တောလည် 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
1و خداوند موسی را خطاب کرده، گفت:
2ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ၊ အမျိုးအနွယ် အသီးအသီး ထဲက အဆွေအမျိုး သူကြီး ဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ် လော့ဟု၊
2«کسان بفرست تا زمین کنعان را که به بنیاسرائیل دادم، جاسوسی کنند؛ یک نفر را ازهر سبط آبای ایشان که هرکدام در میان ایشان سرور باشد، بفرستید.»
3ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ မောရှေ သည် လူ တို့ကို ပါရန် တော က စေလွှတ် လေ၏။ စေလွှတ်သောသူအပေါင်း တို့သည် ဣသရေလ အမျိုး ၌ အကဲအမှူး ဖြစ်ကြ၏။
3پس موسی به فرمان خداوند، ایشان را ازصحرای فاران فرستاد، و همه ایشان از روسای بنیاسرائیل بودند.
4သူ တို့အမည် ကား၊ ရုဗင် အမျိုး ၊ ဇက္ကုရ သား ရှမွာ။
4و نامهای ایشان اینهاست: ازسبط روبین، شموع بن زکور.
5ရှိမောင် အမျိုး ၊ ဟောရိ သား ၊ ရှာဖတ်။
5از سبط شمعون، شافاط بن حوری.
6ယုဒ အမျိုး ၊ ယေဖုန္န သား ကာလက်။
6از سبط یهودا، کالیب بن یفنه.
7ဣသခါ အမျိုး ၊ ယောသပ် သား ဣဂါလ။
7از سبط یساکار، یجال بن یوسف.
8ဧဖရိမ် အမျိုး ၊ နုန် သား ဩရှေ။
8از سبطافرایم، هوشع بن نون.
9ဗင်္ယာမိန် အမျိုး ၊ ရာဖု သား ပါလတိ။
9از سبط بنیامین، فلطی بن رافو.
10ဇာဗုလုန် အမျိုး ၊ သောဒိ သား ဂါဒျေလ။
10از سبط زبولون، جدیئیل بن سودی.
11ယောသပ် သား တွင် မနာရှေ အမျိုး ၊ သုသိ သား ဂဒ္ဒိ။
11ازسبط یوسف از سبط بنی منسی، جدی بن سوسی.
12ဒန် အမျိုး ၊ ဂေမလ္လိ သား အမျေလ။
12از سبط دان، عمیئیل بن جملی.
13အာရှာ အမျိုး ၊ မိက္ခေလ သား သေသုရ။
13از سبطاشیر، ستور بن میکائیل.
14နဿလိ အမျိုး ၊ ဝါဖသိ သား နာဘိ။
14از سبط نفتالی، نحبی بن وفسی.
15ဂဒ် အမျိုး မာခိ သား ဂွေလ တည်းဟူသော၊
15از سبط جاد، جاوئیل بن ماکی.
16ခါနာန်ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် သောသူတို့ ၏အမည် တည်း။ နုန် ၏သား ဩရှေ ကို ယောရှု ဟူသောအမည်ဖြင့် မောရှေ မှည့် လေ၏။
16این است نامهای کسانی که موسی برای جاسوسی زمین فرستاد، و موسی هوشع بن نون رایهوشوع نام نهاد.
17ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် လျက် ၊ သင်တို့သည် တောင် မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုး ပေါ်သို့တက် ကြလော့။
17و موسی ایشان را برای جاسوسی زمین کنعان فرستاده، به ایشان گفت: «از اینجا به جنوب رفته، به کوهستان برآیید.
18ထိုပြည် သည် အဘယ်သို့ သော ပြည်ဖြစ် သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်း သလော။ များ သလော၊ နည်း သလော။
18و زمین را ببینید که چگونه است و مردم را که در آن ساکنند که قویاند یا ضعیف، قلیلاند یا کثیر.
19သူ တို့နေ သောပြည် သည် ကောင်း သလော၊ မကောင်း လော။ သူ တို့နေ သော မြို့ ရွာတို့သည် အဘယ်သို့ နည်း။ တဲ နှင့် နေကြသလော။ ခိုင်ခံ့ သော မြို့နှင့် နေကြသလော။
19و زمینی که در آن ساکنند چگونه است، نیک یا بد؟ و در چه قسم شهرها ساکنند، در چادرها یا در قلعهها؟
20ထိုမြေ သည် ကောင်း သလော၊ မကောင်း လော။ တော များသလော၊ နည်း သလောဟုကြည့်ရှုကြလော့။ ရဲရင့် သောစိတ်ရှိကြလော့။ သစ်သီး အချို့ ကိုလည်း ယူ ခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလ သည် စပျစ်သီး မှည့် စကာလ ဖြစ်သတည်း။
20و چگونه است زمین، چرب یا لاغر؟ درخت دارد یا نه؟ پس قویدل شده، از میوه زمین بیاورید.» و آن وقت موسم نوبر انگور بود.
21ထိုသူတို့သည် ဇိန တော မှ သွား ၍ ဟာမတ် မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘ မြို့တိုင်အောင် ခါနာန် ပြည် ကို စူးစမ်း ကြ၏။
21پس رفته زمین را از بیابان سین تا رحوب، نزد مدخل حمات جاسوسی کردند.
22တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
22و به جنوب رفته، به حبرون رسیدند، و اخیمان وشیشای و تلمای بنی عناق در آنجا بودند، اماحبرون هفت سال قبل از صوعن مصر بنا شده بود.
23ဧရှကောလ ချိုင့် သို့ ရောက် လျှင် ၊ အသီး တ ပြွတ် ပါသောစပျစ်နွယ်ပင်အခက် တခက်ကို ခုတ် ၍ လူ နှစ် ယောက်တို့သည် ထမ်းဘိုး နှင့်ထမ်း ကြ၏။ သလဲသီး ၊ သင်္ဘောသဖန်းသီး များကိုလည်း ဆောင်ခဲ့ကြ၏။
23و به وادی اشکول آمدند، و شاخهای با یک خوشه انگور بریده، آن را بر چوب دستی، میان دونفر با قدری از انار و انجیر برداشته، آوردند.
24ဣသရေလ အမျိုးသား ခုတ် ယူသော စပျစ်သီး ပြွတ်ကိုထောက်၍ ၊ ထို ချိုင့် ကို ဧရှကောလ ချိုင့် ဟူသောအမည်ဖြင့် မှည့် သတည်း။
24وآن مکان بهسبب خوشه انگور که بنیاسرائیل ازآنجا بریده بودند، به وادی اشکول نامیده شد.
25အရက် လေးဆယ် လွန် မှ ခါနာန်ပြည် ကို စူးစမ်း သော အမှုပြီး၍ ပြန် လာကြ၏။
25و بعد از چهل روز، از جاسوسی زمین برگشتند.
26မောရှေ နှင့် အာရုန် မှစ၍ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့နေရာ ပါရန် တော ၊ ကာဒေရှ အရပ်သို့ ရောက် သောအခါ ၊ ပရိသတ် အပေါင်း တို့အား သိတင်း ကြားပြော၍ ၊ ထိုပြည် ၌ သီးသော အသီး ကို ပြ ကြ၏။
26و روانه شده، نزد موسی و هارون وتمامی جماعت بنیاسرائیل به قادش در بیابان فاران رسیدند، و برای ایشان و برای تمامی جماعت خبرآوردند، و میوه زمین را به ایشان نشان دادند.
27မောရှေ အား လည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော်စေလွှတ် သော ပြည် သို့ ရောက် ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့ နှင့် ပျားရည် စီး သော ပြည်ဖြစ်ပါ၏။ ဤ အသီးတို့ ကား ထိုပြည်၌သီးသော အသီး ဖြစ်ပါ၏။
27و برای او حکایت کرده، گفتند: «به زمینی که ما را فرستادی رفتیم، و به درستی که به شیر و شهد جاریست، و میوهاش این است.
28သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့ သော မြို့ ကြီး နှင့်နေကြပါ၏။ ထိုမျှမက ၊ အာနက အမျိုးသား တို့ကိုလည်း မြင် ရပါ၏။
28لیکن مردمانی که در زمین ساکنند زورآورند، وشهرهایش حصاردار و بسیار عظیم، و بنی عناق رانیز در آنجا دیدیم.
29အာမလက် အမျိုးသားတို့သည် တောင် ဘက် ၌၎င်း၊ ဟိတ္တိ လူ၊ ယေဗုသိ လူ၊ အာမောရိ လူတို့သည် တောင်ရိုး ပေါ်၌ ၎င်း၊ ခါနာနိ လူတို့သည် ပင်လယ် နား ယော်ဒန် မြစ်နား၌၎င်း၊ နေ ကြပါသည်ဟု လျှောက်ဆို ကြ ၏။
29و عمالقه در زمین جنوب ساکنند، و حتیان و یبوسیان و اموریان درکوهستان سکونت دارند. و کنعانیان نزد دریا و برکناره اردن ساکنند.»
30ကာလက် ကလည်း ချက်ခြင်းချီ သွား၍ ထိုပြည် ကို သိမ်းယူ ကြစို့။ အောင်နိုင် ကောင်းသည်ဟု ဆို ၍ မောရှေ ရှေ့မှာ လူ များတို့ကို ငြိမ်း စေ၏။
30و کالیب قوم را پیش موسی خاموش ساخته، گفت: «فی الفور برویم و آن را در تصرف آریم، زیرا که میتوانیم بر آن غالب شویم.»
31သူ နှင့်အတူ လိုက် သွားသော သူ တို့က၊ ထိုပြည်သား တို့ကို ငါတို့ မ တိုက် နိုင်။ သူ တို့သည် ငါ တို့ထက် သာ၍အားကြီး ကြသည်ဟူ၍၎င်း၊
31اماآن کسانی که با وی رفته بودند، گفتند: «نمی توانیم با این قوم مقابله نماییم زیرا که ایشان از ماقوی ترند.»
32ငါတို့သွား ၍ စူးစမ်း သော ပြည် သည် မိမိ သား တို့ကို ဖျက်ဆီး တတ်၏။ ငါတို့တွေ့မြင် သော ပြည်သား အပေါင်း တို့သည် အလွန် အရပ်မြင့်ကြ၏။
32و درباره زمینی که آن را جاسوسی کرده بودند، خبر بد نزد بنیاسرائیل آورده، گفتند: «زمینی که برای جاسوسی آن از آن گذشتیم زمینی است که ساکنان خود را میخورد، و تمامی قومی که در آن دیدیم، مردان بلند قدبودند.
33ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။
33و در آنجا جباران بنی عناق را دیدیم که اولاد جبارانند، و ما در نظر خود مثل ملخ بودیم وهمچنین در نظر ایشان مینمودیم.»
Tip: use the ← and → keys to turn chapters.