ယောန

Old Testament

Chapter 4

ယောန

Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယောန 4

Judson Burmese Bible (1840)
Modern Hebrew Bible
1ယောန သည် အလွန် စိတ်ညစ် ၍ အမျက်ထွက် သဖြင့် ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ် သည် ကိုယ် ပြည် ၌ ရှိ စဉ် ၊ ဤသို့ ပြော ပါပြီ မ ဟုတ် လော။ ထိုကြောင့် ၊ ကိုယ်တော်ထံမှ တာရှု မြို့သို့ ကြိုးစား၍ ပြေး ပါ၏။
1וירע אל יונה רעה גדולה ויחר לו׃
2ကိုယ်တော် သည် သနား စုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည် သောသဘော၊ ကျေးဇူး ပြုချင်သော သဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကို နောင်တရ တတ်သော သဘောရှိတော်မူကြောင်း ကို အကျွန်ုပ် သိ ပါ၏။
2ויתפלל אל יהוה ויאמר אנה יהוה הלוא זה דברי עד היותי על אדמתי על כן קדמתי לברח תרשישה כי ידעתי כי אתה אל חנון ורחום ארך אפים ורב חסד ונחם על הרעה׃
3သို့ဖြစ်၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို နှုတ်ယူ တော်မူပါ။ အကျွန်ုပ် အသက် ရှင်ခြင်းထက် သေ ခြင်း သည် သာ၍ကောင်း ပါသည်ဟု တောင်း လျှောက်လေ ၏။
3ועתה יהוה קח נא את נפשי ממני כי טוב מותי מחיי׃
4ထာဝရဘုရား ကလည်း ၊ သင် သည် အမျက် ထွက် ကောင်း သလောဟုမေး တော်မူ၏။
4ויאמר יהוה ההיטב חרה לך׃
5ယောန သည် မြို့ ၌ အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ၊ မြို့ ပြင်သို့ထွက် ၍ မြို့ အရှေ့ မျက်နှာ၌ တဲ မိုးကို လုပ် ပြီးလျှင် ၊ အမိုးအရိပ် တွင် ထိုင် ၍နေ၏။
5ויצא יונה מן העיר וישב מקדם לעיר ויעש לו שם סכה וישב תחתיה בצל עד אשר יראה מה יהיה בעיר׃
6အရှင် ထာဝရဘုရား သည်လည်း ကြက်ဆူ ပင်ကို ပြင်ဆင် ပြီးလျှင် ၊ ယောန၏စိတ်ကို ပြေ စေခြင်းငှါ သူ့ ခေါင်း ပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင် ကြောင့် ယောန သည် အလွန် အားရဝမ်းမြောက် ၏။
6וימן יהוה אלהים קיקיון ויעל מעל ליונה להיות צל על ראשו להציל לו מרעתו וישמח יונה על הקיקיון שמחה גדולה׃
7နက်ဖြန် မိုဃ်းလင်း သောအခါ ဘုရား သခင်ခန့် ထား တော်မူသောပိုး ကောင်သည် ကြက်ဆူ ပင်ကို ကိုက် ၍ ညှိုးနွမ်း စေ၏။
7וימן האלהים תולעת בעלות השחר למחרת ותך את הקיקיון וייבש׃
8နေ ထွက် သောအခါ ဘုရား သခင်သည် အလွန် ပူ သောအရှေ့ လေ ကို ပြင်ဆင် တော်မူ၍ ၊ ယောန ၏ ခေါင်း ကို နေ ထိခိုက် သဖြင့် သူသည် မော ၍ သေ ချင်သော စိတ် ရှိ လျက် ၊ ငါ့ အသက်သေ ခြင်းသည် ရှင် ခြင်းထက် သာ၍ကောင်း သည်ဟု မြည်တမ်း လေ၏။
8ויהי כזרח השמש וימן אלהים רוח קדים חרישית ותך השמש על ראש יונה ויתעלף וישאל את נפשו למות ויאמר טוב מותי מחיי׃
9ဘုရား သခင်ကလည်း ၊ သင်သည် ကြက်ဆူ ပင် အတွက် အမျက် ထွက်ကောင်း သလောဟုမေး တော်မူလျှင် ၊ ယောနက၊ အကျွန်ုပ် သည် အသက်သေ သည် တိုင်အောင် အမျက် ထွက်ကောင်း ပါသည်ဟု လျှောက် ဆို၏။
9ויאמר אלהים אל יונה ההיטב חרה לך על הקיקיון ויאמר היטב חרה לי עד מות׃
10ထာဝရဘုရား ကလည်း ၊ သင် သည် ပင်ပန်းစွာ မ လုပ် ၊ ကြီးပွား စေခြင်းငှါလည်း မ ပြုစု၊ တညဉ့် ခြင်းတွင် ပေါက် ၍ တညဉ့် ခြင်းတွင် သေ သော ကြက်ဆူ ပင်ကို နှမြော သည်တကား။
10ויאמר יהוה אתה חסת על הקיקיון אשר לא עמלת בו ולא גדלתו שבן לילה היה ובן לילה אבד׃
11ငါ သည် များစွာ သော တိရစ္ဆာန် တို့ကိုမဆို၊ ကိုယ် လက်ျာ လက်နှင့် လက်ဝဲ လက်ကိုမျှ ပိုင်းခြား၍ မ သိ သော သူ တသိန်း နှစ်သောင်းမက ၊ လူ များ သော နိနေဝေ မြို့ ကြီး ကို ငါနှမြော သင့်သည်မ ဟုတ်လောဟု မိန့် တော်မူ ၏။
11ואני לא אחוס על נינוה העיר הגדולה אשר יש בה הרבה משתים עשרה רבו אדם אשר לא ידע בין ימינו לשמאלו ובהמה רבה׃

Tip: use the ← and → keys to turn chapters.