မိက္ခာ

Old Testament

Chapter 5

မိက္ခာ

Judson Burmese Bible (18…
vs World English Bible
Aa
Text size
Line width
Verse numbers

မိက္ခာ 5

Judson Burmese Bible (1840)
World English Bible
1ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။
1Now you shall gather yourself in troops, daughter of troops. He has laid siege against us. They will strike the judge of Israel with a rod on the cheek.
2အိုဗက်လင် ဧဖရတ် မြို့၊ အစိုးရသောယုဒ မြို့တို့ တွင် သင် သည် မြို့ငယ် မြို့ယုတ်ဖြစ် သော်လည်း ၊ ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင်သည် ငါ့ အဘို့ သင် ၏ အထဲ မှာ ပေါ်ထွန်း လတံ့။ ထိုသခင်သည် ရှေး ကပ် ကမ္ဘာ မှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏။
2But you, Bethlehem Ephrathah, being small among the clans of Judah, out of you one will come out to me who is to be ruler in Israel; whose goings out are from of old, from ancient times.
3သို့ဖြစ်၍ ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမသည် မ ဘွား မှီတိုင်အောင်၎င်း ၊ ဣသရေလ အမျိုးသား တို့ နှင့်တကွ ကျန် ကြွင်းသော ညီအစ်ကို တို့သည် မပြောင်းလဲ မှီ တိုင်အောင်၎င်း ၊ သူ တို့ကို စွန့်ပစ် တော်မူလိမ့်မည်။
3Therefore he will abandon them until the time that she who is in labor gives birth. Then the rest of his brothers will return to the children of Israel.
4ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။
4He shall stand, and shall shepherd in the strength of the LORD, in the majesty of the name of the LORD his God. They will live, for then he will be great to the ends of the earth.
5အာရှုရိ လူသည် ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့ ဘုံ ဗိမာန်များကို နင်း သောအခါ ၊ သိုးထိန်း ခုနစ် ပါးနှင့် လူကြီး ရှစ် ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊
5He will be our peace when Assyria invades our land and when he marches through our fortresses, then we will raise against him seven shepherds, and eight leaders of men.
6ထား လက်နက်ဖြင့် အာရှုရိ ပြည် ကို၎င်း၊ မြို့ တံခါးဝ အတွင်း ၌ နိမ်ရောဓ နိုင်ငံ ကို၎င်းသုတ်သင် ပယ်ရှင်း သောအားဖြင့်၊ ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့နယ် အတွင်း တွင် နင်း သော အာရှုရိ လူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
6They will rule the land of Assyria with the sword, and the land of Nimrod in its gates. He will deliver us from the Assyrian, when he invades our land, and when he marches within our border.
7ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်း ကဲ့သို့ ၎င်း ၊ လူ ကို မ ငံ့လင့် ၊ လူသား တို့ ၏ အလို သို့မ လိုက်သော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။
7The remnant of Jacob will be among many peoples like dew from the LORD, like showers on the grass, that don’t wait for man nor wait for the sons of men.
8ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ တော သားရဲ တို့တွင် ခြင်္သေ့ ကဲ့သို့ ၎င်း ၊ သိုး စု တို့တွင် ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။ ခြင်္သေ့ဝင် သောအခါ အဘယ်သူ မျှမကယ်နှုတ် နိုင်အောင် နင်း ၍ ကိုက်စား တတ်၏။
8The remnant of Jacob will be among the nations, among many peoples, like a lion among the animals of the forest, like a young lion among the flocks of sheep; who, if he goes through, treads down and tears in pieces, and there is no one to deliver.
9သင် ၏ရန်ဘက် ၌ နေသောသူတို့ကို သင် တိုက် ၍ ၊ ရန်သူ အပေါင်း တို့သည် ဆုံးရှုံး ကြလိမ့်မည်။
9Let your hand be lifted up above your adversaries, and let all of your enemies be cut off.
10ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ သင် ၏မြင်း တို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထား တို့ကိုလည်း ဖျက်ဆီး မည်။
10“It will happen in that day”, says the LORD, “that I will cut off your horses from among you and will destroy your chariots.
11သင် ၏ပြည် ၌ မြို့ရိုး တို့ကို ငါပယ်ရှင်း ၍ ၊ သင် ၏ ရဲတိုက် ရှိသမျှ တို့ကို ဖြိုဖျက် မည်။
11I will cut off the cities of your land and will tear down all your strongholds.
12သင် ၏နယ် ၌ စုန်း လုပ်သောသူတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၌ ဗေဒင် ဟောသောသူမ ရှိ ရ။
12I will destroy witchcraft from your hand. You shall have no soothsayers.
13ထုလုပ် သော ရုပ်တု ဆင်းတုတို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ ကိုယ် လက် နှင့်လုပ် သော အရာကို နောက် တဖန်သင်မ ကိုးကွယ် ရ။
13I will cut off your engraved images and your pillars from among you; and you shall no more worship the work of your hands.
14အာရှရ ပင်တို့ကိုလည်း သင့် အလယ် ၌ ငါနှုတ် ၍ ၊ သင် ၏မြို့ တို့ကိုလည်း ငါဖျက်ဆီး မည်။
14I will uproot your Asherah poles from among you; and I will destroy your cities.
15ငါ့စကားကို နား မ ထောင်သော တပါးအမျိုးသား တို့ကို ပြင်းစွာအမျက် ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
15I will execute vengeance in anger and wrath on the nations that didn’t listen.”

Tip: use the ← and → keys to turn chapters.