ယောဘဝတ္တု။ 41
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1လဝိသန် ကိုငါးမျှား နှင့် ဆွဲယူ ၍ ၊ သူ ၏လျှာ ကို ကြိုး နှင့် နှိပ် နင်းမည်လော။
1I will not stir him up, like one that is cruel: for who can resist my countenance?
2သူ့ ကို နှာရှုတ် တပ် ၍ ၊ ပါးရိုး ၌သံကွင်း လျှို မည် လော။
2Who hath given me before that I should repay him? All things that are under heaven are mine.
3သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။
3I will not spare him, nor his mighty words, and framed to make supplication.
4သင် နှင့် ဝန်ခံခြင်း ပဋိညာဉ် ကို ပြု လိမ့်မည်လော။ သင်၏အမှု ကို အစဉ် ဆောင်ရွက်စေခြင်းငှါ သူ့ ကို ခန့်ထား မည်လော။
4Who can discover the face of his garment? or who can go into the midst of his mouth?
5ငှက် နှင့်ကစားသကဲ့သို့ သူ နှင့် ကစား မည်လော။ သင် ၏မိန်းမ ကလေးတို့အဘို့ သူ့ ကိုချည်နှောင် မည်လော။
5Who can open the doors of his face? his teeth are terrible round about.
6သင်၏အပေါင်း အဘော်တို့သည် သူ့ ကိုဝိုင်း၍ စားသောက် ပွဲခံကြလိမ့်မည်လော။ ကုန်သည် တို့တွင် ဝေ ကြလိမ့်မည်လော။
6His body is like molten shields, shut close up with scales pressing upon one another.
7သူ ၏အရေ ကို မှိန်း နှင့် ၎င်း ၊ သူ ၏ခေါင်း ကို ငါး ထိုးသောလှံ နှင့် ၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင် သလော ။
7One is joined to another, and not so much as any air can come between them:
8သူ့ အပေါ် မှာ လက် တင် ရုံမျှသာ ပြုပါ။ သူ့ကို တိုက် မည်အကြံကို နောက် တဖန်မ အောက်မေ့ ရ။
8They stick one to another and they hold one another fast, and shall not be separated.
9တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင် ကာမျှနှင့် စိတ်မပျက်သလော။
9His sneezing is like the shining of fire, and his eyes like the eyelids of the morning.
10သူ့ ကိုနှိုးဆော် ခြင်းငှါ အဘယ်သူမျှမ ရဲရင့်။ သို့ဖြစ်၍ ငါ့ ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။
10Out of his mouth go forth lamps, like torches of lighted fire.
11ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။
11Out of his nostrils goeth smoke, like that of a pot heated and boiling.
12လဝိသန်၏အင်္ဂါများ၊ ခွန်အား ၊ တင့်တယ် သော တန်ဆာ တို့ကို ငါသည်ဝှက် ၍မ ထား။
12His breath kindleth coals, and a flame cometh forth out of his mouth.
13သူ ၏အဝတ် ကို အဘယ်သူ လှန် နိုင်သနည်း။ နှစ် ထပ်ရှိ သောပါးရိုး ကို အဘယ်သူ ချဉ်းကပ် လိမ့်မည်နည်း။
13In his neck strength shall dwell, and want goeth before his face.
14သူ ၏မျက်နှာ တံခါး ကို အဘယ်သူ ဖွင့် လိမ့်မည်နည်း။ သူ ၏ သွား တန်းတို့သည် ကြောက်မက် ဘွယ် ဖြစ်ကြ၏။
14The members of his flesh cleave one to another: he shall send lightnings against him, and they shall not be carried to another place.
15လုံခြုံ စွာ တံဆိပ် ခတ်သကဲ့သို့တချပ်နှင့် တချပ် ပူးကပ်သောအကြေး များနှင့် ဝါကြွား တတ်၏။
15His heart shall be as hard as a stone, and as firm as a smith’s anvil.
16လေ မျှမ ဝင် နိုင်အောင် တချပ် နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
16When he shall raise him up, the angels shall fear, and being affrighted shall purify themselves.
17တချပ် နှင့်တချပ် မ ခွါ နိုင်အောင် တခဲနက် ရှက်တင် လျက်ရှိကြ၏။
17When a sword shall lay at him, it shall not be able to hold, nor a spear, nor a breastplate.
18သူ ချေဆတ် သောအခါ အလင်း တောက် တတ်၏။ သူ့ မျက်စိ သည် နံနက် မျက်တောင် ခတ်သကဲ့သို့ ဖြစ်၏။
18For he shall esteem iron as straw, and brass as rotten wood.
19ပစပ် ထဲက မီးရူး ထွက်၍ မီးပွါး တို့လည်း လွင့် ကြ၏။
19The archer shall not put him to flight, the stones of the sling are to him like stubble.
20ကြွက်ကြွက်ဆူ သော အိုးကင်း ထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့ နှာခေါင်း ထဲက အခိုးအငွေ့ တက် တတ် ၏။
20As stubble will he esteem the hammer, and he will laugh him to scorn who shaketh the spear.
21အသက် ရှူသောအခါ မီးခဲ တောက် ၍ ပစပ် ထဲက မီးလျှံ ထွက် တတ်၏။
21The beams of the sun shall be under him, and he shall strew gold under him like mire.
22လည်ပင်း ၌ တန်ခိုး နေ တတ်၏။ သူ့ ရှေ့ မှာ ကြောက်လန့် ခြင်းသည် ကခုန် တတ်၏။
22He shall make the deep sea to boil like a pot, and shall make it as when ointments boil.
23အသား အကြောတို့သည် တခဲနက် ဖြစ်၍မ ရွေ့ နိုင်အောင် ခိုင်မာ လျက် ရှိကြ၏။
23A path shall shine after him, he shall esteem the deep as growing old.
24နှလုံး သည် ကျောက် ကဲ့သို့ မာ ၏။ အောက် ကြိတ်ဆုံ ကျောက်ကဲ့သို့ မာ ၏။
24There is no power upon earth that can be compared with him who was made to fear no one.
25သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။
25He beholdeth every high thing, he is king over all the children of pride.
26သူ့ကိုတိုက်လျှင်ထား မ ခိုင် တတ်။ လှံ ၊ မြှား ၊ သံချပ် မခိုင်တတ်။
no verse 26 in this text
27သံ ကို ကောက်ရိုး ကဲ့သို့ ၎င်း၊ ကြေးဝါ ကို သစ် ဆွေး ကဲ့သို့ ၎င်း မှတ် တတ်၏။
no verse 27 in this text
28လေး နှင့်ပစ်၍ သူ့ ကိုမ ပြေး စေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲ တို့သည် သူ ၌ အမှိုက် ကဲ့သို့ ဖြစ် ကြ၏။
no verse 28 in this text
29ဒုတ် ကြီးကို ဖွဲ ကဲ့သို့ မှတ် ၍ ၊ လှံ နှင့်ရွယ်သောအခါ ရယ် တတ်၏။
no verse 29 in this text
30သူ့ အောက် မှာ ထက် သောအိုး စောင်းခြမ်းများရှိ၏။ ရွံ့ ပေါ် မှာ ထွန်သွား များကို ဖြန့် တတ်၏။
no verse 30 in this text
31အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူ စေတတ်၏။ သမုဒ္ဒရာ ကို ဘယောင်းချက် ကဲ့သို့ ဖြစ် စေတတ်၏။
no verse 31 in this text
32သူ လွန် သွားသောလမ်း သည် ထွန်းတောက် သဖြင့်၊ ပင်လယ် သည် ဆံပင် ဖြူယောင်ဆောင် တတ်၏။
no verse 32 in this text
33မြေ ပေါ် မှာသူ နှင့်ခိုင်းနိုင်သော တိရစ္ဆာန်မ ရှိ။ ပကတိအားဖြင့်ကြောက် တတ်သောသဘောနှင့်ကင်းလွတ် ၏။
no verse 33 in this text
34ကြီး မြင့်သောအရာရှိသမျှ တို့ကို မထီမဲ့မြင်ပြုတတ် ၏။ မာန ထောင်လွှားသောသူအပေါင်း တို့အပေါ် ၌ မင်း ဖြစ်သည်ဟု မိန့်တော်မူ၏။
no verse 34 in this text
Tip: use the ← and → keys to turn chapters.