μὴ ἀποκτείνωσιν αὐτούς, ἀλλ᾽ ἵνα βασανισθῶσι μῆνας πέντε· καὶ ὁ βασανισμὸς αὐτῶν ὡς βασανισμὸς σκορπίου, ὅταν παίσῃ ἄνθρωπον.
6ထို နေ့ရက် ကာလ၌ လူ တို့သည် သေ ခြင်းကို ရှာ ကြလိမ့်မည်။ ရှာသော်လည်းမ တွေ့ ရကြ။ အလွန် သေ ချင် သော်လည်း သေမင်း သည် သူ တို့ထံမှ ပြေးသွား လိမ့်မည်။
6καὶ ἐν ταῖς ἡμέραις ἐκείναις ζητήσουσιν οἱ ἄνθρωποι τὸν θάνατον καὶ οὐ μὴ εὑρήσουσιν αὐτόν, καὶ ἐπιθυμήσουσιν ἀποθανεῖν, καὶ φεύξεται ἀπ᾽ αὐτῶν ὁ θάνατος.
7ထိုကျိုင်းကောင် တို့၏ အဆင်း သဏ္ဌာန်သည် စစ်တိုက် ခြင်းငှာ ပြင်ဆင် သောမြင်း ၏ အဆင်းသဏ္ဌာန် နှင့် တူ၏။ ခေါင်း ပေါ် မှရွှေ သရဖူ ကို ဆောင်းဟန်ရှိ၏။ မျက်နှာ သည်လူ မျက်နှာ ကဲ့သို့ ဖြစ်၏။
7καὶ τὰ ὁμοιώματα τῶν ἀκρίδων ὅμοια ἵπποις ἡτοιμασμένοις εἰς πόλεμον, καὶ ἐπὶ τὰς κεφαλὰς αὐτῶν ὡς στέφανοι ὅμοιοι χρυσίῳ, καὶ τὰ πρόσωπα αὐτῶν ὡς πρόσωπα ἀνθρώπων,
8ဆံပင် သည်မိန်းမ ဆံပင် ကဲ့သို့ ဖြစ် ၏။ သွား သည်လည်း ခြင်္သေ့ သွားကဲ့သို့ ဖြစ် ၏။
8καὶ εἶχον τρίχας ὡς τρίχας γυναικῶν, καὶ οἱ ὀδόντες αὐτῶν ὡς λεόντων ἦσαν,
9ရင်အုပ် တန်ဆာသည် သံ ရင်အုပ် တန်ဆာကဲ့သို့ ဖြစ် ၏။ အတောင် ခတ်သော အသံ သည် စစ်တိုက် ၍ ပြေးလာ သော မြင်း ရထား အများ ၏ အသံ ကဲ့သို့ ဖြစ်၏။
9καὶ εἶχον θώρακας ὡς θώρακας σιδηροῦς, καὶ ἡ φωνὴ τῶν πτερύγων αὐτῶν ὡς φωνὴ ἁρμάτων ἵππων πολλῶν τρεχόντων εἰς πόλεμον.
10အမြီး သည် ကင်းမြီးကောက် နှင့် တူ ၏။ အမြီး ၌ လည်း ဆူး ရှိ၏။ လူ တို့ကို ငါး လ ပတ်လုံးညှဉ်းဆဲ ရသော အခွင့် တန်ခိုးရှိ၏။
10καὶ ἔχουσιν οὐρὰς ὁμοίας σκορπίοις καὶ κέντρα, καὶ ἐν ταῖς οὐραῖς αὐτῶν ἐξουσίαν [ἔχουσι] τοῦ ἀδικῆσαι τοὺς ἀνθρώπους μῆνας πέντε.
11သူ တို့၏ ရှင်ဘုရင် မူကား ၊ ဟေဗြဲ ဘာသာအားဖြင့်အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန် ဟူ၍၎င်း ခေါ်ဝေါ် သော အနက်ဆုံး သောတွင်း တမန် ဖြစ် ၏။
11ἔχουσι βασιλέα ἐπ᾽ αὐτῶν [τὸν] ἄγγελον τῆς ἀβύσσου· ὄνομα αὐτῷ Ἑβραϊστὶ Ἀβαδδών, ἐν δὲ τῇ Ἑλληνικῇ ὄνομα ἔχει Ἀπολλύων.
12အမင်္ဂလာ တစ်ပါး လွန် ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ် ပါးလာ လေဦး မည်။
12Ἡ οὐαὶ ἡ μία ἀπῆλθεν· ἰδοὺ ἔρχονται ἔτι δύο οὐαὶ μετὰ ταῦτα.
13ဆဋ္ဌမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ဘုရားသခင် ရှေ့ တော်၌ရှိသော ရွှေ ယဇ်ပလ္လင် ၏ ချို လေး ချောင်းထဲက ထွက်သော အသံ ကား၊
13Καὶ ὁ ἕκτος ἄγγελος ἐσάλπισε· καὶ ἤκουσα φωνὴν μίαν ἐκ τῶν τεσσάρων κεράτων τοῦ θυσιαστηρίου τοῦ χρυσοῦ τοῦ ἐνώπιον τοῦ Θεοῦ,
14ဥဖရတ် မြစ် ကြီး နား မှာ ချည်နှောင် လျက်ရှိသော ကောင်းကင်တမန် လေး ပါးကို လွှတ် လော့ဟု တံပိုး ရှိ သော ဆဌမ ကောင်းကင်တမန် အား ဆို သည်ကို ငါကြား ၏။
14λέγοντος τῷ ἕκτῳ ἀγγέλῳ· ὁ ἔχων τὴν σάλπιγγα, λῦσον τοὺς τέσσαρας ἀγγέλους τοὺς δεδεμένους ἐπὶ τῷ ποταμῷ τῷ μεγάλῳ Εὐφράτῃ.
15ထိုအခါ လူ သုံးစု တစ်စုကို အသေ သတ်ခြင်းငှာ ။ တစ်နာရီ ၊ တစ်ရက် ၊ တစ်လ ၊ တစ်နှစ် အဘို့ ပြင်ဆင် သော ကောင်းကင်တမန် လေး ပါးတို့ကို လွှတ် လေ၏။
15καὶ ἐλύθησαν οἱ τέσσαρες ἄγγελοι οἱ ἡτοιμασμένοι εἰς τὴν ὥραν καὶ [εἰς] τὴν ἡμέραν καὶ μῆνα καὶ ἐνιαυτόν, ἵνα ἀποκτείνωσι τὸ τρίτον τῶν ἀνθρώπων.
16မြင်း စီးသူရဲ တို့၏ အရေအတွက် ကား ၊ နှစ်သင်္ချေဖြစ်၏။ ထို အရေအတွက် ကို ငါကြား ရ၏။
16καὶ ὁ ἀριθμὸς τῶν στρατευμάτων τοῦ ἵππου [δύο] μυριάδες μυριάδων· ἤκουσα τὸν ἀριθμὸν αὐτῶν.
17ထိုအတူ ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသော မြင်း တို့ကို၎င်း၊ ကန့် ၊ မီး ၊ ဝှာကိန္သုကျောက်နှင့်ပြီးသော ရင်အုပ် တန်ဆာရှိ သောမြင်းစီး သူရဲ တို့ကို၎င်း ငါမြင် ရ၏။ မြင်း တို့၏ ခေါင်း သည်ခြင်္သေ့ ခေါင်း ကဲ့သို့ ဖြစ်၏။ သူ တို့၏ ခံတွင်း ထဲက လည်း ကန့် ၊ မီးလျှံ ၊ မီးခိုး ထွက် ကြ၏။
17[καὶ] οὕτως εἶδον τοὺς ἵππους ἐν τῇ ὁράσει καὶ τοὺς καθημένους ἐπ᾽ αὐτῶν, ἔχοντας θώρακας πυρίνους καὶ ὑακινθίνους καὶ θειώδεις· καὶ αἱ κεφαλαὶ τῶν ἵππων ὡς κεφαλαὶ λεόντων, καὶ ἐκ τῶν στομάτων αὐτῶν ἐκπορεύεται πῦρ καὶ καπνὸς καὶ θεῖον.
18သူ တို့၏ခံတွင်း ထဲက ထွက် သော ကန့် ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောဘေး သုံး ပါးကြောင့် ၊ လူ သုံးစုတစု သေ ကြ၏။
18ἀπὸ τῶν τριῶν πληγῶν τούτων ἀπεκτάνθησαν τὸ τρίτον τῶν ἀνθρώπων, ἐκ τοῦ πυρὸς καὶ τοῦ καπνοῦ καὶ τοῦ θείου τοῦ ἐκπορευομένου ἐκ τῶν στομάτων αὐτῶν.
19အကြောင်းမူကား ၊ သူ တို့တန်ခိုး သည် ခံတွင်း ၌ ၎င်း ၊ အမြီး ၌ ၎င်းတည် ၏။ အမြီး သည် ခေါင်း နှင့် ပြည့်စုံ ၍ မြွေ နှင့်တူ ၏ ။အမြီးအားဖြင့် ညှင်းဆဲ တတ်ကြ၏။
19ἡ γὰρ ἐξουσία τῶν ἵππων ἐν τῷ στόματι αὐτῶν ἐστι καὶ ἐν ταῖς οὐραῖς αὐτῶν· αἱ γὰρ οὐραὶ αὐτῶν ὅμοιαι ὄφεσιν, ἔχουσαι κεφαλάς, καὶ ἐν αὐταῖς ἀδικοῦσι.
20ထို ဘေးဒဏ် ကြောင့် မ သေ ဘဲကြွင်း သော လူ တို့သည် နတ် တို့ကို၎င်း၊ မ မြင် နိုင် ၊ မ ကြား နိုင်၊ မ သွားလာ နိုင်သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကြေးနီ ရုပ်တု၊ ကျောက် ရုပ်တု၊ သစ်သား ရုပ်တုတို့ကို၎င်း မ ကိုးကွယ် ဘဲ နေခြင်းငှာ ၊ ကိုယ် လက် နှင့် လုပ် သော အရာများကို နောင်တ မ ရဘဲနေကြ၏။
20καὶ οἱ λοιποὶ τῶν ἀνθρώπων, οἳ οὐκ ἀπεκτάνθησαν ἐν ταῖς πληγαῖς ταύταις, οὐ μετενόησαν ἐκ τῶν ἔργων τῶν χειρῶν αὐτῶν, ἵνα μὴ προσκυνήσωσι τὰ δαιμόνια καὶ τὰ εἴδωλα τὰ χρυσᾶ καὶ τὰ ἀργυρᾶ καὶ τὰ χαλκᾶ καὶ τὰ λίθινα καὶ τὰ ξύλινα, ἃ οὔτε βλέπειν δύναται οὔτε ἀκούειν οὔτε περιπατεῖν,
21ကိုယ်ကျင့်သော အကျင့်တည်းဟူသောလူ အသက်ကို သတ်ခြင်း၊ သူတစ်ပါး ကိုပြုစား ခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ ဥစ္စာ ကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တ မ ရဘဲနေကြ၏။
21καὶ οὐ μετενόησαν ἐκ τῶν φόνων αὐτῶν οὔτε ἐκ τῶν φαρμακειῶν αὐτῶν οὔτε ἐκ τῆς πορνείας αὐτῶν οὔτε ἐκ τῶν κλεμμάτων αὐτῶν.

Tip: use the ← and → keys to turn chapters.