ရှင်မဿဲ 6
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1လူ များတို့မြင် စေခြင်းငှာ ကိုယ် သီလ အကျင့်ကို သူ့ရှေ့မှောက် ၌ မ ကျင့် မည်အကြောင်း သတိပြု ကြလော့။ သို့မဟုတ် ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ထံမှ အကျိုး ကိုမ ခံ မရကြ။
1השמרו לכם מעשות צדקתכם לפני בני אדם למען יראו אתכם ואם לא אין לכם שכר מאת אביכם שבשמים׃
2ထိုကြောင့် သင်သည် အလှူဒါန ကို ပေး သောအခါ လျှို့ဝှက် သောသူ တို့သည် လူ များအချီးအမွမ်း ကို ခံလို၍ ပွဲ သဘင်လမ်း ခရီး၌ မိမိ တို့ရှေ့ မှာ တံပိုး ခရာမှုတ်စေသည်နည်းတူ မ ပြု နှင့်။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုရ ကြပြီ။
2לכן בעשותך צדקה אל תריע לפניך בשופר כמעשה החנפים בבתי הכנסיות ובחרבות למען יהללו אותם האמשים אמן אמר אני לכם כי לקחו את שכרם׃
3သင် သည် အလှူဒါန ကိုပေး သောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ျာ လက်ပြု သည် အမှု ကို လက်ဝဲ လက်မျှ မသိ စေနှင့်။
3ואתה בעשותך צדקה אל תדע שמאלך את אשר עשה ימינך׃
4မ ထင်ရှားသောအရာကို မြင် တော်မူသောသင် ၏အဘ သည် အကျိုး ကိုထင်ရှားစွာ ပေး တော်မူလတံ့။
4למען תהיה צדקתך בסתר ואביך הראה במסתרים הוא בגלוי יגמלך׃
5သင်သည် ဆုတောင်း ပဌနာပြုသောအခါ လျှို့ဝှက် သောသူ တို့နည်းတူ မ ပြု နှင့်။ ထိုသူတို့သည် လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ ၊ ပွဲ သဘင်လမ်း ဆုံ လမ်းဝတို့၌ ရပ် လျက်ဆုတောင်း ခြင်းငှာ အလိုရှိ ကြ၏။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုခံရ ကြ၏။
5וכי תתפלל אל תהי כחנפים האהבים להתפלל בעמדם בבתי הכנסיות ואצל פנות השוקים למען יראו לבני אדם אמן אמר אני לכם כי לקחו את שכרם׃
6သင် သည် ဆုတောင်း သောအခါ ဆိတ်ညံ ရာအခန်းသို့ ဝင် ၍ တံခါး ကိုပိတ် ပြီးမှ ၊ မ ထင်ရှားသောအရပ်၌ ရှိတော်မူသော သင် ၏အဘ ကို ဆုတောင်း လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် ၏အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။
6ואתה כי תתפלל בוא בחדרך וסגר דלתך בעדך והתפלל אל אביך אשר בסתר ואביך הראה במסתרים הוא בגלוי יגמלך׃
7သင်တို့သည် ဆုတောင်း သောအခါ သာသနာပ လူနည်းတူ အချည်းနှီး သောစကားဖြင့် အထပ်ထပ်မ မြွက်ကြနှင့်။ ထိုသူတို့သည် များစွာ သောစကားအားဖြင့် မိမိ တို့အလို ပြည့်စုံမည်ဟု ထင်မှတ် ကြ၏။
7ובהתפללכם אל תפטפטו כגוים החשבים כי בהרבות דבריהם ישמעו׃
8ထိုသူ တို့နည်းတူ မ ပြုကြနှင့်။ အကြောင်းမူကား ၊ သင် တို့ အလို ရှိသမျှ တို့ကို သင် တို့မ တောင်း မှီသင် တို့ အဘ သိ တော်မူ၏။
8ואתם אל תדמו להם כי יודע אביכם כל צרככם בטרם תשאלו ממנו׃
9ထိုကြောင့် သင် တို့ဆုတောင်း ရမည်မှာ ကောင်းကင် ဘုံ၌ ရှိတော်မူသောအကျွန်ုပ် တို့အဘ ကိုယ်တော် ၏နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။
9לכן כה תתפללו אבינו שבשמים יתקדש שמך׃
10နိုင်ငံ တော်တည်ထောင် ပါစေသော။ အလို တော်သည် ကောင်းကင် ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီး ပေါ်မှာ ပြည့်စုံ ပါစေသော။
10תבא מלכותך יעשה רצונך כמו בשמים כן בארץ׃
11အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား ယနေ့ ပေး သနားတော်မူပါ။
11את לחם חקנו תן לנו היום׃
12သူတစ်ပါး သည် အကျွန်ုပ် တို့ကိုပြစ်မှားသောအပြစ် များကို အကျွန်ုပ် တို့သည် လွှတ် သကဲ့သို့ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။
12וסלח לנו את חבותינו כאשר סלחנו גם אנחנו לחיבינו׃
13အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။
13ואל תביאנו לידי נסיון כי אם חלצנו מן הרע כי לך הממלכה והגבורה והתפארת לעולמי עולמים אמן׃
14သင်တို့သည် သူတစ်ပါး တို့၏အပြစ် ကိုလွှတ် လျှင် ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သင် တို့၏အပြစ်ကို လွှတ် တော်မူမည်။
14כי אם תסלחו לבני אדם את חטאתם אביכם שבשמים יסלח גם לכם׃
15သင်တို့သည် သူတစ်ပါး တို့၏အပြစ်ကိုမ လွှတ် လျှင် ၊ သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မ မူ။
15ואם לא תסלחו לבני אדם גם אביכם לא יסלח לכם את חטאתיכם׃
16သင်တို့သည် အစာရှောင် ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက် သောသူ တို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမ ရှိ ကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင် သည်ကို လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ မိမိ တို့မျက်နှာ ကိုဖျက် တတ်ကြ၏။
16וכי תצומו אל תהיו זעפים כחנפים המשנים את פניהם להראות צמים לבני אדם אמן אמר אני לכם כי לקחו את שכרם׃
17ငါအမှန်အကန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကို ခံရ ကြ၏။
17ואתה כי תצום סוך את ראשך ורחץ את פניך׃
18သင် သည်အစာရှောင် သောအခါ အစာရှောင် သည်ကိုလူ များတို့ရှေ့မှာ မ ထင်ရှား စေဘဲ၊ မ ထင်ရှားသောအရပ် ၌ ရှိတော်မူသော သင် တို့အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ ၊ ခေါင်း ကိုလိမ်းကျံ လော့။ မျက်နှာ ကိုလည်း သစ် လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် တို့အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။
18למען לא תראה בצומך לבני אדם כי אם לאביך אשר בסתר ואביך הראה במסתרים הוא בגלוי יגמלך׃
19သံချေး ၊ ပိုးရွ ဖျက်ဆီး ၍ သူခိုး ထွင်းဖောက် ခိုးယူ ရာမြေကြီး ပေါ်မှာ ဘဏ္ဍာ ကို မ ဆည်းဖူး ကြနှင့်။
19אל תאצרו לכם אוצרות בארץ אשר יאכלום שם סס ורקב וגנבים יחתרו שם וגנבו׃
20သံချေး ၊ ပိုးရွ မ ဖျက်ဆီး ၍ သူခိုး မ ထွင်း မဖောက် မ ခိုး မယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုဆည်းဖူး ကြလော့။
20אבל תאצרו לכם אוצרות בשמים אשר סס ורקב לא יאכלום שם וגנבים לא יחתרו שם ולא יגנבו׃
21အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့၏စိတ် နှလုံးရောက် တတ်၏။
21כי במקום אשר אוצרכם בו שם יהיה גם לבבכם׃
22မျက်စိ ကားကိုယ် ၏ဆီမီး ဖြစ် ၏။ ထိုကြောင့် မျက်စိ ကြည်လင် လျှင် တစ်ကိုယ်လုံး လင်း လိမ့်မည် ။
22נר הגוף הוא העין ואם עינך היא תמימה כל גופך יאור׃
23မျက်စိ မြှေးရှက် လျှင် တစ်ကိုယ်လုံး မိုက် လိမ့်မည် ။ သင် ၏ အလင်း သော်ကား၊ မှောင်မိုက် ဖြစ် လျှင် ထိုအမိုက်သည် အလွန် မိုက် စွတကား။
23ואם עינך רעה כל גופך יחשך והנה אם יחשך האור אשר בקרבך מה רב החשך׃
24အဘယ်သူ မျှသခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ် ဦးကိုမုန်း ၍ တစ် ဦးကိုချစ် မည်။ သခင်တစ် ဦးကို မှီခို ၍ တစ် ဦးကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏အစေကို၎င်း ၊ လောကီစည်းစိမ် ၏အစေ ကို၎င်း မ ခံ နိုင်ကြ။
24לא יוכל איש לעבד שני אדנים כי אם ישנא את האחד ויאהב את האחר או ידבק באחד ויבזה את האחר לא תוכלו עבוד את האלהים ואת הממון׃
25ထိုကြောင့် ငါဆို သည်ကား ၊ အဘယ်သို့ စား သောက် ရမည်ဟု အသက် အဘို့မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟု ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်။ အစာ ထက် အသက် မြတ်သည်မ ဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။
25על כן אמר אני לכם אל תדאגו לנפשכם מה תאכלו ומה תשתו ולגופכם מה תלבשו הלא הנפש היא יקרה מן המזון והגוף יקר מן המלבוש׃
26မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မ စိုက် မကြဲ၊ စပါးကိုမ ရိတ် ၊ ကျီ ၌ မ စု မသွင်း။ သို့သော်လည်း ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန်မြတ် သည်မ ဟုတ်လော။
26הביטו וראו את עוף השמים אשר אינם זרעים ואינם קצרים ואינם אספים לאסמים ואביכם שבשמים מכלכל אתם הלא אתם נעליתם עליהם מאד׃
27အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တစ် တောင် ခန့်မျှ တိုးပွား စေနိုင် သနည်း။
27ומי זה מכם אשר בדאגתו יוכל להוסיף על קומתו אמה אחת׃
28အဝတ် အဘို့ ၌ အဘယ်ကြောင့် စိုးရိမ် ရသနည်း။ တော နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့် ကြီးပွား သည်ကို ဆင်ခြင် အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမ လုပ် ၊ ချည်ဖြစ်စေခြင်းငှာမ ငင် မဝင့်။
28וללבוש למה תדאגו התבוננו נא אל שושני השדה הצמחות אינן עמלות ואינן טות׃
29သို့သော်လည်း ဘုန်းကြီး သောရှောလမုန် မင်းကြီး၏အဝတ် သည် ထို အပင်တစ် ပင်မျှ၏အဝတ်ကို မ မှီဟုငါဆို ၏။
29ואני אמר לכם כי גם שלמה בכל הדרו לא היה לבוש כאחת מהנה׃
30ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖို ထဲသို့ ရောက် သောတော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင် တို့ကိုအဝတ် နှင့် ဖုံးလွှမ်းတော်မူမည် မ ဟုတ်လော။
30ואם ככה מלביש האלהים את חציר השדה אשר היום צמח ומחר ישלך לתוך התנור אף כי אתכם קטני האמונה׃
31ထိုကြောင့် အဘယ်သို့ စား သောက် ရအံ့နည်း။ အဘယ်သို့ ဝတ် ရအံ့နည်းဟူ၍မ စိုးရိမ် ကြနှင့်။ ထို အရာများကို သာသနာပ လူတို့သည် ရှာဖွေ တတ်ကြ၏။
31לכן אל תדאגו לאמר מה נאכל ומה נשתה ומה נלבש׃
32ထိုအရာ များကို သင်တို့သည် အသုံးလို ကြောင်း ကို ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သိ တော်မူ၏။
32כי את כל אלה מבקשים הגוים הלא ידע אביכם אשר בשמים כי אתם צריכים לכל אלה׃
33ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။
33אך בקשו בראשונה את מלכות אלהים ואת צדקתו ונוסף לכם כל אלה׃
34ထို့ကြောင့် နက်ဖြန် အဘို့ မ စိုးရိမ် ကြနှင့်။ နက်ဖြန် နေ့သည် မိမိ အဘို့ စိုးရိမ် လိမ့်မည်။ ယခုနေ့၌ရှိသောမကောင်း မသင့်သောအရာ သည် ယခုနေ့ ဘို့ လောက် ပေ၏။
34לכן אל תדאגו ליום מחר כי יום מחר הוא ידאג לעצמו ודיו ליום צרתו׃
Tip: use the ← and → keys to turn chapters.