ဗျာဒိတ်

Old Testament

Chapter 1
Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဗျာဒိတ် 1

Judson Burmese Bible (1840)
Greek New Testament: 1904 Patriarchal Text (Byzantine)
1ကာလ မကြာမမြင့်မှီဖြစ် ရမည် အမှုအရာ များကို ယေရှု ခရစ် သည် မိမိ အစေခံ ကျွန်တို့အား ပြ စေခြင်းငှာ၊ ဘုရားသခင် အပ်ပေး တော်မူသောထို သခင် ၏ ဗျာဒိတ် တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ၊ မိမိ အစေခံ ကျွန်ယောဟန် အား ဗျာဒိတ် တော် အရိပ်ကို ပြတော်မူ၏။
1Ἀποκάλυψις Ἰησοῦ Χριστοῦ, ἣν ἔδωκεν αὐτῷ ὁ Θεός, δεῖξαι τοῖς δούλοις αὐτοῦ ἃ δεῖ γενέσθαι ἐν τάχει, καὶ ἐσήμανεν ἀποστείλας διὰ τοῦ ἀγγέλου αὐτοῦ τῷ δούλῳ αὐτοῦ Ἰωάννῃ,
2ယောဟန် သည်လည်း ဘုရားသခင် ၏ နှုတ်ကပတ် တော်နှင့် ယေရှု ခရစ် ၏ သက်သေခံ တော်မူချက်ကို မြင် သမျှ အတိုင်း သက်သေခံ ၏။
2ὃς ἐμαρτύρησε τὸν λόγον τοῦ Θεοῦ καὶ τὴν μαρτυρίαν Ἰησοῦ Χριστοῦ, ὅσα εἶδε.
3ကာလ အချိန်ရောက်လုနီး ပြီဖြစ်၍ ၊ ဤ အနာဂတ္တိ ကျမ်းစကား ကိုကြည့်ရှုဘတ်ရွတ် နားထောင် ၍ ၊ ရေး ထားသမျှတို့ကို စောင့်ရှောက် သော သူတို့သည် မင်္ဂလာ ရှိကြ၏။
3μακάριος ὁ ἀναγινώσκων καὶ οἱ ἀκούοντες τοὺς λόγους τῆς προφητείας καὶ τηροῦντες τὰ ἐν αὐτῇ γεγραμμένα· ὁ γὰρ καιρὸς ἐγγύς.
4ငါယောဟန် သည် အာရှိ ပြည်၌ ရှိသော အသင်းတော် ခုနှစ် ပါးကို ကြား လိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ် ၊ အနာဂတ် ကာလအစဉ် ရှိ တော်မူသော ဘုရားသခင် အထံတော်က ၎င်း၊ ပလ္လင် တော်ရှေ့ ၌ရှိ သော ဝိညာဉ် ခုနှစ် ပါးအထံ က၎င်း၊
4Ἰωάννης ταῖς ἑπτὰ ἐκκλησίαις ταῖς ἐν τῇ Ἀσίᾳ· χάρις ὑμῖν καὶ εἰρήνη ἀπὸ [Θεοῦ], ὁ ὢν καὶ ὁ ἦν καὶ ὁ ἐρχόμενος, καὶ ἀπὸ τῶν ἑπτὰ πνευμάτων, ἃ ἐνώπιον τοῦ θρόνου αὐτοῦ,
5သစ္စာစောင့် သော သက်သေခံ ဖြစ်တော်မူထသော၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီ ဘုရင် တို့၏ အထွဋ် ဖြစ်တော်မူသော ယေရှု ခရစ် အထံတော်က ၎င်း၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည်သင် တို့၌ရှိပါစေသော။ ငါ တို့ကိုချစ် ၍ မိမိ အသွေး နှင့် ငါ တို့အပြစ် များကို ဆေးကြော တော်မူ၍၊
5καὶ ἀπὸ Ἰησοῦ Χριστοῦ, ὁ μάρτυς ὁ πιστός, ὁ πρωτότοκος τῶν νεκρῶν καὶ ὁ ἄρχων τῶν βασιλέων τῆς γῆς. τῷ ἀγαπῶντι ἡμᾶς καὶ λούσαντι ἡμᾶς ἀπὸ τῶν ἁμαρτιῶν ἡμῶν ἐν τῷ αἵματι αὐτοῦ,
6မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။
6καὶ ἐποίησεν ἡμᾶς βασιλείαν, ἱερεῖς τῷ Θεῷ καὶ πατρὶ αὐτοῦ, αὐτῷ ἡ δόξα καὶ τὸ κράτος εἰς τοὺς αἰῶνας τῶν αἰώνων· ἀμήν.
7ကြည့်ရှု လော့။ မိုဃ်းတိမ် နှင့်တကွ ကြွလာ တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ထိုးဖောက် သော သူ တို့နှင့် ရှိသမျှ သောသူတို့သည် ကိုယ်တော် ကို ရှုမြင် ရ ကြလိမ့်မည်။ မြေကြီး သားအမျိုးမျိုး ရှိသမျှ တို့သည် ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်းရကြလိမ့်မည်။ မှန် ပေ၏။ အာမင် ။
7Ἰδοὺ ἔρχεται μετὰ τῶν νεφελῶν, καὶ ὄψεται αὐτὸν πᾶς ὀφθαλμὸς καὶ οἵτινες αὐτὸν ἐξεκέντησαν, καὶ κόψονται ἐπ᾽ αὐτὸν πᾶσαι αἱ φυλαὶ τῆς γῆς. ναί, ἀμήν.
8ငါ သည် အာလဖ ဖြစ် ၏။ ဩမေဃ လည်း ဖြစ်၏ ဟု အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ် ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့် တော်မူ၏။
8Ἐγώ εἰμι τὸ Α καὶ τὸ Ω, λέγει Κύριος ὁ Θεός, ὁ ὢν καὶ ὁ ἦν καὶ ὁ ἐρχόμενος, ὁ παντοκράτωρ.
9ယေရှု ခရစ်၏ ဆင်းရဲ ခြင်းဒုက္ခမှစ၍ နိုင်ငံ တော်ကို၎င်း၊ သည်းခံ တော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူဆက်ဆံသော အဘော်အဘက်က၊ သင် တို့အစ်ကို ငါ ယောဟန် သည်၊ ဘုရားသခင် ၏ နှုတ်ကပတ် နှင့် ယေရှု ခရစ်၏ သက်သေခံ တော်မူချက်ကြောင့်၊ ပတ်မု ကျွန်း မှာ နေ ရစဉ်တွင်၊
9Ἐγὼ Ἰωάννης, ὁ ἀδελφὸς ὑμῶν καὶ συγκοινωνὸς ἐν τῇ θλίψει καὶ βασιλείᾳ καὶ ὑπομονῇ ἐν Ἰησοῦ [Χριστῷ], ἐγενόμην ἐν τῇ νήσῳ τῇ καλουμένῃ Πάτμῳ διὰ τὸν λόγον τοῦ Θεοῦ καὶ διὰ τὴν μαρτυρίαν Ἰησοῦ Χριστοῦ.
10သခင် ဘုရားနေ့ ၌ ဝိညာဉ် တော်ကိုခံရ ၍ ၊ တံပိုး ခရာ အသံ ကဲ့သို့ ငါ့ နောက် ၌ မြည်သော အသံကြီး ကို ကြား ၏။
10ἐγενόμην ἐν πνεύματι ἐν τῇ κυριακῇ ἡμέρᾳ, καὶ ἤκουσα φωνὴν ὀπίσω μου μεγάλην ὡς σάλπιγγος
11မြည်သောအချက်ဟူမူကား၊ သင်သည်မြင် သော အရာ ကို စာစောင် ၌ ရေး ထား၍၊ ဧဖက် မြို့၊ စမုရန မြို့၊ ပေရဂံ မြို့၊ သွာတိရ မြို့၊ သာဒိ မြို့၊ ဖိလဒေလဖိ မြို့၊ လောဒိကိ မြို့၌ ရှိသော အသင်းတော် ခုနှစ် ပါးထံသို့ပေး လိုက် လော့ဟုဆို သတည်း။
11λεγούσης· ὃ βλέπεις γράψον εἰς βιβλίον καὶ πέμψον ταῖς ἑπτὰ ἐκκλησίαις, εἰς Ἔφεσον καὶ εἰς Σμύρναν καὶ εἰς Πέργαμον καὶ εἰς Θυάτειρα καὶ εἰς Σάρδεις καὶ εἰς Φιλαδέλφειαν καὶ εἰς Λαοδίκειαν.
12ထိုသို့ ငါ နှင့် စကား ပြော၍ အသံမြည် သော သူ ကိုမြင် ခြင်းငှာငါသည်လှည့်ကြည့် လျှင် ၊ ရွှေ မီးခွက် ခုနှစ် လုံးကို၎င်း ၊
12Καὶ [ἐκεῖ] ἐπέστρεψα βλέπειν τὴν φωνὴν ἥτις ἐλάλει μετ᾽ ἐμοῦ· καὶ ἐπιστρέψας εἶδον ἑπτὰ λυχνίας χρυσᾶς,
13ထို မီးခွက် ခုနှစ်လုံးအလယ် ၌ လူ သားတော်နှင့် တူ သောသူတစ်ဦးကို၎င်း မြင် ၏။ ထိုသူသည်ခြေ သို့ တိုင်အောင်ဝတ် ခြုံလျက်၊ ရင် တော်၌ ရွှေ ခါးပန်း ကို စည်း လျက်ဖြစ်၏။
13καὶ ἐν μέσῳ τῶν ἑπτὰ λυχνιῶν ὅμοιον υἱῷ ἀνθρώπου, ἐνδεδυμένον ποδήρη καὶ περιεζωσμένον πρὸς τοῖς μαστοῖς ζώνην χρυσῆν·
14ခေါင်း တော်နှင့် ဆံပင် တော်သည် ဖြူ သော သိုးမွေး ကဲ့သို့ ၎င်း ၊ မိုဃ်းပွင့် ကဲ့သို့ ၎င်းဖြူ ၏။ မျက်စိ တော် သည်လည်း မီး လျှံ ကဲ့သို့ ဖြစ်၏။
14ἡ δὲ κεφαλὴ αὐτοῦ καὶ αἱ τρίχες λευκαὶ ὡς ἔριον λευκόν, ὡς χιών, καὶ οἱ ὀφθαλμοὶ αὐτοῦ ὡς φλὸξ πυρός,
15ခြေ တော်သည်လည်း မီး ၌ ချွတ် ပြီးသော ကြေးဝါ စစ်နှင့် တူ ၏။ အသံ တော်သည်လည်း သမုဒ္ဒရာ သံ ကဲ့သို့ ဖြစ်၏။
15καὶ οἱ πόδες αὐτοῦ ὅμοιοι χαλκολιβάνῳ, ὡς ἐν καμίνῳ πεπυρωμένοι, καὶ ἡ φωνὴ αὐτοῦ ὡς φωνὴ ὑδάτων πολλῶν,
16လက်ျာ လက် တော်သည်လည်း ကြယ် ခုနှစ် လုံးကို ကိုင် ၏။ ခံတွင်း တော်ထဲက လည်း ထက် သော သန်လျက် ထွက် ၏။ မျက်နှာ တော်သည်အရှိန် တန်ခိုးနှင့် ထွန်းတောက် သောနေ ကဲ့သို့ ဖြစ်၏။
16καὶ ἔχων ἐν τῇ δεξιᾷ χειρὶ αὐτοῦ ἀστέρας ἑπτά, καὶ ἐκ τοῦ στόματος αὐτοῦ ῥομφαία δίστομος ὀξεῖα ἐκπορευομένη, καὶ ἡ ὄψις αὐτοῦ ὡς ὁ ἥλιος φαίνει ἐν τῇ δυνάμει αὐτοῦ.
17ထိုသူ ကိုငါမြင် သောအခါ ၊ သေ မတတ်ဖြစ်၍ခြေ တော်ရင်း၌ လဲ လျက်နေ၏။ ထိုသူ သည်လက်ျာ လက်တော်ကို ငါ့ အပေါ်သို့ တင် လျက် ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ ငါ သည်အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ် ၏။
17Καὶ ὅτε εἶδον αὐτόν, ἔπεσα πρὸς τοὺς πόδας αὐτοῦ ὡς νεκρός, καὶ ἔθηκε τὴν δεξιὰν αὐτοῦ [χεῖρα] ἐπ᾽ ἐμὲ λέγων· μὴ φοβοῦ· ἐγώ εἰμι ὁ πρῶτος καὶ ὁ ἔσχατος
18အသက် ရှင်သောသူ လည်း ဖြစ် ၏။ ငါ သည် အရင်သေ သည် ဖြစ်၍ ၊ ကမ္ဘာ အဆက်ဆက်အသက် နှင့် ပြည့်စုံ၏။ မရဏာ နှင့် မရဏာ နိုင်ငံ ကိုလည်း ငါအစိုးရ ၏။
18καὶ ὁ ζῶν, καὶ ἐγενόμην νεκρός, καὶ ἰδοὺ ζῶν εἰμι εἰς τοὺς αἰῶνας τῶν αἰώνων, καὶ ἔχω τὰς κλεῖς τοῦ θανάτου καὶ τοῦ ᾅδου.
19ထိုကြောင့် ၊ သင်သည်မြင် ပြီးသော အရာ တို့ကို၎င်း ၊ ယခုရှိ သော အရာ တို့ကို၎င်း၊ နောင် ဖြစ် လတံ့သော အရာ တို့ကို၎င်း ရေး ထားလော့။
19γράψον οὖν ἃ εἶδες, καὶ ἅ εἰσι καὶ ἃ μέλλει γίνεσθαι μετὰ ταῦτα·
20ငါ့ လက်ျာ လက်၌ ထင်ရှားသောကြယ် ခုနှစ် လုံးနှင့် ရွှေ မီးခွက် ခုနှစ် လုံး၏ နက်နဲ ခြင်းအရာဟူမူကား ၊ မီးခွက် ခုနှစ် လုံးသည်အသင်းတော် ခုနှစ် ပါးဖြစ် ၏။ ကြယ် ခုနှစ် လုံးသည်လည်း ထို ခုနှစ် ပါးသော အသင်းတော် တို့ကို အုပ်သောတမန် ဖြစ် ကြ၏။
20τὸ μυστήριον τῶν ἑπτὰ ἀστέρων ὧν εἶδες ἐπὶ τῆς δεξιᾶς μου, καὶ τὰς ἑπτὰ λυχνίας τὰς χρυσᾶς. οἱ ἑπτὰ ἀστέρες ἄγγελοι τῶν ἑπτὰ ἐκκλησιῶν εἰσι, καὶ αἱ λυχνίαι αἱ ἑπτὰ ἑπτὰ ἐκκλησίαι εἰσίν.

Tip: use the ← and → keys to turn chapters.