ရှင်မာကု 14
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ထိုနောက် နှစ် ရက် လွန် လျှင် ပသခါ အဇုမ ပွဲရှိ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ ပရိယာယ် အားဖြင့် ဘမ်းဆီး ၍ သတ် ရအံ့နည်းဟု ရှာကြံ ကြ၏။
1Через два дня надлежало быть празднику Пасхи и опресноков. И искали первосвященники и книжники, как бы взять Его хитростью и убить;
2သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကို စိုးရိမ် ၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟုပြောဆို ကြ၏။
2но говорили: только не в праздник, чтобы не произошло возмущения в народе.
3ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသော လူနူ ၏အိမ် ၌ ကိုယ်တော် ရှိ တော်မူသည်ဖြစ်၍ ၊ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် နှင့်ပြည့်သော ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ကိုယ်တော် သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူ ခွက်ကိုခွဲ ပြီးမှခေါင်း တော်ပေါ်၌သွန်းလောင်း လေ၏။
3И когда был Он в Вифании, в доме Симона прокаженного, и возлежал, - пришла женщина с алавастровым сосудом мира из нарда чистого, драгоценного и, разбив сосуд, возлила Ему на голову.
4အချို့ တို့သည် ဒေါသ စိတ်ရှိ သည်ဖြစ်၍၊ ထို ဆီမွှေး ကို အဘယ်ကြောင့် အကျိုးမဲ့ ဆုံး စေသနည်း။
4Некоторые же вознегодовали и говорили между собою: к чему сия трата мира?
5ဒေနာရိ အပြားသုံးရာ မက သောအဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး စရာကောင်းသည်ဟု ဆို၍ထိုမိန်းမ ကိုအပြစ်တင် ကြ၏။
5Ибо можно было бы продать его более нежели за триста динариев и раздать нищим. И роптали на нее.
6ယေရှု ကလည်း ထိုမိန်းမ ကိုရှိ စေတော့။ အဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကို ပြု ပြီ။”
6Но Иисус сказал: оставьте ее; что ее смущаете? Она доброе дело сделала для Меня.
7ဆင်းရဲ သောသူ တို့သည် သင်တို့၌ အစဉ် ရှိ ကြ၏ သင်တို့ အလိုရှိသည်အတိုင်း သူ တို့အားကျေးဇူး ပြု နိုင် ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။”
7Ибо нищих всегда имеете с собою и, когда захотите, можете им благотворить; а Меня не всегда имеете.
8ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။”
8Она сделала, что могла: предварила помазать тело Мое к погребению.
9“ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤ မိန်းမကို အောက်မေ့ စရာဘို့ သူပြု သောဤအမှု ကို ကြားပြော ရကြလတံ့” ဟုမိန့်တော်မူ၏။
9Истинно говорю вам: где ни будет проповедано Евангелие сие в целом мире, сказано будет, в память ее, и о том, что она сделала.
10ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ် သည် ကိုယ်တော် ကိုအပ် ခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား လေ၏။
10И пошел Иуда Искариот, один из двенадцати, к первосвященникам, чтобы предать Его им.
11ထိုသူ တို့သည် ကြား လျင်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော် ကို အဘယ်သို့ အပ် ရမည်နည်းဟု ရှာကြံ လျက်နေ၏။
11Они же, услышав, обрадовались, и обещали дать ему сребренники. И он искал, как бы в удобное время предать Его.
12ပသခါ သိုးငယ်ကို သတ် သောနေ့တည်းဟူသောအဇုမ ပွဲပဌမ နေ့ ၌ တပည့် တော်တို့သည် အထံ တော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
12В первый день опресноков, когда заколали пасхального агнца, говорят Ему ученики Его: где хочешь есть пасху? мы пойдем и приготовим.
13ကိုယ်တော် သည် တပည့် တော်နှစ် ယောက်တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် မြို့ ထဲသို့ သွား ကြ။ ရေ အိုး ဆောင် သောသူ ကို တွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ ၊”
13И посылает двух из учеников Своих и говорит им: пойдите в город; и встретится вам человек, несущий кувшин воды; последуйте за ним
14သူဝင် သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို စား ရသောဧည့်သည်အခန်း ကား၊ အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ်ရှင် ကို ပြော ကြလော့။”
14и куда он войдет, скажите хозяину дома того: Учитель говорит: где комната, в которой бы Мне есть пасху с учениками Моими?
15ထိုသူ သည် အသင့် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကိုပြ လိမ့်မည်။ ထို အခန်း၌ ငါ တို့ဘို့ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
15И он покажет вам горницу большую, устланную, готовую: там приготовьте нам.
16တပည့် တော်တို့သည်သွား ၍ မြို့ ထဲသို့ ဝင် လျှင် ၊ စကား တော်အတိုင်း တွေ့ ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
16И пошли ученики Его, и пришли в город, и нашли, как сказал им; и приготовили пасху.
17ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာ တော်မူ၏။
17Когда настал вечер, Он приходит с двенадцатью.
18စားပွဲ၌လျောင်း ၍ စား နေကြစဉ်တွင်၊ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ သင် တို့အဝင် ဖြစ်၍ ငါ နှင့်အတူ စား သောသူ တစ်စုံတစ်ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
18И, когда они возлежали и ели, Иисус сказал: истинно говорю вам, один из вас, ядущий со Мною, предаст Меня.
19တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော၊ အကျွန်ုပ် လောဟု တစ် ယောက်နောက် တစ် ယောက် အသီးအသီးမေးလျှောက် ကြ၏။
19Они опечалились и стали говорить Ему, один за другим: не я ли? и другой: не я ли?
20ကိုယ်တော်ကလည်း ၊ တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်၍ငါ နှင့်အတူ ပုကန် တွင် နှိုက် သောသူ သည် ငါ့ကို အပ်နှံလိမ့်မည်။”
20Он же сказал им в ответ: один из двенадцати, обмакивающий со Мною в блюдо.
21ကျမ်းစာ လာသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သား ကို အပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကို မ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
21Впрочем Сын Человеческий идет, как писано о Нем; но горе тому человеку, которым Сын Человеческий предается: лучше было бы тому человеку не родиться.
22ထိုအခါ စား လျက်နေကြစဉ်တွင်ယေရှုသည်မုန့် ကိုယူ ၍၊ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့် ကားငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စားကြလော့” ဟု မိန့် တော်မူလျက် တပည့် တော်တို့အား ပေး တော်မူ၏။
22И когда они ели, Иисус, взяв хлеб, благословил, преломил, дал им и сказал: приимите, ядите; сие есть Тело Мое.
23ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှသူ တို့အား ပေး တော်မူလျှင် ၊ ထိုသူရှိသမျှ တို့သည် သောက် ကြ၏။
23И, взяв чашу, благодарив, подал им: и пили из нее все.
24ကိုယ်တော်ကလည်း ၊ ဤ ခွက်ကား၊ ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍၊ လူများ အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။”
24И сказал им: сие есть Кровь Моя Нового Завета, за многих изливаемая.
25ငါအမှန် ဆို သည်ကား၊ ဤ စပျစ်ရည် မျိုးအသစ် ကို ဘုရားသခင် ၏နိုင်ငံ တော်၌ ငါမ သောက် မှီ နေ့ တိုင်အောင် ယခုမှစ၍တစ်ဖန်ငါမ သောက်ရ “ဟု မိန့် တော်မူ၏။
25Истинно говорю вам: Я уже не буду пить от плода виноградного до того дня, когда буду пить новое вино в Царствии Божием.
26ထိုနောက် သီချင်းဆို ပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
26И, воспев, пошли на гору Елеонскую.
27ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကို ငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှ သည် ငါ့ကြောင့် စိတ်ပျက် ကြလိမ့်မည်။”
27И говорит им Иисус: все вы соблазнитесь о Мне в эту ночь; ибо написано: поражу Пастыря, и рассеются овцы.
28သို့သော်လည်း ငါ သည်ထမြောက် ပြီးမှ သင် တို့ရှေ့ ၊ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊2”
28По воскресении же Моем, Я предваряю вас в Галилее.
29ပေတရု က၊ ဤသူရှိသမျှ တို့သည် စိတ်ပျက် ကြသော်လည်း အကျွန်ုပ် သည် စိတ်မ ပျက်ပါဟု လျှောက် လေ၏။
29Петр сказал Ему: если и все соблазнятся, но не я.
30ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင်ပင် ကြက် သည်နှစ်ကြိမ် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
30И говорит ему Иисус: истинно говорю тебе, что ты ныне, в эту ночь, прежде нежели дважды пропоет петух, трижды отречешься от Меня.
31ပေတရုက၊ ကိုယ်တော် နှင့်တကွသေ ရ သော်လည်း အကျွန်ုပ်သည် ကိုယ်တော် ကိုမ ငြင်း မပယ်ပါဟု သာ၍ခိုင်ခံ့ သောစကားနှင့် လျှောက် ပြန်၏။ ထိုသူအပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
31Но он еще с большим усилием говорил: хотя бы мне надлежало и умереть с Тобою, не отрекусь от Тебя. То же и все говорили.
32ထိုအခါ ဂေသရှေမန် အရပ် သို့ ရောက် ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်း စဉ် တွင်သင်တို့သည်ဤ အရပ်၌ ထိုင် နေကြလော့” ဟု တပည့် တော်တို့အား မိန့်တော်မူ ပြီးမှ ၊
32Пришли в селение, называемое Гефсимания; и Он сказал ученикам Своим: посидите здесь, пока Я помолюсь.
33ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
33И взял с Собою Петра, Иакова и Иоанна; и начал ужасаться и тосковать.
34ထိုအခါ ငါ သည်သေ လောက် အောင်စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ စောင့် နေ ကြလော့ ဟု တပည့် တော်သုံးယောက်တို့အား မိန့် တော်မူ၍၊
34И сказал им: душа Моя скорбит смертельно; побудьте здесь и бодрствуйте.
35ထိုမှအနည်းငယ် လွန် ပြန်လျှင် ၊ မြေ ပေါ်မှာ ပြပ်ဝပ် ၍ အိုအဘ ခမည်းတော် ၊”
35И, отойдя немного, пал на землю и молился, чтобы, если возможно, миновал Его час сей;
36ကိုယ်တော် သည် အလုံးစုံ တို့ကိုတတ်နိုင် တော်မူ၏။ ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်းမ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟူ၍ထို အချိန် နာရီ သည် မိမိ နှင့် လွန်သွားနိုင် လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်း တော်မူပြီးမှ ၊
36и говорил: Авва, Отче! все возможно Тебе; пронеси чашу сию мимо Меня; но не чего Я хочу, а чего Ты.
37ပြန်လာ ၍ တပည့် တော်တို့သည် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော် သလော။ တစ် နာရီ ခန့်မျှစောင့် နေခြင်းငှာမ စွမ်းနိုင် သလော။”
37Возвращается и находит их спящими, и говорит Петру: Симон! ты спишь? не мог ты бодрствовать один час?
38စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက် စောင့် နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အားမိန့် တော်မူပြီးမှ ၊
38Бодрствуйте и молитесь, чтобы не впасть в искушение: дух бодр, плоть же немощна.
39တစ်ဖန် သွား ၍ ရှေ့မြွက်ဆို သည်နည်းတူ ဆုတောင်း တော်မူ၏။
39И, опять отойдя, молился, сказав то же слово.
40ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍၊ သူ တို့သည်မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက်နေကြ သည်ကို တွေ့ တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက် ရမည်ကို မ သိ ကြ။
40И, возвратившись, опять нашел их спящими, ибо глаза у них отяжелели, и они не знали, что Ему отвечать.
41သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။”
41И приходит в третий раз и говорит им: вы все еще спите и почиваете? Кончено, пришел час: вот, предается Сын Человеческий в руки грешников.
42ထ ကြ။ ငါတို့သည်သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
42Встаньте, пойдем; вот, приблизился предающий Меня.
43ထိုသို့ မိန့် တော်မူစဉ် တွင်ပင်တပည့်တော် တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာလူ အကြီးအကဲများစေလွှတ်သောလူ အစုအဝေးအပေါင်းတို့သည် ဓား နှင့် ဒုတ် များကိုကိုင်လျက် ချက်ခြင်း လာ ကြ၏။
43И тотчас, как Он еще говорил, приходит Иуда, один из двенадцати, и с ним множество народа с мечами и кольями, от первосвященников и книжников и старейшин.
44ကိုယ်တော် ကိုအပ်နှံ သောသူ က၊ ငါနမ်း သောသူ သည်ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ၍ လုံခြုံ စွာ ဆောင်သွား ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း ၊
44Предающий же Его дал им знак, сказав: Кого я поцелую, Тот и есть, возьмите Его и ведите осторожно.
45သူသည် ရောက် လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ အရှင်ဘုရားဟုဆို လျက် နမ်း လေ၏။
45И, придя, тотчас подошел к Нему и говорит: Равви! Равви! и поцеловал Его.
46ထိုသူတို့သည် လာ၍ ကိုယ်တော် ကိုဆွဲကိုင် ဘမ်းဆီး ကြ၏။
46А они возложили на Него руки свои и взяли Его.
47အနား၌ ရပ် နေသောသူ တစ် ယောက်သည် ဓား ကို ဆွဲထုတ် ပြီးလျှင်၊ ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် နားရွက် ပြတ် လေ၏။
47Один же из стоявших тут извлек меч, ударил раба первосвященникова и отсек ему ухо.
48ယေရှု ကလည်း သင်တို့သည် ဓားပြ ကို ဘမ်းသကဲ့သို့ ငါ့ ကိုဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား၊”
48Тогда Иисус сказал им: как будто на разбойника вышли вы с мечами и кольями, чтобы взять Меня.
49ငါသည် ဗိမာန် တော်၌ နေ့ တိုင်း ဆုံးမ ဩဝါဒပေးလျက် ၊ သင် တို့အလယ်၌ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဖမ်း မဆီးကြ။ ဤအကြောင်းအရာကား၊”
49Каждый день бывал Я с вами в храме и учил, и вы не брали Меня. Но да сбудутся Писания.
50ကျမ်းစာ ပြည်စုံ မည်အကြောင်း တည်း ဟု ထိုလူ များကို မိန့် တော်မူ၏။
50Тогда, оставив Его, все бежали.
51ထိုအခါ တပည့်တော်အပေါင်း တို့သည် ကိုယ်တော် ကိုစွန့်ပစ် ၍ ပြေး ကြ၏။ လုလင် တစ် ယောက်သည် စောင် တစ်ထည်ကိုသာဝတ် လျက် နောက်တော်သို့လိုက် သည်ဖြစ်၍ ၊ မင်းလုလင်တို့သည် ထိုလုလင် ကို ဘမ်းဆီး ကြ၏။
51Один юноша, завернувшись по нагому телу в покрывало, следовал за Ним; и воины схватили его.
52သူ သည်လည်း စောင် ကိုစွန့်ပစ် ၍ အဝတ် မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေး လေ၏။
52Но он, оставив покрывало, нагой убежал от них.
53ထိုသူတို့သည် ယေရှု ကို ယဇ်ပုရောဟိတ် မင်းထံသို့ ဆောင်သွား ကြ၏။ ထိုမင်းထံ၌ယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာအပေါင်း တို့သည် စည်းဝေး ကြ၏။
53И привели Иисуса к первосвященнику; и собрались к нему все первосвященники и старейшины и книжники.
54ပေတရု သည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး အတွင်း သို့ တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာ လိုက် ပြီးလျှင် ၊ မင်း လုလင်တို့နှင့်အတူ ထိုင် ၍ မီး လှုံ လေ၏။
54Петр издали следовал за Ним, даже внутрь двора первосвященникова; и сидел со служителями, и грелся у огня.
55ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကို သတ် ရမည်အကြောင်း သက်သေ ကို ရှာ သော်လည်း မ တွေ့ ကြ။
55Первосвященники же и весь синедрион искали свидетельства на Иисуса, чтобы предать Его смерти; и не находили.
56လူများ တို့သည် မမှန် သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံ ချက်သည်မ ညီ ။
56Ибо многие лжесвидетельствовали на Него, но свидетельства сии не были достаточны.
57အချို့ တို့သည်ထ ၍၊ ဤသူက၊ လူတို့လက် ဖြင့် လုပ်သော၊
57И некоторые, встав, лжесвидетельствовали против Него и говорили:
58ဤ ဗိမာန် တော်ကို ငါ ဖြိုဖျက် ၍ လူတို့ လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက် မည်ဟု ပြောဆို သည်ကို အကျွန်ုပ် တို့ကြား ရပါပြီဟု သက်သေခံ ကြ၏။
58мы слышали, как Он говорил: Я разрушу храм сей рукотворенный, и через три дня воздвигну другой, нерукотворенный.
59သို့သော်လည်း သူ တို့၏ သက်သေခံ ချက်သည် မ ညီ ။
59Но и такое свидетельство их не было достаточно.
60ယဇ်ပုရောဟိတ် မင်းသည် အလယ် ၌ မတ်တပ်ထ ၍၊ သင်သည် တခွန်းမျှ ပြန် ၍မ ပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟု ယေရှု ကိုမေး လျှင်၊
60Тогда первосвященник стал посреди и спросил Иисуса: что Ты ничего не отвечаешь? что они против Тебя свидетельствуют?
61ကိုယ်တော်သည် တခွန်းမျှ ပြန်ပြော တော်မ မူဘဲတိတ်ဆိတ်စွာ နေ၏။ တစ်ဖန် ယဇ်ပုရောဟိတ် မင်းက၊ သင် သည် ခရစ်တော် တည်းဟူသောမင်္ဂလာ ရှိသောဘုရားသခင်၏သား တော် မှန် သလောဟု မေး ပြန်လျှင် ၊
61Но Он молчал и не отвечал ничего. Опять первосвященник спросил Его и сказал Ему: Ты ли Христос, Сын Благословенного?
62ယေရှု က၊ မှန် ၏။ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက်၊ မိုဃ်း တိမ် ကို စီး၍ ကြွလာ သည်ကို သင်တို့မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
62Иисус сказал: Я; и вы узрите Сына Человеческого, сидящего одесную силы и грядущего на облаках небесных.
63ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကို ဆုတ် လျက်အဘယ် သက်သေ ကို လို သေး သနည်း။
63Тогда первосвященник, разодрав одежды свои, сказал: на что еще нам свидетелей?
64ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြား ရပြီ။ အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော် သည် အသေခံ ထိုက် ကြောင်းကို ထိုသူ အပေါင်း တို့သည် စီရင် ကြ၏။
64Вы слышали богохульство; как вам кажется? Они же все признали Его повинным смерти.
65ထိုအခါ အချို့ တို့သည် ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်သီးနှင့် ထိုး လျက် ၊ ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ မင်း လုလင်တို့သည်လည်း ပါး တော်ကို လက်နှင့်ပုတ် ကြ ၏။
65И некоторые начали плевать на Него и, закрывая Ему лице, ударять Его и говорить Ему: прореки. И слуги били Его по ланитам.
66ပေတရု သည်အောက် မှာ အိမ်ဦး ၌ ရှိ စဉ်၊ ယဇ်ပုရောဟိတ် မင်း၏ အစေအပါး မိန်းမတစ် ယောက်သည် လာ ၍ ၊
66Когда Петр был на дворе внизу, пришла одна из служанок первосвященника
67ပေတရု သည် မီးလှုံ လျက်နေသည်ကို မြင် သောအခါသူ့ ကိုစေ့စေ့ကြည့် ၍၊ သင် သည်လည်း နာဇရက် မြို့သားယေရှု နှင့် ပေါင်းဖေါ်သောသူဖြစ် သည်ဟု ဆို လျှင် ၊
67и, увидев Петра греющегося и всмотревшись в него, сказала: и ты был с Иисусом Назарянином.
68ပေတရုက၊ သင် ပြော သောအရာ ကိုငါမ သိ ၊ နား မ လည်ဟု ငြင်းခုံ ပြီးမှ အိမ်ဦး ရှေ့သို့ ထွက် သော် ကြက် တွန် လေ၏။
68Но он отрекся, сказав: не знаю и не понимаю, что ты говоришь. И вышел вон на передний двор; и запел петух.
69နောက်တစ်ဖန် အစေအပါး မိန်းမသည် ပေတရု ကိုမြင် လျှင် ၊ အနား၌ ရပ် နေသောသူ တို့အား၊ ဤသူ သည် ထိုသူ တို့ အဝင် ဖြစ် သည်ဟုဆို သော်။
69Служанка, увидев его опять, начала говорить стоявшим тут: этот из них.
70ပေတရု သည် တစ်ဖန် ငြင်းခုံ ပြန်၏၊ ထိုနောက်များမကြာ အနား၌ ရပ် နေသောသူ တို့က၊ အကယ်စင်စစ် သင်သည် ထိုသူ တို့အဝင် ဖြစ် ၏။ သင်သည် ဂါလိလဲ လူဖြစ် ၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆို ကြလျှင် ၊
70Он опять отрекся. Спустя немного, стоявшие тут опять стали говорить Петру: точно ты из них; ибо ты Галилеянин, и наречие твое сходно.
71ပေတရုက၊ သင်တို့ပြော သောသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို သည်နောက် ၊
71Он же начал клясться и божиться: не знаю Человека Сего, о Котором говорите.
72တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။
72Тогда петух запел во второй раз. И вспомнил Петр слово, сказанное ему Иисусом: прежде нежели петух пропоет дважды, трижды отречешься от Меня; и начал плакать.
Tip: use the ← and → keys to turn chapters.