တရားသူကြီးမှတ်စာ 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဂိလဒ် ပြည် သားတို့နှင့်တကွ ထ လျက် ၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ပရိသတ် အပေါင်းတို့သည် တယောက် သောသူ ကဲ့သို့ မိဇပါ မြို့၊ ထာဝရဘုရား ထံ တော်၌ စည်းဝေး ကြ၏။
1و جمیع بنیاسرائیل بیرون آمدند وجماعت مثل شخص واحد از دان تابئرشبع با اهل زمین جلعاد نزد خداوند در مصفه جمع شدند.
2ဣသရေလ အမျိုး အနွယ်အပေါင်း ၊ ပြည်သား အပေါင်း တို့၏ အကြီးအကဲတို့သည် စည်းဝေး ကြသော်၊ ဘုရား သခင်၏လူ ၊ ထား လက်နက်စွဲကိုင် သော ခြေသည် သူရဲ လေးသိန်း နှင့်တကွချဉ်းကပ် ကြ၏။
2و سروران تمام قوم و جمیع اسباطاسرائیل یعنی چهارصد هزار مرد شمشیر زن پیاده در جماعت قوم خدا حاضر بودند.
3ဣသရေလ အမျိုးသားတို့သည် မိဇပါ မြို့သို့ သွား ကြောင်း ကို ဗင်္ယာမိန် အမျိုးသားတို့သည် ကြား သိကြ၏။ ဣသရေလ အမျိုးသားတို့က၊ ထို အဓမ္မ အမှုကားအဘယ်သို့ နည်းဟု မေးမြန်း လျှင်၊
3وبنی بنیامین شنیدند که بنیاسرائیل در مصفه برآمدهاند. و بنیاسرائیل گفتند: «بگویید که این عمل زشت چگونه شده است.»
4အသေ ခံရသောမိန်းမ ၏လင် လေဝိ လူ က၊ အကျွန်ုပ် သည် မယားငယ် နှင့်အတူ လာ ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေပါ၏။
4آن مرد لاوی که شوهر زن مقتوله بود، در جواب گفت: «من با کنیزخود به جبعه که از آن بنیامین باشد، آمدیم تا شب را بسر بریم.
5ညဉ့် အခါ ဂိဗာ မြို့သား တို့သည် ထ ၍ အကျွန်ုပ် တည်းခိုသောအိမ် ကို ဝိုင်း လျက်၊ အကျွန်ုပ် ကို တိုက်သတ် မည် အားထုတ် ကြပါ၏။ မယားငယ် သေ သည်တိုင်အောင်ရှုတ်ချ ကြပါ၏။
5و اهل جبعه بر من برخاسته، خانه رادر شب، گرد من احاطه کردند، و مرا خواستندبکشند و کنیز مرا ذلیل نمودند که بمرد.
6အကျွန်ုပ် သည်လည်း မယားငယ် အကောင်ကိုယူ ၍ အပိုင်းပိုင်းဖြတ် ပြီးမှ ၊ ဣသရေလ အမျိုး အမွေခံ ရာ ပြည် တရှောက်လုံး သို့ ပေး လိုက်ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မ အမှုကို ပြု ကြပါပြီ။
6و کنیز خود را گرفته، او را قطعه قطعه کردم و او را درتمامی ولایت ملک اسرائیل فرستادم، زیرا که کارقبیح و زشت در اسرائیل نمودند.
7သင် တို့ရှိသမျှ သည် ဣသရေလ အမျိုး ဖြစ်ကြပါ၏။ ဤ အရပ်၌ တိုင်ပင် စီရင် ကြပါလော့ဟု ပြောဆို လေ၏။
7هان جمیع شما، ای بنیاسرائیل حکم و مشورت خود رااینجا بیاورید.»
8လူ အပေါင်း တို့သည် တယောက် သောသူ ကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိ တဲ သို့ မ သွား ၊ မိမိ အိမ် သို့ မ ပြန်။
8آنگاه تمام قوم مثل شخص واحد برخاسته، گفتند: «هیچ کدام از ما به خیمه خود نخواهیم رفت، و هیچ کدام از ما به خانه خود بر نخواهیم گشت.
9ဂိဗာ မြို့၌ အဘယ်သို့ပြု မည်နည်း ဟူမူကား ၊ စာရေးတံ ချ၍ အတိုက်သွားမည်။
9و حال کاری که به جبعه خواهیم کرد این است که به حسب قرعه بر آن برآییم.
10ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့သားတို့သည်၊ ဣသရေလ အမျိုးတို့၌ ပြု သမျှသော အဓမ္မ အမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူ တို့စားစရိတ် ကို ပို့ စေခြင်းငှါ ဣသရေလ အမျိုး အနွယ်အပေါင်း တို့၌ လူ တရာ တွင် တဆယ် ၊ တထောင် တွင် တရာ ၊ တသောင်း တွင် တထောင် တို့ကို ရွေးကောက် ကြကုန်အံ့ဟု ဆို လျက်၊
10و ده نفراز صد و صد از هزار و هزار از ده هزار از تمامی اسباط اسرائیل بگیریم تا آذوقه برای قوم بیاورند، و تا چون به جبعه بنیامینی برسند با ایشان موافق همه قباحتی که در اسرائیل نمودهاند، رفتارنمایند.»
11ဣသရေလ အမျိုးသား အပေါင်း တို့သည် ဂိဗာမြို့ တဘက်၌ စည်းဝေး ၍ တယောက် သောသူ ကဲ့သို့ သင်း ဖွဲ့လျက်နေကြ၏။
11پس جمیع مردان اسرائیل بر شهر جمع شده، مثل شخص واحد متحد شدند.
12ဣသရေလ အမျိုးသား တို့သည်၊ ဗင်္ယာမိန် ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍၊ သင် တို့တွင် ပြု သော ဤ အဓမ္မ အမှုကား အဘယ်သို့ နည်း။
12و اسباطاسرائیل اشخاصی چند در تمامی سبط بنیامین فرستاده، گفتند: «این چه شرارتی است که در میان شما واقع شده است؟
13ယခု မှာ ဂီဗာ မြို့၌ ရှိသော ထိုအဓမ္မ လူ တို့ကို ငါတို့ယူ၍ သတ် သဖြင့် ဣသရေလ အမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှား မည်အကြောင်းထိုလူတို့ကိုအပ် ကြပါဟု မှာ လိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလ အမျိုးသားတို့စကား ကို နား မ ထောင်ဘဲ၊
13پس الان آن مردان بنی بلیعال را که در جبعه هستند، تسلیم نمایید تاآنها را به قتل رسانیم، و بدی را از اسرائیل دورکنیم.» اما بنیامینیان نخواستند که سخن برادران خود بنیاسرائیل را بشنوند.
14ထိုအမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ အမြို့ မြို့အရွာရွာက ထွက် ၍ ဂိဗာ မြို့၌ စည်းဝေး ကြ၏။
14و بنی بنیامین ازشهرهای خود به جبعه جمع شدند تا بیرون رفته، با بنیاسرائیل جنگ نمایند.
15ထိုအခါ ဂိဗာ မြို့သား ယောက်ျား ကောင်း ခုနစ် ရာ မှတပါး အမြို့ မြို့အရွာရွာက လာ သော ဗင်္ယာမိန် အမျိုးသား အရေအတွက်ကား၊ ထား လက်နက်စွဲကိုင် သောသူ နှစ်သောင်း ခြောက်ထောင်တည်း။
15و از بنی بنیامین درآن روز بیست و ششهزار مرد شمشیرزن ازشهرها سان دیده شد، غیر از ساکنان جبعه که هفتصد نفر برگزیده، سان دیده شد.
16ထို လူ အပေါင်း တို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည် တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ် နိုင်သော ယောက်ျား ကောင်း ခုနှစ် ရာ ပါသတည်း။
16و از تمام این گروه هفتصد نفر چپ دست برگزیده شدند که هر یکی از آنها مویی را به سنگ فلاخن میزدند وخطا نمی کردند.
17ဗင်္ယာမိန် အမျိုးသားမှတပါး ထား လက်နက်စွဲကိုင် ၍ စစ်သူရဲ ဖြစ်သော ဣသရေလ အမျိုးသား အရေအတွက်ကား လေးသိန်း တည်း။
17و از مردان اسرائیل سوای بنیامینیان چهارصد هزار مرد شمشیرزن سان دیده شد که جمیع اینها مردان جنگی بودند.
18ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်၏ အိမ်တော်သို့ ထ ၍ သွား ပြီးလျှင် ၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ဗင်္ယာမိန် အမျိုးကို အဦး ချီ သွားရပါမည်နည်းဟု ဘုရား သခင်ထံတော်၌ မေး လျှောက်ကြသော် ၊ ထာဝရဘုရား က၊ ယုဒ သည် အဦး ချီသွားရမည်ဟု မိန့် တော်မူ၏။
18و بنیاسرائیل برخاسته، به بیت ئیل رفتند واز خدا مشورت خواسته، گفتند: «کیست که اولااز ما برای جنگ نمودن با بنی بنیامین برآید؟» خداوند گفت: «یهودا اول برآید.»
19နံနက် စောစောဣသရေလ အမျိုးသားတို့သည် ထ ၍ ဂိဗာ မြို့အနား ၌ တပ်ချ ပြီးမှ၊
19و بنیاسرائیل بامدادان برخاسته، در برابرجبعه اردو زدند.
20ဗင်္ယာမိန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ဂိဗာ မြို့ရှေ့ မှာ စစ် ခင်းကျင်း လျက် နေကြ၏။
20و مردان اسرائیل بیرون رفتندتا با بنیامینیان جنگ نمایند، و مردان اسرائیل برابر ایشان در جبعه صف آرایی کردند.
21ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထို နေ့ တွင် ဣသရေလ လူ တသောင်း နှစ်ထောင်တို့ကို မြေ ပေါ် မှာ လှဲ ၍ သတ်ကြ၏။
21وبنی بنیامین از جبعه بیرون آمده، در آن روز بیست و دو هزار نفر از اسرائیل را بر زمین هلاک کردند.
22သို့ရာတွင် ဣသရေလ အမျိုးသားတို့သည် ရဲရင့် သောစိတ်ကိုယူ၍ ပဌမ နေ့ တွင် စစ်ခင်းကျင်း သော အရပ် ၌ တဖန် ခင်းကျင်း ကြ၏။
22و قوم، یعنی مردان اسرائیل خود را قویدل ساخته، بار دیگر صف آرایی نمودند، در مکانی که روز اول صف آرایی کرده بودند.
23ထာဝရဘုရား ထံ တော်သို့ သွား ၍ ညဦး ယံတိုင်အောင် ငိုကြွေး လျက် ၊ အကျွန်ုပ် တို့ညီ ဗင်္ယာမိန် အမျိုးသားတို့ကို တဖန် စစ်တိုက် ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က ချီ သွားကြလော့ဟု မိန့် တော်မူ၏။
23وبنیاسرائیل برآمده، به حضور خداوند تا شام گریه کردند، و از خداوند مشورت خواسته، گفتند: «آیا بار دیگر نزدیک بشوم تا با برادران خود بنی بنیامین جنگ نمایم؟» خداوند گفت: «به مقابله ایشان برآیید.»
24ဒုတိယ နေ့ တွင် ဣသရေလ အမျိုးသားတို့သည် ဗင်္ယာမိန် အမျိုးတို့အနီးသို့ ချဉ်း ကြသောအခါ၊
24و بنیاسرائیل در روز دوم به مقابله بنی بنیامین پیش آمدند.
25ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထား လက်နက်စွဲကိုင် သော ဣသရေလ လူတသောင်း ရှစ်ထောင်တို့ကို မြေ ပေါ် ၌ လှဲ ၍ သတ်ကြ၏။
25و بنیامینیان در روزدوم به مقابله ایشان از جبعه بیرون شده، بار دیگرهجده هزار نفر از بنیاسرائیل را بر زمین هلاک ساختند که جمیع اینها شمشیرزن بودند.
26ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
26آنگاه تمامی بنیاسرائیل، یعنی تمامی قوم برآمده، به بیت ئیل رفتند و گریه کرده، در آنجا به حضور خداوند توقف نمودند، و آن روز را تا شام روزه داشته، قربانی های سوختنی و ذبایح سلامتی به حضور خداوند گذرانیدند.
27ထို ကာလ ၌ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန် ၏သား ဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ် သည်၊ သေတ္တာ တော်ရှေ့ မှာ အမှု စောင့်သည် ဖြစ်၍၊
27و بنیاسرائیل از خداوند مشورت خواستند. وتابوت عهد خدا آن روزها در آنجا بود.
28ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့ ညီ ဗင်္ယာမိန် အမျိုးသား တို့ကို တဖန် သွား ၍ တိုက်ရပါမည်လော၊ မ သွားဘဲနေရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က သွား ကြလော့။ နက်ဖြန် နေ့တွင် သူ တို့ကို သင် တို့လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
28وفینحاس بن العازار بن هارون در آن روزها پیش آن ایستاده بود، و گفتند: «آیا بار دیگر بیرون روم و بابرادران خود بنی بنیامین جنگ کنم یا دست بردارم؟» خداوند گفت: «برآی زیرا که فردا او رابهدست تو تسلیم خواهم نمود.»
29ဣသရေလ အမျိုးသားတို့သည် ဂိဗာ မြို့ပတ်လည် ၌ ကင်းစောင့် လူတို့ကို ထား ပြီးမှ၊
29پس اسرائیل در هر طرف جبعه کمین ساختند.
30တတိယ နေ့ တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီ သွား၍ ၊ ယမန် ကဲ့သို့ ဂိဗာ မြို့အနား၌ စစ် ခင်းကျင်းလျက် နေကြ၏။
30و بنیاسرائیل در روز سوم به مقابله بنی بنیامین برآمدند، و مثل سابق در برابر جبعه صف آرایی نمودند.
31ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် ၍ မြို့ နှင့် ကွာ သွားကြ၏။ ဗေသလ မြို့သို့ သွား သောလမ်း ၊ ဂိဗာ တောရွာသို့ သွားသောလမ်းတွင် ယမန် ကဲ့သို့ ဣသရေလ အမျိုးသူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
31و بنی بنیامین به مقابله قوم بیرون آمده، از شهر کشیده شدند و به زدن و کشتن قوم در راهها که یکی از آنها به سوی بیت ئیل ودیگری به سوی جبعه میرود مثل سابق شروع کردند، و به قدر سی نفر از اسرائیل در صحراکشته شدند.
32ဗင်္ယာမိန် အမျိုးသားတို့က၊ သူ တို့သည် ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို သော်လည်း ၊ ဣသရေလ အမျိုးသားတို့က ပြေး ကြကုန်အံ့၊ သူ တို့ကို မြို့ နှင့် ဝေးသော လမ်း တို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆို လျက်၊
32و بنی بنیامین گفتند که «ایشان مثل سابق پیش ما منهزم شدند.» اما بنیاسرائیل گفتند: «بگریزیم تا ایشان را از شهر به راههابکشیم.»
33ဣသရေလ လူအပေါင်း တို့သည် မိမိ တို့ နေရာ အရပ်မှ ထ ၍ ဗာလတာမာ မြို့၌ စစ်ခင်း ကြ၏။ ကင်းစောင့် လျက်နေသော ဣသရေလ လူတို့သည်လည်း မိမိ တို့နေရာ ဂိဗာ လွင်ပြင် မှ ထ ကြသဖြင့်၊
33و تمامی مردان اسرائیل از مکان خودبرخاسته، در بعل تامار صف آرایی نمودند، وکمین کنندگان اسرائیل از مکان خود یعنی از معره جبعه به در جستند.
34ဣသရေလ အမျိုးသားယောက်ျား ကောင်း တသောင်း တို့သည် ဂိဗာ မြို့သို့ ချီ လာ၍ ၊ ဗင်္ယာမိန် အမျိုးသားတို့သည် ဘေး ရောက် လုနီးသည်ကို မ ရိပ်မိ သောကြောင့်၊ ကျပ်တည်း စွာ ဆီး၍ တိုက် ကြ၏။
34و ده هزار مرد برگزیده ازتمام اسرائیل در برابر جبعه آمدند و جنگ سخت شد، و ایشان نمی دانستند که بلا بر ایشان رسیده است.
35ထိုအခါ ထာဝရဘုရား သည် ဗင်္ယာမိန် လူတို့ကို ဣသရေလ လူတို့ရှေ့ မှာ ရှုံး စေတော်မူသဖြင့် ၊ ထို နေ့ တွင် ဣသရေလ လူတို့သည် ထား လက်နက်စွဲကိုင် သော ဗင်္ယာမိန် လူ နှစ်သောင်း ငါးထောင်တရာ တို့ကို ပယ်ရှင်း ကြ၏။
35و خداوند بنیامین را به حضور اسرائیل مغلوب ساخت و بنیاسرائیل در آن روز بیست وپنجهزار و یکصد نفر را از بنیامین هلاک ساختندکه جمیع ایشان شمشیرزن بودند.
36ဗင်္ယာမိန် အမျိုးသားတို့သည် မိမိတို့ ရှုံး သည်ကို သိမြင် ကြ၏။ ဣသရေ လူ တို့သည်၊ ဂိဗာ မြို့အနား၌ ထား သော ကင်း တပ်ကို ကိုးစား သောကြောင့် ၊ အစက ဗင်္ယာမိန် လူတို့ရှေ့ မှာ ဆုတ် ကြ၏။
36و بنی بنیامین دیدند که شکست یافته اندزیرا که مردان اسرائیل به بنیامینیان جا داده بودند، چونکه اعتماد داشتند بر کمینی که به اطراف جبعه نشانده بودند.
37ကင်း တပ်သားတို့သည် ဂိဗာ မြို့သို့ တဟုန်တည်း ပြေး ဝင်၍ အနှံ့အပြားတိုက် သဖြင့် တမြို့ လုံး ကို ထား နှင့် လုပ်ကြံ ကြ၏။
37و کمین کنندگان تعجیل نموده، بر جبعه هجوم آوردند و کمین کنندگان خود را پراکنده ساخته، تمام شهر را به دم شمشیرزدند.
38မြို့ ထဲမှာ ကြီးစွာ သော မီးခိုး တက် စေရမည်အကြောင်း ဣသရေလ လူ တို့သည် ကင်း စောင့်လူတို့အား အကြံ ပေးနှင့်ကြပြီဖြစ်၍၊
38و در میان مردان اسرائیل و کمین کنندگان علامتی قرار داده شد که تراکم دود بسیار بلند ازشهر برافرازند.
39ဣသရေလ လူ တို့သည် စစ်တိုက် ရာတွင် ဆုတ် သောအခါ၊ ဗင်္ယာမိန် လူတို့က၊ အကယ်၍သူတို့သည် ယမန် စစ် ရှုံး သကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို လျက် သူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
39پس چون مردان اسرائیل درجنگ رو گردانیدند، بنیامینیان شروع کردند به زدن و کشتن قریب سی نفر از مردان اسرائیل زیراگفتند یقین ایشان مثل جنگ اول از حضور ماشکست یافتهاند.
40တဖန် မီးလောင်၍ ထူထပ် သော မီးခိုး သည် မြို့ ထဲမှာ တက် စ ရှိသောအခါ ၊ ဗင်္ယာမိန် လူတို့သည် ပြန် ကြည့်၍ မြို့ ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင် သို့ တက် သည်ကို မြင် ကြ၍၊
40و چون آن تراکم ستون دوداز شهر بلند شدن گرفت، بنیامینیان از عقب خودنگریستند و اینک تمام شهر به سوی آسمان به دود بالا میرود.
41ဣသရေလ လူ တို့သည် လှည့် ၍ ပြန်သောအခါ ၊ ဗင်္ယာမိန် လူ တို့သည် ဘေး ရောက် ကြောင်း ကို သိမြင် လျှင်၊
41و بنیاسرائیل برگشتند وبنیامینیان پریشان شدند، زیرا دیدند که بلا برایشان رسیده است.
42မိန်းမော တွေဝေ၍ ဣသရေလ လူ တို့ရှေ့ မှာ တော လမ်း သို့ ပြေး သော်လည်း ၊ စစ်တိုက် လိုက် လာသောသူတို့သည် မှီသဖြင့် ပြေးသောသူတို့ကို၎င်း၊ မြို့ ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီး ကြ၏။
42پس از حضور مردان اسرائیل به راه صحرا روگردانیدند. اما جنگ، ایشان را درگرفت و آنانی که از شهر بیرون آمدندایشان را در میان، هلاک ساختند.
43ဗင်္ယာမိန် လူတို့ကို ဝိုင်း လျက်လိုက် လျက်၊ နုခါရွာမှစ၍နေ ထွက် ရာဘက် ၊ ဂိဗာ မြို့အနား တိုင်အောင် နှိပ် နင်းကြ၏။
43پس بنیامینیان را احاطه کرده، ایشان را تعاقب نمودند، و در منوحه در مقابل جبعه به سوی طلوع آفتاب ایشان را پایمال کردند.
44ထိုအခါ ဗင်္ယာမိန် သူရဲ တသောင်း ရှစ်ထောင်တို့သည် လဲ ၍ သေကြ၏။
44و هجده هزار نفر ازبنیامین که جمیع ایشان مردان جنگی بودند، افتادند.
45ကြွင်းသောသူတို့သည် လှည့် ၍ တော အရပ် ရိမ္မုန် ကျောက် သို့ ပြေး ကြစဉ်တွင်၊ လိုက်သောသူတို့သည် လူ ငါး ထောင် တို့ကို လမ်း မှာ ဖမ်း မိကြ၏။ ဂိဒုံ မြို့တိုင်အောင် အပြင်းလိုက် ၍ လူ နှစ်ထောင် တို့ကိုလည်း သတ် ကြ၏။
45و ایشان برگشته، به سوی صحرا تاصخره رمون بگریختند. و پنج هزار نفر از ایشان را بهسر راهها هلاک کردند، و ایشان را تا جدعوم تعاقب کرده، دو هزار نفر از ایشان را کشتند.
46ထို နေ့ တွင် လဲ ၍ သေသော ဗင်္ယာမိန် ထား စွဲ သူရဲ တို့အရေအတွက်ကား၊ နှစ်သောင်း ငါးထောင်တည်း။
46پس جمیع کسانی که در آن روز از بنیامین افتادند، بیست و پنج هزار مرد شمشیرزن بودندکه جمیع آنها مردان جنگی بودند.
47လူ ခြောက် ရာ တို့သည် လှည့် ၍ တော အရပ်ရိမ္မုန် ကျောက် ကို မှီအောင်ပြေး သဖြင့် ၊ ထိုကျောက် အောက်မှာ လေး လ နေ ကြ၏။
47اما ششصدنفر برگشته، به سوی بیابان به صخره رمون فرارکردند، و در صخره رمون چهار ماه بماندند.
48ဣသရေလ လူ တို့သည် တဖန် လှည့် ၍ ၊ ဗင်္ယာမိန် အမျိုးသား တို့ကို တိုက်လျက် မြို့ ရွာ၌ ရှိသောလူ ၊ တိရစ္ဆာန် တွေ့ သမျှ တို့ကို ထား နှင့် လုပ်ကြံ ၍၊ တွေ့ သမျှ သောမြို့ ရွာတို့ကို မီး ရှို့ ကြ၏။
48ومردان اسرائیل بر بنیامینیان برگشته، ایشان را به دم شمشیر کشتند، یعنی تمام اهل شهر و بهایم وهرچه را که یافتند و همچنین همه شهرهایی را که به آنها رسیدند، به آتش سوزانیدند.
Tip: use the ← and → keys to turn chapters.