ယေရမိ 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Kralice Bible (1613)
1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် သို့သွား ၍ ဆင့် ဆိုရမည်မှာ၊
1Takto řekl Hospodin: Sejdi do domu krále Judského, a mluv tam slovo toto,
2ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ယုဒ ရှင်ဘုရင် ၊ သင့် ကိုယ်တိုင်မှစ၍ သင် ၏ကျွန် များနှင့် ၊ ဤ မြို့တံခါး တို့ဖြင့် ဝင် သောသင် ၏လူ များတို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
2A rci: Slyš slovo Hospodinovo, králi Judský, kterýž sedíš na stolici Davidově, ty i služebníci tvoji i lid tvůj, kteříž chodíte skrze brány tyto.
3ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။
3Takto praví Hospodin: Konejte soud a spravedlnost, a vychvacujte obloupeného z ruky násilníka; příchozímu tolikéž, sirotku, ani vdově nečiňte křivdy, aniž jich utiskujte, a krve nevinné nevylévejte na místě tomto.
4အကြောင်း မူကား၊ သင်တို့သည် ဤ ပညတ် တော် အတိုင်း အမှန်ပြု လျှင် ၊ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင် ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သား များနှင့်တကွ၊ ဤ နန်းတော် တံခါး များ ကို ထွက်ဝင် ရကြလိမ့်မည်။
4Nebo budete-li to pilně vykonávati, jistě že poberou se skrze brány domu tohoto králové, sedící místo Davida na stolici jeho, jezdíce na vozích, neb na koních, král s služebníky svými i s lidem svým.
5သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား မ ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။
5Jestliže pak neuposlechnete slov těchto, skrze sebe přisahám, dí Hospodin, že poušť bude dům tento.
6ယုဒ ရှင်ဘုရင် ၏ နန်းတော် ကို ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည်ငါ ၌ ဂိလဒ် အရပ်ကဲ့သို့၎င်း ၊ လေဗနုန် တောင်ထိပ် ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ်ငါသည်သင့်ကို လူမ နေ သောမြို့ ကဲ့သို့တော ဖြစ် စေမည်။
6Nebo takto praví Hospodin o domu krále Judského: Byl jsi mi jako Galád a vrch Libánský, ale obrátím tě jistotně v poušť jako města, v nichž se bydliti nemůže.
7သင့် ကို ဖျက်ဆီးစေခြင်းငှါ၊ ထား နှင့်ပုဆိန်ပါ သောသူ တို့ ကို ငါပြင်ဆင် သဖြင့် ၊ သူတို့သည် သင် ၌ အမြတ် ဆုံးသော အာရဇ ပင်တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက် ကြလိမ့်မည်။
7A přistrojím na tebe zhoubce, jednoho každého se zbrojí jeho, kteřížto zpodtínají nejvýbornější cedry tvé, a vmecí na oheň.
8လူ အမျိုးမျိုး တို့သည် ဤ မြို့ အနားမှာ ရှောက် သွား လျက် ၊ ထာဝရဘုရား သည် ဤ မြို့ ကြီး ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု၊ တယောက် ကို တယောက်မေး ကြသည်ရှိသော် ၊
8A když půjdou národové mnozí mimo město toto, a řekne jeden druhému: Proč tak učinil Hospodin městu tomuto velikému?
9ဤ မြို့သားတို့သည် မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် ကို စွန့်ပစ် ၍ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြော ကြလိမ့်မည်။
9Tedy řeknou: Proto že opustili smlouvu Hospodina Boha svého, a klaněli se bohům cizím a sloužili jim.
10သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။
10Neplačtež mrtvého, aniž ho litujte, ale ustavičně plačte příčinou toho, kterýž odchází; neboť se nenavrátí více, aby pohleděl na zemi, v níž se narodil.
11ခမည်းတော် ယောရှိ မင်းကြီးအရာ ၌စိုးစံ ၍ ဤ ပြည် မှ ထွက် သွားသော ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏ သား ရှလ္လုံ ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ထိုမင်းသည် နောက် တဖန်ဤပြည်သို့ ပြန်၍မ လာ ရ။
11Nebo takto praví Hospodin o Sallumovi synu Joziáše, krále Judského, kterýž kraluje místo Joziáše otce svého: Když vyjde z místa tohoto, nenavrátí se sem více.
12ရန်သူတို့ သိမ်း သွားရာပြည် ၌ ပင် သေ ရလိမ့်မည်။ ဤ ပြည် ကို နောက် တဖန်မ မြင် ရ။
12Ale tam v tom místě, kamž jej zastěhují, umře, a tak země této neuzří více.
13မ တရား သော အမှုအားဖြင့် မိမိ အိမ် ကို၎င်း ၊ အဓမ္မ ပြု၍ အထက် ခန်းတို့ကို၎င်းဆောက် သောသူ၊ အိမ်နီးချင်း ကိုအခ မ ပေးဘဲ စေစား ၍၊ အလုပ်လုပ်သည် အတွက် ဆုမချ သော သူသည် အမင်္ဂလာ ရှိ၏။
13Běda tomu, kdož staví dům svůj s útiskem, a paláce své s křivdou, kterýž bližního svého v službu podrobuje darmo, mzdy pak jeho nedává jemu;
14ကြီး သောအိမ် ၊ ကျယ် သောအထက် ခန်းတို့ကို ငါဆောက် မည်ဟု ဆို လျက် ၊ ပြတင်းပေါက် ကို ဖေါက် ၍ ၊ အာရဇ် သစ်သားနှင့် မိုး ပြီးမှ ၊ ဟင်းသပြတား နှင့် ချယ်လှယ် ပြီတကား။
14Kterýž říká: Vystavím sobě dům veliký a paláce prostranné, kterýž prolamuje sobě okna, a tafluje cedrovím, a maluje barvou.
15ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် အာရဇ် သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင် ၏ အဘ သည်ဝစွာ စား သောက် ရသည် မ ဟုတ်လော။ တရား သဖြင့် စီရင် ဆုံးဖြတ်သည်မဟုတ် လော။ ထို သို့ပြု၍ ကောင်းစား ခြင်းရှိ၏။
15Zdaliž kralovati budeš, že se pleteš v to cedrové stavení? Otec tvůj zdaliž nejídal a nepíjel? Když konal soud a spravedlnost, tedy dobře bylo jemu.
16သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် ၍ တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။
16Když soudíval při chudého a nuzného, tedy dobře bylo. Zdaliž mně to není známé? dí Hospodin.
17သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။
17Ale oči tvé i srdce tvé nehledí než lakomství tvého, a abys krev nevinnou proléval, a nátisk a křivdu činil.
18ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏သား ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့ အစ်ကို ၊ ဩ ငါ့နှမ ဟူ၍မ ငိုကြွေး ရကြ။ သူ ၏ အတွက် လည်း၊ ဩ သခင် ၊ ဩ အရှင်မ၏ ဘုန်း ဟူ၍မ မြည်တမ်း ရကြ။
18Protož takto praví Hospodin o Joakimovi synu Joziáše, krále Judského: Nebudouť ho kvíliti: Ach, bratře můj, aneb ach, sestro. Nebudou ho kvíliti: Ach, pane, aneb ach, kdež důstojnost jeho?
19ယေရုရှလင် မြို့ပြင် သို့ ဆွဲသွား ၍ ပစ် ထားသဖြင့်၊ မြည်း ကို သင်္ဂြိုဟ် သကဲ့သို့ထိုမင်းကို သင်္ဂြိုဟ် ရလိမ့်မည်။
19Pohřbem osličím pohřben bude, vyvlečen a vyvržen jsa za brány Jeruzalémské.
20လေဗနုန် တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့။ ဗာရှန် ပြည်၌ အော်ဟစ် လော့။ အာဗရိမ် အရပ်မှာ အသံ ကိုလွှင့်လော့။ အကြောင်း မူကား၊ သင် ၏မိတ်ဆွေ အပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
20Vstup na Libán a křič, i na hoře Bázan vydej hlas svůj; křič také přes brody, když potříni budou všickni milovníci tvoji.
21သင် သည် ကောင်းစား သောအခါ ငါသတိပေး ၏။ သင်က၊ ငါနား မ ထောင်ဟု ပြန်ပြော ၏။ ငယ် သောအရွယ်မှစ၍ ငါ့ စကား ကို နား မ ထောင်ဘဲ နေမြဲရှိ၏။
21Mluvíval jsem s tebou v největším štěstí tvém, říkávalas: Nebuduť poslouchati. Tať jest cesta tvá od dětinství tvého; neuposlechlas zajisté hlasu mého.
22သင့် ကို ကျွေးမွေး သော သူအပေါင်း တို့ကို လေ သည် စား လိမ့်မည်။ သင် ၏မိတ်ဆွေ တို့ကို ရန်သူတို့ သည် သိမ်း သွား ကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ် ပြု သမျှ သောဒုစရိုက် တို့ကြောင့် အမှန် ရှက်ကြောက် ၍ စိတ်ပျက် ခြင်း ရှိလိမ့်မည်။
22Všecky pastýře tvé zpase vítr, a milovníci tvoji v zajetí půjdou. Tehdáž jistě hanbiti a styděti se budeš za všelikou nešlechetnost svou.
23အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။
23Ó ty, kteráž jsi usadila se na Libánu, jenž se hnízdíš na cedroví, jak milostná budeš, když na tě přijdou svírání a bolest jako rodičky!
24ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ် မင်းကြီး၏သား ခေါနိ သည်၊ ငါ့ လက်ျာ လက် ၌ ပါသောတံဆိပ် လက်စွပ်မှန် သော်လည်း ၊ ငါ အသက် ရှင်သည်အတိုင်း သင့် ကို ငါပယ် ပစ်မည်။
24Živť jsem já, dí Hospodin, že byť pak byl Koniáš syn Joakima, krále Judského, prstenem pečetním na mé ruce pravé, však tě i odtud strhnu.
25သင့် အသက် ကိုသတ် ချင်သောသူ၊ သင် အလွန် ကြောက် သော သူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲ လူတို့ လက် သို့ ငါအပ် မည်။
25A vydám tě v ruku těch, kteříž hledají bezživotí tvého, a v ruku těch, jejichž ty se oblíčeje lekáš, totiž v ruku Nabuchodonozora krále Babylonského, a v ruku Kaldejských.
26သင့် ကို၎င်း ၊ သင့် ကိုဘွား မြင်သော သင် ၏အမိ ကို၎င်း ၊ မွေးဘွား ရာ ဌာနမ ဟုတ်သော ပြည်သို့ ငါနှင်ထုတ် သဖြင့် ၊ ထို ပြည်၌ သင်တို့သည် သေ ကြ လိမ့်မည်။
26A hodím tebou i matkou tvou, kteráž tě porodila, do země cizí, tam, kdež jste se nezrodili, a tam zemřete.
27ပြန် လို သောပြည် သို့ နောက်တဖန်ပြန် ၍ မ လာရကြ။
27Do země pak, po níž toužiti budete, abyste se navrátili tam, tam se nenavrátíte.
28ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။
28Zdaliž modlou ničemnou, kteráž roztřískána bývá, bude muž tento Koniáš? Zdali nádobou, v níž není žádné líbosti? Proč by vyházíni byli on i símě jeho, a uvrženi do země, o níž nevědí?
29အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် လော့။
29Ó země, země, země, slyš slovo Hospodinovo.
30ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မင်း ကို သား မရှိသောသူ ဟူ၍၎င်း ၊ တသက် လုံးမ ကောင်းစား သောသူဟူ၍၎င်း ရေး မှတ်လော့။ သူ ၏သား မြေးတစုံ တယောက်မျှ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် ရ သောအခွင့်နှင့်၊ ယုဒ ပြည်ကို စိုးစံ ရသောအခွင့်မရှိရ။
30Takto praví Hospodin: Zapište to, že muž tento bez dětí bude, a že se jemu nepovede šťastně za dnů jeho. Anobrž nepovede se šťastně i tomu muži, kterýž by z semene jeho seděl na stolici Davidově, a panoval ještě nad Judou.
Tip: use the ← and → keys to turn chapters.