ရှင်မာကု 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Coptic New Testament (Bohairic)
1နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။
1ⲞⲨⲞϨ ⲠⲀⲖⲒⲚ ⲀϤⲈⲢϨⲎⲦⲤ ⲚϮⲤⲂⲰ ⲈⲤⲔⲈⲚ ⲪⲒⲞⲘ ⲞⲨⲞϨ ⲀⲨⲐⲰⲞⲨϮ ⲈⲢⲞϤ ⲚϪⲈⲞⲨⲘⲎϢ ⲈϤⲞϢ ϨⲰⲤⲦⲈ ⲚⲦⲈϤⲀⲖⲎⲒ ⲈⲠⲒϪⲞⲒ ⲚⲦⲈϤϨⲈⲘⲤⲒ ϦⲈⲚⲪⲒⲞⲘ ϨⲒ ⲠⲒⲬⲢⲞ
2ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊
2ⲞⲨⲞϨ ⲚⲀϤϮⲤⲂⲰ ⲚⲰⲞⲨ ⲚϨⲀⲚⲘⲎϢ ϦⲈⲚϨⲀⲚⲠⲀⲢⲀⲂⲞⲖⲎ ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ⲚⲰⲞⲨ ϦⲈⲚⲦⲈϤⲤⲂⲰ
3နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”
3ϪⲈ ⲤⲰⲦⲈⲘ ϨⲎⲠⲠⲈ ⲀϤⲒ ⲚϪⲈⲪⲎ ⲈⲦⲤⲒϮ.
4အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”
4ⲞⲨⲞϨ ⲀⲤϢⲰⲠⲒ ϦⲈⲚⲠϪⲒⲚⲐⲢⲈϤⲤⲒϮ ⲞⲨⲞϨ ⲞⲨⲀⲒ ⲘⲈⲚ ⲀϤϨⲈⲒ ⲈⲤⲔⲈⲚ ⲠⲒⲘⲰⲒⲦ ⲞⲨⲞϨ ⲀⲨⲒ ⲚϪⲈⲚⲒϨⲀⲖⲀϮ ⲀⲨⲞⲨⲞⲘϤ
5အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊”
5ⲞⲨⲞϨ ⲔⲈⲞⲨⲀⲒ ⲀϤϨⲈⲒ ⲈϪⲈⲚ ⲠⲒⲘⲀⲘⲠⲈⲦⲢⲀ ⲠⲒⲘⲀ ⲈⲦⲈⲘⲘⲞⲚ ⲘⲎϢ ⲚⲔⲀϨⲒ ⲘⲘⲀⲨ ⲞⲨⲞϨ ⲤⲀⲦⲞⲦϤ ⲀϤⲢⲰⲦ ⲈⲐⲂⲈϪⲈ ⲘⲘⲞⲚⲦⲈϤ ϢⲰⲔ ⲚⲔⲀϨⲒ
6နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”
6ⲞⲨⲞϨ ϨⲞⲦⲈ ⲈⲦⲀϤϢⲀⲒ ⲚϪⲈⲪⲢⲎ ⲀϤⲈⲢⲔⲀⲨⲘⲀ ⲞⲨⲞϨ ⲈⲐⲂⲈϪⲈ ⲘⲘⲞⲚⲦⲈϤ ⲚⲞⲨⲚⲒ ⲀϤϢⲰⲞⲨⲒ
7အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။”
7ⲞⲨⲞϨ ⲔⲈⲞⲨⲀⲒ ⲀϤϨⲈⲒ ⲈϪⲈⲚ ⲚⲒⲤⲞⲨⲢⲒ ⲞⲨⲞϨ ⲈⲦⲀⲨⲒ ⲈϨⲢⲎⲒ ⲚϪⲈⲚⲒⲤⲞⲨⲢⲒ ⲀⲨⲞϪϨϤ ⲞⲨⲞϨ ⲘⲠⲈϤϮⲞⲨⲦⲀϨ
8အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။”
8ⲞⲨⲞϨ ϨⲀⲚⲔⲈⲞⲨⲞⲚ ⲀⲨϨⲈⲒ ⲈϪⲈⲚ ⲞⲨⲔⲀϨⲒ ⲈⲐⲚⲀⲚⲈϤ ⲞⲨⲞϨ ⲀⲨϮ ⲞⲨⲦⲀϨ ⲈϤⲚⲎⲞⲨ ⲈϨⲢⲎⲒ ⲀϤⲈⲢⲈⲨⲐⲎⲚⲒⲚ ⲞⲨⲞϨ ⲞⲨⲀⲒ ⲀϤⲈⲚ ⲖⲔⲈⲞⲨⲀⲒ ⲚⲜ ⲔⲈⲞⲨⲀⲒ ⲚⲢ.
9ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
9ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲪⲎ ⲈⲦⲈ ⲞⲨⲞⲚ ⲞⲨⲘⲀϢϪ ⲘⲘⲞϤ ⲈⲤⲰⲦⲈⲘ ⲘⲀⲢⲈϤⲤⲰⲦⲈⲘ.
10ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊
10ⲞⲨⲞϨ ⲈⲦⲀϤϢⲰⲠⲒ ⲘⲘⲀⲨⲀⲦϤ ⲚⲀⲨϮϨⲞ ⲈⲢⲞϤ ⲚϪⲈⲚⲎ ⲈⲦⲔⲰϮ ⲈⲢⲞϤ ⲚⲈⲘ ⲠⲒⲒⲂ ⲈⲐⲂⲈ ⲚⲒⲠⲀⲢⲀⲂⲞⲖⲎ
11ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။”
11ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ⲚⲰⲞⲨ ⲠⲈ ϪⲈ ⲚⲐⲰⲦⲈⲚ ⲈⲦⲈ ⲚⲒⲘⲨⲤⲦⲎⲢⲒⲞⲚ ⲦⲞⲒ ⲚⲰⲦⲈⲚ ⲚⲦⲈϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲪⲚⲞⲨϮ ⲚⲎ ⲆⲈ ⲚⲐⲰⲞⲨ ⲈⲦⲤⲀⲂⲞⲖ ϢⲀⲢⲈ ⲠⲦⲎⲢϤ ϢⲰⲠⲒ ⲚⲰⲞⲨ ϦⲈⲚϨⲀⲚⲠⲀⲢⲀⲂⲞⲖⲎ
12ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။”
12ϨⲒⲚⲀ ⲈⲨⲚⲀⲨ ⲚⲦⲞⲨⲚⲀⲨ ⲞⲨⲞϨ ⲚⲦⲞⲨϢⲦⲈⲘⲚⲀⲨ ⲞⲨⲞϨ ⲈⲨⲤⲰⲦⲈⲘ ⲚⲦⲞⲨⲤⲰⲦⲈⲘ ⲞⲨⲞϨ ⲚⲦⲞⲨϢⲦⲈⲘⲔⲀϮ ⲘⲎⲠⲞⲦⲈ ⲚⲦⲞⲨⲔⲞⲦⲞⲨ ⲞⲨⲞϨ ⲚⲦⲞⲨⲬⲰ ⲚⲰⲞⲨ ⲈⲂⲞⲖ.
13သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”
13ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲦⲈⲦⲈⲚⲈⲘⲒ ⲀⲚ ⲈⲦⲀⲒⲠⲀⲢⲀⲂⲞⲖⲎ ⲞⲨⲞϨ ⲠⲰⲤ ⲚⲒⲔⲈⲠⲀⲢⲀⲂⲞⲖⲎ ⲦⲎⲢⲞⲨ ⲦⲈⲦⲈⲚⲚⲀⲤⲞⲨⲰⲚⲞⲨ
14မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။”
14ⲪⲎ ⲈⲦⲤⲒϮ ⲀϤⲤⲒϮ ⲘⲠⲒⲤⲀϪⲒ.
15တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။”
15ⲚⲀⲒ ⲆⲈ ⲚⲈⲚⲎ ⲈⲦϨⲒⲤⲔⲈⲚ ⲠⲒⲘⲰⲒⲦ ⲠⲒⲘⲀ ⲈⲦⲀⲨⲤⲒϮ ⲘⲠⲒⲤⲀϪⲒ ⲘⲘⲞϤ ⲞⲨⲞϨ ⲈϢⲰⲠ ⲚⲦⲞⲨⲤⲰⲦⲈⲘ ⲤⲀⲦⲞⲦϤ ⲆⲈ ϢⲀϤⲒ ⲚϪⲈⲠⲤⲀⲦⲀⲚⲀⲤ ⲞⲨⲞϨ ⲚⲦⲈϤⲰⲖⲒ ⲘⲠⲒⲤⲀϪⲒ ⲈⲦⲀⲨⲤⲀⲦϤ ⲚϦⲎⲦⲞⲨ
16ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”
16ⲞⲨⲞϨ ⲚⲀⲒ ⲞⲚ ⲘⲠⲀⲒⲢⲎϮ ⲠⲈ ⲚⲎ ⲈⲦⲀⲨⲤⲀⲦⲞⲨ ϨⲒϪⲈⲚ ⲚⲒⲘⲀⲘⲠⲈⲦⲢⲀ ⲚⲎ ⲈⲦⲀⲨϢⲀⲚⲤⲰⲦⲈⲘ ⲈⲠⲒⲤⲀϪⲒ ϢⲀⲨϬⲒⲦϤ ϦⲈⲚⲞⲨⲢⲀϢⲒ
17စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။”
17ⲞⲨⲞϨ ⲘⲘⲞⲚ ⲚⲞⲨⲚⲒ ⲚϦⲎⲦⲞⲨ ⲀⲖⲖⲀ ϨⲀⲚⲠⲢⲞⲤⲞⲨⲤⲎⲞⲨ ⲚⲈⲒⲦⲀ ⲀⲢⲈϢⲀⲚ ⲞⲨϨⲞϪϨⲈϪ ϢⲰⲠⲒ ⲒⲈ ⲞⲨⲆⲒⲰⲄⲘⲞⲤ ⲈⲐⲂⲈ ⲠⲒⲤⲀϪⲒ ⲤⲀⲦⲞⲦⲞⲨ ϢⲀⲨⲈⲢⲤⲔⲀⲚⲆⲀⲖⲒⲌⲈⲤⲐⲈ.
18ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊”
18ⲞⲨⲞϨ ϨⲀⲚⲔⲈⲞⲨⲞⲚ ⲚⲈⲚⲎ ⲈⲦⲀⲨⲤⲀⲦⲞⲨ ϨⲒϪⲈⲚ ⲚⲒⲤⲞⲨⲢⲒ ⲚⲀⲒ ⲚⲈⲚⲎ ⲈⲦⲀⲨⲤⲰⲦⲈⲘ ⲈⲠⲒⲤⲀϪⲒ
19လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။”
19ⲞⲨⲞϨ ⲠⲒⲢⲰⲞⲨϢ ⲚⲦⲈⲠⲀⲒⲈⲚⲈϨ ⲚⲈⲘ ϮⲀⲠⲀⲦⲎ ⲚⲦⲈϮⲘⲈⲦⲢⲀⲘⲀⲞ ⲚⲈⲘ ⲚⲒⲈⲠⲒⲐⲨⲘⲒⲀ ⲚⲦⲈⲚⲒⲔⲈⲤⲰϪⲠ ⲈⲨⲘⲞϢⲒ ⲚϦⲎⲦⲞⲨ ⲤⲈⲰϪϨ ⲘⲠⲒⲤⲀϪⲒ ⲞⲨⲞϨ ϢⲀϤⲈⲢ ⲀⲦⲞⲨⲦⲀϨ
20ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။”
20ⲞⲨⲞϨ ⲚⲎ ϨⲰⲞⲨ ⲈⲦⲀⲨⲤⲀⲦⲞⲨ ϨⲒϪⲈⲚ ⲠⲒⲔⲀϨⲒ ⲈⲐⲚⲀⲚⲈϤ ⲚⲎ ⲈⲦⲀⲨϢⲀⲚⲤⲰⲦⲈⲘ ⲈⲠⲒⲤⲀϪⲒ ϢⲀⲨϢⲞⲠϤ ⲈⲢⲰⲞⲨ ⲞⲨⲞϨ ϢⲀⲨϮⲞⲨⲦⲀϨ ⲞⲨⲀⲒ ⲚⲖ ⲞⲨⲀⲒ ⲚⲜ ⲞⲨⲀⲒ ⲚⲢ.
21ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။”
21ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ⲚⲰⲞⲨ ϪⲈ ⲘⲎⲦⲒ ϢⲀⲨϬⲈⲢⲈ ⲞⲨϦⲎⲂⲤ ϨⲒⲚⲀ ⲚⲤⲈⲬⲀϤ ϦⲀ ⲠⲒⲘⲈⲚⲦ ⲒⲈ ϦⲀ ⲠⲒϬⲖⲞϪ ⲞⲨⲬⲒ ϨⲒⲚⲀ ⲚⲤⲈⲬⲀϤ ϨⲒϪⲈⲚ ϮⲖⲨⲬⲚⲒⲀ.
22ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။”
22ⲞⲨ ⲄⲀⲢ ⲘⲘⲞⲚ ⲠⲈⲦϨⲎⲠ ⲀϤϢⲦⲈⲘⲞⲨⲰⲚϨ ⲈⲂⲞⲖ ⲞⲨⲆⲈ ⲘⲠⲀϤϢⲰⲠⲒ ⲈϤϨⲎⲠ ⲈⲂⲎⲖ ϪⲈ ϨⲒⲚⲀ ⲚⲦⲈϤⲒ ⲈϤⲞⲨⲰⲚϨ.
23ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။”
23ⲠⲈⲦⲈⲞⲨⲞⲚ ⲞⲨⲘⲀϢϪ ⲘⲘⲞϤ ⲈⲤⲰⲦⲈⲘ ⲘⲀⲢⲈϤⲤⲰⲦⲈⲘ
24ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”
24ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ⲚⲰⲞⲨ ⲞⲚ ϪⲈ ⲀⲚⲀⲨ ϪⲈ ⲞⲨ ⲠⲈⲦⲈⲦⲈⲚⲤⲰⲦⲈⲘ ⲈⲢⲞϤ ϦⲈⲚⲠⲒϢⲒ ⲈⲦⲈⲦⲈⲚⲚⲀϢⲒ ⲘⲘⲞϤ ⲈⲨⲚⲀϢⲒ ⲚⲰⲦⲈⲚ ⲘⲘⲞϤ ⲞⲨⲞϨ ⲚⲦⲞⲨⲦⲞⲨϨⲞ ⲚⲰⲦⲈⲚ.
25အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။”
25ⲪⲎ ⲄⲀⲢ ⲈⲦⲈ ⲞⲨⲞⲚ ⲚⲦⲀϤ ⲈⲨⲈϮ ⲚⲀϤ ⲞⲨⲞϨ ⲪⲎ ⲈⲦⲈ ⲘⲘⲞⲚ ⲚⲦⲀϤ ⲞⲨⲞϨ ⲪⲎ ⲈⲦⲈ ⲚⲦⲞⲦϤ ϢⲀⲨⲞⲖϤ ⲚⲦⲞⲦϤ.
26ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊”
26ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲠⲀⲒⲢⲎϮ ⲠⲈ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲪⲚⲞⲨϮ ⲘⲪⲢⲎϮ ⲚⲞⲨⲢⲰⲘⲒ ⲈϤϨⲒⲞⲨⲒ ⲘⲠⲈϤϪⲢⲞϪ ϨⲒϪⲈⲚ ⲠⲒⲔⲀϨⲒ.
27ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။”
27ⲞⲨⲞϨ ⲚⲦⲈϤⲚⲔⲞⲦ ⲞⲨⲞϨ ϢⲀϤⲦⲰⲚϤ ⲘⲠⲒⲈϪⲰⲢϨ ⲚⲈⲘ ⲠⲒⲈϨⲞⲞⲨ ⲞⲨⲞϨ ϢⲀⲢⲈ ⲠⲒϪⲢⲞϪ ⲐⲎⲚⲒ ⲞⲨⲞϨ ϢⲀϤϢⲒⲎ ϨⲰⲤ ⲚϤⲈⲘⲒ ⲀⲚ ⲚⲐⲞϤ
28မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။”
28ϢⲀⲢⲈ ⲠⲒⲔⲀϨⲒ ⲘⲘⲀⲨⲀⲨⲦϤ ϮⲞⲨⲦⲀϨ ⲚϢⲞⲢⲠ ⲚⲞⲨⲤⲒⲘ ⲒⲦⲀ ⲞⲨϦⲈⲘⲤ ⲒⲦⲀ ϢⲀϤⲘⲞϨ ⲚϪⲈⲪⲎ ⲈⲦϦⲈⲚ ⲠⲒϦⲈⲘⲤ
29အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။
29ⲈϢⲰⲠ ⲆⲈ ⲀϤϢⲀⲚⲪⲞϨ ⲚϪⲈⲠⲒⲞⲨⲦⲀϨ ⲤⲀⲦⲞⲦϤ ϢⲀϤⲞⲨⲰⲢⲠ ⲘⲠⲒⲞⲤϦ ϪⲈⲞⲨⲎ ⲒⲄⲀⲢ ⲀϤⲒ ⲚϪⲈⲠⲒⲰⲤϦ
30ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊”
30ⲞⲨⲞϨ ⲚⲀϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲀⲚⲚⲀⲦⲈⲚⲐⲰⲚ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲪⲚⲞⲨϮ ⲈⲞⲨ ⲒⲈ ⲀⲚⲚⲀⲬ ⲀⲤ ϦⲈⲚⲀϢ ⲘⲠⲀⲢⲀⲂⲞⲖⲎ
31မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”
31ⲀⲤⲘⲪⲢⲎϮ ⲚⲞⲨⲚⲀⲪⲢⲒ ⲚϢⲈⲖⲦⲀⲘ ⲐⲎ ⲈⲦⲀⲨϢⲀⲚⲤⲀⲦⲤ ⲈϪⲈⲚ ⲠⲒⲔⲀϨⲒ ⲈⲞⲨⲔⲞⲨϪⲒ ⲦⲈ ⲈⲚⲒϪⲢⲞϪ ⲦⲎⲢⲞⲨ ⲚⲎ ⲈⲦϨⲒϪⲈⲚ ⲠⲒⲔⲀϨⲒ
32မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”
32ⲞⲨⲞϨ ⲈϢⲰⲠ ⲚⲦⲞⲨⲤⲀⲦⲤ ϢⲀⲤⲒ ⲈϨⲢⲎⲒ ⲞⲨⲞϨ ϢⲀⲤϢⲰⲠⲒ ⲈⲤⲞⲒ ⲚⲚⲒϢϮ ⲈⲚⲒⲞⲨⲞϮ ⲦⲎⲢⲞⲨ ⲞⲨⲞϨ ϢⲀⲤⲒⲢⲒ ⲚϨⲀⲚⲚⲒϢϮ ⲚϪⲀⲖ ϨⲰⲤⲦⲈ ⲚⲦⲞⲨϢϪⲈⲘϪⲞⲘ ⲚϪⲈⲚⲒϨⲀⲖⲀϮ ⲚⲦⲈⲦⲪⲈ ⲈⲞⲨⲞϨ ϦⲀ ⲦⲈⲤϦⲎⲒⲂⲒ
33ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။
33ⲞⲨⲞϨ ⲚⲀϤⲤⲀϪⲒ ⲚⲈⲘⲰⲞⲨ ⲘⲠⲒⲤⲀϪⲒ ⲚϨⲀⲚⲠⲀⲢⲀⲂⲞⲖⲎ ⲘⲠⲀⲒⲢⲎϮ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲚⲀⲨϢϪⲈⲘϪⲞⲘ ⲚⲤⲰⲦⲈⲘ
34ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။
34ⲞⲨⲞϨ ⲬⲰⲢⲒⲤ ⲠⲀⲢⲀⲂⲞⲖⲎ ⲚⲀϤⲤⲀϪⲒ ⲚⲈⲘⲰⲞⲨ ⲀⲚ ⲠⲈ ⲤⲀⲠⲤⲀ ⲆⲈ ⲚⲀϤⲂⲰⲖ ⲘⲠⲦⲎ ⲢϤ ⲈⲚⲈϤⲘⲀⲐⲎⲦⲎⲤ.
35ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊
35ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϦⲈⲚⲠⲒⲈϨⲞⲞⲨ ⲈⲦⲈⲘⲘⲀⲨ ⲈⲦⲀ ⲢⲞⲨϨⲒ ϢⲰⲠⲒ ϪⲈ ⲘⲀⲢⲈⲚⲤⲒⲚⲒ ⲈⲘⲎⲢ
36တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။
36ⲞⲨⲞϨ ⲈⲦⲀⲨⲬⲀ ⲠⲒⲘⲎϢ ⲚⲤⲰⲞⲨ ⲀⲨⲞⲖϤ ⲚⲈⲘⲰⲞⲨ ϨⲰϤ ϨⲒ ⲠⲒϪⲞⲒ ⲞⲨⲞϨ ⲚⲀⲢⲈ ϨⲀⲚⲔⲈⲈϪⲎⲞⲨ ⲚⲈⲘⲀϤ.
37ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။
37ⲞⲨⲞϨ ⲀⲞⲨⲚⲒϢϮ ⲚⲐⲎⲞⲨ ϢⲰⲠⲒ ⲞⲨⲞϨ ⲚⲒϪⲞⲖ ⲚⲀⲨϨⲒⲞⲨⲒ ⲘⲘⲰⲞⲨ ⲈⲠⲒϪⲞⲒ ϨⲰⲤⲦⲈ ϨⲎⲆⲎ ⲚⲦⲈϤⲘⲞϨ ⲚϪⲈⲠⲒϪⲞⲒ.
38ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊
38ⲞⲨⲞϨ ⲚⲐⲞϤ ⲚⲀϤⲚⲔⲞⲦ ϨⲒⲪⲀϨⲞⲨ ϨⲒϪⲈⲚ ⲠⲒϢϢⲞⲦ ⲞⲨⲞϨ ⲀⲨⲚⲈϨⲤⲒ ⲘⲘⲞϤ ⲞⲨⲞϨ ⲠⲈϪⲰⲞⲨ ⲚⲀϤ ϪⲈ ⲪⲢⲈϤϮⲤⲂⲰ ⲤⲈⲢⲘⲈⲖⲒⲚ ⲚⲀⲔ ⲀⲚ ϪⲈ ⲦⲈⲚⲚⲀⲦⲀⲔⲞ
39ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။
39ⲞⲨⲞϨ ⲈⲦⲀϤⲦⲰⲚϤ ⲀϤⲈⲢⲈⲠⲒⲦⲒⲘⲀⲚ ⲘⲠⲒⲐⲎ ⲞⲨ ⲞⲨⲞϨ ⲠⲈϪⲀϤ ⲘⲪⲒⲞⲘ ϪⲈ ⲬⲀⲢⲰⲔ ⲞⲨⲞϨ ⲐⲰⲘ ⲚⲢⲰⲔ ⲞⲨⲞϨ ⲀϤⲔⲎⲚ ⲚϪⲈⲠⲒⲐⲎ ⲞⲨ ⲞⲨⲞϨ ⲀⲤϢⲰⲠⲒ ⲚϪⲈⲞⲨⲚⲒϢϮ ⲚϪⲀⲘⲎ.
40ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊
40ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲈⲐⲂⲈⲞⲨ ⲦⲈⲦⲈⲚⲈⲢϨⲞϮ ⲘⲠⲀⲦⲈ ⲚⲀϨϮ ϢⲰⲠⲒ ϦⲈⲚⲐⲎⲚⲞⲨ.
41သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
41ⲞⲨⲞϨ ⲀⲨⲈⲢϨⲞϮ ϦⲈⲚⲞⲨⲚⲒϢϮ ⲚϨⲞϮ ⲞⲨⲞϨ ⲚⲀⲨϪⲰ ⲘⲘⲞⲤ ⲚⲚⲞⲨⲈⲢⲎⲞⲨ ϪⲈ ⲚⲒⲘ ϨⲀⲢⲀ ⲠⲈ ⲪⲀⲒ ϪⲈ ⲚⲒⲐⲎⲞⲨ ⲚⲈⲘ ⲪⲒⲞⲘ ⲤⲈⲤⲰⲦⲈⲘ ⲚⲀϤ.
Tip: use the ← and → keys to turn chapters.