ရှင်ယောဟန် 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Diodati Bibbia 1885
1ထိုသို့မိန့်မြွက် တော်မူပြီးမှယေရှု သည် တပည့် တော်တို့နှင့်အတူ ကေဒြုန် ချောင်း တစ်ဘက် သို့ကြွ ၍၊ ထိုအရပ် ၌ရှိ သော ဥယျာဉ် သို့ ဝင် တော်မူ၏။
1GESÙ, avendo dette queste cose, uscì co' suoi discepoli, e andò di là dal torrente di Chedron, ove era un orto, nel quale entrò egli ed i suoi discepoli.
2ထို အရပ်သို့ယေရှု သည် တပည့် တော်တို့နှင့်အတူ သွား မြဲ ရှိသောကြောင့် ၊ ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ်သည် ထိုအရပ် ကိုသိ သည်ဖြစ်၍၊
2Or Giuda, che lo tradiva, sapeva anch'egli il luogo; perciocchè Gesù s'era molte volte accolto là co' suoi discepoli.
3စစ်သူရဲ တစ်တပ်ကို၎င်း ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ တို့စေလွှတ်သောမင်း လုလင်တို့ကို၎င်း ခေါ် ခဲ့ ၍၊ မီးအိမ် ၊ မီးရှူး ၊ လက်နက် တို့ကို လက်စွဲလျက်လာ ကြ၏။
3Giuda adunque, presa la schiera, e de' sergenti, da' principali sacerdoti, e da' Farisei, venne là con lanterne, e torce, ed armi.
4ယေရှု သည် ကိုယ်တော် ၌ ဖြစ်လတံ့ သမျှ သော အမှုအရာ တို့ကိုသိ တော်မူလျက်၊ လာသောသူ တို့ဆီသို့သွား ၍ အဘယ်သူ ကိုရှာ ကြသနည်း ဟု မေး တော်မူ၏။
4Laonde Gesù, sapendo tutte le cose che gli avverrebbero, uscì, e disse loro: Chi cercate?
5နာဇရက် မြို့သားယေရှု ကိုရှာကြသည်ဟုဆို လျှင်၊ ယေရှုက၊ ငါ သည်ထိုသူဖြစ် ၏ ဟု မိန့် တော်မူ၏။ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည်လည်း ထိုသူ တို့နှင့်အတူ ရပ် နေ၏။
5Essi gli risposero: Gesù il Nazareo. Gesù disse loro: Io son desso . Or Giuda che lo tradiva era anch'egli presente con loro.
6ငါ သည် ထို သူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူ တို့သည် နောက် သို့ လှန် ၍ မြေ ပေါ်၌လဲ ကြ၏။
6Come adunque egli ebbe detto loro: Io son desso , andarono a ritroso, e caddero in terra.
7အဘယ်သူ ကိုရှာ သနည်းဟု တစ်ဖန် မေး တော်မူလျှင် ၊ နာဇရက် မြို့သားယေရှု ကို ရှာကြသည်ဟု ထိုသူတို့ သည် ဆို ကြ၏။
7Egli adunque di nuovo domandò loro: Chi cercate? Essi dissero: Gesù il Nazareo.
8ယေရှု ကလည်း၊ ငါ သည်ထို သူဖြစ် ၏ဟုငါပြော ပြီ။ သို့ဖြစ်၍ ငါ့ ကိုရှာ လျှင် ဤသူ တို့သည် သွား ပါလေစေ ဟု မိန့် တော်မူ၏။
8Gesù rispose: Io vi ho detto ch'io son desso ; se dunque cercate me, lasciate andar costoro.
9ကိုယ်တော်သည် အကျွန်ုပ် အား ပေး တော်မူသောသူ တို့တွင် အဘယ်သူ မျှပျက်စီး ခြင်းသို့ မ ရောက်ပါ ဟူသော အထက် က စကား တော်ကို ပြည့်စုံ စေခြင်းငှာ ဤသို့မိန့် တော်မူ၏။
9Acciocchè si adempiesse ciò ch'egli avea detto: Io non ho perduto alcuno di coloro che tu mi hai dati.
10ထိုအခါ ရှိမုန် ပေတရု သည် မိမိ၌ပါ သောဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။ ထိုကျွန် ၏ အမည် ကားမာလခု ဖြစ်သတည်း။
10E Simon Pietro, avendo una spada, la trasse, e percosse il servitore del sommo sacerdote, e gli ricise l'orecchio destro; or quel servitore avea nome Malco.
11ယေရှု ကလည်း ဓား ကိုအိမ် ၌ သွင်း ထားလော့။ ခမည်းတော် သည် ငါ့ အား ပေး တော်မူသောခွက် ကို ငါ မ သောက် ရာသလော ဟု ပေတရု အားမိန့် တော်မူ၏။
11E Gesù disse a Pietro: Riponi la tua spada nella guaina; non berrei io il calice il quale il Padre mi ha dato?
12ထိုအခါ တပ်မှူး မှစ၍ စစ်သူရဲ တို့နှင့် ယုဒ မင်း လုလင်တို့သည် ယေရှု ကိုဘမ်းဆီး၍ ချည်နှောင် ပြီးလျှင် အန္နတ် မင်းထံသို့ ရှေးဦးစွာ ယူသွား ကြ၏။
12LA schiera adunque, e il capitano, e i sergenti de' Giudei, presero Gesù, e lo legarono.
13အန္နတ် မင်းကား၊ ထို နှစ် တွင် ယဇ်ပုရောဟိတ် မင်းဖြစ် သော ကယာဖ ၏ယောက္ခမ ဖြစ် သတည်း။
13E prima lo menarono ad Anna; perciocchè egli era suocero di Caiafa, il quale era sommo sacerdote di quell'anno; ed Anna lo rimandò legato a Caiafa, sommo sacerdote.
14ထို ကယာဖ ကား၊ လူ တစ် ယောက်သည် လူ များတို့အတွက် ပျက်စီး သော် သာ၍ကောင်း သည်ဟု ယုဒ လူ တို့နှင့် တိုင်ပင် ပြောဆိုသောသူ ပေတည်း။
14Or Caiafa era quel che avea consigliato a' Giudei, ch'egli era utile che un uomo morisse per lo popolo.
15ရှိမုန် ပေတရု နှင့် အခြား သောတပည့် တော်တစ်ယောက်သည် ယေရှု နောက်တော်သို့ လိုက် ကြ၏။ ထို တပည့် တော်သည် ယဇ်ပုရောဟိတ် မင်း၏ အသိအကျွမ်း ဖြစ် ၍ ၊ ယေရှု နှင့်တကွယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ထဲသို့ ဝင် လေ၏။
15Or Simon Pietro ed un altro discepolo seguitavano Gesù; e quel discepolo era noto al sommo sacerdote, laonde egli entrò con Gesù nella corte del sommo sacerdote.
16ပေတရု မူကား ပြင် ၌ တံခါး နားမှာရပ် နေ၏။ ထိုကြောင့် ယဇ်ပုရောဟိတ် မင်းနှင့်အကျွမ်းဝင် သော တပည့် တော်သည်ထွက် ၍ တံခါးစောင့် မိန်းမအားပြော ပြီးမှ ပေတရု ကိုသွင်း လေ၏။
16Ma Pietro stava di fuori alla porta. Quell'altro discepolo adunque, ch'era noto al sommo sacerdote, uscì, e fece motto alla portinaia, e fece entrar Pietro.
17တံခါးစောင့် မိန်းမ ကပေတရု အား၊ သင် သည် ထို သူ ၏တပည့် တို့အဝင် ဖြစ် သည် မ ဟုတ်လောဟုဆို လျှင် ၊ မ ဟုတ် ဘူးဟု ပေတရု ငြင်း လေ၏။
17E la fante portinaia disse a Pietro: Non sei ancor tu de' discepoli di quest'uomo? Egli disse: Non sono.
18ထို ကာလ၌ ချမ်း သောကြောင့် ကျွန် များနှင့် မင်း လုလင်များတို့သည် မီးခဲ ပုံကိုထည့်၍ မီးလှုံ လျက် နေ ကြ၏။ ပေတရု သည်လည်း သူ တို့နှင့်တကွ ရပ် ၍ မီးလှုံ လျက်နေ ၏။
18Ora i servitori, e i sergenti, stavano quivi ritti, avendo accesi de' carboni, e si scaldavano, perciocchè faceva freddo; e Pietro stava in piè con loro, e si scaldava.
19ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် တပည့် တော်တို့ကို၎င်း ၊ ဒေသနာ တော်ကို၎င်း အကြောင်း ပြု၍ ယေရှု ကို မေးမြန်း စစ်ကြော၏။
19Or il sommo sacerdote domandò Gesù intorno a' suoi discepoli, ed alla sua dottrina.
20ယေရှု ကလည်း၊ ငါ သည်လောက ၌ ထင်ရှား စွာဟောပြော ပြီ။ ယုဒ လူအပေါင်း တို့ စည်းဝေး ရာ တရားစရပ် ၌ ၎င်း ၊ ဗိမာန် တော်၌ ၎င်း၊ အစဉ်မပြတ် ဆုံးမ ဩဝါဒပေးပြီ။ မ ထင်ရှားဘဲ အလျှင်း မဟော မပြော။
20Gesù gli rispose: Io ho apertamente parlato al mondo; io ho sempre insegnato nella sinagoga e nel tempio, ove i Giudei si raunano d'ogni luogo, e non ho detto niente in occulto.
21အဘယ်ကြောင့် ငါ့ ကို မေးမြန်း သနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည် ကို ကြားနာ သောသူ တို့ကို မေးမြန်း လော့။ ငါ ပြော သောစကားကို ထိုသူ တို့သည်သိ ကြ၏ ဟုမိန့် တော်မူ၏။
21Perchè mi domandi tu? domanda coloro che hanno udito ciò ch'io ho lor detto; ecco, essi sanno le cose ch'io ho dette.
22ထိုသို့ မိန့် တော်မူလျှင်၊ အနီးအပါး၌ရပ် နေသော မင်းလုလင် တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ် မင်းကို ဤသို့ ပြန်ပြော ရသလောဟုဆို လျက် ယေရှု ကိုရိုက် လေ၏။
22Ora quando Gesù ebbe dette queste cose, un de' sergenti, ch'era quivi presente, gli diede una bacchettata, dicendo: Così rispondi tu al sommo sacerdote?
23ယေရှု ကလည်း၊ ငါ့စကား မမှန် လျှင် မမှန် ကြောင်း ကိုပြ ပါ မှန် လျှင် ငါ့ ကိုအဘယ်ကြောင့် ရိုက် သနည်း ဟု မိန့် တော်မူ၏။
23Gesù gli rispose: Se io ho mal parlato, testimonia del male; ma, se ho parlato bene, perchè mi percuoti?
24အန္နတ် မင်းသည် ကိုယ်တော် ကိုချည်နှောင် လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ပို့ စေခဲ့ပြီ။
24Anna adunque l'avea rimandato legato a Caiafa, sommo sacerdote.
25ရှိမုန် ပေတရု သည် ရပ် ၍ မီးလှုံ လျက်နေသည်တွင် အချို့သောသူတို့က၊ သင် သည် သူ ၏တပည့် တို့ အဝင် ဖြစ် သည်မဟုတ် လောဟု မေး လျှင် ၊ မ ဟုတ် ဘူးဟု ပေတရု ငြင်း လေ၏။
25E Simon Pietro era quivi presente, e si scaldava. Laonde gli dissero: Non sei ancor tu de' suoi discepoli? Ed egli lo negò, e disse: Non sono.
26ပေတရု ခုတ်၍ နားရွက် ပြတ် သောသူ နှင့်ပေါက်ဘော် တော် သော ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်က၊ သင် သည် ဥယျာဉ် ၌ ယေရှု နှင့်အတူ ရှိသည်ကို ငါ မြင် ခဲ့ပြီမ ဟုတ်လောဟုဆို လျှင်၊
26Ed uno dei servitori del sommo sacerdote, parente di colui a cui Pietro avea tagliato l'orecchio, disse: Non ti vidi io nell'orto con lui?
27ပေတရု သည် တစ်ဖန် ငြင်း ပြန်လေ၏၊ ထိုခဏခြင်း တွင်ကြက် တွန် ၏။
27E Pietro da capo lo negò, e subito il gallo cantò.
28နံနက် အချိန်ရောက် လျှင်၊ ယေရှု ကိုကယာဖ ထံမှ အိမ်တော်ဦး သို့ ဆောင်သွား ကြ၏။ ထိုသူတို့သည် အာပတ် နှင့်ကင်းလွတ် ၍ ပသခါ ပွဲကို ခံရမည်အကြောင်း ။ အိမ်တော်ဦး ထဲသို့ ကိုယ်တိုင်မ ဝင် ကြ။
28POI menarono Gesù da Caiafa nel palazzo; or era mattina, ed essi non entrarono nel palazzo, per non contaminarsi, ma per poter mangiar la pasqua.
29ထိုကြောင့် ပိလတ် မင်းသည် သူ တို့ရှိရာသို့ ထွက် ၍ ဤ သူ ၌အဘယ် အပြစ် ကို တင် ကြသနည်းဟု မေး သော်၊
29Pilato adunque uscì a loro, e disse: Quale accusa portate voi contro a quest'uomo?
30ဤသူ သည်လူဆိုး မ ဟုတ် လျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ၌မ အပ် ပါဟုလျှေက် ကြ၏။
30Essi risposero, e gli dissero: Se costui non fosse malfattore, noi non te l'avremmo dato nelle mani.
31ပိလတ် မင်းကလည်း၊ သူ့ ကိုယူ ၍ သင် တို့ ဓမ္မသတ် အတိုင်း စီရင် ကြဟုဆို ၏။ ယုဒ လူတို့ကလည်း၊ အကျွန်ုပ် သည် အဘယ်သူ ကိုမျှ မ သတ် ပိုင်ပါဟုလျှောက် ကြ၏။
31Laonde Pilato disse loro: Pigliatelo voi, e giudicatelo secondo la vostra legge. Ma i Giudei gli dissero: A noi non è lecito di far morire alcuno.
32ထိုသို့လျှောက်သော်၊ ယေရှု သည်အဘယ်သို့ မိမိ သေ ရမည်အရိပ် ကိုပေး၍၊ မိန့် တော်မူသောစကား တော် ပြည့်စုံ မည်အကြောင်း တည်း။
32Acciocchè si adempiesse quello che Gesù avea detto, significando di qual morte morrebbe.
33ပိလတ် မင်းသည် အိမ်တော်ဦး ထဲသို့ တစ်ဖန် ဝင် ၍ယေရှု ကိုခေါ် ပြီးလျှင် ၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟုမေး ၏။
33Pilato adunque rientrò nel palazzo, e chiamò Gesù, e gli disse: Se' tu il Re de' Giudei?
34ယေရှု ကလည်း၊ မင်းကြီး သည် ကိုယ် အလိုအလျောက် ဤသို့ မေး သလော၊ သို့မဟုတ် သူတစ်ပါး တို့သည် ငါ ၏အကြောင်း ကို လျှောက် ကြပြီလော ဟု မေး တော်မူ၏။
34Gesù gli rispose: Dici tu questo da te stesso, o pur te l'hanno altri detto di me?
35ပိလတ် မင်းက၊ ငါ သည်ယုဒ လူဖြစ် သလော။ သင် ၏လူမျိုး နှင့်တကွ ယဇ်ပုရောဟိတ် အကြီးတို့သည် သင့် ကိုငါ ၌အပ် ကြပြီ။ သင်သည် အဘယ်သို့ ပြု မိသနည်းဟုမေး လျှင်၊
35Pilato gli rispose: Son io Giudeo? la tua nazione, e i principali sacerdoti ti hanno messo nelle mie mani; che hai tu fatto?
36ယေရှု က၊ ငါ ၏နိုင်ငံ သည် ဤ လောက နှင့်မ စပ်ဆိုင် ။ ငါ ၏နိုင်ငံ သည် ဤ လောက နှင့် စပ်ဆိုင် လျှင် ၊ ငါသည် ယုဒ လူတို့လက်သို့မ ရောက် စေခြင်းငှာ ၊ ငါ ၏လူ တို့သည် တိုက်လှန် ကြလိမ့်မည် ။ ယခု မူကား ငါ ၏နိုင်ငံ သည် ဤ ဒေသအရပ်နှင့်မ စပ်ဆိုင် ဟု မိန့် တော်မူ၏။
36Gesù rispose: Il mio regno non è di questo mondo; se il mio regno fosse di questo mondo, i miei ministri contenderebbero, acciocchè io non fossi dato in man de' Giudei; ma ora il mio regno non è di qui.
37ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် သင် သည်ရှင်ဘုရင် မှန် သလောဟုမေး သော် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း ငါသည်ရှင်ဘုရင် မှန် ၏။ သမ္မာတရား ဘက်၌ သက်သေခံ ခြင်းငှာ ငါ သည်မွေးဘွား ခြင်းကိုခံ၍ ဤ လောက သို့ ကြွလာ ပြီ။ သမ္မာတရား နှင့်စပ်ဆိုင် သမျှ သောသူ တို့သည် ငါ့ စကား ကိုနားထောင် ကြသည် ဟု မိန့် တော်မူ၏။
37Laonde Pilato gli disse: Dunque sei tu Re? Gesù rispose: Tu il dici; perciocchè io son Re; per questo sono io nato, e per questo son venuto nel mondo, per testimoniar della verità; chiunque è della verità ascolta la mia voce.
38ပိလတ် မင်းကလည်း၊ သမ္မာတရား ကား အဘယ်သို့ နည်းဟုမေး ပြီးမှ တဖန် ယုဒ လူတို့ရှိရာသို့ ထွက် ၍၊ ဤသူ ၌ အဘယ် အပြစ် ကိုမျှ ငါ မတွေ့ ။
38Pilato gli disse: Che cosa è verità? E detto questo, di nuovo uscì a' Giudei, e disse loro: Io non trovo alcun misfatto in lui.
39ပသခါ ပွဲ၌ လူတစ် ယောက်ကို သင် တို့အားငါလွှတ် မြဲထုံးစံ ရှိ သည်ဖြစ်၍၊ ယုဒ ရှင်ဘုရင် ကို လွှတ် စေ ချင် သလောဟု မေး လျှင်၊
39Or voi avete una usanza ch'io vi liberi uno nella pasqua; volete voi adunque ch'io vi liberi il Re de' Giudei?
40တစ်ဖန် လူအပေါင်းတို့က၊ ဤသူ ကို မ လွှတ်စေချင်ပါ၊ ဗာရဗ္ဗ ကို လွှတ်စေချင်ပါသည်ဟု အော်ဟစ် ၍လျှောက်ဆို ကြ၏။ ထို ဗာရဗ္ဗ ကား ဓားပြ ဖြစ် သတည်း။
40E tutti gridarono di nuovo, dicendo: Non costui, anzi Barabba. Or Barabba era un ladrone.
Tip: use the ← and → keys to turn chapters.