တောလည် 26
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Bible Mutal (Kosraean)
1ထိုဘေး ငြိမ်းသောနောက် ၊ ထာဝရဘုရား က၊
1Tukun mas upa sac, LEUM GOD El fahk nu sel Moses ac Eleazar wen natul Aaron,
2အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် စာရင်းယူ ကြလော့ဟု မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့အား မိန့် တော်မူသည် အတိုင်း၊
2“Oru sie oaoa lulap ke pisen mwet uh ke sou nukewa in kais sie sruf lun Israel, ke mukul nukewa yac longoulyak matwa su fal in wi mweun.”
3သူတို့သည် မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌၊
3Moses ac Eleazar pangon mukul nukewa in toeni in acn mwesis lun Moab, kutulap in Infacl Jordan, tulanang Jericho. Eltal fahk nu selos,
4အသက် နှစ်ဆယ် လွန် သောသူတို့ကို စာရင်းယူရ မည်အကြောင်းဆင့်ဆို ကြ၏။
4“Kowos in oakla mukul nukewa ma yac longoulyak,” oana LEUM GOD El sapkin nu sel Moses. Pa inge mwet Israel su tuku liki facl Egypt:
5အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား တို့တွင်၊ ဣသရေလ ၏ သားဦး ရုဗင် ၏သား ဟူမူကား ဟာနုတ် မှဆင်းသက်သော ဟောနောခိ အဆွေအမျိုး ၊ ဖါလု မှ ဆင်းသက်သော ဖာလွိ အဆွေအမျိုး၊
5Sruf lal Reuben pa inge (Reuben pa wounse mukul natul Jacob): sou lulap lal Hanoch, lal Pallu,
6ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ကာမိ မှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
6lal Hezron, ac lal Carmi.
7ဤ သူတို့သည် ရုဗင် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း သုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။
7Pisen mukul ke sou lulap inge kewa oasr ke angngaul tolu tausin itfoko tolngoul.
8ဖာလု ၏သား ဧလျာဘ ၊ ဧလျာဘ ၏သား နေမွေလ ၊ ဒါသန် ၊ အဘိရံ တည်း။
8Fwilin tulik natul Pallu pa Eliab,
9ဤ ဒါသန် ၊ အဘိရံ တို့သည် အခြားမဟုတ်၊ ကောရ အပေါင်းအသင်း သည် ထာဝရဘုရား နှင့် ဆန့်ကျင်ဘက် ပြုသောအခါ ၊ ပရိသတ် ၌ ကျော်စော ၍ မောရှေ နှင့် အာရုန် ကို ဆန့်ကျင်ဘက် ပြုသော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
9ac wen natul inge: Nemuel, Dathan, ac Abiram. (Dathan ac Abiram pa tuh solla in mwet kol lun mwet uh. Eltal tuh lainul Moses ac Aaron ke eltal srola wela mwet ke u lal Korah ke pacl se elos tunyuna lain LEUM GOD .
10မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် ၍ သူ တို့ကို၎င်း ၊ ကောရ ကို၎င်း မျို သဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။
10Infohk uh mangelik ac okomulosla, ac elos misa welul Korah ac mwet lal ke pacl se e uh onela mwet luofoko lumngaul. Lumah se inge tuh sie mwe akul in sensenkakin mwet Israel nukewa.
11သို့ရာတွင် ကောရ ၏ သားသမီး တို့သည် သေ ဘေးနှင့် လွတ်ကြ၏။
11Tusruktu wen natul Korah tiana anwukla.)
12ဘိုးဘအဆွေအမျိုး အလိုက် ရှိမောင် ၏သား ဟူမူကား၊ ယေမွေလ မှ ဆင်းသက်သော ယေမွေလိ အဆွေအမျိုး ၊ ယာမိန် မှ ဆင်းသက်သော ယာမိနိ အဆွေအမျိုး ၊ ယာခိန် မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
12Sruf lal Simeon pa inge: sou lulap lal Nemuel, lal Jamin, lal Jachin,
13ဇေရ မှ ဆင်းသက်သောဇေရဟိ အဆွေအမျိုး ၊ ရှောလ မှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
13lal Zerah, ac lal Shaul.
14ဤ သူတို့သည် ရှိမောင် အဆွေအမျိုး ဖြစ်၍လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။
14Pisen mukul ke sou lulap inge kewa oasr ke longoul luo tausin luofoko.
15ဘိုးဘအဆွေအမျိုး အလိုက် ဂဒ် ၏သား ဟူမူကား၊ ဇေဖုန် မှ ဆင်းသက်သော ဇေဖေါနိ အဆွေအမျိုး ၊ ဟဂ္ဂိ မှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး ၊ ရှုနိ မှ ဆင်းသက်သော ရှုနိတ် အဆွေအမျိုး၊
15Sruf lal Gad pa inge: sou lulap lal Zephon, lal Haggi, lal Shuni,
16ဩဇနိ မှ ဆင်းသက်သော ဩဇနိတ် အဆွေအမျိုး ၊ ဧရိ မှ ဆင်းသက်သော ဧရိတ် အဆွေအမျိုး၊
16lal Ozni, lal Eri,
17အာရုဒ် မှ ဆင်းသက်သော အာရောဒိ အဆွေအမျိုး ၊ အရေလိ မှ ဆင်းသက်သော အရေလိတ် အဆွေအမျိုး တည်း။
17lal Arod, ac lal Areli.
18ဤ သူတို့သည်ဂဒ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင် သော လူပေါင်းကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
18Pisen mukul ke sou lulap inge kewa oasr ke angngaul tausin lumfoko.
19ယုဒ ၏သား ဟူမူကား၊ ခါနာန် ပြည် ၌ သေ သော ဧရ နှင့် ဩနန် အစရှိသော၊
19Sruf lal Judah pa inge: (Wen luo natul Judah pa Er ac Onan, tuh eltal misa na in acn Canaan.)
20ဘိုးဘအဆွေအမျိုး အလိုက် ၊ ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုး ၊ ဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။
20Sou lulap lal Shelah, lal Perez, ac lal Zerah.
21ဖါရဇ် ၏သား ၊ ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ဟာမုလ မှ ဆင်းသက်သော ဟာမုလိ အဆွေအမျိုး တည်း။
21Fwilin tulik natul Perez pa tulik natul Hezron, ac tulik natul Hamul.
22ဤ သူတို့သည် ယုဒ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်း ခြောက်ထောင်ငါးရာရှိသတည်း။
22Pisen mukul ke sou lulap inge kewa oasr ke itngoul onkosr tausin lumfoko.
23ဘိုးဘအဆွေအမျိုး အလိုက် ဣသခါ ၏သား ဟူမူကား၊ တောလ မှဆင်းသက်သော တောလိ အဆွေအမျိုး ၊ ဖုဝါ မှ ဆင်းသက်သော ဖုဝနိ အဆွေအမျိုး၊
23Sruf lal Issachar pa inge: sou lulap lal Tola, lal Puah,
24ယာရှုပ် မှ ဆင်းသက်သော ယာရှုဘိ အဆွေအမျိုး ၊ ရှိမရုန် မှ ဆင်းသက်သော ရှိမရောနိ အဆွေအမျိုး တည်း။
24lal Jashub, ac lal Shimron.
25ဤ သူတို့သည် ဣသခါ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာရှိသတည်း။
25Pisen mukul ke sou lulap inge kewa oasr ke onngoul akosr tausin tolfoko.
26ဘိုးဘအဆွေအမျိုး အလိုက် ဇာဗုလုန် ၏သား ဟူမူကား၊ သရက် မှ ဆင်းသက်သော သရဒိ အဆွေအမျိုး ၊ ဧလုန် မှ ဆင်းသက်သော ဧလောနိ အဆွေအမျိုး ၊ ယာလေလ မှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
26Sruf lal Zebulun pa inge: sou lulap lal Sered, lal Elon, ac lal Jahleel.
27ဤ သူတို့သည် ဇာဗုလုန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း ငါးရာရှိသတည်း။
27Pisen mukul ke sou lulap inge kewa oasr ke onngoul tausin lumfoko.
28ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့တွင်၊
28Sruf luo lal Joseph, pa Manasseh ac Ephraim, wen luo natul.
29မနာရှေ ၏သား ဟူမူကား၊ မာခိရ မှ ဆင်းသက်သော မာခိရိ အဆွေအမျိုး၊
29Sruf lal Manasseh pa inge: Machir wen natul Manasseh pa papa tumal Gilead, ac sou lulap takla inge, takme tokol Gilead, su papa matu tumalos:
30ယေဇေရ မှဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ဟေလက် မှ ဆင်းသက်သော ဟေလကိ အဆွေအမျိုး၊
30sou lulap lal Iezer, lal Helek,
31အသရေလ မှဆင်းသက်သော အာသရေလိ အဆွေအမျိုး ၊ ရှေခင် မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
31lal Asriel, lal Shechem,
32ရှမိဒ မှ ဆင်းသက်သော ရှမိဒိ အဆွေအမျိုး ၊ ဟေဖါ မှဆင်းသက်သော ဟေဖေရိ အဆွေအမျိုး တည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။
32lal Shemida, ac lal Hepher.
33ဟေဖါ ၏သား ဇလောဖဒ် ၌ကား၊ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ ဇလောဖဒ် ၏ သမီး တို့ အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။
33Zelophehad wen natul Hepher, wangin wen natul, a acn mukena — inelos pa Mahlah, Noah, Hoglah, Milcah, ac Tirzah.
34ဤ သူတို့သည် မနာရှေ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။
34Pisen mukul ke sou lulap inge kewa oasr ke lumngaul luo tausin ac itfoko.
35ဘိုးဘအဆွေအမျိုး အလိုက် ဧဖရိမ် ၏သား ဟူမူကား ၊ ရှုသလ မှ ဆင်းသက်သော ရှုသလိ အဆွေအမျိုး ၊ ဗေခါ မှ ဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန် မှ ဆင်းသက်သော တာဟနိ အဆွေအမျိုး တည်း။
35Sruf lal Ephraim pa inge: sou lulap lal Shuthelah, lal Becher, ac lal Tahan.
36ရှုသေလ ၏သား ဧရန် မှ ဆင်းသက်သော ဧရနိ အဆွေအမျိုး တည်း။
36Sou lulap lal Eran mutawauk yorol Shuthelah.
37ဤ သူတို့သည် ဧဖရိမ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ သုံးသောင်း နှစ်ထောင်ငါးရာရှိသတည်း။ ဤ သူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သားစဉ်မြေးဆက် ဖြစ်သတည်း။
37Pisen mukul ke sou lulap inge kewa oasr ke tolngoul luo tausin ac lumfoko. Sou lulap inge kewa ma tuku kacl Joseph.
38ဘိုးဘအဆွေအမျိုး အလိုက် ဗင်္ယာမိန် ၏သား ဟူမူကား၊ ဗေလ မှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလ မှ ဆင်းသက်သော အာရှဗေလိ အဆွေအမျိုး ၊ အဟိရံ မှ ဆင်းသက်သော အဟိရမိ အဆွေအမျိုး။
38Sruf lal Benjamin pa inge: sou lulap lal Bela, lal Ashbel, lal Ahiram,
39ရှုဖံ မှ ဆင်းသက်သော ရှုဖမိ အဆွေအမျိုး ၊ ဟုဖံ မှ ဆင်းသက်သော ဟုဖမိ အဆွေအမျိုး တည်း။
39lal Shephupham, ac lal Hupham.
40ဗေလ သား အာရဒ မှဆင်းသက်သော အာရဒိ အဆွေအမျိုး ၊ နေမန် မှ ဆင်းသက်သော နေမနိ အဆွေအမျိုး တည်း။
40Sou lulap lal Ard ac lal Naaman mutawauk kacl Bela.
41ဤ သူတို့သည် ဗင်္ယာမိန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား လေးသောင်း ငါးထောင်ခြောက်ရာရှိသတည်း။
41Pisen mukul ke sou lulap inge kewa oasr ke angngaul limekosr tausin ac onfoko.
42ဘိုးဘအဆွေအမျိုး အလိုက် ဒန် ၏သား ဟူမူကား ၊ ရှုဟံ မှ ဆင်းသက်သောရှုဟမိ အဆွေအမျိုး တည်း။ ဤ သူတို့သည် ဒန် အဆွေအမျိုး ဖြစ်၍၊
42Sruf lal Dan pa inge: sou lulap lal Shuham.
43စာရင်း ဝင်သော ရှုဟမိ လူပေါင်း ကား၊ ခြောက်သောင်း လေးထောင်လေးရာရှိသတည်း။
43Pisen mukul ke sou lulap se inge oasr ke onngoul akosr tausin ac angfoko.
44ဘိုးဘအဆွေအမျိုး အလိုက် အာရှာ ၏သား ဟူမူကား၊ ယိမန မှ ဆင်းသက်သော ယိမနိ အဆွေအမျိုး ၊ ယေသဝိ မှ ဆင်းသက်သော ယေသဝိတ် အဆွေအမျိုး ၊ ဗေရိ မှဆင်းသက်သော ဗေရိတ် အဆွေအမျိုး တည်း။
44Sruf lal Asher pa inge: sou lulap lal Imnah, lal Ishvi, ac lal Beriah.
45ဗေရိ ၏သား ဟေဗေရ မှ ဆင်းသက်သော ဟေဗေရိ အဆွေအမျိုး ၊ မာလချေလ မှ ဆင်းသက်သော မာလချေလိ အဆွေအမျိုး တည်း။
45Sou lulap lal Heber ac lal Malchiel mutawauk kacl Beriah.
46အာရှာ ၏ သမီး အမည် ကား၊ စာရာ တည်း။
46Oasr acn se natul Asher, inel pa Serah.
47ဤ သူတို့သည် အာရှာ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း သုံးထောင်လေးရာရှိသတည်း။
47Pisen mukul ke sou lulap inge kewa oasr ke lumngaul tolu tausin ac angfoko.
48ဘိုးဘအဆွေအမျိုး အလိုက် နဿလိ ၏သား ဟူမူကား၊ ယာဇေလ မှ ဆင်းသက်သော ယာဇေလိ အဆွေအမျိုး ၊ ဂုနိ မှ ဆင်းသက်သော ဂုနိတ် အဆွေအမျိုး ၊
48Sruf lal Naphtali pa inge: sou lulap lal Jahzeel, lal Guni,
49ယေဇေရ မှ ဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ရှိလ္လင် မှ ဆင်းသက်သော ရှိလ္လမိ အဆွေအမျိုး တည်း။
49lal Jezer, ac lal Shillem.
50ဤ သူတို့သည် နဿလိ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း ငါးထောင်လေးရာရှိသတည်း။
50Pisen mukul ke sou lulap inge kewa oasr ke angngaul limekosr tausin ac angfoko.
51ထိုသို့ ဣသရေလ အမျိုး ၊ စာရင်း ဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိ သတည်း။
51Pisen mukul Israel nukewa toeni orala tausin onfoko sie ac itfoko tolngoul.
52ထာဝရဘုရား ကလည်း ၊ ဤ သူတို့အား အရေအတွက် ရှိသည်အတိုင်း၊
52LEUM GOD El fahk nu sel Moses,
53ခါနန်ပြည် ကို ဝေ ရမည်။
53“Kitalik acn uh nu sin sruf nukewa, fal nu ke pisen mwet ke kais sie sruf.
54လူများ လျှင်များ သော အမွေ မြေကို၎င်း၊ လူနည်း လျှင် နည်း သော အမွေ မြေကို၎င်း၊ အနည်း အများ အလိုက် အသီးသီး တို့အား အမွေ မြေကို ဝေပေး ရမည်။
54Nu sin sie sruf lulap kom fah sang sie acn yohk tuh in acn selos, ac nu sin sie sruf srisrik kom fah sang sie acn srisrik tuh in acn selos. Sang nu sin sruf nukewa sie acn fal nu ke pisalos.
55သို့ရာတွင် ထိုပြည် ကို စာရေးတံ ချ၍ ဝေ ရမည်။ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
55Tusruktu acn an ac fah kitakatelik ke fa; fal nu ke inen papa tumun kais sie sruf.
56စာရေးတံ ကျသည်အတိုင်း မြေ ကိုဝေ ၍ အနည်း အများ အလိုက် ပိုင်ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
56Sruf lulap ac fah usrui acn lulap, ac sruf srisrik ac fah usrui acn srisrik.
57ဘိုးဘအဆွေအမျိုး အလိုက် စာရင်း ဝင်သော လေဝိ ၏သား ဟူမူကား ၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိ အဆွေအမျိုး ၊ ကောဟတ် မှ ဆင်းသက်သော ကောဟသိ အဆွေအမျိုး ၊ မေရာရိ မှ ဆင်းသက်သော မေရောရိတ် အဆွေအမျိုး တည်း။
57Sruf lal Levi pa inge: sou lulap lal Gershon, lal Kohath, ac lal Merari.
58ဤသည်လျှင် လေဝိ အဆွေအမျိုး ဖြစ်၍၊ လိဗနိ အဆွေအမျိုး ၊ ဟေဗြောနိ အဆွေအမျိုး ၊ မာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး ၊ ကောရသိ အဆွေအမျိုး ပါသတည်း။ ကောဟတ် ၏ သားကား၊ အာမရံ တည်း။
58Fwilin tulik natulos pa ke sou lal Libni, lal Hebron, lal Mahli, lal Mushi, ac lal Korah. Kohath pa papa tumal Amram,
59အာမရံ ၏ မယား ကား၊ အဲဂုတ္တု ပြည်၌ လေဝိ မယား ဘွားမြင် သော လေဝိ ၏ သမီး ယောခေဗက် တည်း။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ်၍၊ အာရုန် ၊ မောရှေ ၊ နှမ မိရိအံ တို့ကို ဘွားမြင် လေ၏။
59su tuh payukyak sel Jochebed, acn natul Levi. Jochebed el tuh isusla in acn Egypt, ac el osweang nu sel Amram wen luo: Aaron ac Moses, ac acn se, Miriam.
60အာရုန် ၏သားကား၊ နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
60Oasr wen akosr natul Aaron: inelos pa Nadab, Abihu, Eleazar, ac Ithamar.
61နာဒပ် နှင့် အဘိဟု တို့သည် ထာဝရဘုရား ရှေ့ တော်၌ ထူးခြား သောမီး ကို ပူဇော် သောအခါ သေ ကြ၏။
61Nadab ac Abihu eltal misa ke sripen eltal tuh orek kisa nu sin LEUM GOD ke sie e tia mutal.
62အသက် တလ လွန် ၍ စာရင်း ဝင်သော လေဝိ သား ယောက်ျား ပေါင်း ကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ အမွေ မ ခံရ သောကြောင့် ၊ ရောနှော၍ စာရင်း မ ဝင်ရကြ။
62Pisen mukul in sruf lal Levi su malem seyak matwa, oasr ke tausin longoul tolu. Elos oaoala sayen mwet Israel nukewa, ke sripen wangin acn itukyang lalos ke acn lun Israel.
63ဤရွေ့ကား ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စာရင်း ယူသော ဣသရေလ အမျိုးသား ပေတည်း။
63Sou lulap inge nukewa simla sel Moses ac Eleazar pacl se elos eis oaoa lulap ke mwet Israel in acn mwesis lun Moab, su oan layen nu kutulap ke Infacl Jordan tulanang Jericho.
64မောရှေ နှင့် ယဇ်ပုရောဟိတ် အာရုန် တို့သည်၊ သိနာ တော ၌ ဣသရေလ အမျိုးသား တို့ကို စာရင်း ယူ၍၊ ထို စာရင်း၌ ဝင် သောသူ တယောက် မျှ မပါ။
64Wangin siefanna mukul lula ke oaoa se meet ma Moses ac Aaron tuh oru yen mwesis Sinai.
65အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေ ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အရင်းလူတယောက် မျှ မကြွင်း မကျန်ရ။
65LEUM GOD El tuh fahk mu elos nukewa ac misa yen mwesis, sayal Caleb wen natul Jephunneh, ac Joshua wen natul Nun.
Tip: use the ← and → keys to turn chapters.