ဟေရှာယ

Old Testament

Chapter 65
Judson Burmese Bible (18…
vs Old Persian Versio…
Aa
Text size
Line width
Verse numbers

ဟေရှာယ 65

Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1ငါ့ကို မ မေး မလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ ကိုမ ရှာ သောသူတို့သည် ငါ့ကိုတွေ့ ရ ကြပြီ။ ငါ့ ကိုကြည့် ကြလော့။ ကြည့် ကြလော့ဟု ငါ့ နာမ ကို ပဌနာ မ ပြုသောလူမျိုး အား ငါပြော ဆိုပြီ။
1«آنانی که مرا طلب ننمودند مرا جستندو آنانی که مرا نطلبیدند مرا یافتند. و به قومی که به اسم من نامیده نشدند گفتم لبیک لبیک.
2မိမိ အလို အတိုင်း မ ကောင်း သောလမ်း ကို လိုက် ၍၊ ငြင်းဆန် တတ်သော လူမျိုး ကို မျက်နှာပြုလျက်၊ တနေ့ လုံး ငါသည် ကိုယ် လက် ဝါးကိုဖြန့် ရပြီ။
2تمامی روز دستهای خود را بسوی قوم متمردی که موافق خیالات خود به راه ناپسندیده سلوک می‌نمودند دراز کردم.
3ထိုလူမျိုး သည် ဥယျာဉ် ၌ ယဇ်ပူဇော် ၍ ၊ အုတ် ပေါ် မှာ လောဗန်ကို မီးရှို့ သဖြင့်၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ၊ ငါ့ မျက်မှောက် ၌ အစဉ် ပြုတတ်၏။
3قومی که پیش رویم غضب مرا همیشه بهیجان می‌آورند، که درباغات قربانی می‌گذرانند و بر آجرها بخورمی سوزانند.
4သင်္ချိုင်း မှာ နေ ၍ ၊ သင်္ချိုင်းတွင်း၌ အိပ် တတ်၏။ ဝက် သား ကို စား ၍၊ ရွံ့ရှာဘွယ် သော အမဲသားပြုတ်ရည် ကို သောက်တတ်၏။
4که در قبرها ساکن شده، در مغاره هامنزل دارند، که گوشت خنزیر می‌خورند وخورش نجاسات در ظروف ایشان است.
5သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ ထံသို့ မ ချဉ်း နှင့်။ ငါသည်သင့် ထက်သာ၍သန့်ရှင်း သည်ဟု ဆို တတ်၏။ ထို သို့သောသူတို့ သည် ငါ့ နှာခေါင်း ၌ မီးခိုး ကဲ့သို့၎င်း၊ အစဉ် လောင် သောမီး ကဲ့သို့၎င်း ဖြစ်ကြ၏။
5که می‌گویند: «در جای خود بایست و نزدیک من میازیرا که من از تو مقدس تر هستم.» اینان دود دربینی من می‌باشند و آتشی که تمامی روز مشتعل است.
6ငါ့ ရှေ့ မှာ စာရင်းမှတ် လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ် စွာမ နေ၊ အကျိုးအပြစ်ကို ဆပ် ပေးမည်။
6همانا این پیش من مکتوب است. پس ساکت نخواهم شد بلکه پاداش خواهم داد و به آغوش ایشان مکافات خواهم رسانید.
7သင် တို့၏ ဒုစရိုက် အပြစ်ကို၎င်း ၊ တောင် ပေါ် မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်း ပေါ် မှာ ငါ့ ကိုကဲ့ရဲ့ သော သင် တို့ဘိုးဘေး ၏ ဒုစရိုက် အပြစ်ကို၎င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူ တို့ပြုဘူးသောအကျင့် တို့၏ အကျိုး အပြစ်ကို သူ တို့ရင်ခွင် ၌ ငါခြင် ၍ ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
7خداوندمی گوید درباره گناهان شما و گناهان پدران شما باهم که بر کوهها بخور‌سوزانیدید و مرا بر تلهااهانت نمودید پس جزای اعمال شما را اول به آغوش شما خواهم رسانید.»
8တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်သီးပြွတ် ၌ စပျစ်ရည် ကို တွေ့ သောအခါ မ ဖျက် နှင့်၊ မင်္ဂလာ ရှိသည်ဟု ဆို တတ်သကဲ့သို့ ၊ ထိုအတူ ၊ ငါ့ ကျွန် တို့၏ အကျိုးအလိုငှါ ငါပြု မည်။ အကုန် အစင်မ ဖျက်။
8خداوند چنین می‌گوید: «چنانکه شیره درخوشه یافت می‌شود و می‌گویند آن را فاسدمساز زیرا که برکت در آن است. همچنان به‌خاطر بندگان خود عمل خواهم نمود تا (ایشان را)بالکل هلاک نسازم.
9ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။
9بلکه نسلی از یعقوب ووارثی برای کوههای خویش از یهودا به ظهورخواهم آورد. و برگزیدگانم ورثه آن و بندگانم ساکن آن خواهند شد.
10ငါ့ ကိုရှာ သော ငါ ၏လူ တို့အဘို့ ၊ ရှာရုန် အရပ်သည် သိုး ခြံ ဖြစ်လိမ့်မည်။ အာခေါ် ချိုင့် သည်လည်း နွား များ အိပ် ရာအရပ်ဖြစ် လိမ့်မည်။
10و شارون، مرتع گله‌ها ووادی عاکور، خوابگاه رمه‌ها به جهت قوم من که مرا طلبیده‌اند خواهد شد.
11သင် တို့မူကား ၊ ထာဝရဘုရား ကိုစွန့်ပစ် သောသူ၊ ငါ ၏သန့်ရှင်း သော တောင် ကိုမေ့လျော့ သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲ ကိုခင်း ၍ ၊ မေနိ ဘုရားအား သွန်းလောင်း ရာ ပူဇော် သက္ကာကို ပြင်သောသူဖြစ် ကြ၏။
11و اما شما که خداوند را ترک کرده و کوه مقدس مرا فراموش نموده‌اید، و مائده‌ای به جهت بخت مهیا ساخته وشراب ممزوج به جهت اتفاق ریخته‌اید،
12သင် တို့ကို ငါရေတွက် ၍ ၊ ထား ၌အပ်မည်။ ရှိသမျှ တို့သည် အသေသတ် ခြင်းကိုခံရအောင် ဦးချ ရကြ လိမ့်မည်။ အကြောင်း မူကား၊ သင်တို့သည် ငါခေါ် သောအခါ မ ထူး ကြ။ ငါပြော သောအခါ နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကို ကျင့် ကြ၏။ ငါမ နှစ်သက် သော အရာကို ရွေး ယူကြ၏။
12پس شما را به جهت شمشیر مقدر ساختم و جمیع شما برای قتل خم خواهید شد زیرا که چون خواندم جواب ندادید و چون سخن گفتم نشنیدید و آنچه را که در نظر من ناپسند بود بعمل آوردید و آنچه را که نخواستم برگزیدید.»
13ထိုကြောင့်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ကျွန် တို့သည် စား ကြလိမ့်မည်။ သင် တို့မူကား ၊ မွတ်သိပ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် သောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရေငတ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် ဝမ်းမြောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရှက် ကြောက် ကြလိမ့်မည်။
13بنابراین خداوند یهوه می‌گوید: «هان بندگان من خواهند خورد اما شما گرسنه خواهید بود اینک بندگانم خواهند نوشید اما شما تشنه خواهید بود. همانا بندگانم شادی خواهند کرد اما شما خجل خواهید گردید.
14ငါ ၏ကျွန် တို့သည် ရွှင်လန်း သောစိတ် နှင့် သီချင်း ဆိုကြလိမ့်မည်။ သင် တို့မူကား ၊ ဝမ်းနည်း သောစိတ် နှင့် ငိုကြွေး ကြလိမ့်မည်။ ကြေကွဲ သော နှလုံး နှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။
14اینک بندگانم از خوشی دل، ترنم خواهند نمود اما شما از کدورت دل، فریادخواهید نمود و از شکستگی روح، ولوله خواهیدکرد.
15သင်တို့သည် ကိုယ် နာမ ကို၊ ငါ ရွေးကောက် သောသူတို့ ၌ ကျိန်ဆဲ ဘို့ ရာ ကျန်ရစ် စေကြလိမ့်မည်။ အရှင် ထာဝရဘုရား သည် သင် တို့ကို ကွပ်မျက် ၍၊ ကိုယ်တော် ၏ ကျွန် တို့ကို အခြား သောနာမ ဖြင့် မှည့် တော်မူမည်။
15و نام خود را برای برگزیدگان من به‌جای لعنت، ترک خواهید نمود پس خداوند یهوه تو رابقتل خواهد رسانید و بندگان خویش را به اسم دیگر خواهد نامید.
16မြေကြီး ပေါ် မှာ မိမိကို မိမိကောင်းကြီး ပေးသောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို အမှီပြု၍ ကောင်းကြီး ပေးလိမ့်မည်။ မြေကြီး ပေါ် မှာ ကျိန်ဆို သောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို တိုင်တည်၍ ကျိန် ဆိုလိမ့်မည်။ အကြောင်း မူကား၊ အရင် အမှု တို့ကို မေ့လျော့ ရ၏။ ငါ့ မျက်မှောက် ၌ ကွယ် ပျောက် လျက်ရှိကြ၏။
16پس هرکه خویشتن رابروی زمین برکت دهد خویشتن را به خدای حق برکت خواهد داد و هرکه بروی زمین قسم خوردبه خدای حق قسم خواهد خورد. زیرا که تنگیهای اولین فراموش شده و از نظر من پنهان گردیده است.
17ကြည့်ရှု လော့။ မိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါ ဖန်ဆင်း မည်။ အရင် မိုဃ်းကောင်းကင်နှင့်မြေကြီးကို မ အောက်မေ့ ရ။ နှလုံး မ မှတ်မိ ရ။
17زیرا اینک من آسمانی جدید و زمینی جدید خواهم آفرید و چیزهای پیشین بیادنخواهد آمد و بخاطر نخواهد گذشت.
18ငါ ဖန်ဆင်း လတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ် အမြဲဝမ်းမြောက် ရွှန်လန်း ကြလိမ့်မည်။ ယေရုရှလင် မြို့ကို ဝမ်းမြောက် စရာအကြောင်း၊ မြို့ သား တို့ကို ရွှင်လန်း စရာအကြောင်းဖြစ်စေခြင်းငှါ ငါ ဖန်ဆင်း ၏။
18بلکه ازآنچه من خواهم آفرید، شادی کنید و تا به ابدوجد نمایید زیرا اینک اورشلیم را محل وجد وقوم او را محل شادمانی خواهم آفرید.
19ငါသည်လည်း ယေရုရှလင် မြို့ကြောင့် ဝမ်းမြောက် မည်။ ငါ ၏လူ တို့ကြောင့် ရွှင်လန်း မည်။ ထိုမြို့ ၌ ငိုကြွေး သံ နှင့် အော်ဟစ် သံ ကို နောက် တဖန်မ ကြား ရ။
19و ازاورشلیم وجد خواهم نمود و از قوم خود شادی خواهم کرد و آواز گریه و آواز ناله بار دیگر در اوشنیده نخواهد شد.
20ထို မြို့၌ အသက်ငယ်သောသူငယ် မ ရှိ ရ။ အသက်မ ပြည့်စုံ သော လူအို လည်းမရှိရ။ အသက် တရာ ရှိလျက် သေ သောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ် ရှိသောသူသည် အသက် တရာ ရှိလျက်သေလျှင်၊ ကျိန် ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။
20و بار دیگر طفل کم روز ازآنجا نخواهد بود و نه مرد پیر که عمر خود را به اتمام نرسانیده باشد زیرا که طفل در سن صدسالگی خواهد مرد لیکن گناهکار صد ساله ملعون خواهد بود.
21ထိုသူတို့သည် ကိုယ်ဆောက် သောအိမ် ၌ နေ ကြလိမ့်မည်။ ကိုယ်စိုက် သော စပျစ် ဥယျာဉ်အသီး ကို စား ကြ လိမ့်မည်။
21و خانه‌ها بنا کرده، در آنها ساکن خواهند شد و تاکستانها غرس نموده، میوه آنها راخواهند خورد.
22သူတို့သည် အိမ်ကို ဆောက် ၍ အခြား သောသူ နေ ရမည်မ ဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက် ၍ အခြား သောသူစား ရမည်မ ဟုတ်။ ငါ ၏ လူ တို့အသက် သည် သစ်ပင် ၏အသက် ကဲ့သို့ ဖြစ်၍ ၊ သူ တို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။
22بنا نخواهند کرد تا دیگران سکونت نمایند و آنچه را که غرس می‌نماینددیگران نخواهند خورد. زیرا که ایام قوم من مثل ایام درخت خواهد بود و برگزیدگان من از عمل دستهای خود تمتع خواهند برد.
23ငါ ရွေးကောက် သောသူတို့ သည် အချည်းနှီး မ လုပ် မဆောင်ရကြ။ အသက် တိုသော သားကိုမ ဘွား မမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုး အနွယ်တို့သည်၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။
23زحمت بیجانخواهند کشید و اولاد به جهت اضطراب نخواهند زایید زیرا که اولاد برکت یافتگان خداوند هستند و ذریت ایشان با ایشانند.
24ငါသည် သူတို့မခေါ် မှီ ကပင် ထူး မည်။ လျှောက် စဉ်တွင် ပင် ငါ နားထောင် မည်။
24وقبل از آنکه بخوانند من جواب خواهم داد. و پیش از آنکه سخن گویند من خواهم شنید.
25တောခွေး နှင့် သိုးသငယ် တို့သည် အတူကျက်စား ကြလိမ့်မည်။ ခြင်္သေ့ သည်နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။ မြွေ မူကား ၊ မြေမှုန့် ကိုသာ စား ရလိမ့်မည်။ ငါ ၏ သန့်ရှင်း သောတောင် တပြင် လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကို မ ပြုရကြဟု ထာဝရဘုရား မိန့် တော်မူ ၏။
25گرگ وبره با هم خواهند چرید و شیر مثل گاو کاه خواهد خورد و خوراک مار خاک خواهد بود. خداوند می‌گوید که در تمامی کوه مقدس من، ضرر نخواهند رسانید و فساد نخواهندنمود.»

Tip: use the ← and → keys to turn chapters.