ယေရမိ

Old Testament

Chapter 25
Judson Burmese Bible (18…
vs Kralice Bible (1613)
Aa
Text size
Line width
Verse numbers

ယေရမိ 25

Judson Burmese Bible (1840)
Kralice Bible (1613)
1ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီးသား ယောယကိမ် နန်းစံစတုတ္ထ နှစ် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံပဌမ နှစ် တွင်၊ ယုဒ ပြည်သား အပေါင်း တို့ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်ကို၊
1Slovo, kteréž se stalo k Jeremiášovi proti všemu lidu Judskému, léta čtvrtého Joakima syna Joziášova, krále Judského, (jenž jest první rok Nabuchodonozora krále Babylonského),
2ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား အပေါင်း တို့ အား ၊ ယေရမိ ဆင့်ဆို ဟောပြောရသည်ကား ၊
2Kteréž mluvil Jeremiáš prorok ke všemu lidu Judskému, i ke všechněm obyvatelům Jeruzalémským, řka:
3ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ နန်းစံဆယ် သုံး နှစ် မှစ၍ ယခု တိုင် အောင်၊ အနှစ်နှစ်ဆယ် သုံး နှစ် ပတ်လုံး ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်အတိုင်း၊ ငါသည် စော စောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့် ဆိုသော်လည်း ၊ သင်တို့သည် နား မ ထောင်ဘဲ နေကြ၏။
3Od třináctého léta Joziáše syna Amonova, krále Judského, až do tohoto dne, po těchto třimecítma let, bývalo slovo Hospodinovo ke mně, kteréž jsem vám mluvíval, ráno přivstávaje, a to ustavičně, ale neposlouchali jste.
4ထာဝရဘုရား သည်လည်း၊ စောစောထ ၍ မိမိ ကျွန် ပရောဖက် အပေါင်း တို့ကို၊ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် တော်မူသော်လည်း ၊ သင်တို့သည် နား မ ထောင်ကြ။ အမိန့်တော်ကို ကြား ခြင်းငှါ နား ကို မ လှည့် ဘဲ နေကြ၏။
4Posílal také Hospodin k vám všecky slouhy své proroky, ráno přivstávaje, a to ustavičně, (jichžto neposlouchali jste, aniž jste naklonili ucha svého, abyste slyšeli).
5ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်း ဆိုး နှင့် အကျင့် ဆိုး များကို ပယ်ရှား၍၊ သင် တို့နှင့် ဘိုးဘေး တို့အား ထာဝရဘုရား သည် အမြဲ ပေး တော်မူ သော ပြည် ၌ နေ ကြလော့။
5Kteříž říkali: Navraťtež se již jeden každý z cesty své zlé a od nešlechetnosti předsevzetí svých, a tak osazujte se v té zemi, kterouž dal Hospodin vám i otcům vašim od věků až na věky.
6အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မ ပြု၊ မကိုးကွယ် ကြနှင့်။ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို မ ထွက်စေကြနှင့်။ ငါသည်လည်း ၊ သင် တို့ကို မ ညှဉ်းဆဲ ဟု ဆင့် ဆိုကြ၏။
6A nechoďte za bohy cizími, abyste sloužiti měli jim, aniž se jim klanějte, aniž hněvejte mne dílem rukou svých, a neučinímť vám zle.
7ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင် တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ ၊ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း ၊ ငါ့ စကားကို နား မ ထောင်ဘဲနေကြပြီ။
7Ale neposlouchali jste mne, dí Hospodin, abyste jen hněvali mne dílem rukou svých k svému zlému.
8ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်သောကြောင့် ၊
8Protož takto praví Hospodin zástupů: Proto že jste neuposlechli slov mých,
9ဤ ပြည် နှင့် ပြည် သား များကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသောလူအမျိုးမျိုး တို့ကို၎င်းစစ်တိုက်စေခြင်းငှါ၊ ငါ ၏ ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော မြောက် ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါ မှာ လိုက်၍ ဆောင် ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤ ပြည်သား တို့ကို အံ့ဩ ဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အစဉ် အမြဲလူဆိတ်ညံ ရာ ဖြစ် စေမည်။
9Aj, já pošli, a pojmu všecky národy půlnoční, dí Hospodin, i k Nabuchodonozorovi králi Babylonskému, služebníku svému, a přivedu je na zemi tuto i na obyvatele její, i na všecky národy tyto okolní, kteréž jako proklaté vyhladím, a způsobím to, aby byli k užasnutí, na odivu, a poustkou věčnou.
10ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။
10Také způsobím to, aby zahynul jim hlas radosti i hlas veselé, hlas ženicha i hlas nevěsty, hluk žernovu i světlo svíce.
11ဤ ပြည် တရှောက် လုံးသည် လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ ဖြစ် လိမ့်မည်။ ဤ လူမျိုး တို့သည် အနှစ် ခုနစ်ဆယ် ပတ်လုံးဗာဗုလုန် ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက် ရကြလိမ့်မည်။
11I bude všecka země tato pustinou a pouští, a sloužiti budou národové tito králi Babylonskému sedmdesáte let.
12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ် စေ့ သောအခါ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ၏ နိုင်ငံ တည်းဟူသောခါလဒဲ တိုင်း နိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ် ပေး၍ ၊ ထိုနိုင်ငံ ကို အစဉ် အမြဲ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
12Potom pak po vyplnění sedmdesáti let trestati budu na králi Babylonském a na tom národu, dí Hospodin, nepravost jejich, totiž na zemi Kaldejské, tak že obrátím ji v pustiny věčné.
13ငါခြိမ်း သော စကား များတည်းဟူသော ယေရမိ သည် ခပ်သိမ်း သော တိုင်း နိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤ စာ ၌ ရေး ထားသော စကားရှိသမျှ တို့ကို ခါလဒဲ တိုင်း နိုင်ငံအပေါ် မှာ ငါသက်ရောက် စေမည်။
13A uvedu na zemi tu všecka slova svá, kteráž jsem mluvil o ní, všecko, což psáno jest v knize této, cožkoli prorokoval Jeremiáš o všech národech.
14များစွာ သော လူမျိုး တို့နှင့် ကြီး သော ရှင် ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစား ကြလိမ့်မည်။ သူ တို့ ကျင့်သောအကျင့် ၊ သူတို့ကိုယ်တိုင်ပြုသောအမှု နှင့် အလျောက် ၊ အကျိုးအပြစ်ကို ငါဆပ် ပေးမည်။
14Když je v službu podrobí, i jiné národy mnohé a krále veliké, tehdáž odplatím jim podlé skutků jejich a podlé činů rukou jejich.
15ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကလည်း ၊ အမျက် တော်စပျစ်ရည် ဖလား ကို ငါ့ လက် မှ ခံယူ လော့။ ငါ သည်သင့် ကို စေလွှတ် သော လူမျိုး အပေါင်း တို့ကို သောက် စေလော့။
15Nebo takto mi řekl Hospodin, Bůh Izraelský: Vezmi kalich vína prchlivosti této z ruky mé, a napájej jím všecky ty národy, k kterýmž já pošli tebe,
16သူ တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သူတို့သည် သောက် ၍ ယစ်မူး တိမ်းယိမ်း ခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း ၊
16Aby pili a potáceli se, anobrž bláznili příčinou meče, kterýž já pošli mezi ně.
17ငါသည် ထာဝရဘုရား ၏ လက် တော်မှ ထို ဖလား ကိုခံယူ ၍ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသော လူမျိုး အပေါင်း တို့ကို သောက် စေ၏။
17I vzal jsem kalich z ruky Hospodinovy, a napájel jsem všecky ty národy, k nimž mne poslal Hospodin,
18ထိုလူမျိုးများဟူမူကား၊ ယနေ့ ရှိသည်အတိုင်း လူဆိတ်ညံ ရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ် စေခြင်းငှါ ၊ သောက်ရသောယေရုရှလင် မြို့သူ၊ ယုဒ ပြည် သား၊ ယုဒရှင် ဘုရင်များ၊ မှူးမတ် များ၊
18Jeruzalémské i města země Judské, a krále její i knížata její, abych je oddal v pustinu a v zpuštění, na odivu, i k proklínání tohoto dnešního dne,
19အဲဂုတ္တု ပြည်ကို အစိုးရ သောဖာရော ဘုရင် အစရှိသောသူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူ ပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသား ရှိသမျှ ၊
19Faraona krále Egyptského i služebníky jeho, i knížata jeho, i všecken lid jeho,
20ဥဇ မင်းအပေါင်း ၊ ဖိလိတ္တိ မင်း အပေါင်း ၊ အာရှကေလုန် ပြည်သား၊ ဂါဇ ပြည်သား၊ ဧကြုန် ပြည်သား၊ ကျန်ကြွင်း သော အာဇုတ် ပြည်သား၊
20I všecku tu směsici, totiž všecky krále země Uz, všecky také krále země Filistinské, i Aškalon, i Gázy, i Akaron, i ostatek Azotu,
21ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊
21Idumejské, i Moábské, i syny Ammon,
22တုရု မင်း အပေါင်း ၊ ဇိဒုန် မင်း အပေါင်း ၊ ပင်လယ် တဘက် ၌ အစိုးရသောမင်း များ၊
22I všecky krále Tyrské, i všecky krále Sidonské, i krále krajiny té, kteráž jest při moři,
23ဒေဓန် ပြည်သား၊ တေမ ပြည်သား၊ ဗုဇ ပြည်သား၊ ပါးမုန်း ကိုရိတ် တတ်သော ပြည်သားရှိသမျှ ၊
23Dedana a Temu, a Buzu i všecky přebývající v koutech nejzadnějších,
24အာရပ် မင်း အပေါင်း ၊ တော ၌ နေ ၍ အမျိုး မစစ် သော လူများကို အစိုးရသောမင်း အပေါင်း ၊
24I všecky krále Arabské, i všecky krále té směsice, kteříž bydlí na poušti,
25ဇိမရိ မင်း အပေါင်း ၊ ဧလံ မင်း အပေါင်း ၊ မေဒိ မင်း အပေါင်း ၊
25Všecky také krále Zamritské, i všecky krále Elamitské, též všecky krále Médské,
26တပါးနှင့်တပါးနီး သည်ဖြစ်စေ၊ ဝေး သည်ဖြစ်စေ၊ မြောက် ပြည်မင်း ရှိသမျှ တို့နှင့်၊ မြေကြီး တပြင်လုံး ၌ ရှိသမျှ သော လောကီ နိုင်ငံ အပေါင်း ပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက် ရှင်ဘုရင် သောက် ရမည်။
26Anobrž všecky krále půlnoční, blízké i daleké, jednoho jako druhého, všecka také království země, kterážkoli jsou na svrchku země. Král pak Sesák píti bude po nich.
27သင် တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သောက် ၍ ယစ်မူး ကြ။ အော့အန် ကြ၊ လဲ ကြ၊ နောက်တဖန် မ ထ ကြနှင့်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ဆင့်ဆို လော့။
27A rci jim: Takto praví Hospodin zástupů, Bůh Izraelský: Pítež a opojte se, anobrž vyvracejte z sebe, a padejte, tak abyste nepovstali pro meč, kterýž já pošli mezi vás.
28သူတို့သည် သောက်ခြင်းငှါထိုဖလား ကို သင် ၏ လက် မှ မခံ၊ ငြင်းပယ် လျှင်လည်း၊ စင်စစ်သောက် ရကြမည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ပြန်ပြော လော့။
28Jestliže by pak nechtěli vzíti kalichu z ruky tvé, aby pili, tedy díš jim: Takto praví Hospodin zástupů: Konečně že píti musíte.
29အကြောင်း မူကား၊ ငါ ၏နာမ ဖြင့် သမုတ် သော မြို့ ကို ငါ သည် အပြစ်ပေးစ ပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ် မခံဘဲမနေရကြ။ ငါ သည် မြေကြီး သား ရှိသမျှ တို့အဘို့ ထား ကို မှာ လိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
29Nebo poněvadž na to město, kteréž nazváno jest od jména mého, já začínám uvozovati zlé věci, a vy abyste bez hodné pomsty byli? Nebudete bez pomsty, nebo já zavolám meče na všecky obyvatele té země, dí Hospodin zástupů.
30ထိုကြောင့် ၊ သင် သည် ပရောဖက် ပြုလျက် သူ တို့ အား ဟော ပြောရသောစကား များဟူမူကား၊ ထာဝရဘုရား သည် မြင့် သော အရပ် က ကြွေးကြော် တော်မူ မည်။ သန့်ရှင်း သော ဘုံဗိမာန် တော်က အသံ ကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ် ဌာန တဘက် ၌ ပြင်းစွာကြွေးကြော် တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ် သကဲ့သို့ ၊ မြေကြီး သား များ တဘက် ၌ အော်ဟစ် တော်မူမည်။
30Protož ty prorokuj proti nim všecka slova tato, a rci jim: Hospodin s výsosti řváti bude, a z příbytku svatosti své vydá hlas svůj, mocně řváti bude z obydlí svého. Křik ponoukajících se, jako presovníků, rozléhati se bude proti všechněm obyvatelům té země,
31မြေကြီး စွန်း တိုင်အောင် အသံ နှံ့ပြား လိမ့်မည်။ ထာဝရဘုရား သည် လူ အမျိုးမျိုးတို့နှင့် တရား တွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်း သော သတ္တဝါ တို့ကို အမှုလုပ် တော်မူမည်။ ဆိုး သောသူတို့ကို ထား နှင့်ကွပ်မျက်စေခြင်းငှါ အပ် တော်မူမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
31I průjde hřmot až do konce země. Nebo rozepři má Hospodin s těmi národy, v soud vchází sám se všelikým tělem; bezbožníky vydá pod meč, dí Hospodin.
32ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး သည် တပြည် မှ တပြည် သို့ ကူး သွားလိမ့်မည်။ မြေကြီး အစွန်း အနားတို့ မှ ပြင်းစွာ သော လေဘွေ သည် ထ လိမ့်မည်။
32Takto praví Hospodin zástupů: Aj, bída půjde z národu na národ, a vichřice veliká strhne se od končin země.
33ထိုအခါ ထာဝရဘုရား ကွပ်မျက် တော်မူခြင်းကို ခံရသောသူတို့ သည် မြေကြီး တဘက် မှ တဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မ မြည်တမ်း ရ။ မ စု မပုံရ။ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ်ကြ လိမ့်မည်။
33I budou zbiti od Hospodina v ten čas od konce země až do konce země; nebudou oplakáni, ani sklizeni, ani pochováni, místo hnoje na svrchku země budou.
34အို သိုးထိန်း တို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုး ကြီး သိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင် တို့ကိုသတ် ရသောအချိန် ရောက် လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုး ထိုက်သော တန်ဆာ ကျ သကဲ့သို့ ဖြစ်ရကြလိမ့်မည်။
34Kvělte pastýři a křičte, anobrž válejte se v popele, vy nejznamenitější toho stáda; nebo naplnili se dnové vaši, abyste zbiti byli, a abyste rozptýleni byli, i budete padati jako nádoba drahá.
35သိုးထိန်း တို့သည် ပြေးစရာလမ်းမရှိ။ သိုး ကြီး သိုးမြတ်တို့သည် လွတ် ရာလမ်းကို ရှာ၍ မတွေ့ရကြ။
35I zahyne útočiště pastýřům a utíkání nejznamenitějším toho stáda.
36သိုးထိန်း များ ငိုကြွေး သံ နှင့် သိုး ကြီး သိုးမြတ်များ မြည်သံ ကိုကြားရ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ကျက်စား ရာအရပ်ကို ဖျက်ဆီး တော်မူ၏။
36Hlas žalostný pastýřů a kvílení nejznamenitějších toho stáda; nebo zkazí Hospodin pastvu jejich.
37ထာဝရဘုရား သည်ပြင်းစွာ အမျက် ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ် စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်း ဖျက်ဆီးခြင်းကိုခံရကြ၏။
37Zkažena budou i pastviska pokoj mající, pro prchlivost hněvu Hospodinova,
38ခြင်္သေ့ ဘာသာဓလေ့၊ နေတော်မူရာခြုံ ကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲ သောသူ ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက် ထွက်ခြင်းအားဖြင့် ၊ သူ တို့ ပြည် သည် လူဆိတ်ညံ ရာအရပ် ဖြစ်ရ၏။
38Jako lev opustí jeskyni svou; nebo přijde země jejich na spuštění, pro prchlivost zhoubce a pro prchlivost hněvu jeho.

Tip: use the ← and → keys to turn chapters.